This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဗုိလ္စဲြဖုိ႔ ေရပန္းစားေနတဲ့ ျပင္သစ္နဲ႔ ဘရာဇီးလ္ ေနာက္တစ္ဆင့္ တက္ႏုိင္မလား

အရွိန္ျပင္းျပင္းစီးဆင္းေနတဲ့ ၂၀၁၈ ကမၻာ႔ဖလားပဲြေတြက ကြာတားဖုိင္နယ္အဆင့္ကုိ ေရာက္ေနၿပီျဖစ္တာေၾကာင့္ ပုိၿပီး ရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းေနပါၿပီ။ ဒီေန႔(ေသာၾကာ)မွာ စတင္ကစားမယ့္ ကြာတားဖုိင္နယ္ပဲြေတြမွာ ဗုိလ္စဲြဖုိ႔ ေရပန္းစားေနတဲ့ ျပင္သစ္၊ ဘရာဇီးလ္အသင္းတို႔ဟာ ဥ႐ုေဂြး၊ ဘယ္လ္ဂ်ီယံတို႔နဲ႔ ရင္ဆုိင္ရမွာျဖစ္တာေၾကာင့္ ဆီမီးဖုိင္နယ္ေရာက္ဖုိ႔ ႐ုန္းကန္ရမယ့္အေနအထားပါ။ ဘယ္အသင္း ဆီမီးဖုိင္နယ္ တက္ခြင့္ရမလဲဆုိတာေတာ့ စိတ္၀င္စားစရာေကာင္းေနပါၿပီ . . .

Mbappe-VS-Suarez

Mbappe-VS-Suarez

ဥ႐ုေဂြး ႏွင့္ ျပင္သစ္ (၆-၇-၂၀၁၈ ည ၈း၃၀)
ကမၻာ႔ဖလားၿပိဳင္ပဲြရဲ႕ ပထမဆုံးခ်န္ပီယံ ဥ႐ုေဂြးနဲ႔ ခ်န္ပီယံေဟာင္း ျပင္သစ္အသင္းတို႔ ထိပ္တိုက္ေတြ႕တဲ့ပဲြက အႀကိတ္အနယ္ရွိမွာ အေသအခ်ာပါပဲ။ လူငယ္ေတြ အမ်ားစုကို အေျခခံထားတဲ့ ျပင္သစ္အသင္းရဲ႕ ေျခစြမ္းက အားရစရာအေနအထားရွိေနၿပီး ”ပီလီ လက္သစ္”လုိ႔ တင္စားခံထားရတဲ့ လူငယ္ၾကယ္ပြင့္တိုက္စစ္ကစားသမား ဘာေပ Mbappe ကလည္း ေျခစြမ္းျပ ဂုိးေတြသြင္းေနတယ္။ ကြင္းလယ္နဲ႔ တိုက္စစ္မွာလည္း World Class Players ေတြ ရွိေနတာေၾကာင့္ အားရစရာေကာင္းပါတယ္။ ဥ႐ုေဂြးအသငး္မွာ ဆြာရက္ဇ္ Suarez ၊ ဂုိဒင္ Godin ၊ ကာဆာရက္စ္ Cáceres စတဲ့ ၀ါရင့္ကစားသမားေတြအျပင္ ဘန္တန္ေကာ္ Bentancur ၊ ေတာ္ရဲရား Torreira တို႔လုိ လူငယ္ေျခတက္ကစားသမားေတြရွိေနတယ္။ ဥ႐ုေဂြးအတြက္ ထုိးႏွက္ခ်က္ျဖစ္လာႏုိင္တာက အဓိက တိုက္စစ္မွဴးတစ္ဦးျဖစ္တဲ့ ကာဗာနီ Cavani ဒဏ္ရာေၾကာင့္ ဒီပဲြမွာ ပါ၀င္ဖုိ႔ မေသခ်ာတာပါပဲ။ သူမပါႏုိင္ရင္ ဥ႐ုေဂြးတိုက္စစ္မွာ ဆြာရက္ဇ္ တစ္ေယာက္တည္း ႐ုန္းကန္ရဖုိ႔ရွိေနတယ္။ ဒီႏွစ္သင္းဟာ ကမၻာ႔ဖလားၿပိဳင္ပဲြတစ္ေလွ်ာက္ ၁၉၆၆၊ ၂၀၀၂၊ ၂၀၁၀ ၿပိဳင္ပဲြေတြတုန္းက အုပ္စုအဆင့္မွာ ဆုံေတြ႕ခဲ့ဖူးၿပီး ဥ႐ုေဂြးက ႏွစ္ပဲြသေရ၊ တစ္ပဲြသေရနဲ႔ ႐ႈံးပဲြမရွိခဲ့ဘူး။ သမုိင္းတစ္ေလွ်ာက္ ဆုံေတြ႕မႈမွာလည္း (၇)ႀကိမ္မွာ ဥ႐ုေဂြးက (၂)ပဲြႏုိင္၊ ျပင္သစ္က (၁)ပဲြႏုိင္ (၄)ပဲြသေရက်ခဲ့တယ္။ ဥ႐ုေဂြးအသင္းဟာ ၁၉၈၅ တုန္းက ေျခစမ္းပဲြမွာ ျပင္သစ္ကုိ (၂-၀)ဂုိးနဲ႔႐ႈံးနိမ့္ခဲ့ၿပီးေနာက္ပုိင္း (၅)ပဲြဆက္တိုက္ ႐ႈံးပဲြမရွိခဲ့ဘူး။ ေသခ်ာတာကေတာ့ ဥ႐ုေဂြးကုိ ျပင္သစ္ လြယ္လြယ္ကူကူေက်ာ္ျဖတ္ႏုိင္မွာ မဟုတ္ေလာက္ပါဘူး။ မိနစ္(၉၀)အတြင္း အေျဖေပၚဖုိ႔ မလြယ္ဘဲ ပယ္နယ္တီအဆုံးအျဖတ္အထိေရာက္သြားႏုိင္တယ္။ ေနာက္တစ္ဆင့္တက္မယ့္အသင္းဆုိရင္ေတာ့ ျပင္သစ္အသင္းကုိပဲ အရဲစြန္႔ ေရြးခ်င္ပါတယ္။

