[Zawgyi]

ကိုယ္႔ဆႏၵကို ေရွ႕တန္းတင္သင္႔သလား…

အဲဒီ ေမးခြန္းကို ေမးလိုက္တိုင္း… မတင္သင္႔ပါဘူးလုိ႔ အမ်ားစုကေတာ႔ ေျဖတတ္ၾကတာပါပဲ။ ကြ်န္မကေတာ႔ ကိုယ္႔ဆႏၵကို ေရွ႕တန္းတင္သင္႔ပါတယ္ဆိုတဲ႔ အျမင္မ်ိဳး ရွိသူတစ္ဦးပါ။ တကယ္႔လက္ေတြ႔ဘ၀မွာလည္း ဆႏၵနဲ႔ဘ၀ မကိုက္ညီတဲ႔ သူေတြအမ်ားႀကီးေတြ႔ေနရတယ္။ သူငယ္ခ်င္း တစ္ေယာက္ဆိုရင္ သူက စာေရးဆရာ သိပ္ျဖစ္ခ်င္တာ၊ စာေရးလည္းေကာင္းတယ္။ ဒါေပမဲ႔  သူေက်ာင္းၿပီးေတာ႔ ကုမၸဏီတစ္ခုမွာ အလုပ္ဝင္သြားခဲ႔တယ္။

ဒီကေန႔ သူဟာ ကုမၸဏီတစ္ခုရဲ႕ စာရင္းကိုင္ တစ္ေယာက္ျဖစ္ေနၿပီ။ လစာလည္း ေကာင္းပါတယ္။ ဒါေပမဲ႔  သူက ေျပာတယ္။ သူ မေပ်ာ္ဘူး။ သူ အလုပ္လုပ္ေနရတာ ၿငီးေငြ႔ေနတဲ႔အတြက္ အလုပ္ထဲမွာလည္း စိတ္မဝင္စားႏိုင္ေတာ႔ဘူးတဲ႔။ မနက္တိုင္း အလုပ္သြားရေတာ႔မယ္ဆိုတဲ႔ အသိက သူ႔ကို ေငးေငးငိုင္ငို္င္ျဖစ္ေစတယ္။

Huawei

Huawei

HUAWEI nova 2i အေၾကာင္း အေသးစိတ္သိရွိရန္

အလုပ္သြားရမယ္႔ သူ႔ကို အလုပ္က မဆြဲေဆာင္ႏိုင္ေတာ႔ဘူး။ စက္ရုပ္တစ္ရုပ္လို အလုပ္လုပ္ေနရတယ္လို႔ ဆိုတယ္။ အဲဒါေၾကာင္႔ သူ႔သမီးေလး ဆယ္တန္းေအာင္ၿပီးသြားရင္ေတာ႔ အလုပ္ကေနထြက္ၿပီး စာေရးစားရေကာင္းမလား စဥ္းစားေနတယ္လို႔ ေျပာတယ္။ လြန္ခဲ႔တဲ႔ ၁၅ ႏွစ္ေလာက္ကတည္းကသာ စာေရးခဲ႔ရင္ ခုခ်ိန္ဆို သူလည္း စာေရးဆရာတစ္ေယာက္အေနနဲ႔ ေအာင္ျမင္ေနမွာလို႔ ကြ်န္မက ေျပာေတာ႔ သူက ေတြေတြေငးေငးျဖစ္သြားရွာတယ္။

သူေက်ာင္းတုန္းကလည္း စာေရးေကာင္း၊ ကဗ်ာေရးေကာင္းပါလ်က္နဲ႔ သူ႔ဆႏၵကို သူကိုယ္တိုင္ သတ္ပစ္ခဲ႔တာ ျမင္ရေတာ႔ ကြ်န္မစိတ္ထဲ သူ႔အတြက္စိတ္မေကာင္းခဲ႔ဘူး။

