Wi-Fi Alliance ကေန လက္ရွိအခ်ိန္အထိ Wi-Fi Protocol ေတြကို နာမည္ေပးတဲ့အခ်ိန္မွာ 802.11ab ဒါမွမဟုတ္ 802.11n လုိမ်ိဳး နာမည္ေတြပဲေပးေလ့ရွိတာျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ Wi-Fi Alliance က အခုလုိ နံပါတ္ေတြနဲ႔အကၡရာစာလံုးေတြကိုေပးတတ္တာကေန ေျပာင္းလဲဖုိ႔ စိတ္ကူးေနတဲ့ပံုပါပဲ။

Wi-Fi 6

အခုလုိမ်ိဳးေျပာင္းလဲမယ့္နာမည္ကလည္း အလြန္ကိုရုိးရွင္းျပီးေတာ့ ဒီအတိုင္း Wi-Fi 6 လုိ႔ပဲ ေခၚဆိုေတာ့မွာျဖစ္ပါတယ္။ Wi-Fi Alliance ရဲ႕ CEO ျဖစ္တဲ့ Edgar Figueroa ကေတာ့ Wi-Fi အသံုးျပဳသူေတြက အခုအခ်ိန္အထိ ဆယ္စုႏွစ္ ၂ ခုၾကာအခ်ိန္အတြင္းမွာ ခက္ခဲတဲ့ Technical နာမည္ေတြကို ေခၚဆိုေနၾကရတဲ့အတြက္ အခုလုိမ်ိဳး ပိုျပီးလြယ္ကူတဲ့နာမည္ကို ေျပာင္းလဲလုိက္တာျဖစ္တယ္လုိ႔ သိရပါတယ္။

အခုေျပာင္းလဲေခၚဆုိတဲ့ Wi-Fi 6 ဟာ အမွန္တကယ္အေနနဲ႔ကေတာ့ IEEE 802.11ax ျဖစ္ျပီးေတာ့ ယခင္ Technical Name ေတြထက္ပိုျပီး ရွင္းလင္းတဲ့နာမည္ကို ေျပာင္းလဲလုိက္တာျဖစ္ပါတယ္။ အခု Wi-Fi 6 ဟာ လက္ရွိအေကာင္းဆံုး Wi-Fi Protocol ျဖစ္တဲ့ 802.11ac ထက္ ၃၇ ရာခုိင္ႏႈန္းတိုးလာျပီးေတာ့ Spectrum Utilization အသစ္ေၾကာင့္ အသံုးျပဳသူေတြ ၄ ဆ ပိုျပီး တိုးတက္လာမယ္လုိ႔ ေမွ်ာ္လင့္ထားတာလည္းျဖစ္ပါတယ္။ အခု Wi-Fi 6 ဟာ 5GHz Wi-Fi Stream ၈ ခု နဲ႔ 2.4GHz Wi-Fi Streams ၄ ခုအေပၚမူတည္ျပီး Run မွာလည္းျဖစ္ပါတယ္။

Wi-Fi 6

အခုလုိမ်ိဳး Wi-Fi Version အသစ္ျဖစ္တဲ့ IEEE 802.11ax ကို Wi-Fi 6 လုိ႔ေျပာင္းလဲေခၚဆုိမွာျဖစ္သလုိပဲ ယခင္ 802.11ac ကိုလည္း Wi-Fi 5 ၊ 802.11n ကို Wi-Fi 4 လို႔ေျပာင္းလဲေခၚဆိုသြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။ Wi-Fi Alliance ရဲ႕ ေျပာၾကားခ်က္အရေတာ့ အခု Wi-Fi 6 Device ေတြဟာ လာမယ့္ ၂၀၁၉ မွာ စတင္ထြက္ရွိလာမွာျဖစ္ျပီး ယခင္ကအသံုးျပဳေနတဲ့ 802.11xx နာမည္ေတြအသံုးျပဳေနမႈကို ရပ္ဆုိင္းဖုိ႔ ေျပာၾကားထားပါတယ္။

