၂၀၁၇ အကုန်၂၀၁၈ အစောပိုင်းလောက်ကနေစပြီး Software Update တွေ App Update တွေ၊ အထူးသဖြင့် Google ရဲ့ Products တွေနဲ့ Microsoft Window OS တွေမှာဦးစားပေးပြင်ဆင်လာတာကတော့ ပုံမှန်မြင်နေကြ Light (White) Theme ကိုအစားထိုးပြောင်းလဲပစ်မယ့် Dark or Black Theme Mode ပါ။ Android နဲ့ iOS တွေမှာလည်းသူ့နည်းသူ့ဟန်နဲ့လိုက်လျောညီထွေဖြစ်အောင်အစပိုင်းကတည်းပြင်ဆင်နေခဲ့ပါတယ်။ ဒါဆို ဘာလို့နည်းပညာအသိုင်းအဝိုင်းကြီးတစ်ခုလုံးက အစုလိုက်အပြုံလိုက် Dark Theme ဘက်ကိုဦးတည်လာတာလဲ? ပထမဦးဆုံးတစ်ချက်ကတော့ Trend ကြောင့်ပါ။ Dark Theme Trend ကတစ်စထက်တစ်စကျယ်ပြန့်လာသလို Trend ရဲ့နောက်မှာကပ်ပါလာတဲ့ Dark Theme ရဲ့အကျိုးကျေးဇူးတွေကြောင့်လည်းပါပါတယ်။ Dark Them က အသုံးပြုသူတွေကိုဘယ်လိုအကျိုးပြုသလဲဆိုတာလေ့လာကြည့်တဲ့အခါမှာတော့

၁။ စာဖတ်နိုင်စွမ်းနဲ့အမြင်အာရုံကို ပိုပြီးကောင်းမွန်စေတယ်။

Dark Theme အသုံးပြုထားတဲ့ Display ဟာ User တွေရဲ့အမြင်အာရုံကိုသက်တောင့်သက်သာဖြစ်နေစေပြီး စာဖတ်နိုင်စွမ်းကိုပိုပြီးအထောက်အကူပြုပါတယ်။ ပုံမှန်ပတ်ဝန်းကျင်အလင်းရှိနေတဲ့အချိန်မှာ Display ပေါ်က Black Text White Background စာတွေကိုဖတ်ရတာ သိပ်ထူးခြားမှုမရှိပေမယ့် အလင်းအားနည်းတဲ့နေရာမျိုးတွေ၊ ညအိပ်ရာဝင်ခါနီးစာဖတ်တဲ့အခါမျိုးတွေမှာ မျက်စိကို ကမောက်ကမဖြစ်စေပြီးအိပ်မပျော်နိုင်တဲ့အထိ ဒုက္ခပေးတတ်ပါတယ်။ မြင်နေကျ ကြည့်နေကျဖြစ်နေလို့သာ မသိသာပေမယ့် Dark Theme ကိုပြောင်းပြီးဖတ်ကြည့်လိုက်တဲ့အခါမှာတော့ Light နဲ့ Dark ရဲ့ကွာခြားမှု နဲ့စာဖတ်တဲ့အချိန်မှာခံစားရတဲ့အကျိုးသက်ရောက်မှုကိုခံစားမိစေမှာပါ။ ဒါ့အပြင် ဒီဘက်ခေတ် Smart Devices တွေအားလုံးနီးပါးမှာ Read Mode ဆိုတဲ့ Mode တစ်မျိုးကိုထည့်ပေးလာပြီး သူ့ရဲ့လုပ်ဆောင်ချက်ကတော့ Light Theme ပေါ်က Screen Temperature ကို သိသိသာသာ Warm Color ဖြစ်အောင် လျှော့ချလိုက်ပါတယ်။ ဒီ့အတွက် White Background နဲ့အတူထွက်လာတဲ့ Blue Light ကိုပါလျော့ချပေးပြီး User ရဲ့မျက်လုံးကိုသက်တောင့်သက်တာဖြစ်စေပါတယ်။ Red Mode ဒါမှမဟုတ် Night Mode တွေဟာ Dark Theme မပေါ်ခင် ရှေ့ပြေး Feature တွေလို့ပြောရင်လည်း မမှားလောက်ပါဘူး။

၂။ Contrast ကိုပိုကောင်းလာစေတယ်။

Dark Theme ကြောင့် Display ရဲ့ Contrast ကိုပိုပြီးကောင်းမွန်စေနိုင်ပါတယ်။ ပုံမှန်ဆိုရင်တော့ Display မကောင်းရင် Contrast လည်းလိုက်ကောင်းဖို့မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် Dark Them ကြောင့် အဲ့ဒီပြဿနာကို အနည်းလေးစိတ်သက်သာရာရစေနိုင်ပါတယ်။

