[Zawgyi]

ထိုင္းကေလးေတြကယ္ရင္း ေသဆံုးသြားတဲ႔ ေရငုပ္သမားအတြက္ ဇနီးသည္ရဲ႕လြမ္းခ်င္း

ထိုင္းႏိုင္ငံ Chiang Rai ၿမိဳ႕မွာရွိတဲ႔ Tham Laung ဂူထဲက ကေလး ၁၂ ေယာက္နဲ႔ နည္းျပကို ကယ္ဆယ္ရင္း အသက္စြန္႔သြားရတဲ့ ထိုင္းေရငုပ္သမားရဲ႕ ဇနီးသည္က သူမအမ်ဳိးသားေသဆံုးသြားတာနဲ႔ ပတ္သက္ၿပီး ကေလးငယ္ေတြ ကိုယ့္ကိုယ္ကို အျပစ္မတင္ၾကဖို႔ တိုက္တြန္းေျပာၾကားခဲ႔ပါတယ္။ ေသဆံုးသူ အသက္ ၃၈ ႏွစ္အရြယ္ Saman Kunan ဟာ Navy Seals တပ္သားေဟာင္းျဖစ္ၿပီး မုတ္သံုမိုးရြာသြန္းမႈေၾကာင္႔ ထုိင္းႏိုင္ငံ ေျမာက္ပိုင္း Chiang Rai ၿမိဳ႕ရွိ ဂူထဲမွာ ပိတ္မိေနတဲ့ ကေလး ၁၂ ေယာက္နဲ႔ နည္းျပကို ကယ္ဆယ္ဖို႔ စစ္ဆင္ေရးျပဳလုပ္ေနစဥ္အတြင္း ေအာက္ဆီဂ်င္မလံုေလာက္မႈေၾကာင္႔ အသက္ေသဆံုးသြားရျခင္း ျဖစ္ပါတယ္။

ေသဆံုးသူရဲ႕ဇနီး Valeepoan Kunan က သူမေယာက်ာ္းနဲ႔အတူ ရုိက္ကူးခဲ့တဲ႔ ဓာတ္ပံုေတြကို Instagram မွာ အခုလုိစာသားေလးေတြေရးၿပီး အလြမ္းေျပအေနနဲ႔ တင္ခဲ႔တာကို ေတြ႔ရပါတယ္။ သူမေရးသားခဲ႔တဲ႔ စာသားကေတာ့ “ ရွင္ကုိ ကၽြန္မႏွလံုးသားရဲ႕ အနက္ရႈိင္းဆံုးေနရာကေနၿပီး ခ်စ္ပါတယ္။ အရမ္းလည္းသတိရေနပါတယ္။ အခုေတာ့ အိပ္ရာကေန ႏိုးလာရင္ ဘယ္သူကို နမ္းရပါ့မလဲ” ဆိုၿပီး ေၾကကဲြဝမ္းနည္းစြာ ေရးတင္ထားတာကို ေတြ႔ရပါတယ္။ သူမဒီလိုေရးသားထားတာကိုၾကည္႔ရုံနဲ႔ သူမေယာက်ာ္းကို ဘယ္ေလာက္ထိ ခ်စ္ခင္စံုမက္ၿပီး လြမ္းဆြတ္တမ္းတေနလဲဆိုတာကို အတိုင္းသားေတြ႔ျမင္ရပါတယ္။

Mrs Kunan often shared pictures of herself and her husband on her Instagram

Mrs Kunan often shared pictures of herself and her husband on her Instagram

ပန္းျခံကိုေနာက္ခံထားၿပီး သူတို႔ႏွစ္ေယာက္ခ်စ္ခ်စ္ခင္ခင္ဖက္ကာ ရုိက္ကူးထားတဲ႔ ဓာတ္ပံုကို တင္တဲ႔အခါမွာလည္း “ ရွင္ထြက္သြားၿပီးတဲ႔ေနာက္ပိုင္း ကၽြန္မတစ္ေယာက္တည္း ေန႔ရက္ေတြကို ဘယ္လိုျဖတ္သန္းရမလဲ” ဆိုၿပီး Caption ေရးကာ တင္ခဲ႔တာကို ေတြ႔ရပါတယ္။

Saman-Kunan-and-wife

Saman Kunan and her wife

ကယ္ဆယ္ေရးလုပ္ေနစဥ္ အေတာအတြင္းမွာ ထိုင္းႏုိင္ငံသူႏိုင္ငံသားအခ်ဳိ႕က မိုးရြာသီအတြင္း ေရလွ်ံတတ္တဲ့ဂူထဲကို ထုိင္းေဘာလံုးအသင္း ဘာေၾကာင့္မဆင္မျခင္ဝင္သြားကာ လူေတြကို အလုပ္ရႈပ္ေစရလဲဆိုၿပီး Social Media ေပၚမွာ ေရးသားကာ အျပစ္တင္ခဲ႔ၾကပါတယ္။ သို႔ေသာ္လည္း ခင္ပြန္းတစ္ေယာက္လံုးကို ဆံုးရႈံးခဲ႔႔ရတဲ့ Mrs Kunan က “သူမအေနနဲ႔ ကေလးေတြကို အျပစ္မျမင္သလို ကေလးေတြအေနနဲ႔လည္း ကိုယ့္ကိုယ္ကုိ အျပစ္ရွိတယ္လို႔ ယူဆၿပီး ရွင္သန္ေနတာမ်ဳိး မျဖစ္ေစခ်င္ဘူး”လို႔ သတင္းေထာက္ေတြကို ေျဖၾကားခဲ႔တာ ေတြ႔ရပါတယ္။