Hazard-against-Neymar

Hazard-against-Neymar

ဘရာဇီးလ္ ႏွင့္ ဘယ္လ္ဂ်ီယံ (၇-၆-၂၀၁၈ နံနက္ ၁၂း၃၀)
အခု ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ဗုိလ္စဲြဖုိ႔ ေရပန္းစားေနတဲ့ႏွစ္သင္း ကြာတားဖုိင္နယ္မွာ ေစာစာစီးစီး ဆုံေတြ႕ေနတာေၾကာင့္ နစ္နာတယ္လုိ႔ ဆုိရမယ္။ ႏွစ္သငး္စလုံးမွာလည္း ကမၻာ႔အဆင့္ကစားသမားေတြ စုေ၀းေနတာေၾကာင့္ ကမၻာတစ္၀ွမ္းက ပရိသတ္ေတြ အားလုံး ဒီပဲြကုိ စိတ္၀င္တစားေစာင့္ၾကည့္ေနၾကတယ္။ ဘရာဇီးလ္နဲ႔ ဘယ္လ္ဂ်ီယံအသင္းတို႔ဟာ ၂၀၀၂ ကမၻာ႔ဖလား ႐ႈံးထြက္(၁၆)သင္းအဆင့္တုန္းက ေတြ႕ဆုံခဲ့ဖူးၿပီး ဂႏၳ၀င္ႀကီးေတြျဖစ္တ့ဲ ရီဗယ္လ္ဒုိ Rivaldo ၊ ေရာ္နယ္လ္ဒုိ Ronaldo တို႔ရဲ႕သြင္းဂုိးေတြနဲ႔ ဘရာဇီးလ္က အႏုိင္ရခဲ့တယ္။ သမုိင္းတစ္ေလွ်ာက္မွာ (၄)ႀကိမ္ဆုံေတြ႕ဖူးၿပီး ဘရာဇီးလ္က ၁၉၆၃ ေျခစမ္းပဲြတစ္ႀကိမ္သာ ႐ႈံးနိမ့္ခဲ့သလုိ က်န္တဲ့ပဲြတိုင္း အႏုိင္ရခဲ့ပါတယ္။ တိုက္စစ္အားသန္ႏွစ္သင္းျဖစ္တာေၾကာင့္ အျပန္အလွန္သြင္းဂုိးေတြကုိ ျမင္ေတြ႕ရဖုိ႔ရွိေနၿပီး ႏွစ္သင္းစလုံးမွာ ပဲြအေျဖကုိ ေျပာင္းလဲႏုိင္စြမ္းရွိတဲ့ ကစားသမားေတြကုိ ပုိင္ဆုိင္ထားၾကတာပါ။ ကြာတားဖုိင္နယ္လာရာ လမ္းေၾကာင္းမွာ ဘယ္လ္ဂ်ီယံအသင္းက အဂၤလန္ကလဲြၿပီး အသင္းႀကီးေတြနဲ႔ ရင္ဆုိင္ခဲ့ရတာ မရွိေပမယ့္ ဘရာဇီးလ္အသင္းကေတာ့ ေျခစြမ္းမာေက်ာတဲ့အသင္းေတြကုိ ရင္ဆုိင္ေက်ာ္ျဖတ္ခဲ့ရတာျဖစ္ပါတယ္။ ၿပိဳင္ပဲြႀကီးအေတြ႕အႀကံဳရင့္ကစားသမား ပုိမ်ားတဲ့ ဘရာဇီးလ္အသင္း ဘယ္လ္ဂ်ီယံကုိ ခက္ခက္ခဲခဲကစားၿပီးမွ ဆီမီးဖုိင္နယ္တက္ႏုိင္ပါလိမ့္မယ္။

