This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ျပင္သစ္၊ အီတလီ၊ စပိန္တို႔ ရင္ဆုိင္ခ့ဲရတဲ့ ကံၾကမၼာဆုိးကုိ ဂ်ာမနီအသင္း ေရွာင္လဲြႏုိင္မလား

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမတိုင္မီက ေမာ္ၾကြားခဲ့တဲ့ ဂ်ာမန္ပရိသတ္ေတြ အခုအခ်ိန္မွာေတာ့ သူတို႔အသင္းအတြက္ စုိးရိမ္စရာအေျခအေနတစ္ခုကုိ ရင္ဆုိင္ေနရပါၿပီ။ အားလုံးသိတဲ့အတုိင္းပဲ ဂ်ာမနီအသင္းဟာ လက္ရွိခ်န္ပီယံဘဲြ႕ကုိ ပုိင္ဆုိင္ထားတဲ့အသင္း၊ အခုကမၻာ႔ဖလားၿပိဳင္ပဲြမွာ ဗုိလ္စဲြဖုိ႔ ထိပ္ဆုံးက ေရပန္းစားေနတဲ့အသင္း စတဲ့ဂုဏ္ပုဒ္ေတြနဲ႔ ႐ုရွားေျမကုိ ခ်ီတက္လာခဲ့တာပါ။ ဂ်ာမနီအသငး္ရဲ႕ ကစားသမားစုဖဲြ႕မႈကလည္း အားရစရာအေနအထားရွိတာေၾကာင့္ ဂ်ာမနီအသင္းအေနနဲ႔ အီတလီ(၁၉၃၄၊ ၁၉၃၈)၊ ဘရာဇီးလ္ (၁၉၅၈၊ ၁၉၆၂)တို႔ေနာက္ပုိင္း ကမၻာ႔ဖလား(၂)ႀကိမ္ဆက္ ဗုိလ္စဲြႏုိင္တဲ့ တတိယေျမာက္အသင္းျဖစ္ဖုိ႔ ေမွ်ာ္လင့္လုိ႔ရတဲ့အေနအထားပါပဲ။ ဒါေပမဲ့ အုပ္စုအဖြင့္ပဲြမွာပဲ မကၠဆီကုိအသင္းကုိ (၁-၀)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တာေၾကာင့္ ဂ်ာမနီအသင္းရဲ႕ ေမွ်ာ္လင့္ခ်က္ေတြက မေရမရာျဖစ္လာခဲ့တယ္။

France-2002-World-Cup

France-2002-World-Cup

ဂ်ာမနီအသင္းအတြက္ စုိးရိမ္စရာမွတ္တမ္းတစ္ခုကလည္း ေစာင့္ႀကိဳေနပါတယ္။ အဲဒါကေတာ့ ၿပီးခဲ့တဲ့ကမၻာ႔ဖလား(၄)ႀကိမ္မွာ လက္ရွိခ်န္ပီယံအသင္းေတြ အုပ္စုအဆင့္က ေစာေစာစီးစီးထြက္ခဲ့ရတာက (၃)ႀကိမ္အထိရွိေနလုိ႔ပါပဲ။ ၁၉၉၈ ကမၻာ႔ဖလားမွာ ဗုိလ္စဲြခဲ့တဲ့ ျပင္သစ္ ၂၀၀၂ ကမၻာ႔ဖလားအုပ္စုက ထြက္ခဲ့ရတယ္၊ ၂၀၀၆ ကမၻာ႔ဖလားခ်န္ပီယံ အီတလီအသင္း ၂၀၁၀ ကမၻာ႔ဖလားမွာ အုပ္စုက ထြက္ခဲ့ရသလုိ၊ ၂၀၁၀ ကမၻာ႔ဖလားခ်န္ပီယံ စပိန္အသင္းလည္း ၂၀၁၄ ကမၻာ႔ဖလားတုန္းက စိတ္ပ်က္စရာရလဒ္ေတြနဲ႔အတူ အုပ္စုအဆင့္ကပဲ လက္ျပႏႈတ္ဆက္ခဲ့ရတယ္။