`စာေရးဆရာျဖစ္ဖို႔ ဆိုတာ မလြယ္ဘူးဟ …`လို႔ ေျပာတုန္းကလည္း ဘာလို႔ မျဖစ္ႏိုင္ရမွာလဲ ငါလည္း ျဖစ္ႏိုင္သလို၊ နင္လည္း ျဖစ္ႏိုင္တာပဲလို႔ ေျပာခဲ႔ေသးတယ္။ ဒါေပမဲ႔ သူေတြေဝေနခဲ႔တာ စာေရးဆရာဘဝ၊ ကဗ်ာဆရာဘဝဟာ အာမခံခ်က္မရွိတဲ႔ဘဝလို႔ သူမွတ္ယူထားခဲ႔လို႔ပါ။ သူက ဘဝအတြက္ အာမခံခ်က္ရွိတယ္လို႔ ယူဆရတဲ႔ အလုပ္တစ္ခုကို မက္ေမာေနခဲ႔တာပါ။  အဲဒီ မက္ေမာမႈက သူ႔အိပ္မက္ေတြကို ဖ်က္ဆီးပစ္လိုက္တာပဲလို႔ ကြ်န္မ နားလည္လိုက္မိတယ္။ တစ္နည္းအားျဖင္႔ ေျပာမယ္ဆိုရင္ေတာ႔ အဲဒီလံုျခံဳမႈအာမခံမႈဆိုတာက သူ႔ရဲ႕ ျဖစ္ခ်င္တဲ႔ ျပင္းျပတဲ႔ ဆႏၵေတြကို သတ္ပစ္လိုက္တာလို႔ျမင္မိတယ္။ ေနာက္တစ္ခ်က္ကေတာ႔ မိဘေတြရဲ႕ ဆႏၵနဲ႔ ၾသဇာကို မလြန္ဆန္ႏိုင္တာလို႔  ဆိုရပါမယ္။

ငယ္စဥ္ကတည္းက လူတိုင္း လူတိုင္းဟာ ကိုယ္ျဖစ္ခ်င္တာ ကိုယ္လုပ္ခ်င္တာေလးေတြကို စိတ္ကူးယဥ္ခဲ႔ၾကရင္း ျဖစ္ခ်င္တဲ႔ ဆႏၵျဖစ္လာၾကတာပါ။ ဒါေပမဲ႔ တကယ္တမ္းမွာေတာ႔ ကိုယ္႔ရဲ႕ဆႏၵအတို္င္း အျပည့္အဝ  ရုပ္လံုးေဖာ္ႏိုင္တဲ႔သူကေတာ႔ တကယ္႔ကို ရွားပါးၾကပါတယ္။

ကိုုယ္႔ဆႏၵကိုု တစိုုက္စိုုက္မတ္မတ္နဲ႔ ရဲရဲဝံ႔ဝံ႔ အေကာင္အထည္ေဖာ္ႏိုုင္တဲ႔သူကလည္း ရွားပါးလွတာကိုုး။

ခုုလိုု သက္လတ္ပိုု္င္းအရြယ္ေတြရဲ႕ ၇၀% ကေန ၈၀ % ေလာက္က သူ႔တုုိ႔ဘ၀နဲ႔ အလုုပ္အကိုုင္ဟာ သူတုုိ႔ဘဝ၊ သူတုုိ႔ဆႏၵနဲ႔ တစ္ထပ္တည္းမက်ဘူးဆိုတာကိုု သိလာၾကတယ္။ အဲဒီထဲက အခ်ိဳ႕ကေတာ႔ေျပာင္းလဲႏိုုင္ဖိုု႔ ႀကိဳးစားေနၾကပါၿပီ။