Photo:FIFA News
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ပြင်သစ်နဲ့ ဘရာဇီးလ် နောက်တစ်ဆင့် တက်နိုင်မလား

အရှိန်ပြင်းပြင်းစီးဆင်းနေတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပွဲတွေက ကွာတားဖိုင်နယ်အဆင့်ကို ရောက်နေပြီဖြစ်တာကြောင့် ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းနေပါပြီ။ ဒီနေ့(သောကြာ)မှာ စတင်ကစားမယ့် ကွာတားဖိုင်နယ်ပွဲတွေမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ ပြင်သစ်၊ ဘရာဇီးလ်အသင်းတို့ဟာ ဥရုဂွေး၊ ဘယ်လ်ဂျီယံတို့နဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် ဆီမီးဖိုင်နယ်ရောက်ဖို့ ရုန်းကန်ရမယ့်အနေအထားပါ။ ဘယ်အသင်း ဆီမီးဖိုင်နယ် တက်ခွင့်ရမလဲဆိုတာတော့ စိတ်ဝင်စားစရာကောင်းနေပါပြီ . . .

Mbappe-VS-Suarez

Mbappe-VS-Suarez

ဥရုဂွေး နှင့် ပြင်သစ် (၆-၇-၂၀၁၈ ည ၈း၃၀)
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံးချန်ပီယံ ဥရုဂွေးနဲ့ ချန်ပီယံဟောင်း ပြင်သစ်အသင်းတို့ ထိပ်တိုက်တွေ့တဲ့ပွဲက အကြိတ်အနယ်ရှိမှာ အသေအချာပါပဲ။ လူငယ်တွေ အများစုကို အခြေခံထားတဲ့ ပြင်သစ်အသင်းရဲ့ ခြေစွမ်းက အားရစရာအနေအထားရှိနေပြီး ”ပီလီ လက်သစ်”လို့ တင်စားခံထားရတဲ့ လူငယ်ကြယ်ပွင့်တိုက်စစ်ကစားသမား ဘာပေ Mbappe ကလည်း ခြေစွမ်းပြ ဂိုးတွေသွင်းနေတယ်။ ကွင်းလယ်နဲ့ တိုက်စစ်မှာလည်း World Class Players တွေ ရှိနေတာကြောင့် အားရစရာကောင်းပါတယ်။ ဥရုဂွေးအသင်းမှာ ဆွာရက်ဇ် Suarez ၊ ဂိုဒင် Godin ၊ ကာဆာရက်စ် Cáceres စတဲ့ ဝါရင့်ကစားသမားတွေအပြင် ဘန်တန်ကော် Bentancur ၊ တော်ရဲရား Torreira တို့လို လူငယ်ခြေတက်ကစားသမားတွေရှိနေတယ်။ ဥရုဂွေးအတွက် ထိုးနှက်ချက်ဖြစ်လာနိုင်တာက အဓိက တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ကာဗာနီ Cavani ဒဏ်ရာကြောင့် ဒီပွဲမှာ ပါဝင်ဖို့ မသေချာတာပါပဲ။ သူမပါနိုင်ရင် ဥရုဂွေးတိုက်စစ်မှာ ဆွာရက်ဇ် တစ်ယောက်တည်း ရုန်းကန်ရဖို့ရှိနေတယ်။ ဒီနှစ်သင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ၁၉၆၆၊ ၂၀၀၂၊ ၂၀၁၀ ပြိုင်ပွဲတွေတုန်းက အုပ်စုအဆင့်မှာ ဆုံတွေ့ခဲ့ဖူးပြီး ဥရုဂွေးက နှစ်ပွဲသရေ၊ တစ်ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့ဘူး။ သမိုင်းတစ်လျှောက် ဆုံတွေ့မှုမှာလည်း (၇)ကြိမ်မှာ ဥရုဂွေးက (၂)ပွဲနိုင်၊ ပြင်သစ်က (၁)ပွဲနိုင် (၄)ပွဲသရေကျခဲ့တယ်။ ဥရုဂွေးအသင်းဟာ ၁၉၈၅ တုန်းက ခြေစမ်းပွဲမှာ ပြင်သစ်ကို (၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း (၅)ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘူး။ သေချာတာကတော့ ဥရုဂွေးကို ပြင်သစ် လွယ်လွယ်ကူကူကျော်ဖြတ်နိုင်မှာ မဟုတ်လောက်ပါဘူး။ မိနစ်(၉၀)အတွင်း အဖြေပေါ်ဖို့ မလွယ်ဘဲ ပယ်နယ်တီအဆုံးအဖြတ်အထိရောက်သွားနိုင်တယ်။ နောက်တစ်ဆင့်တက်မယ့်အသင်းဆိုရင်တော့ ပြင်သစ်အသင်းကိုပဲ အရဲစွန့် ရွေးချင်ပါတယ်။