ကမာၻတစ္ဝွမ္းလံုးက လူမ်ားကလည္း သူမတင္ထားတဲ႔ Instagram ရွိ ဓာတ္ပံုေအာက္မွာ Comment ေတြေရးကာ ဝမ္းနည္းေၾကာင္း ေျပာၾကားခဲ႔ပါတယ္။ Comment တစ္ခုမွာလည္း “ မင္းေယာက်ာ္းက အလြန္ရဲရင့္တဲ့သူတစ္ေယာက္ျဖစ္ၿပီး ကမာၻႀကီးက သူရဲ႕ကယ္ဆယ္မႈနဲ႔ ၾကင္နာတတ္မႈကို ဘယ္ေတာ့မွ ေမ့ေလ်ာ့မွာ မဟုတ္ဘူး” လို႔ ေရးကာ မွတ္ခ်က္ေပးခဲ႔တာကို ေတြ႔ရပါတယ္။ ထိုင္းအႏုပညာရွင္တစ္ဦးကလည္း Tham Laung ဂူတည္ရွိတဲ႔ Chiang Rai ၿမိဳ႕မွာ ေသဆံုးသူ Mr Kunan နဲ႔ တစ္ပံုစံတည္းတူတဲ႔ ရုပ္ထုကို ထုကာ ထားရွိၿပီး ဂုဏ္ျပဳသြားမယ္လို႔လည္း ကတိေပးခဲ႔ပါတယ္။

Mr Kunana က ထိုင္းေရတပ္ တပ္ဖဲြ႕ကေန ၂၀၀၆ ခုနစ္က ႏုတ္ထြက္ခဲ႔ၿပီးေနာက္ ဘန္ေကာက္ရဲ႕ Suvarnabhumi ေလဆိပ္မွာ အေရးေပၚကယ္ဆယ္ေရးလုပ္သားအျဖစ္ လုပ္ကိုင္ခဲ့သူျဖစ္ပါတယ္။

Saman Kunan

Saman Kunan

ဘာပဲျဖစ္ျဖစ္ ကိုယ္က်ိဳးစြန္႔ၿပီး ကေလးေတြကို စြမ္းစြမ္းတမံ ကယ္ဆယ္ရင္း အသက္စြန္႔သြားခဲ့သူ Navy Seal တပ္ဖြဲ႔ဝင္ေဟာင္းႀကီး Saman Kunan ကေတာ့ တစ္ကမာၻလံုးက ေလးစားရတဲ႔ သူရဲေကာင္းတစ္ဦးအျဖစ္ မွတ္တမ္းဝင္သြားခဲ႔ပါၿပီ။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ထိုင်းကလေးတွေကယ်ရင်း သေဆုံးသွားတဲ့ ရေငုပ်သမားအတွက် ဇနီးသည်ရဲ့လွမ်းချင်း

ထိုင်းနိုင်ငံ Chiang Rai မြို့မှာရှိတဲ့ Tham Laung ဂူထဲက ကလေး ၁၂ ယောက်နဲ့ နည်းပြကို ကယ်ဆယ်ရင်း အသက်စွန့်သွားရတဲ့ ထိုင်းရေငုပ်သမားရဲ့ ဇနီးသည်က သူမအမျိုးသားသေဆုံးသွားတာနဲ့ ပတ်သက်ပြီး ကလေးငယ်တွေ ကိုယ့်ကိုယ်ကို အပြစ်မတင်ကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ သေဆုံးသူ အသက် ၃၈ နှစ်အရွယ် Saman Kunan ဟာ Navy Seals တပ်သားဟောင်းဖြစ်ပြီး မုတ်သုံမိုးရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်း Chiang Rai မြို့ရှိ ဂူထဲမှာ ပိတ်မိနေတဲ့ ကလေး ၁၂ ယောက်နဲ့ နည်းပြကို ကယ်ဆယ်ဖို့ စစ်ဆင်ရေးပြုလုပ်နေစဉ်အတွင်း အောက်ဆီဂျင်မလုံလောက်မှုကြောင့် အသက်သေဆုံးသွားရခြင်း ဖြစ်ပါတယ်။