ကြ်န္မရဲ႕ အေတြ႔အၾကံဳအရ ေျပာရမယ္ဆိုရင္ေတာ႔ ဘဝမွာေနေပ်ာ္ဖို႔ဆိုရင္ ကိုယ္ဝါသနာပါရာ တစ္ခုခုကို လုပ္ေနရဖို႔ လိုအပ္ပါတယ္။ ကိုယ္က ကိုယ္ပိုင္လုပ္ငန္းနဲ႔ ႀကီးပြားေအာင္ လုပ္ခ်င္တဲ႔ ဆႏၵရွိတယ္ဆိုရင္လည္း သူမ်ားဝန္ထမ္းဘ၀ကေန ထြက္ၿပီး ကိုယ္ကြ်မ္းက်င္တဲ႔ ကိုယ္နားလည္တဲ႔ ကိုယ္လုပ္ႏိုင္တဲ႔ ကိုယ္ပိုင္လုပ္ငန္ေလးတစ္ခုကို စၿပီးတည္ေထာင္ လုပ္ကိုင္သင္႔တယ္။ ကိုုယ္႔ရဲ႕ ဆႏၵနဲ႔ စတင္တဲ႔အလုပ္ဟာ စိတ္ဝင္စားစရာအျပည့္ရွိေနသလို၊ စိတ္အားထက္သန္မႈေတြနဲ႔  ေမာင္းႏွင္ႏို္င္တဲ႔အတြက္ မၾကာခင္ လိုရာပန္းတိုင္ကို ေရာက္ေအာင္သြားႏိုင္လိမ္႔မယ္လို႔  ယံုၾကည္ေမွ်ာ္လင္႔ရင္းနဲ႔ ပန္းတိုင္ေရာက္သြားၾကတာပါ။ လုပ္ငန္းတစ္ခု ေအာင္ျမင္ဖို႔ဆိုတာကလည္း ျပင္းျပတဲ႔ ဆႏၵမရွိရင္ ေအာင္ျမင္တဲ႔ အေျခအေနထိ ဒီအလုပ္နဲ႔ က်ားကန္ကန္ၿပီး ၾကံ့ၾကံ့ခံလုပ္ႏိုင္စြမ္းမရွိႏိုင္ပါဘူး။

ဘယ္သူမွ ေအာင္ျမင္မႈကိုခ်က္ခ်င္း ရရွိၾကတာ မဟုတ္ပါဘူး။ အခက္အခဲေတြ မဟာတံတိုင္းေတြကို ျဖတ္ေက်ာ္ႏိုင္မွသာ ေအာင္ျမင္မႈ ရရွိၾကတာပါ။ ေအာင္ျမင္ဖို႔ဆိုတာက  အလုပ္နဲ႔ ရွင္သန္ေနရတဲ႔ ဘဝမွ ေနေပ်ာ္စရာျဖစ္တာပါ။

ေအာင္ျမင္ေနတဲ႔သူေတြ တစ္ပတ္မွာ နာရီေပါင္း ၄၀ ေက်ာ္ၾကာေအာင္ အလုပ္လုပ္ႏိုင္ၾကတာ သူတို႔အလုပ္ကို သူတို႔ႏွစ္သက္လို႔ပါ။ ေက်နပ္လို႔ပါ။ စြမ္းအားအျပည့္နဲ႔ လိုရာပန္းတိုင္တစ္ခုကို ေရာက္ဖို႔အတြက္ ဆႏၵကသာ ကိုယ္႔ကို ဆြဲေခၚသြားခဲ႔တာပါ။