Hazard-against-Neymar

Hazard-against-Neymar

ဘရာဇီးလ် နှင့် ဘယ်လ်ဂျီယံ (၇-၆-၂၀၁၈ နံနက် ၁၂း၃၀)
အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့နှစ်သင်း ကွာတားဖိုင်နယ်မှာ စောစာစီးစီး ဆုံတွေ့နေတာကြောင့် နစ်နာတယ်လို့ ဆိုရမယ်။ နှစ်သင်းစလုံးမှာလည်း ကမ္ဘာ့အဆင့်ကစားသမားတွေ စုဝေးနေတာကြောင့် ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေ အားလုံး ဒီပွဲကို စိတ်ဝင်တစားစောင့်ကြည့်နေကြတယ်။ ဘရာဇီးလ်နဲ့ ဘယ်လ်ဂျီယံအသင်းတို့ဟာ ၂၀၀၂ ကမ္ဘာ့ဖလား ရှုံးထွက်(၁၆)သင်းအဆင့်တုန်းက တွေ့ဆုံခဲ့ဖူးပြီး ဂန္ထဝင်ကြီးတွေဖြစ်တဲ့ ရီဗယ်လ်ဒို Rivaldo ၊ ရော်နယ်လ်ဒို Ronaldo တို့ရဲ့သွင်းဂိုးတွေနဲ့ ဘရာဇီးလ်က အနိုင်ရခဲ့တယ်။ သမိုင်းတစ်လျှောက်မှာ (၄)ကြိမ်ဆုံတွေ့ဖူးပြီး ဘရာဇီးလ်က ၁၉၆၃ ခြေစမ်းပွဲတစ်ကြိမ်သာ ရှုံးနိမ့်ခဲ့သလို ကျန်တဲ့ပွဲတိုင်း အနိုင်ရခဲ့ပါတယ်။ တိုက်စစ်အားသန်နှစ်သင်းဖြစ်တာကြောင့် အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရဖို့ရှိနေပြီး နှစ်သင်းစလုံးမှာ ပွဲအဖြေကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားကြတာပါ။ ကွာတားဖိုင်နယ်လာရာ လမ်းကြောင်းမှာ ဘယ်လ်ဂျီယံအသင်းက အင်္ဂလန်ကလွဲပြီး အသင်းကြီးတွေနဲ့ ရင်ဆိုင်ခဲ့ရတာ မရှိပေမယ့် ဘရာဇီးလ်အသင်းကတော့ ခြေစွမ်းမာကျောတဲ့အသင်းတွေကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။ ပြိုင်ပွဲကြီးအတွေ့အကြုံရင့်ကစားသမား ပိုများတဲ့ ဘရာဇီးလ်အသင်း ဘယ်လ်ဂျီယံကို ခက်ခက်ခဲခဲကစားပြီးမှ ဆီမီးဖိုင်နယ်တက်နိုင်ပါလိမ့်မယ်။

Photo:FIFA News
Naing Linn(Akhayar)
www.akhayar.com