[Zawgyi]

ေပါင္ (၃၄၉)သန္း VS ေပါင္ (၁ .၃)သန္း၊ ၀ီဂန္ရဲ႕ သမုိင္း၀င္ေအာင္ပြဲ

တနလၤာညမွာ ေဘာလံုးကမၻာထဲ Shock တစ္ခုဟာ ႀကီးမားျပင္းထန္စြာပ်ံ႕ႏွံ႔သြားတယ္။ ဖလား(၄)လံုးလမ္းေၾကာင္းေပၚက မန္စီးတီးကို လိဂ္၀မ္းမွာ႐ုန္းကန္ေနရတဲ့ ၀ီဂန္ကအႏုိင္ယူခဲ့တာပါပဲ။ ဒီႏွစ္သင္းၾကားပြဲထြက္လူစာရင္းတန္ဖိုးဟာ မိုးနဲ႔ေျမလုိကြာျခားေနတာကလည္း အံ့အားသင့္မႈေတြကိုပိုျဖစ္ေစခဲ့တယ္။ မန္စီးတီးရဲ႕ လူစာရင္းတန္ဖိုးက ေပါင္ (၃၄၉)သန္း၊ ၀ီဂန္ရဲ႕ လူစာရင္းတန္ဖိုးက ေပါင္ (၁ .၃)သန္း၊ ၀ီဂန္ရဲ႕ပြဲထြက္လူစာရင္းမွာ ကစားသမား(၈)ေယာက္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားရတာ၊ ဒီေတာ့ေဘာလံုးမွာ ေငြရွိ႐ုံနဲ႔ မေအာင္ျမင္ႏုိင္ဘူးဆိုတာကို သက္ေသျပလုိက္ျပန္တဲ့ပြဲတစ္ပြဲပါ။ ဒီပြဲၿပီးေတာ့ ၂၀၁၃ ခုႏွစ္၊ အက္ေအဖလားခ်န္ပီယံ ၀ီဂန္အသင္းကိုျပန္ၿပီးအမွတ္ရေစမိတယ္။ အဲဒီတုန္းကလည္း ၀ီဂန္ဟာ အက္ဖ္ေအဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ မထင္မွတ္တာေတြ စြမ္းေဆာင္ျပၿပီး ေနာက္ဆံုးဗိုလ္လုပြဲမွာ မန္စီးတီးကိုအႏုိင္ယူၿပီးခ်န္ပီယံဆုသိမ္းပုိက္သြားတာ၊ ဒီရာသီမွာေရာ ဘယ္လုိျဖစ္လာဦးမလဲ။

ဒါေပမဲ့ ၀ီဂန္ရဲ႕အရည္အေသြးက စိတ္ဓာတ္တစ္ခုတည္း ထင္ရွားေနတာ၊ မန္စီးတီးကို သူတုိ႔ဘယ္လိုမွမယွဥ္ႏုိင္ခဲ့ပါဘူး။ တစ္ပြဲလံုးမွာ ေဘာလံုးပုိင္ဆုိင္မႈ (၁၇ .၅)ရာခုိင္ႏႈန္း၊ ဂိုးကန္သြင္းမႈ (၄)ႀကိမ္၊ ေဘာလံုးေပးပို႔မႈေပါင္း (၁၈၄) ႀကိမ္ပဲရွိခဲ့တယ္။ မန္စီးတီးရဲ႕စြမ္းေဆာင္ရည္ကို ျပန္ၾကည့္လုိက္ေတာ့ ေဘာလံုးပုိင္ဆုိင္မႈ (၈၂ .၅)ရာခုိင္ႏႈန္း၊ ဂိုးကန္သြင္းမႈ (၂၉)ႀကိမ္၊ ေဘာလံုးေပးပို႔မႈေပါင္း (၈၄၃)ႀကိမ္အထိရွိခဲ့ပါတယ္။ ဒီမွတ္တမ္းေတြၾကည့္ၿပီး ေဘာလံုးမွာ ကိန္းဂဏန္းအခ်က္အလက္မွတ္တမ္းေတြ သာလြန္႐ံုနဲ႔ ေအာင္ပြဲမရႏုိင္ဘူးဆိုတဲ့အေတြးကို ထပ္ေတြးမိျပန္တယ္။ ဒီရာသီမွာ မန္စီးတီး ႐ႈံးနိမ့္ထားတာ (၃)သင္းပဲရွိေသးတယ္။ ဒီဇင္ဘာလအတြင္း ရွက္တာဒုိးနက္ကို ခ်န္ပီယံလိဂ္မွာ (၁-၂)ဂိုး၊ ဇန္န၀ါရီလအတြင္း လီဗာပူးလ္၊ အခု၀ီဂန္ကို ႐ႈံးနိမ့္ခဲ့တာပါပဲ။ ရွက္တာဒုိးနက္၊ ၀ီဂန္တို႔ကို ႐ႈံးခဲ့တာဟာ မန္စီးတီးရဲ႕ ဆုဖလားေမွ်ာ္လင့္ခ်က္လမ္းေၾကာင္းကို မထိခိုက္ေစခဲ့ေပမယ့္ ၀ီဂန္ကို ႐ႈံးခဲ့လို႔ ဆုဖလားတစ္လံုးလက္လႊတ္လုိက္ရပါၿပီ။