ကြ်န္မအေနနဲ႔ သတင္းသမားဘ၀မွာ ႀကိမ္ဖန္ေပါင္းမ်ားစြာ လဲက်ခဲ႔ဖူးပါတယ္။ အခု အလုပ္မွာလည္း အခက္အခဲေတြ စိန္ေခၚမႈေတြနဲ႔ အျပည့္ပါပဲ။ ဒါေပမဲ႔ လဲက်တို္င္း ျပန္ထ၊ စိန္ေခၚမႈတိုင္းကို စိတ္အားထက္သန္စြာနဲ႔ ျဖတ္ေက်ာ္ေနရင္းနဲ႔ပဲ ကိုယ္႔အလုပ္ဟာ ဘဝျဖစ္လာျပန္တယ္။ ဒါဟာ ဆႏၵကို ဦးစားေပးခဲ႔တဲ႔ ဘဝရဲ႕ ပန္းတိုင္ရွိေနလို႔သာ စိတ္ပိုင္းဆိုင္ရာ စြမ္းအင္အျပည့္နဲ႔ အလုပ္လုပ္ႏိုင္ေနတာပါ။ တကယ္လုိ႔မ်ား ကိုယ္ဝါသနာပါတဲ႔ အလုပ္မဟုတ္ဘဲနဲ႔ အျခားအလုပ္တစ္ခုခုသာ လုပ္ခဲ႔မိရင္ေတာ႔  ကြ်န္မဟာလည္း လုပ္ငန္းခြင္မွာ ၿငီးေငြ႔မႈေတြ၊ ဘ၀ကို စိတ္ပ်က္မႈေတြနဲ႔ ဒရြတ္တိုက္ ဆြဲေနရတဲ႔ ေျခလွမ္းေတြျဖစ္လာမွာ။

အဲဒါေၾကာင္႔ ကိုယ္႔ရင္ထဲက ေကာင္းမြန္တဲ႔ ျပင္းျပတဲ႔ ဆႏၵေတြကို သတ္မပစ္ၾကပါနဲ႔။ ျပင္းျပတဲ႔ ဆႏၵမပါတဲ႔  အလုပ္ဟာ ေအာင္ျမင္ဖို႔ ခက္ပါတယ္။

စိတ္အားထက္သန္မႈ မရွိရင္ ဘယ္လို မဟာတံတိုင္းမ်ိဳးကိုမွ မျဖတ္ေက်ာ္ႏို္င္တဲ႔အတြက္ ကိုယ္ဆႏၵရွိတဲ႔အတိုင္း ဦးတည္ရာလမ္းေၾကာင္းမွန္တဲ႔ ေျခတစ္လွမ္းနဲ႔ စတင္ဖို႔ တိုက္တြန္းအားေပးပါတယ္ရွင္။

မိဘေတြအေနနဲ႔လည္း သားသမီးရဲ႕ ဆႏၵကို ျမင္ေအာင္ၾကည့္ေပးပါ၊ သူတုိ႕ရဲ႕ ေကာင္းမြန္တဲ႔ ဆႏၵေတြကို ေျမေတာင္ေျမွာက္ေပးဖို႔ပဲ ႀကိဳးစားသင္႔႔ပါတယ္။ မိဘရဲ႕ အတၱထက္ သားသမီးရဲ႕ ဆႏၵကိုေရွ႕တန္းတင္တာက အဲဒီကေလးရဲ႕ အနာဂတ္အတြက္ ပိုမိုေကာင္းမြန္ေစမွာပါလို႔ အၾကံျပဳတိုက္တြန္းပါရေစရွင္။

ေမသၾကၤန္ဟိန္ (ျမစ္မခ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကိုယ့်ဆန္ဒကို ရှေ့တန်းတင်သင့်သလား…

အဲဒီ မေးခွန်းကို မေးလိုက်တိုင်း… မတင်သင့်ပါဘူးလို့ အများစုကတော့ ဖြေတတ်ကြတာပါပဲ။ ကျွန်မကတော့ ကိုယ့်ဆန္ဒကို ရှေ့တန်းတင်သင့်ပါတယ်ဆိုတဲ့ အမြင်မျိုး ရှိသူတစ်ဦးပါ။ တကယ့်လက်တွေ့ဘဝမှာလည်း ဆန္ဒနဲ့ဘ၀ မကိုက်ညီတဲ့ သူတွေအများကြီးတွေ့နေရတယ်။ သူငယ်ချင်း တစ်ယောက်ဆိုရင် သူက စာရေးဆရာ သိပ်ဖြစ်ချင်တာ၊ စာရေးလည်းကောင်းတယ်။ ဒါပေမဲ့  သူကျောင်းပြီးတော့ ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်သွားခဲ့တယ်။

