[Zawgyi] 

အေရွ႕မ်က္ႏွာျပင္ျပည့္ စမတ္ဖုန္းေတြအမ်ားႀကီးထြက္လာတဲ့ အထဲမွာ Notch ပါတဲ့ Display Design ကို ဖုန္းကုမၸဏီေတာ္ေတာ္မ်ားမ်ား အသံုးျပဳလာၾကပါတယ္။ Display ပိုႀကီးလာတဲ့အတြက္ Camera ေတြအတြက္ ေနရာခ်န္ေပးရျပန္ပါတယ္။ Software ပိုင္းမွာလည္း Full Screen Display ေတြအတြက္ အဆင့္ျမွင့္တင္မႈေတြလိုလာပါတယ္။ 

Android P On Moto X5

Google ရဲ႕ Android Oreo Update မွာ Notch ေတြအတြက္ အေထာက္အပံေပးလာပါၿပီ။ Android မွာက Notch အျပင္ေနာက္ထပ္ေနရာယူေနတာက Display ေအာက္ပိုင္းမွာပါတဲ့ Android Navigation Button ေတြပါ။ Display ေတြႀကီးလာေတာ့ ဖုန္းေတြက ေဘာင္ေတြပါးလာတာေၾကာင့္ Display ေအာက္မွာ ေနရာလြတ္နည္းလာပါတယ္။ Back ၊ Home နဲ႔ Recent ခလုတ္ေတြအတြက္ အရင္ကလို Hardware မွာေနရာမေပးႏိုင္ေတာ့ပါဘူး။ 

Software ခလုတ္ေတြကိုပဲသံုးလာရတဲ့ အတြက္ Display ရဲ႕အစိတ္အပိုင္းအခ်ိဳ႕ကို ျပန္ေနရာယူသြားျပန္ပါတယ္။ အဲ့လိုေနရာယူေနတာကို ေဖ်ာက္ေပးဖို႔အတြက္ Google က Android P Update မွာ ေျဖရွင္းေပးလာႏိုင္မယ္လို႔ သတင္းေပါက္ၾကားခ်က္အရ ခန္႔မွန္းရပါတယ္။ Moto X5 ေပါမွာစမ္းသပ္ေနတဲ့ Android P ရဲ႕ Screenshot က Online မွာပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ 

ပံုမွာေတြ႕ရတဲ့အတိုင္း ျမင္ေနက် Android Naviagtion Bar နဲ႔မတူေတာ့ပဲ ကြဲျပားေနတာကိုေတြ႕ရပါတယ္။ အရင္ကလို Back ၊ Home ၊ Recent ခလုတ္ေတြ အစား Home အသစ္နဲ႔ Back ခလုတ္ႏွစ္ခုကိုသာ ေတြ႕ရပါတယ္။ Recent ေပ်ာက္သြားတာေၾကာင့္ Home ကေနပဲ Gesture နဲ႔ သြားရမလားဆိုတာမ်ိဳးျဖစ္လာပါတယ္။ Back ခလုတ္ကိုလည္း အၿမဲေတြ႕ရမွာမဟုတ္ပဲ Back ကိုျပန္သြာဖို႔လိုအပ္တဲ့ေနရာမွသာ ျပေပးမယ္လို႔လည္းသိရပါတယ္။ Google ကအခုလိုလုပ္လာေပးတဲ့အျပင္ Navigation Bar ကိုေဖ်ာက္လို႔ရမယ့္ Option ထည့္ေပးလာမယ္ဆိုရင္ ပိုေကာင္းလာပါမယ္။ Screen ေပၚမွာလည္းအျမင္ရွင္းသြားမွာျဖစ္သလို ေနရာလည္းပိုက်ယ္လာမွာျဖစ္ပါတယ္။ 

Ref: The Verge 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Android P မှာ Navigation Bar အစား Gesture တွေ ထည့်ပေးလာနိုင်မလား

အရှေ့မျက်နှာပြင်ပြည့် စမတ်ဖုန်းတွေအများကြီးထွက်လာတဲ့ အထဲမှာ Notch ပါတဲ့ Display Design ကို ဖုန်းကုမ္ပဏီတော်တော်များများ အသုံးပြုလာကြပါတယ်။ Display ပိုကြီးလာတဲ့အတွက် Camera တွေအတွက် နေရာချန်ပေးရပြန်ပါတယ်။ Software ပိုင်းမှာလည်း Full Screen Display တွေအတွက် အဆင့်မြှင့်တင်မှုတွေလိုလာပါတယ်။ 

Android P On Moto X5

Google ရဲ့ Android Oreo Update မှာ Notch တွေအတွက် အထောက်အပံပေးလာပါပြီ။ Android မှာက Notch အပြင်နောက်ထပ်နေရာယူနေတာက Display အောက်ပိုင်းမှာပါတဲ့ Android Navigation Button တွေပါ။ Display တွေကြီးလာတော့ ဖုန်းတွေက ဘောင်တွေပါးလာတာကြောင့် Display အောက်မှာ နေရာလွတ်နည်းလာပါတယ်။ Back ၊ Home နဲ့ Recent ခလုတ်တွေအတွက် အရင်ကလို Hardware မှာနေရာမပေးနိုင်တော့ပါဘူး။ 

Software ခလုတ်တွေကိုပဲသုံးလာရတဲ့ အတွက် Display ရဲ့အစိတ်အပိုင်းအချို့ကို ပြန်နေရာယူသွားပြန်ပါတယ်။ အဲ့လိုနေရာယူနေတာကို ဖျောက်ပေးဖို့အတွက် Google က Android P Update မှာ ဖြေရှင်းပေးလာနိုင်မယ်လို့ သတင်းပေါက်ကြားချက်အရ ခန့်မှန်းရပါတယ်။ Moto X5 ပေါမှာစမ်းသပ်နေတဲ့ Android P ရဲ့ Screenshot က Online မှာပျံ့နှံ့သွားခဲ့ပါတယ်။ 

ပုံမှာတွေ့ရတဲ့အတိုင်း မြင်နေကျ Android Naviagtion Bar နဲ့မတူတော့ပဲ ကွဲပြားနေတာကိုတွေ့ရပါတယ်။ အရင်ကလို Back ၊ Home ၊ Recent ခလုတ်တွေ အစား Home အသစ်နဲ့ Back ခလုတ်နှစ်ခုကိုသာ တွေ့ရပါတယ်။ Recent ပျောက်သွားတာကြောင့် Home ကနေပဲ Gesture နဲ့ သွားရမလားဆိုတာမျိုးဖြစ်လာပါတယ်။ Back ခလုတ်ကိုလည်း အမြဲတွေ့ရမှာမဟုတ်ပဲ Back ကိုပြန်သွာဖို့လိုအပ်တဲ့နေရာမှသာ ပြပေးမယ်လို့လည်းသိရပါတယ်။ Google ကအခုလိုလုပ်လာပေးတဲ့အပြင် Navigation Bar ကိုဖျောက်လို့ရမယ့် Option ထည့်ပေးလာမယ်ဆိုရင် ပိုကောင်းလာပါမယ်။ Screen ပေါ်မှာလည်းအမြင်ရှင်းသွားမှာဖြစ်သလို နေရာလည်းပိုကျယ်လာမှာဖြစ်ပါတယ်။ 

Ref: The Verge 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။