Ref : Tech Crunch

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Wi-Fi Alliance ကနေ လက်ရှိအချိန်အထိ Wi-Fi Protocol တွေကို နာမည်ပေးတဲ့အချိန်မှာ 802.11ab ဒါမှမဟုတ် 802.11n လိုမျိုး နာမည်တွေပဲပေးလေ့ရှိတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Wi-Fi Alliance က အခုလို နံပါတ်တွေနဲ့အက္ခရာစာလုံးတွေကိုပေးတတ်တာကနေ ပြောင်းလဲဖို့ စိတ်ကူးနေတဲ့ပုံပါပဲ။

Wi-Fi 6

အခုလိုမျိုးပြောင်းလဲမယ့်နာမည်ကလည်း အလွန်ကိုရိုးရှင်းပြီးတော့ ဒီအတိုင်း Wi-Fi 6 လို့ပဲ ခေါ်ဆိုတော့မှာဖြစ်ပါတယ်။ Wi-Fi Alliance ရဲ့ CEO ဖြစ်တဲ့ Edgar Figueroa ကတော့ Wi-Fi အသုံးပြုသူတွေက အခုအချိန်အထိ ဆယ်စုနှစ် ၂ ခုကြာအချိန်အတွင်းမှာ ခက်ခဲတဲ့ Technical နာမည်တွေကို ခေါ်ဆိုနေကြရတဲ့အတွက် အခုလိုမျိုး ပိုပြီးလွယ်ကူတဲ့နာမည်ကို ပြောင်းလဲလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

အခုပြောင်းလဲခေါ်ဆိုတဲ့ Wi-Fi 6 ဟာ အမှန်တကယ်အနေနဲ့ကတော့ IEEE 802.11ax ဖြစ်ပြီးတော့ ယခင် Technical Name တွေထက်ပိုပြီး ရှင်းလင်းတဲ့နာမည်ကို ပြောင်းလဲလိုက်တာဖြစ်ပါတယ်။ အခု Wi-Fi 6 ဟာ လက်ရှိအကောင်းဆုံး Wi-Fi Protocol ဖြစ်တဲ့ 802.11ac ထက် ၃၇ ရာခိုင်နှုန်းတိုးလာပြီးတော့ Spectrum Utilization အသစ်ကြောင့် အသုံးပြုသူတွေ ၄ ဆ ပိုပြီး တိုးတက်လာမယ်လို့ မျှော်လင့်ထားတာလည်းဖြစ်ပါတယ်။ အခု Wi-Fi 6 ဟာ 5GHz Wi-Fi Stream ၈ ခု နဲ့ 2.4GHz Wi-Fi Streams ၄ ခုအပေါ်မူတည်ပြီး Run မှာလည်းဖြစ်ပါတယ်။

Wi-Fi 6

အခုလိုမျိုး Wi-Fi Version အသစ်ဖြစ်တဲ့ IEEE 802.11ax ကို Wi-Fi 6 လို့ပြောင်းလဲခေါ်ဆိုမှာဖြစ်သလိုပဲ ယခင် 802.11ac ကိုလည်း Wi-Fi 5 ၊ 802.11n ကို Wi-Fi 4 လို့ပြောင်းလဲခေါ်ဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Wi-Fi Alliance ရဲ့ ပြောကြားချက်အရတော့ အခု Wi-Fi 6 Device တွေဟာ လာမယ့် ၂၀၁၉ မှာ စတင်ထွက်ရှိလာမှာဖြစ်ပြီး ယခင်ကအသုံးပြုနေတဲ့ 802.11xx နာမည်တွေအသုံးပြုနေမှုကို ရပ်ဆိုင်းဖို့ ပြောကြားထားပါတယ်။

Ref : Tech Crunch

Zawyè (Akhayar) 

www.akhayar.com