ဒီကနေ့ သူဟာ ကုမ္ပဏီတစ်ခုရဲ့ စာရင်းကိုင် တစ်ယောက်ဖြစ်နေပြီ။ လစာလည်း ကောင်းပါတယ်။ ဒါပေမဲ့  သူက ပြောတယ်။ သူ မပျော်ဘူး။ သူ အလုပ်လုပ်နေရတာ ငြီးငွေ့နေတဲ့အတွက် အလုပ်ထဲမှာလည်း စိတ်မဝင်စားနိုင်တော့ဘူးတဲ့။ မနက်တိုင်း အလုပ်သွားရတော့မယ်ဆိုတဲ့ အသိက သူ့ကို ငေးငေးငိုင်ငိုင်ဖြစ်စေတယ်။

Huawei

Huawei

HUAWEI nova 2i အကြောင်း အသေးစိတ်သိရှိရန်

အလုပ်သွားရမယ့် သူ့ကို အလုပ်က မဆွဲဆောင်နိုင်တော့ဘူး။ စက်ရုပ်တစ်ရုပ်လို အလုပ်လုပ်နေရတယ်လို့ ဆိုတယ်။ အဲဒါကြောင့် သူ့သမီးလေး ဆယ်တန်းအောင်ပြီးသွားရင်တော့ အလုပ်ကနေထွက်ပြီး စာရေးစားရကောင်းမလား စဉ်းစားနေတယ်လို့ ပြောတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းကသာ စာရေးခဲ့ရင် ခုချိန်ဆို သူလည်း စာရေးဆရာတစ်ယောက်အနေနဲ့ အောင်မြင်နေမှာလို့ ကျွန်မက ပြောတော့ သူက တွေတွေငေးငေးဖြစ်သွားရှာတယ်။

သူကျောင်းတုန်းကလည်း စာရေးကောင်း၊ ကဗျာရေးကောင်းပါလျက်နဲ့ သူ့ဆန္ဒကို သူကိုယ်တိုင် သတ်ပစ်ခဲ့တာ မြင်ရတော့ ကျွန်မစိတ်ထဲ သူ့အတွက်စိတ်မကောင်းခဲ့ဘူး။

`စာရေးဆရာဖြစ်ဖို့ ဆိုတာ မလွယ်ဘူးဟ …`လို့ ပြောတုန်းကလည်း ဘာလို့ မဖြစ်နိုင်ရမှာလဲ ငါလည်း ဖြစ်နိုင်သလို၊ နင်လည်း ဖြစ်နိုင်တာပဲလို့ ပြောခဲ့သေးတယ်။ ဒါပေမဲ့ သူတွေဝေနေခဲ့တာ စာရေးဆရာဘဝ၊ ကဗျာဆရာဘဝဟာ အာမခံချက်မရှိတဲ့ဘဝလို့ သူမှတ်ယူထားခဲ့လို့ပါ။ သူက ဘဝအတွက် အာမခံချက်ရှိတယ်လို့ ယူဆရတဲ့ အလုပ်တစ်ခုကို မက်မောနေခဲ့တာပါ။  အဲဒီ မက်မောမှုက သူ့အိပ်မက်တွေကို ဖျက်ဆီးပစ်လိုက်တာပဲလို့ ကျွန်မ နားလည်လိုက်မိတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ အဲဒီလုံခြုံမှုအာမခံမှုဆိုတာက သူ့ရဲ့ ဖြစ်ချင်တဲ့ ပြင်းပြတဲ့ ဆန္ဒတွေကို သတ်ပစ်လိုက်တာလို့မြင်မိတယ်။ နောက်တစ်ချက်ကတော့ မိဘတွေရဲ့ ဆန္ဒနဲ့ သြဇာကို မလွန်ဆန်နိုင်တာလို့  ဆိုရပါမယ်။

