This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

႐ႈံးထြက္(၁၆)သင္းအဆင့္တက္ေရာက္ခြင့္ကုိ ဘရာဇီးလ္နဲ႔ ဂ်ာမနီ ရယူႏုိင္မလား

၂၀၁၈ ကမၻာ႔ဖလားအုပ္စု(E)နဲ႔ (F)ရဲ႕ ေနာက္ဆုံးပဲြစဥ္ေတြကုိ ဒီေန႔(ဗုဒၶဟူး)မွာ ဆက္လက္ယွဥ္ၿပိဳင္ကစားၾကမွာပါ။ နာမည္ႀကီးအသင္းေတြျဖစ္တဲ့ ဂ်ာမနီ၊ ဘရာဇီးလ္အသင္းတို႔ ေနာက္တစ္ဆင့္တက္ေရာက္ခြင့္ကုိ ရယူႏုိင္မလားဆုိတာ စိတ္၀င္စားစရာေကာင္းေနတယ္။ (၄)မွတ္ရထားတဲ့ ဘရာဇီးလ္အသင္းဟာ ဆားဘီးယားနဲ႔ ကစားရမွာျဖစ္လုိ႔ သတိထားကစားရမွာျဖစ္ၿပီး ဂ်ာမနီအသင္းကေတာ့ အာရွက ေတာင္ကုိရီးယားနဲ႔ ရင္ဆုိင္ရမွာျဖစ္တာေၾကာင့္ ႏုိင္ပဲြရယူဖုိ႔ အေျခအေနေကာင္းပါတယ္။ ႐ႈံးထြက္(၁၆)သင္းအဆင့္တက္ဖုိ႔ ေမွ်ာ္လင့္ခ်က္ရွိေနေသးတဲ့ ဆြီဒင္၊ ဆြစ္ဇာလန္အသင္းတို႔လည္း အုပ္စုေနာက္ဆုံးပဲြမွာ ရလဒ္ေကာင္းဖုိ႔ ႐ုန္းကန္ၾကမွာပါ။

ေတာင္ကုိရီးယား ႏွင့္ ဂ်ာမနီ (၂၇-၆-၂၀၁၈ ည ၈း၃၀)
ေတာင္ကုိရီးယားအသင္းက ႏွစ္ပဲြစလုံး ႐ႈံးနိမ့္ခဲ့ၿပီး အုပ္စုက ထြက္ခဲ့ရပါၿပီ။ ႐ုန္းကန္ေနရတဲ့ ဂ်ာမနီအသင္းကေတာ့ ဆြီဒင္ကုိ အႏုိင္ရခဲ့တာေၾကာင့္ ေနာက္တစ္ဆင့္တက္ဖုိ႔ အေျခအေနေကာင္းတစ္ခုကုိ ပုိင္ဆုိင္ထားတယ္။ တစ္ဖက္ပဲြစဥ္ျဖစ္တဲ့ ဆြီဒင္-မကၠဆီကုိပဲြမွာ ဘယ္လုိရလဒ္ထြက္သည္ျဖစ္ေစ ေတာင္ကုိရီးယားကုိ ဂုိးမ်ားမ်ားနဲ႔ႏုိင္မယ္ဆုိရင္ ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ ေသခ်ာေပါက္တက္ပါၿပီ။ ဂ်ာမနီပဲ ဂုိးျပတ္အႏုိင္ယူသြားမွာပါ။

Group-F

Group-F

မကၠဆီကုိ ႏွင့္ ဆြီဒင္ (၂၇-၆-၂၀၁၈ ည ၈း၃၀)
(၆)မွတ္ရထားေပမယ့္ မကၠဆီကုိ ဒီပဲြမွာ ေပါ့ဆလုိ႔ေတာ့ မရပါဘူး။ တကယ္လုိ႔ ဂ်ာမနီသာ ဂုိးျပတ္ႏုိင္ၿပီး မကၠဆီကုိက ဆြီဒင္ကုိ (၂)ဂုိးျပတ္႐ံႈးမယ္ဆုိရင္ ဂုိးကြာျခားခ်က္အရ ဆြီဒင္ ေနာက္တစ္ဆင့္တက္သြားပါလိမ့္မယ္။ ဒါေပမဲ့ မကၠဆီကုိရဲ႕ေျခစြမ္းအရလည္း ဆြီဒင္ကုိ ဂုိးျပတ္႐ႈံးဖုိ႔ဆုိတာ သိပ္မျဖစ္ႏုိင္ဘူး။ မကၠဆီကုိ သေရနဲ႔အႏုိင္ပါပဲ။