၀ီဂန္နဲ႔ပြဲမွ မန္စီးတီးပြဲထြက္လူစာရင္း

၀ီဂန္နဲ႔ပြဲမွ မန္စီးတီးပြဲထြက္လူစာရင္း

Best Attack VS Best Defence

မန္စီးတီးဟာ ဒီရာသီမွာၿပိဳင္ပြဲစံု (၁၁၄)ဂိုးသြင္းထားၿပီး အဂၤလန္အသင္းေတြထဲ ဂိုးအမ်ားဆံုးသြင္းထားပါတယ္။ ၀ီဂန္က အဂၤလန္ထိပ္တန္းလိဂ္ (၄)ခုမွာ ေပးဂိုးအနည္းဆံုးျဖစ္ၿပီး (၁၈)ဂိုးသာေပးထားရတယ္။ ဒီေတာ့ မန္စီးတီးနဲ႔ ၀ီဂန္ပြဲဟာ ခံစစ္-တုိက္စစ္အားၿပိဳင္ပြဲလို႔ တံဆိပ္ကပ္လို႔ရပါတယ္။ ေနာက္ဆံုးခံစစ္ဗ်ဴဟာ အႏုိင္ရသြားတာပဲ။ ၀ီဂန္ဟာ ဒီရာသီမွာမန္စီးတီးကိုအႏုိင္ရခဲ့တဲ့တတိယေျမာက္အသင္းျဖစ္ခဲ့သလုိ၊ ဂိုးမေပးရတဲ့တတိယေျမာက္အသင္းအျဖစ္လည္း မွတ္တမ္း၀င္ခဲ့ပါတယ္။ ၿပီးေတာ့ဒီရာသီမွာ မန္စီးတီးတုိက္စစ္ကို ဂိုးမေပးရဘဲအႏုိင္ရခဲ့တဲ့ ပထမဆံုးအသင္းလည္းျဖစ္ခဲ့တယ္။ BBC မွာအစီအစဥ္သံုးသပ္သူအျဖစ္ ေဆာင္ရြက္ေနတဲ့အဲဗာတန္နည္းျပေဟာင္း ေရာဘတ္တိုမာတီနက္ဇ္ (Roberto Martinez)က ၀ီဂန္ရဲ႕ေအာင္ပြဲဟာ အက္ဖ္ေအဖလားရဲ႕ မေမ့ႏုိင္စရာပံုျပင္ေတြထဲကတစ္ခုပဲလို႔ ဆုိပါတယ္။ အဂၤလန္နာမည္ေက်ာ္တုိက္စစ္မွဴးေဟာင္း ရွီးယား(Shearer)က ၀ီဂန္ရဲ႕ မ်က္လွည့္ဆန္ဆန္အားထုတ္မႈလို႔ ခ်ီးက်ဴးခဲ့ပါတယ္။ Twitter မွာလည္း ၀ီဂန္ရဲ႕ေအာင္ပြဲအေပၚမယံုႏုိင္သူေတြ၊ ခ်ီးက်ဴးသူေတြ၊ မန္စီးတီးကို ေလွာင္ေျပာင္သူေတြစသျဖင့္ ပလူပ်ံေနပါတယ္။ မီလ္တန္(Milton) ဆိုတဲ့နာမည္နဲ႔Twitter သံုးစြဲသူတစ္ဦးက ေပါင္သန္း (၁၀၀)ေက်ာ္ မန္စီးတီးခံစစ္အတြဲဟာ ေပါင္ (၁)သန္းတန္တုိက္စစ္မွဴးကို မထိန္းႏိုင္ခဲ့ဘူးလို႔ ေရးသားခဲ့ပါတယ္။ ပြဲအၿပီးမွာပရိသတ္ေတြရဲ႕ အလြန္အက်ဴးေအာင္ပြဲခံမႈေၾကာင့္ အလွပ်က္ခဲ့ရေပမယ့္ ၀ီဂန္ရဲ႕ေအာင္ပြဲဟာ အက္ဖ္ေအဖလားသမုိင္းမွာထင္ရွားစြာက်န္ရစ္ေနပါလိမ့္မယ္။

