[Zawgyi]

ခရစၥတယ္ပဲေလ့စ္နဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ့တဲ့ ဇာဟာ Zaha

ခရစၥတယ္ပဲေလ့စ္အသင္း နာမည္ေက်ာ္ကစားသမား ဇာဟာ Zaha ဟာ အသင္းနဲ႔ (၅)ႏွစ္စာခ်ဳပ္သက္တမ္း တိုးခဲ့ၿပီး စာခ်ဳပ္သစ္အရ တစ္ပတ္လစာေပါင္(၁၃၀၀၀၀)အထိ ရရွိမွာျဖစ္လုိ႔ ခရစၥတယ္ပဲေလ့စ္အသင္းမွာ လစာေငြအမ်ားဆုံး ရရွိမယ့္ကစားသမားျဖစ္လာမွာပါ။ ဇာဟာကုိ ေခၚယူဖုိ႔ ပရီးမီးယားလိဂ္ ထိပ္သီးအသင္းေတြျဖစ္တဲ့ ခ်ယ္လ္ဆီး၊ စပါးတို႔က ပစ္မွတ္ထားခဲ့ေပမယ့္ ခရစၥတယ္ပဲေလ့စ္အသင္းက လုိခ်င္တဲ့ ေပါင္သန္း(၇၀)ပမာဏကုိ မေပးခ်င္လုိ႔ အေျပာင္းအေရႊ႕က ျဖစ္မလာခဲ့ပါဘူး။ အနာဂတ္နဲ႔ပတ္သက္ၿပီး သတင္းေတြ ဘယ္လုိပဲ ထြက္ေပၚေနပါေစ ဇာဟာကေတာ့ ခရစၥတယ္ပဲေလ့စ္အသင္းမွာပဲ ဆက္ေနမယ္လုိ႔ ဆုိခ့ဲတာေၾကာင့္ ခရစၥတယ္ပဲေလ့စ္အသင္းက အခုလုိ ျမင့္မားတဲ့လစာေငြနဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ့တာပါ။

Zaha-has-signed-a-new-five-year-deal-at-Crystal-Palace-worth-£130000-a-week

Zaha-has-signed-a-new-five-year-deal-at-Crystal-Palace-worth-£130000-a-week

ခရစၥပဲေလ့စ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီးေနာက္မွာ ဇာဟာက “စာခ်ဳပ္သစ္ကိစၥကုိ အေစာကတညး္က အၿပီးသတ္ဖုိ႔ ဆႏၵရွိခဲ့တာျဖစ္ပါတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အသင္းအတြက္ အျပည့္အ၀ အာ႐ုံစုိက္ကစားခ်င္လုိ႔ပါ။ ဒီအသင္းနဲ႔ အသင္းေဖာ္ေတြကို ယုံၾကည္မႈအျပည့္ရွိၿပီး အသင္းကုိ ဒီထက္ပုိေတာင့္တင္းလာေအာင္ လုပ္ျပႏုိင္စြမ္းရွိပါတယ္။ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးႏုိင္ခဲ့လုိ႔လည္း အရမ္းကုိ ေပ်ာ္ရႊင္မိပါတယ္”လုိ႔ သူ႔ရဲ႕ Twitter စာမ်က္ႏွာမွာ ေရးသားခဲ့တယ္။ ဇာဟာဟာ ခရစၥတယ္ပဲေလ့စ္အသင္းအတြက္ ၿပိဳင္ပဲြစုံ (၂၈၈)ပဲြကစားခဲ့ၿပီး (၄၄)ဂုိးသြင္း၊ ဂုိးဖန္တီးမႈ(၅၅)ႀကိမ္အထိ ျပဳလုပ္ခဲ့တဲ့အျပင္ ခရစၥတယ္ပဲေလ့စ္အသင္းရဲ႕ (၁)ႏွစ္တာအေကာင္းဆုံး ကစားသမားဆုကုိ ၿပီးခဲ့တဲ့(၃)ႏွစ္ဆက္တိုက္ ရယူႏုိင္ခဲ့သူလည္းျဖစ္ပါတယ္။

REF:Daily Mail
Photo:Crystal Palace Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ခရစ္စတယ်ပဲလေ့စ်နဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဇာဟာ Zaha

ခရစ္စတယ်ပဲလေ့စ်အသင်း နာမည်ကျော်ကစားသမား ဇာဟာ Zaha ဟာ အသင်းနဲ့ (၅)နှစ်စာချုပ်သက်တမ်း တိုးခဲ့ပြီး စာချုပ်သစ်အရ တစ်ပတ်လစာပေါင်(၁၃၀၀၀၀)အထိ ရရှိမှာဖြစ်လို့ ခရစ္စတယ်ပဲလေ့စ်အသင်းမှာ လစာငွေအများဆုံး ရရှိမယ့်ကစားသမားဖြစ်လာမှာပါ။ ဇာဟာကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး၊ စပါးတို့က ပစ်မှတ်ထားခဲ့ပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းက လိုချင်တဲ့ ပေါင်သန်း(၇၀)ပမာဏကို မပေးချင်လို့ အပြောင်းအရွှေ့က ဖြစ်မလာခဲ့ပါဘူး။ အနာဂတ်နဲ့ပတ်သက်ပြီး သတင်းတွေ ဘယ်လိုပဲ ထွက်ပေါ်နေပါစေ ဇာဟာကတော့ ခရစ္စတယ်ပဲလေ့စ်အသင်းမှာပဲ ဆက်နေမယ်လို့ ဆိုခဲ့တာကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းက အခုလို မြင့်မားတဲ့လစာငွေနဲ့ စာချုပ်သက်တမ်းတိုးခဲ့တာပါ။

Zaha-has-signed-a-new-five-year-deal-at-Crystal-Palace-worth-£130000-a-week

Zaha-has-signed-a-new-five-year-deal-at-Crystal-Palace-worth-£130000-a-week

ခရစ္စပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့ပြီးနောက်မှာ ဇာဟာက “စာချုပ်သစ်ကိစ္စကို အစောကတည်းက အပြီးသတ်ဖို့ ဆန္ဒရှိခဲ့တာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အသင်းအတွက် အပြည့်အ၀ အာရုံစိုက်ကစားချင်လို့ပါ။ ဒီအသင်းနဲ့ အသင်းဖော်တွေကို ယုံကြည်မှုအပြည့်ရှိပြီး အသင်းကို ဒီထက်ပိုတောင့်တင်းလာအောင် လုပ်ပြနိုင်စွမ်းရှိပါတယ်။ အသင်းနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့လို့လည်း အရမ်းကို ပျော်ရွှင်မိပါတယ်”လို့ သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့တယ်။ ဇာဟာဟာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၈၈)ပွဲကစားခဲ့ပြီး (၄၄)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၅၅)ကြိမ်အထိ ပြုလုပ်ခဲ့တဲ့အပြင် ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ (၁)နှစ်တာအကောင်းဆုံး ကစားသမားဆုကို ပြီးခဲ့တဲ့(၃)နှစ်ဆက်တိုက် ရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

REF:Daily Mail
Photo:Crystal Palace Twitter
Naing Linn(Akhayar)
www.akhayar.com