ဆားဘီးယား ႏွင့္ ဘရာဇီးလ္ (၂၈-၆-၂၀၁၈ နံနက္ ၁၂း၃၀)
ဒီပဲြက တကယ့္ကုိ အႀကိတ္အနယ္ရွိလာမယ့္ပဲြပါ။ (၃)မွတ္ရထားတဲ့ ဆားဘီးယားနဲ႔ (၄)မွတ္ရထားတဲ့ ဘရာဇီးလ္တို႔အတြက္ အုပ္စုကတက္ေရး အဆုံးအျဖတ္ပါပဲ။ ဆားဘီးယားအသင္းဟာ ဆြစ္ဇာလန္ကုိ မထင္မွတ္ဘဲ ႐ႈံးခဲ့တဲ့အတြက္ နစ္နာခဲ့တယ္။ ဆားဘီးယားရဲ႕ေျခစြမ္းနဲ႔ ကစားသမားစုဖဲြ႕မႈက အားရစရာေကာင္းတယ္။ နာမည္ႀကီးဘရာဇီးလ္အသင္းကေတာ့ ဆြစ္ဇာလန္၊ ေကာ္စတာရီကာတို႔နဲ႔ကစားခဲ့တဲ့ႏွစ္ပဲြစလုံး ႐ုန္းကန္ခဲ့ရၿပီး အခုထိ ဘရာဇီးလ္အစစ္အမွန္ကုိ မေတြ႕ရေသးဘူးလုိ႔ ဆုိရမယ္။ ေနာက္တစ္ဆင့္တက္ဖုိ႔ ေဖာင္ဖ်က္ကစားမယ့္ ဆားဘီးယားကုိ ဘရာဇီးလ္ ခက္ခက္ခဲခဲရင္ဆုိင္ရဖုိ႔ရွိတယ္။ ဆားဘီးယားကုိ ဘရာဇီးလ္ မႏုိင္ေလာက္ဘူး။ သေရက်ဖုိ႔မ်ားတယ္။

Group-E

Group-E

ဆြစ္ဇာလန္ ႏွင့္ ေကာ္စတာရီကာ (၂၈-၆-၂၀၁၈ နံနက္ ၁၂း၃၀)
႐ႈံးထြက္(၁၆)သင္းအဆင့္တက္ဖုိ႔ ဆြစ္ဇာလန္အသင္း အခြင့္အေရးေကာင္းေတြပုိင္ဆုိင္ထားတယ္။ သေရေလာက္ကစား႐ုံနဲ႔ အုပ္စုက တက္မွာပါ။ ေကာ္စတာရီကာအသငး္ကေတာ့ ကမၻာ႔ဖလားၿပိဳင္ပဲြကုိ လက္ျပႏႈတ္ဆက္ခဲ့ရၿပီ။ ဂုဏ္သိကၡာအတြက္ပဲ ကစားရေတာ့မယ္။ ဆြစ္ဇာလန္အႏုိင္ေသခ်ာပါတယ္။

Photo: FIFA World Cup
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ရှုံးထွက်(၁၆)သင်းအဆင့်တက်ရောက်ခွင့်ကို ဘရာဇီးလ်နဲ့ ဂျာမနီ ရယူနိုင်မလား

၂၀၁၈ ကမ္ဘာ့ဖလားအုပ်စု(E)နဲ့ (F)ရဲ့ နောက်ဆုံးပွဲစဉ်တွေကို ဒီနေ့(ဗုဒ္ဓဟူး)မှာ ဆက်လက်ယှဉ်ပြိုင်ကစားကြမှာပါ။ နာမည်ကြီးအသင်းတွေဖြစ်တဲ့ ဂျာမနီ၊ ဘရာဇီးလ်အသင်းတို့ နောက်တစ်ဆင့်တက်ရောက်ခွင့်ကို ရယူနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေတယ်။ (၄)မှတ်ရထားတဲ့ ဘရာဇီးလ်အသင်းဟာ ဆားဘီးယားနဲ့ ကစားရမှာဖြစ်လို့ သတိထားကစားရမှာဖြစ်ပြီး ဂျာမနီအသင်းကတော့ အာရှက တောင်ကိုရီးယားနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် နိုင်ပွဲရယူဖို့ အခြေအနေကောင်းပါတယ်။ ရှုံးထွက်(၁၆)သင်းအဆင့်တက်ဖို့ မျှော်လင့်ချက်ရှိနေသေးတဲ့ ဆွီဒင်၊ ဆွစ်ဇာလန်အသင်းတို့လည်း အုပ်စုနောက်ဆုံးပွဲမှာ ရလဒ်ကောင်းဖို့ ရုန်းကန်ကြမှာပါ။