Italy-National-Football-Team

Italy-National-Football-Team

၂၀၀၂ ကမၻာ႔ဖလားခ်န္ပီယံ ဘရာဇီးလ္တစ္သင္းပဲ အဲဒီၾကမၼာဆုိးကုိ ေက်ာ္လႊားႏုိင္ခဲ့ေပမယ့္ ကြာတားဖုိင္နယ္အဆင့္နဲ႔ပဲ ေက်နပ္ခဲ့ရတယ္။ ေနာက္ထပ္ထူးျခားတဲ့မွတ္တမ္းက ၁၉၆၂ ေနာက္ပုိင္းကစၿပီး ကမၻာ႔ဖလားခ်န္ပီယံအသငး္ ေနာက္တစ္ႀကိမ္ၿပိဳင္ပဲြမွာ ဗုိလ္လုပဲြအဆင့္အထိ တက္ခဲ့ဖူးတာဆုိလုိ႔ အာဂ်င္တီးနား(၁၉၈၆ – ဗုိလ္စဲြ ၁၉၉၀ – ဒုတိယ)၊ ဘရာဇီးလ္ (၁၉၉၄-ဗိုလ္စဲြ၊ ၁၉၉၈-ဒုတိယ)တို႔သာရွိခဲ့တာပါ။

Spain-2010-World-Cup

Spain-2010-World-Cup

အခုလည္း လက္ရွိခ်န္ပီယံ ဂ်ာမနီအသင္း အုပ္စုအဖြင့္ပဲြမွာပဲ ႐ႈံးပဲြေတြ႕ခဲ့တာေၾကာင့္ အရင္အသင္းေတြ ရင္ဆုိင္ခဲ့ရတဲ့ ကံၾကမၼာဆုိးက ဂ်ာမနီအသင္းကုိလည္း ထုိးႏွက္ေတာ့မလားဆုိတာ စိတ္၀င္စားစရာပါပဲ။

Will-Germany-Suffer-Early-World-Cup-Group-Exit

Will-Germany-Suffer-Early-World-Cup-Group-Exit

ဂ်ာမနီအသင္းဟာ ၁၉၈၂ ခုႏွစ္တုန္းက အယ္လ္ဂ်ီးရီးယားကုိ ႐ႈံးနိမ့္ခဲ့ၿပီးေနာက္ပုိင္း ကမၻာ႔ဖလားသမုိင္းတစ္ေလွ်ာက္ ဒုတိယေျမာက္ အုပ္စုအဖြင့္႐ႈံးပဲြနဲ႔ ႀကံဳေတြ႕ခဲ့တာျဖစ္သလုိ ကမၻာ႔ဖလားခ်န္ပီယံအသင္းေတြ အုပ္စုအဖြင့္မွာ (၃)ႀကိမ္ဆက္ ႏုိင္ပဲြေပ်ာက္ခဲ့တာလည္းျဖစ္ပါတယ္(၂၀၁၀-အီတလီ ၁-၁ ပါရာေဂြး၊ ၂၀၁၄-စပိန္ ၁-၅ နယ္သာလန္)။ ဂ်ာမနီအသင္းနည္းျပဂ်ိဳအာခ်င္လုိး Joachim Low ကေတာ့ မကၠဆီကုိကုိ ႐ႈံးနိမ့္ခဲ့လုိ႔ ေသြးပ်က္သြားမွာ မဟုတ္ဘဲ အသင္းကုိ အေျပာင္းအလဲလုပ္မွာ မဟုတ္သလုိ ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ ေသခ်ာေပါက္တက္မယ္လုိ႔ ကတိေပးေျပာဆုိခဲ့တယ္။ ဂ်ာမနီအသင္းရဲ႕ လက္က်န္ႏွစ္ပဲြကုိ ၾကည့္ရင္လည္း ဆြီဒင္၊ ေတာင္ကုိရီးယားအသင္းတို႔နဲ႔သာ ကစားရမွာျဖစ္လုိ႔ အေျခအေနေတာ့ ေကာင္းေနပါေသးတယ္။ ဒါေပမဲ့ အမွားလုပ္လုိ႔ေတာ့ မရပါဘူး။ ဂ်ာမနီအသင္း အရင္ လက္ရွိခ်န္ပီယံေတြလုိ ကံၾကမၼာဆုိးနဲ႔ ရင္ဆုိင္ရမလား၊ ေက်ာ္ျဖတ္ႏုိင္မလားဆုိတာေတာ့ လက္က်န္ပဲြေတြမွာ အေျဖေပၚပါလိမ့္မယ္ . . . .

