






Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

လက်ရှိကမ္ဘာ့အကောင်းဆုံးသော စွယ်စုံကျမ်းကြီးတစ်ခုဖြစ်တဲ့ Wikipedia ကနေ Desktop Web Browser ကနေ အသုံးပြုသူတွေအတွက် Feature အသစ်တစ်ခုကို ထည့်သွင်းပေးခဲ့လိုက်ပါတယ်။ ဒါကတော့ Page Preview Feature ပဲဖြစ်ပြီးတော့ Wikipedia ကတော့ ဒါက ပြီးခဲ့တဲ့နှစ်တွေထဲမှာ Wikipedia ရဲ့ အကြီးမားဆုံး ပြောင်းလဲမှုတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Wikipedia Page Preview

အခု Page Preview Feature က ဘယ်လိုမျိုးအလုပ်လုပ်မလဲဆိုရင်တော့ ယခင်က Wikipedia မှာ ကိုယ်ဖတ်နေတဲ့အကြောင်းအရာမှာပဲ ထပ်မံပြီး အသေးစိတ်သိချင်တယ်ဆိုရင် နှိပ်ပြီးဖတ်ကြည့်လို့ရတဲ့ Additional Context တွေမှာ နှိပ်ကြည့်စရာမလိုတော့ပဲ Preview အနေနဲ့ Pop Up Windows အနေနဲ့ပဲ ဖော်ပြသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Wikipedia Page Preview

အခုလိုမျိုး Wikipedia မှာ ရှာဖွေနေရင်းနဲ့ Link တွေကို အဆုံးမရှိပဲဆက်တိုက်နှိပ်သွားပြီး သက်ဆိုင်ရာအချက်အလက်တွေကို ဖတ်သွားနိုင်တာက Wikipedia ရဲ့ အားသာချက်တစ်ခုဆိုပေမယ့် တခါတလေမှာ ကိုယ်ထပ်ပြီး သိရှိချင်လို့နှိပ်လိုက်တဲ့ Link က လုံလောက်တဲ့ Information မပါဝင်တာတွေကို ကြုံဖူးကြမှာပါ။ အဲ့ဒီအတွက် အခု Page Preview Feature ဟာ Link တွေလိုက်နှိပ်စရာမလိုတော့ပဲ Mouse ကို အဆိုပါ အကြောင်းအရာပေါ်မှာ တင်လိုက်တာနဲ့ ဓါတ်ပုံနဲ့ Article Brief Preview တက်လာမှာဖြစ်တယ်လို့ သိရပါတယ်။

Wikipedia ကတော့ အခု Feature ကို ပိုပြီး အဆင့်တိုးတက်လာအောင် A/B စစ်ဆေးမှုတွေကို ပြုလုပ်လျက်ရှိပြီး လက်ရှိလူအများစုက အခု Feature ကို ပိတ်ပစ်ခြင်းမရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် Website ရဲ့ Overall Page View ကလည်း သိသိသာသာကို ကျဆင်းသွားပြီးတော့ အဲ့ဒါက အသုံးပြုသူတွေက အခု Page Preview Pop Up တွေကနေ ပိုပြီး အကျိုးရှိရှိအသုံးချနိုင်နေတာကြောင့်ဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Wikipedia ရဲ့ နှစ်အတော်ကြာမှ ပြုလုပ်တဲ့ အပြောင်းအလဲတစ်ခုက အောင်မြင်တယ်ပဲ ဆိုရမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com