[Zawgyi] 


TouchID on iPhone 5s




Apple Patent


Ref: BGR

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Fingerprint Scanner တွေကို iPhone အတွက် Apple ပြန်ယူလာပေးနိုင်မလား

iPhone 5s မှာ ပထမဦးဆုံးအနေနဲ့ Fingerprint Scanner တွေကို Apple ထည့်ပေးခဲ့ပါတယ်။ iPhone သမိုင်းတစ်လျှောက်မှာ Biometric Scanner ထည့်ပေးတာကလည်း iPhone 5s က ပထမဦးဆုံး iPhone ဖြစ်ခဲ့ပါတယ်။ အဒီအချိန် ဈေးကွက်ထဲမှာ Fingerprint Scanner ပါတဲ့ဖုန်းတွေ အများကြီးမရှိသေးပါဘူး။ Apple ထည့်ပေးပြီးနောက်ပိုင်း Fingerprint Scanner ပါတဲ့ဖုန်းတွေ အများကြီးထွက်လာပါတယ်။ Apple ရဲ့ Fingerprint Scanner တွေက ဈေးကွက်ထဲက တခြားထုတ်ကုန်တွေမှာ Fingerprint Scanner ထည့်လာစေလောက်အောင်အထိ ဈေးကွက်ကိုဦးဆောင်နိုင်ခဲ့ပါတယ်။ 

TouchID on iPhone 5s

Apple တစ်ခုခုထလုပ်ပြီဆိုရင် တခြားပြိုင်ဖက်ကုမ္ပဏီတွေက လိုက်လုပ်လေ့ရှိပေမယ့် Apple ကိုယ်တိုင်ကတော့ အခုလိုလိုက်လုပ်တာမျိုးတွေ မရှိပါဘူး။ Apple Fan တွေက iPhone တွေမှာ OLED အသုံးမပြုပေးလို့ အမျိုးမျိုးပြောနေကြပေမယ့် Apple က iPhone 8 အထိ LCD ကိုပဲ ဆက်သုံးနေတုန်းပါ။ အဲ့ဒီအစား OLED သုံးထားတဲ့ iPhone အသစ်အနေနဲ့ iPhone X ကို ထုတ်ပြလိုက်ပါတယ်။ သမိုင်းတစ်လျှောက်မှာ iPhone တစ်မျိုးပဲ ထုတ်ခဲ့ပေမယ့် iPhone 6 အရောက်မှာ Plus Model ကိုထပ်ထုတ်ခဲ့ပါတယ်။ Fingerprint Scanner နဲ့ပတ်သက်လို့တော့ iPhone 6s မှာ 2nd Generation TouchID ဆိုပြီး အဆင့်မြှင့်တင်ပေးခဲ့ပါသေးတယ်။ iPhone 7 အရောက်မှာတော့ Home Button ကိုအသေလုပ်ပေးလိုက်ပြီး နှိပ်တဲ့ခံစားမှုကိုရနိုင်ဖို့အတွက်တော့ Haptic Engine နဲ့လုပ်ပေးထားပါတယ်။ Fingerprint Scanner ကိုတိုးတက်လာအောင်လုပ်ပေးတယ်ဆိုပေမယ့် လက်ရှိ iPhone 8 အထိ iPhone 6s မှာသုံးခဲ့တဲ့ Second Generation TouchID ပါပဲ။ 

iPhone X with OLED Display

iPhone X ကတော့ iPhone တွေအားလုံးထဲမှာ Design ပိုင်းအရ အပြောင်းလဲဆုံးဖြစ်သလို တိုးတက်မှုအရှိဆုံးလည်းဖြစ်ပါတယ်။ Fingerprint Scanner အစား FaceID လို့ခေါ်တဲ့ 3D Face Scanning နည်းပညာကို ပြောင်းလဲထည့်သွင်ပေးလာပါတယ်။ Display ကလည်း Apple သုံးနေကျ LCD Display တွေအစား OLED Display ကိုပြောင်းသုံးပေးထားပါတယ်။ Full Screen Display ကြောင့် ဈေးကွက်မှာ နေရာရခဲ့ပေမယ့် TouchID မပါတာကြောင့် သဘောမကျသူတွေလည်း ရှိနေပါသေးတယ်။ In-Display Fingerprint Scanner တွေနဲ့ Under Display Fingerprint Scanner တွေက လက်ရှိအချိန်တခြားဖုန်းကုမ္ပဏီတွေက စတင်အသုံးပြုနေကြပြီဆိုပေမယ့် တကယ်မြန်မြန်ဆန်ဆန်အသုံးပြုနိုင်လောက်သည်အထိ မကောင်းသေးပါဘူး။ Fingerprint အပြင်တခြားထည့်လို့ရတဲ့ Biometric Scanner တွေက Iris Scanner နဲ့ 3D Face Scanning ကလွဲလို့ ဘာမှသိပ်မရှိပါဘူး။ Iris Scanning ကလည်း 3D Face Scanning လောက်မြန်ဆန်တာမဟုတ်တဲ့အပြင် ထုတ်လုပ်စားရိတ်ကို ပိုများသွားစေတာကြောင့် ဖုန်းကုမ္ပဏီတွေက အသုံးမပြုတာပါ။ 

Apple Patent

Apple ကတော့ iPhone X မှာ TouchID ထည့်မပေးနိုင်တော့ပေမယ့် Fingerprint Scanner နဲ့ပတ်သက်လို့တော့ လက်မလျှော့သေးပုံပါပဲ။ Apple ရဲ့ Patent တစ်ခုအရ နောက်ထွက်မယ့် iPhone အသစ်တွေမှာ Fingerprint Scanner ပြန်ပါလာနိုင်မယ့် အခွင့်အလမ်းကရှိနေပါသေးတယ်။ တခြားဖုန်းတွေမှာ တွေ့ပြီးသားဖြစ်တဲ့ Optical In-Display Fingerprint Scanner လိုမျိုးကို Apple က စမ်းသပ်ဖန်တီးနေပုံပါပဲ။ Dispaly အလွှာအောက်မှာ Fingerprint Scanner ကိုထည့်ပေးလာမှာမျိုးပါ။ Fingerprint Scanner အလုပ်လုပ်ဖို့အတွက် Display အလွှာအောက်မှာ Camera အသေးလေတွေ အများကြီးတပ်ပေးထားမှာပါ။ အဲ့ဒီ Camera တွေက လက်ပေါ်မှာရှိတဲ့ အရေပြားအရာတွေကို အသေးစိတ်ဖတ်ပေးနိုင်မှာဖြစ်ပြီး လက်ဗွေကို မှတ်သားပေးထားနိုင်မှာပါ။ Apple အနေနဲ့တော့ စမ်းသပ်နေပြီလို့ ယူဆလို့ရပါတယ်။ Fingerprint Scanner ပြန်ရလာရင် လက်ရှိအသုံးပြုနေတဲ့ FaceID ကိုပြန်ဖြုတ်လို့ရလာမှာဖြစ်တာကြောင့် iPhone မှာပါနေတဲ့ Notch အရွယ်အစားကိုလည်း အခုထပ်ပိုသေးအောင် လုပ်ပေးသွားနိုင်ဦးမှာပါ။ iPhone X ရဲ့ Design ကလည်း နောက်နှစ်အနည်းငယ်အတွင်းမှာ ထပ်ပြီးပြောင်းနိုင်ပါသေးတယ်။ 

Ref: BGR

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။