Photo: THE CHRONICLE,Premier League,ESPN,SB Nation,Sportsnet
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပြင်သစ်၊ အီတလီ၊ စပိန်တို့ ရင်ဆိုင်ခဲ့ရတဲ့ ကံကြမ္မာဆိုးကို ဂျာမနီအသင်း ရှောင်လွဲနိုင်မလား

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီက မော်ကြွားခဲ့တဲ့ ဂျာမန်ပရိသတ်တွေ အခုအချိန်မှာတော့ သူတို့အသင်းအတွက် စိုးရိမ်စရာအခြေအနေတစ်ခုကို ရင်ဆိုင်နေရပါပြီ။ အားလုံးသိတဲ့အတိုင်းပဲ ဂျာမနီအသင်းဟာ လက်ရှိချန်ပီယံဘွဲ့ကို ပိုင်ဆိုင်ထားတဲ့အသင်း၊ အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ထိပ်ဆုံးက ရေပန်းစားနေတဲ့အသင်း စတဲ့ဂုဏ်ပုဒ်တွေနဲ့ ရုရှားမြေကို ချီတက်လာခဲ့တာပါ။ ဂျာမနီအသင်းရဲ့ ကစားသမားစုဖွဲ့မှုကလည်း အားရစရာအနေအထားရှိတာကြောင့် ဂျာမနီအသင်းအနေနဲ့ အီတလီ(၁၉၃၄၊ ၁၉၃၈)၊ ဘရာဇီးလ် (၁၉၅၈၊ ၁၉၆၂)တို့နောက်ပိုင်း ကမ္ဘာ့ဖလား(၂)ကြိမ်ဆက် ဗိုလ်စွဲနိုင်တဲ့ တတိယမြောက်အသင်းဖြစ်ဖို့ မျှော်လင့်လို့ရတဲ့အနေအထားပါပဲ။ ဒါပေမဲ့ အုပ်စုအဖွင့်ပွဲမှာပဲ မက္ကဆီကိုအသင်းကို (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဂျာမနီအသင်းရဲ့ မျှော်လင့်ချက်တွေက မရေမရာဖြစ်လာခဲ့တယ်။

France-2002-World-Cup

France-2002-World-Cup

ဂျာမနီအသင်းအတွက် စိုးရိမ်စရာမှတ်တမ်းတစ်ခုကလည်း စောင့်ကြိုနေပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ကမ္ဘာ့ဖလား(၄)ကြိမ်မှာ လက်ရှိချန်ပီယံအသင်းတွေ အုပ်စုအဆင့်က စောစောစီးစီးထွက်ခဲ့ရတာက (၃)ကြိမ်အထိရှိနေလို့ပါပဲ။ ၁၉၉၈ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့တဲ့ ပြင်သစ် ၂၀၀၂ ကမ္ဘာ့ဖလားအုပ်စုက ထွက်ခဲ့ရတယ်၊ ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံ အီတလီအသင်း ၂၀၁၀ ကမ္ဘာ့ဖလားမှာ အုပ်စုက ထွက်ခဲ့ရသလို၊ ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံ စပိန်အသင်းလည်း ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက စိတ်ပျက်စရာရလဒ်တွေနဲ့အတူ အုပ်စုအဆင့်ကပဲ လက်ပြနှုတ်ဆက်ခဲ့ရတယ်။