ငယ်စဉ်ကတည်းက လူတိုင်း လူတိုင်းဟာ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာလေးတွေကို စိတ်ကူးယဉ်ခဲ့ကြရင်း ဖြစ်ချင်တဲ့ ဆန္ဒဖြစ်လာကြတာပါ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ကိုယ့်ရဲ့ဆန္ဒအတိုင်း အပြည့်အဝ  ရုပ်လုံးဖော်နိုင်တဲ့သူကတော့ တကယ့်ကို ရှားပါးကြပါတယ်။

ကိုုယ့်ဆန္ဒကိုု တစိုုက်စိုုက်မတ်မတ်နဲ့ ရဲရဲဝံ့ဝံ့ အကောင်အထည်ဖော်နိုုင်တဲ့သူကလည်း ရှားပါးလှတာကိုုး။

ခုုလိုု သက်လတ်ပိုု်င်းအရွယ်တွေရဲ့ ၇၀% ကနေ ၈၀ % လောက်က သူ့တိုု့ဘဝနဲ့ အလုုပ်အကိုုင်ဟာ သူတိုု့ဘဝ၊ သူတိုု့ဆန္ဒနဲ့ တစ်ထပ်တည်းမကျဘူးဆိုတာကိုု သိလာကြတယ်။ အဲဒီထဲက အချို့ကတော့ပြောင်းလဲနိုုင်ဖိုု့ ကြိုးစားနေကြပါပြီ။

ကျွန်မရဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင်တော့ ဘဝမှာနေပျော်ဖို့ဆိုရင် ကိုယ်ဝါသနာပါရာ တစ်ခုခုကို လုပ်နေရဖို့ လိုအပ်ပါတယ်။ ကိုယ်က ကိုယ်ပိုင်လုပ်ငန်းနဲ့ ကြီးပွားအောင် လုပ်ချင်တဲ့ ဆန္ဒရှိတယ်ဆိုရင်လည်း သူများဝန်ထမ်းဘဝကနေ ထွက်ပြီး ကိုယ်ကျွမ်းကျင်တဲ့ ကိုယ်နားလည်တဲ့ ကိုယ်လုပ်နိုင်တဲ့ ကိုယ်ပိုင်လုပ်ငန်လေးတစ်ခုကို စပြီးတည်ထောင် လုပ်ကိုင်သင့်တယ်။ ကိုုယ့်ရဲ့ ဆန္ဒနဲ့ စတင်တဲ့အလုပ်ဟာ စိတ်ဝင်စားစရာအပြည့်ရှိနေသလို၊ စိတ်အားထက်သန်မှုတွေနဲ့  မောင်းနှင်နိုင်တဲ့အတွက် မကြာခင် လိုရာပန်းတိုင်ကို ရောက်အောင်သွားနိုင်လိမ့်မယ်လို့  ယုံကြည်မျှော်လင့်ရင်းနဲ့ ပန်းတိုင်ရောက်သွားကြတာပါ။ လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာကလည်း ပြင်းပြတဲ့ ဆန္ဒမရှိရင် အောင်မြင်တဲ့ အခြေအနေထိ ဒီအလုပ်နဲ့ ကျားကန်ကန်ပြီး ကြံ့ကြံ့ခံလုပ်နိုင်စွမ်းမရှိနိုင်ပါဘူး။

ဘယ်သူမှ အောင်မြင်မှုကိုချက်ချင်း ရရှိကြတာ မဟုတ်ပါဘူး။ အခက်အခဲတွေ မဟာတံတိုင်းတွေကို ဖြတ်ကျော်နိုင်မှသာ အောင်မြင်မှု ရရှိကြတာပါ။ အောင်မြင်ဖို့ဆိုတာက  အလုပ်နဲ့ ရှင်သန်နေရတဲ့ ဘဝမှ နေပျော်စရာဖြစ်တာပါ။