တောင်ကိုရီးယား နှင့် ဂျာမနီ (၂၇-၆-၂၀၁၈ ည ၈း၃၀)
တောင်ကိုရီးယားအသင်းက နှစ်ပွဲစလုံး ရှုံးနိမ့်ခဲ့ပြီး အုပ်စုက ထွက်ခဲ့ရပါပြီ။ ရုန်းကန်နေရတဲ့ ဂျာမနီအသင်းကတော့ ဆွီဒင်ကို အနိုင်ရခဲ့တာကြောင့် နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်ထားတယ်။ တစ်ဖက်ပွဲစဉ်ဖြစ်တဲ့ ဆွီဒင်-မက္ကဆီကိုပွဲမှာ ဘယ်လိုရလဒ်ထွက်သည်ဖြစ်စေ တောင်ကိုရီးယားကို ဂိုးများများနဲ့နိုင်မယ်ဆိုရင် ရှုံးထွက်(၁၆)သင်းအဆင့်ကို သေချာပေါက်တက်ပါပြီ။ ဂျာမနီပဲ ဂိုးပြတ်အနိုင်ယူသွားမှာပါ။

Group-F

Group-F

မက္ကဆီကို နှင့် ဆွီဒင် (၂၇-၆-၂၀၁၈ ည ၈း၃၀)
(၆)မှတ်ရထားပေမယ့် မက္ကဆီကို ဒီပွဲမှာ ပေါ့ဆလို့တော့ မရပါဘူး။ တကယ်လို့ ဂျာမနီသာ ဂိုးပြတ်နိုင်ပြီး မက္ကဆီကိုက ဆွီဒင်ကို (၂)ဂိုးပြတ်ရှုံးမယ်ဆိုရင် ဂိုးကွာခြားချက်အရ ဆွီဒင် နောက်တစ်ဆင့်တက်သွားပါလိမ့်မယ်။ ဒါပေမဲ့ မက္ကဆီကိုရဲ့ခြေစွမ်းအရလည်း ဆွီဒင်ကို ဂိုးပြတ်ရှုံးဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး။ မက္ကဆီကို သရေနဲ့အနိုင်ပါပဲ။

ဆားဘီးယား နှင့် ဘရာဇီးလ် (၂၈-၆-၂၀၁၈ နံနက် ၁၂း၃၀)
ဒီပွဲက တကယ့်ကို အကြိတ်အနယ်ရှိလာမယ့်ပွဲပါ။ (၃)မှတ်ရထားတဲ့ ဆားဘီးယားနဲ့ (၄)မှတ်ရထားတဲ့ ဘရာဇီးလ်တို့အတွက် အုပ်စုကတက်ရေး အဆုံးအဖြတ်ပါပဲ။ ဆားဘီးယားအသင်းဟာ ဆွစ်ဇာလန်ကို မထင်မှတ်ဘဲ ရှုံးခဲ့တဲ့အတွက် နစ်နာခဲ့တယ်။ ဆားဘီးယားရဲ့ခြေစွမ်းနဲ့ ကစားသမားစုဖွဲ့မှုက အားရစရာကောင်းတယ်။ နာမည်ကြီးဘရာဇီးလ်အသင်းကတော့ ဆွစ်ဇာလန်၊ ကော်စတာရီကာတို့နဲ့ကစားခဲ့တဲ့နှစ်ပွဲစလုံး ရုန်းကန်ခဲ့ရပြီး အခုထိ ဘရာဇီးလ်အစစ်အမှန်ကို မတွေ့ရသေးဘူးလို့ ဆိုရမယ်။ နောက်တစ်ဆင့်တက်ဖို့ ဖောင်ဖျက်ကစားမယ့် ဆားဘီးယားကို ဘရာဇီးလ် ခက်ခက်ခဲခဲရင်ဆိုင်ရဖို့ရှိတယ်။ ဆားဘီးယားကို ဘရာဇီးလ် မနိုင်လောက်ဘူး။ သရေကျဖို့များတယ်။

Group-E

Group-E

ဆွစ်ဇာလန် နှင့် ကော်စတာရီကာ (၂၈-၆-၂၀၁၈ နံနက် ၁၂း၃၀)
ရှုံးထွက်(၁၆)သင်းအဆင့်တက်ဖို့ ဆွစ်ဇာလန်အသင်း အခွင့်အရေးကောင်းတွေပိုင်ဆိုင်ထားတယ်။ သရေလောက်ကစားရုံနဲ့ အုပ်စုက တက်မှာပါ။ ကော်စတာရီကာအသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပြီ။ ဂုဏ်သိက္ခာအတွက်ပဲ ကစားရတော့မယ်။ ဆွစ်ဇာလန်အနိုင်သေချာပါတယ်။

Photo: FIFA World Cup
Naing Linn(Akhayar)
www.akhayar.com