၀ီဂန္အသင္းပဲြထြက္လူစာရင္း

၀ီဂန္အသင္းပဲြထြက္လူစာရင္း

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။
[Unicode]

ပေါင် (၃၄၉)သန်း VS ပေါင် (၁ .၃)သန်း၊ ဝီဂန်ရဲ့ သမိုင်းဝင်အောင်ပွဲ

တနင်္လာညမှာ ဘောလုံးကမ္ဘာထဲ Shock တစ်ခုဟာ ကြီးမားပြင်းထန်စွာပျံ့နှံ့သွားတယ်။ ဖလား(၄)လုံးလမ်းကြောင်းပေါ်က မန်စီးတီးကို လိဂ်ဝမ်းမှာရုန်းကန်နေရတဲ့ ဝီဂန်ကအနိုင်ယူခဲ့တာပါပဲ။ ဒီနှစ်သင်းကြားပွဲထွက်လူစာရင်းတန်ဖိုးဟာ မိုးနဲ့မြေလိုကွာခြားနေတာကလည်း အံ့အားသင့်မှုတွေကိုပိုဖြစ်စေခဲ့တယ်။ မန်စီးတီးရဲ့ လူစာရင်းတန်ဖိုးက ပေါင် (၃၄၉)သန်း၊ ဝီဂန်ရဲ့ လူစာရင်းတန်ဖိုးက ပေါင် (၁ .၃)သန်း၊ ဝီဂန်ရဲ့ပွဲထွက်လူစာရင်းမှာ ကစားသမား(၈)ယောက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားရတာ၊ ဒီတော့ဘောလုံးမှာ ငွေရှိရုံနဲ့ မအောင်မြင်နိုင်ဘူးဆိုတာကို သက်သေပြလိုက်ပြန်တဲ့ပွဲတစ်ပွဲပါ။ ဒီပွဲပြီးတော့ ၂၀၁၃ ခုနှစ်၊ အက်အေဖလားချန်ပီယံ ဝီဂန်အသင်းကိုပြန်ပြီးအမှတ်ရစေမိတယ်။ အဲဒီတုန်းကလည်း ဝီဂန်ဟာ အက်ဖ်အေဖလားပြိုင်ပွဲတစ်လျှောက် မထင်မှတ်တာတွေ စွမ်းဆောင်ပြပြီး နောက်ဆုံးဗိုလ်လုပွဲမှာ မန်စီးတီးကိုအနိုင်ယူပြီးချန်ပီယံဆုသိမ်းပိုက်သွားတာ၊ ဒီရာသီမှာရော ဘယ်လိုဖြစ်လာဦးမလဲ။

ဒါပေမဲ့ ဝီဂန်ရဲ့အရည်အသွေးက စိတ်ဓာတ်တစ်ခုတည်း ထင်ရှားနေတာ၊ မန်စီးတီးကို သူတို့ဘယ်လိုမှမယှဉ်နိုင်ခဲ့ပါဘူး။ တစ်ပွဲလုံးမှာ ဘောလုံးပိုင်ဆိုင်မှု (၁၇ .၅)ရာခိုင်နှုန်း၊ ဂိုးကန်သွင်းမှု (၄)ကြိမ်၊ ဘောလုံးပေးပို့မှုပေါင်း (၁၈၄) ကြိမ်ပဲရှိခဲ့တယ်။ မန်စီးတီးရဲ့စွမ်းဆောင်ရည်ကို ပြန်ကြည့်လိုက်တော့ ဘောလုံးပိုင်ဆိုင်မှု (၈၂ .၅)ရာခိုင်နှုန်း၊ ဂိုးကန်သွင်းမှု (၂၉)ကြိမ်၊ ဘောလုံးပေးပို့မှုပေါင်း (၈၄၃)ကြိမ်အထိရှိခဲ့ပါတယ်။ ဒီမှတ်တမ်းတွေကြည့်ပြီး ဘောလုံးမှာ ကိန်းဂဏန်းအချက်အလက်မှတ်တမ်းတွေ သာလွန်ရုံနဲ့ အောင်ပွဲမရနိုင်ဘူးဆိုတဲ့အတွေးကို ထပ်တွေးမိပြန်တယ်။ ဒီရာသီမှာ မန်စီးတီး ရှုံးနိမ့်ထားတာ (၃)သင်းပဲရှိသေးတယ်။ ဒီဇင်ဘာလအတွင်း ရှက်တာဒိုးနက်ကို ချန်ပီယံလိဂ်မှာ (၁-၂)ဂိုး၊ ဇန်နဝါရီလအတွင်း လီဗာပူးလ်၊ အခုဝီဂန်ကို ရှုံးနိမ့်ခဲ့တာပါပဲ။ ရှက်တာဒိုးနက်၊ ဝီဂန်တို့ကို ရှုံးခဲ့တာဟာ မန်စီးတီးရဲ့ ဆုဖလားမျှော်လင့်ချက်လမ်းကြောင်းကို မထိခိုက်စေခဲ့ပေမယ့် ဝီဂန်ကို ရှုံးခဲ့လို့ ဆုဖလားတစ်လုံးလက်လွှတ်လိုက်ရပါပြီ။