၃။ Flicker တွေကိုလျော့နည်းစေတယ်။

၎။ Blue Light တွေကိုအနည်းဆုံးဖြစ်အောင်လျော့ချပေးတယ်။


ဒီတစ်ချက်ကတော့ ပထမဆုံးအချက်မှာပြောခဲ့သလိုပါပဲ။ Light Theme ဟာ Blue Light ကိုအများဆုံးထုတ်လွှတ်ပေးသလို သူ့ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ Dark Theme ကတော့ အသုံးပြုသူရဲ့မျက်စိကိုထိခိုက်စေနိုင်တဲ့ Blue Light ကိုအနည်းဆုံးဖြစ်အောင်လျော့ချပေးနိုင်ပါတယ်။ Blue Light နဲ့ပတ်သက်တဲ့ ဆိုးကျိုးတွေကိုသိချင်ရင်တော့ ဒီနေရာမှာအသေးစိတ်ရှင်းပြပေးထားပါတယ်။

ကွန်ပျူတာနဲ့ဖုန်း Display ကထွက်တဲ့ Blue Light ကို ဘာလို့ဂရုစိုက်သင့်တာလဲ?

၅။ Battery အသုံးပြုနှုန်းကိုသက်သာစေတယ်။

Color တွေနဲ့ပတ်သက်ပြီး Battery သုံးစွဲတဲ့စစ်တမ်းတစ်ခုမှာ Google ရဲ့ စမ်းသပ်ချက်အရ အဖြူရောင် Light Theme ဟာ Battery စွမ်းအင်သုံးစွဲမှုအများဆုံးဖြစ်ပြီး Dark Theme ကတော့ စွမ်းအင်အသုံးပြုနှုန်းအနည်းဆုံးရှိတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ ဒီအချက်က Pixel ဖုန်းရဲ့ AMOLED Display ပေါ်မှာစမ်းသပ်ခဲ့တာဖြစ်သလို Theory အရဆိုရင်လည်း AMOLED Display တွေပေါ်မှာသာ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ ဒါပေမယ့် Battery ကိစ္စတစ်ခုတည်းမဟုတ်ပဲ အဘက်ဘက်ကယှဉ်ကြည့်မယ်ဆိုရင် Dark Theme ရဲ့အကျိုးပြုတဲ့အချက်တွေကအများကြီးပါပဲ။

ထပ်တိုးပြောရမယ်ဆိုရင် Dark Theme ကိုအသုံးပြုထားတဲ့ User တစ်ယောက်ဟာ အိပ်စက်ချိန်မှာလည်း ပိုပြီးကောင်းကောင်းမွန်မွန်အိပ်စက်နိုင်သေးတာကိုတွေ့ရပါတယ်။ Light Theme ကတော့ မျက်စိကြောင်ပြီးတော်ရုံနဲ့အိပ်မပျော်စေတတ်တဲ့သဘောပါ။ နောက်တစ်ချက်ကတော့ Dark Theme ကိုအသုံးပြုရတာ ကိုယ့်ရဲ့ဖုန်းကို အမြင်လုံးဝပြောင်းလဲစေနိုင်ပြီး စမတ်ကျတဲ့ Classic ဆန်ဆန်ခံစားချက်မျိုးကိုလည်းရရှိစေနိုင်ပါသေးတယ်။

Google နဲ့ Window မှာတော့ Dark Theme ကို User အားလုံးနီးပါးအသုံးပြုနိုင်အောင် Software Update တွေမှာထည့်သွင်းပေးခဲ့ပါပြီ။ အခု နောက်ဆုံး Update Android Version ဖြစ်တဲ့ Pie မှာလည်း Dark Theme ကို System တစ်ခုလုံးမှာပြောင်းလဲနိုင်မယ့် Feature မျိုးတွေထည့်သွင်းပေးလာပါတယ်။ စမတ်ဖုန်း Company တွေကလည်း ဒီအချက်ကိုဦးစားပေးထည့်သွင်းစဉ်းစားလာပြီး ၄င်းတို့ရဲ့ Android Based Custom UI တွေမှာ Dark Theme Engine ကိုအသုံးပြုလာနိုင်အောင်ဖန်တီးပေးလာပါတယ်။ Apple ကလည်း iOS 13 မှာ Dark Theme ကိုအပြည့်အဝထည့်ပေးသွားမယ်ဆိုတဲ့သတင်းတွေထွက်နေပါတယ်။ ၂၀၂၀ လောက်မှာတော့ စမတ်ဖုန်း နဲ့ စမတ် Device တွေအားလုံးမှာ Dark နဲ့ Light Theme Mode ကိုရွေးချယ်နိုင်မယ့် Option တွေဟာ Default အနေနဲ့ပါဝင်လာတော့မယ်လို့ခန့်မှန်းရပါတယ်။

Phone Hay Ko (Akhayar)
www.akhayar.com