အောင်မြင်နေတဲ့သူတွေ တစ်ပတ်မှာ နာရီပေါင်း ၄၀ ကျော်ကြာအောင် အလုပ်လုပ်နိုင်ကြတာ သူတို့အလုပ်ကို သူတို့နှစ်သက်လို့ပါ။ ကျေနပ်လို့ပါ။ စွမ်းအားအပြည့်နဲ့ လိုရာပန်းတိုင်တစ်ခုကို ရောက်ဖို့အတွက် ဆန္ဒကသာ ကိုယ့်ကို ဆွဲခေါ်သွားခဲ့တာပါ။

ကျွန်မအနေနဲ့ သတင်းသမားဘဝမှာ ကြိမ်ဖန်ပေါင်းများစွာ လဲကျခဲ့ဖူးပါတယ်။ အခု အလုပ်မှာလည်း အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ အပြည့်ပါပဲ။ ဒါပေမဲ့ လဲကျတိုင်း ပြန်ထ၊ စိန်ခေါ်မှုတိုင်းကို စိတ်အားထက်သန်စွာနဲ့ ဖြတ်ကျော်နေရင်းနဲ့ပဲ ကိုယ့်အလုပ်ဟာ ဘဝဖြစ်လာပြန်တယ်။ ဒါဟာ ဆန္ဒကို ဦးစားပေးခဲ့တဲ့ ဘဝရဲ့ ပန်းတိုင်ရှိနေလို့သာ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်အပြည့်နဲ့ အလုပ်လုပ်နိုင်နေတာပါ။ တကယ်လို့များ ကိုယ်ဝါသနာပါတဲ့ အလုပ်မဟုတ်ဘဲနဲ့ အခြားအလုပ်တစ်ခုခုသာ လုပ်ခဲ့မိရင်တော့  ကျွန်မဟာလည်း လုပ်ငန်းခွင်မှာ ငြီးငွေ့မှုတွေ၊ ဘဝကို စိတ်ပျက်မှုတွေနဲ့ ဒရွတ်တိုက် ဆွဲနေရတဲ့ ခြေလှမ်းတွေဖြစ်လာမှာ။

အဲဒါကြောင့် ကိုယ့်ရင်ထဲက ကောင်းမွန်တဲ့ ပြင်းပြတဲ့ ဆန္ဒတွေကို သတ်မပစ်ကြပါနဲ့။ ပြင်းပြတဲ့ ဆန္ဒမပါတဲ့  အလုပ်ဟာ အောင်မြင်ဖို့ ခက်ပါတယ်။

စိတ်အားထက်သန်မှု မရှိရင် ဘယ်လို မဟာတံတိုင်းမျိုးကိုမှ မဖြတ်ကျော်နိုင်တဲ့အတွက် ကိုယ်ဆန္ဒရှိတဲ့အတိုင်း ဦးတည်ရာလမ်းကြောင်းမှန်တဲ့ ခြေတစ်လှမ်းနဲ့ စတင်ဖို့ တိုက်တွန်းအားပေးပါတယ်ရှင်။

မိဘတွေအနေနဲ့လည်း သားသမီးရဲ့ ဆန္ဒကို မြင်အောင်ကြည့်ပေးပါ၊ သူတို့ရဲ့ ကောင်းမွန်တဲ့ ဆန္ဒတွေကို မြေတောင်မြှောက်ပေးဖို့ပဲ ကြိုးစားသင့့်ပါတယ်။ မိဘရဲ့ အတ္တထက် သားသမီးရဲ့ ဆန္ဒကိုရှေ့တန်းတင်တာက အဲဒီကလေးရဲ့ အနာဂတ်အတွက် ပိုမိုကောင်းမွန်စေမှာပါလို့ အကြံပြုတိုက်တွန်းပါရစေရှင်။

မေသင်္ကြန်ဟိန် (မြစ်မခ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။