ဝီဂန်နဲ့ပွဲမှ မန်စီးတီးပွဲထွက်လူစာရင်း

ဝီဂန်နဲ့ပွဲမှ မန်စီးတီးပွဲထွက်လူစာရင်း

Best Attack VS Best Defence

မန်စီးတီးဟာ ဒီရာသီမှာပြိုင်ပွဲစုံ (၁၁၄)ဂိုးသွင်းထားပြီး အင်္ဂလန်အသင်းတွေထဲ ဂိုးအများဆုံးသွင်းထားပါတယ်။ ဝီဂန်က အင်္ဂလန်ထိပ်တန်းလိဂ် (၄)ခုမှာ ပေးဂိုးအနည်းဆုံးဖြစ်ပြီး (၁၈)ဂိုးသာပေးထားရတယ်။ ဒီတော့ မန်စီးတီးနဲ့ ဝီဂန်ပွဲဟာ ခံစစ်-တိုက်စစ်အားပြိုင်ပွဲလို့ တံဆိပ်ကပ်လို့ရပါတယ်။ နောက်ဆုံးခံစစ်ဗျူဟာ အနိုင်ရသွားတာပဲ။ ဝီဂန်ဟာ ဒီရာသီမှာမန်စီးတီးကိုအနိုင်ရခဲ့တဲ့တတိယမြောက်အသင်းဖြစ်ခဲ့သလို၊ ဂိုးမပေးရတဲ့တတိယမြောက်အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ပြီးတော့ဒီရာသီမှာ မန်စီးတီးတိုက်စစ်ကို ဂိုးမပေးရဘဲအနိုင်ရခဲ့တဲ့ ပထမဆုံးအသင်းလည်းဖြစ်ခဲ့တယ်။ BBC မှာအစီအစဉ်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့အဲဗာတန်နည်းပြဟောင်း ရောဘတ်တိုမာတီနက်ဇ် (Roberto Martinez)က ဝီဂန်ရဲ့အောင်ပွဲဟာ အက်ဖ်အေဖလားရဲ့ မမေ့နိုင်စရာပုံပြင်တွေထဲကတစ်ခုပဲလို့ ဆိုပါတယ်။ အင်္ဂလန်နာမည်ကျော်တိုက်စစ်မှူးဟောင်း ရှီးယား(Shearer)က ဝီဂန်ရဲ့ မျက်လှည့်ဆန်ဆန်အားထုတ်မှုလို့ ချီးကျူးခဲ့ပါတယ်။ Twitter မှာလည်း ဝီဂန်ရဲ့အောင်ပွဲအပေါ်မယုံနိုင်သူတွေ၊ ချီးကျူးသူတွေ၊ မန်စီးတီးကို လှောင်ပြောင်သူတွေစသဖြင့် ပလူပျံနေပါတယ်။ မီလ်တန်(Milton) ဆိုတဲ့နာမည်နဲ့Twitter သုံးစွဲသူတစ်ဦးက ပေါင်သန်း (၁၀၀)ကျော် မန်စီးတီးခံစစ်အတွဲဟာ ပေါင် (၁)သန်းတန်တိုက်စစ်မှူးကို မထိန်းနိုင်ခဲ့ဘူးလို့ ရေးသားခဲ့ပါတယ်။ ပွဲအပြီးမှာပရိသတ်တွေရဲ့ အလွန်အကျူးအောင်ပွဲခံမှုကြောင့် အလှပျက်ခဲ့ရပေမယ့် ဝီဂန်ရဲ့အောင်ပွဲဟာ အက်ဖ်အေဖလားသမိုင်းမှာထင်ရှားစွာကျန်ရစ်နေပါလိမ့်မယ်။

ဝီဂန်အသင်းပွဲထွက်လူစာရင်း

ဝီဂန်အသင်းပွဲထွက်လူစာရင်း

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။