သေဆုံးသူရဲ့ဇနီး Valeepoan Kunan က သူမယောကျာ်းနဲ့အတူ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကို Instagram မှာ အခုလိုစာသားလေးတွေရေးပြီး အလွမ်းပြေအနေနဲ့ တင်ခဲ့တာကို တွေ့ရပါတယ်။ သူမရေးသားခဲ့တဲ့ စာသားကတော့ “ ရှင်ကို ကျွန်မနှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကနေပြီး ချစ်ပါတယ်။ အရမ်းလည်းသတိရနေပါတယ်။ အခုတော့ အိပ်ရာကနေ နိုးလာရင် ဘယ်သူကို နမ်းရပါ့မလဲ” ဆိုပြီး ကြေကွဲဝမ်းနည်းစွာ ရေးတင်ထားတာကို တွေ့ရပါတယ်။ သူမဒီလိုရေးသားထားတာကိုကြည့်ရုံနဲ့ သူမယောကျာ်းကို ဘယ်လောက်ထိ ချစ်ခင်စုံမက်ပြီး လွမ်းဆွတ်တမ်းတနေလဲဆိုတာကို အတိုင်းသားတွေ့မြင်ရပါတယ်။

Mrs Kunan often shared pictures of herself and her husband on her Instagram

Mrs Kunan often shared pictures of herself and her husband on her Instagram

ပန်းခြံကိုနောက်ခံထားပြီး သူတို့နှစ်ယောက်ချစ်ချစ်ခင်ခင်ဖက်ကာ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို တင်တဲ့အခါမှာလည်း “ ရှင်ထွက်သွားပြီးတဲ့နောက်ပိုင်း ကျွန်မတစ်ယောက်တည်း နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းရမလဲ” ဆိုပြီး Caption ရေးကာ တင်ခဲ့တာကို တွေ့ရပါတယ်။

Saman-Kunan-and-wife

Saman Kunan and her wife

ကယ်ဆယ်ရေးလုပ်နေစဉ် အတောအတွင်းမှာ ထိုင်းနိုင်ငံသူနိုင်ငံသားအချို့က မိုးရွာသီအတွင်း ရေလျှံတတ်တဲ့ဂူထဲကို ထိုင်းဘောလုံးအသင်း ဘာကြောင့်မဆင်မခြင်ဝင်သွားကာ လူတွေကို အလုပ်ရှုပ်စေရလဲဆိုပြီး Social Media ပေါ်မှာ ရေးသားကာ အပြစ်တင်ခဲ့ကြပါတယ်။ သို့သော်လည်း ခင်ပွန်းတစ်ယောက်လုံးကို ဆုံးရှုံးခဲ့ရတဲ့ Mrs Kunan က “သူမအနေနဲ့ ကလေးတွေကို အပြစ်မမြင်သလို ကလေးတွေအနေနဲ့လည်း ကိုယ့်ကိုယ်ကို အပြစ်ရှိတယ်လို့ ယူဆပြီး ရှင်သန်နေတာမျိုး မဖြစ်စေချင်ဘူး”လို့ သတင်းထောက်တွေကို ဖြေကြားခဲ့တာ တွေ့ရပါတယ်။

ကမ္ဘာတစ်ဝှမ်းလုံးက လူများကလည်း သူမတင်ထားတဲ့ Instagram ရှိ ဓာတ်ပုံအောက်မှာ Comment တွေရေးကာ ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။ Comment တစ်ခုမှာလည်း “ မင်းယောကျာ်းက အလွန်ရဲရင့်တဲ့သူတစ်ယောက်ဖြစ်ပြီး ကမ္ဘာကြီးက သူရဲ့ကယ်ဆယ်မှုနဲ့ ကြင်နာတတ်မှုကို ဘယ်တော့မှ မေ့လျော့မှာ မဟုတ်ဘူး” လို့ ရေးကာ မှတ်ချက်ပေးခဲ့တာကို တွေ့ရပါတယ်။ ထိုင်းအနုပညာရှင်တစ်ဦးကလည်း Tham Laung ဂူတည်ရှိတဲ့ Chiang Rai မြို့မှာ သေဆုံးသူ Mr Kunan နဲ့ တစ်ပုံစံတည်းတူတဲ့ ရုပ်ထုကို ထုကာ ထားရှိပြီး ဂုဏ်ပြုသွားမယ်လို့လည်း ကတိပေးခဲ့ပါတယ်။

Mr Kunana က ထိုင်းရေတပ် တပ်ဖွဲ့ကနေ ၂၀၀၆ ခုနစ်က နုတ်ထွက်ခဲ့ပြီးနောက် ဘန်ကောက်ရဲ့ Suvarnabhumi လေဆိပ်မှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်သားအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

Saman Kunan

Saman Kunan

ဘာပဲဖြစ်ဖြစ် ကိုယ်ကျိုးစွန့်ပြီး ကလေးတွေကို စွမ်းစွမ်းတမံ ကယ်ဆယ်ရင်း အသက်စွန့်သွားခဲ့သူ Navy Seal တပ်ဖွဲ့ဝင်ဟောင်းကြီး Saman Kunan ကတော့ တစ်ကမ္ဘာလုံးက လေးစားရတဲ့ သူရဲကောင်းတစ်ဦးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။