Italy-National-Football-Team

Italy-National-Football-Team

၂၀၀၂ ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးလ်တစ်သင်းပဲ အဲဒီကြမ္မာဆိုးကို ကျော်လွှားနိုင်ခဲ့ပေမယ့် ကွာတားဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတယ်။ နောက်ထပ်ထူးခြားတဲ့မှတ်တမ်းက ၁၉၆၂ နောက်ပိုင်းကစပြီး ကမ္ဘာ့ဖလားချန်ပီယံအသင်း နောက်တစ်ကြိမ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်အထိ တက်ခဲ့ဖူးတာဆိုလို့ အာဂျင်တီးနား(၁၉၈၆ – ဗိုလ်စွဲ ၁၉၉၀ – ဒုတိယ)၊ ဘရာဇီးလ် (၁၉၉၄-ဗိုလ်စွဲ၊ ၁၉၉၈-ဒုတိယ)တို့သာရှိခဲ့တာပါ။

Spain-2010-World-Cup

Spain-2010-World-Cup

အခုလည်း လက်ရှိချန်ပီယံ ဂျာမနီအသင်း အုပ်စုအဖွင့်ပွဲမှာပဲ ရှုံးပွဲတွေ့ခဲ့တာကြောင့် အရင်အသင်းတွေ ရင်ဆိုင်ခဲ့ရတဲ့ ကံကြမ္မာဆိုးက ဂျာမနီအသင်းကိုလည်း ထိုးနှက်တော့မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Will-Germany-Suffer-Early-World-Cup-Group-Exit

Will-Germany-Suffer-Early-World-Cup-Group-Exit

ဂျာမနီအသင်းဟာ ၁၉၈၂ ခုနှစ်တုန်းက အယ်လ်ဂျီးရီးယားကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဒုတိယမြောက် အုပ်စုအဖွင့်ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့တာဖြစ်သလို ကမ္ဘာ့ဖလားချန်ပီယံအသင်းတွေ အုပ်စုအဖွင့်မှာ (၃)ကြိမ်ဆက် နိုင်ပွဲပျောက်ခဲ့တာလည်းဖြစ်ပါတယ်(၂၀၁၀-အီတလီ ၁-၁ ပါရာဂွေး၊ ၂၀၁၄-စပိန် ၁-၅ နယ်သာလန်)။ ဂျာမနီအသင်းနည်းပြဂျိုအာချင်လိုး Joachim Low ကတော့ မက္ကဆီကိုကို ရှုံးနိမ့်ခဲ့လို့ သွေးပျက်သွားမှာ မဟုတ်ဘဲ အသင်းကို အပြောင်းအလဲလုပ်မှာ မဟုတ်သလို ရှုံးထွက်(၁၆)သင်းအဆင့်ကို သေချာပေါက်တက်မယ်လို့ ကတိပေးပြောဆိုခဲ့တယ်။ ဂျာမနီအသင်းရဲ့ လက်ကျန်နှစ်ပွဲကို ကြည့်ရင်လည်း ဆွီဒင်၊ တောင်ကိုရီးယားအသင်းတို့နဲ့သာ ကစားရမှာဖြစ်လို့ အခြေအနေတော့ ကောင်းနေပါသေးတယ်။ ဒါပေမဲ့ အမှားလုပ်လို့တော့ မရပါဘူး။ ဂျာမနီအသင်း အရင် လက်ရှိချန်ပီယံတွေလို ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ရမလား၊ ကျော်ဖြတ်နိုင်မလားဆိုတာတော့ လက်ကျန်ပွဲတွေမှာ အဖြေပေါ်ပါလိမ့်မယ် . . . .

Photo: THE CHRONICLE,Premier League,ESPN,SB Nation,Sportsnet
Naing Linn(Akhayar)
www.akhayar.com