[ZawGyi]

ကားေပၚမွာဖုန္းအားမသြင္းသင္႔တာ ဘာေၾကာင္႔လဲ

ဖုန္းသံုးတဲ႔သူေတြအေနနဲ႔ ကိုယ္ကခရီးရွည္သြားတဲ႔အခါ ဒါမွမဟုတ္ တစ္ခ်ိန္လံုးဖုန္းသံုးေနျပီး ဖုန္းဘက္ထရီကို ဂရုစိုက္ေလ႔မရွိတဲ႔သူမ်ိဳးဆုိရင္ ခဏခဏဖုန္းအားကုန္ ကားထဲမွာပဲဖုန္းအားသြင္းတဲ႔အျဖစ္ေတြရွိၾကမွာပါ။ တကယ္ေတာ႔ဒီအခ်က္ဟာဖုန္းေတြအတြက္မေကာင္းပါဘူးလုိ႔ဆုိထားပါတယ္။ ဘာေၾကာင္႔လဲဆုိေတာ႔ ကားထဲမွာပါတဲ႔ USB port ဟာ ဖုန္းကတကယ္လုိအပ္တဲ႔ Electricity ပမာဏကိုမေပးႏိုင္တာေၾကာင္႔ ဖုန္းကိုေရာ ဘက္ထရီကိုပါထိခိုက္ႏိုင္တာျဖစ္ပါတယ္။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

လူေတာ္ေတာ္မ်ားမ်ားက ရံုးကေနအိမ္၊အိမ္ကေနရံုးကို အေျပးအလႊားသြားေနရတာမုိ႔ ဖုန္းဘက္ထရီနည္းေနတာကို ကားေပၚေရာက္မွပဲ သတိထားမိၾကတာမ်ားပါတယ္။ တကယ္လုိ႔ကားေပၚမွာ“Cigarette Lighter” စီးကရက္မီးညွိတဲ႔ ပလပ္ကိုသံုးမယ္ဆုိရင္လည္း ခ်က္ခ်င္းဖုန္းအားအမ်ားၾကီးတက္လာတာကိုေတြ႔ရမွာပါ။ ဒီအခ်က္ကလည္း ဖုန္းဘက္ထရီကိုထိခိုက္ေစတဲ႔အခ်က္ပါ။

charge a phone

charge a phone

ပံုမွန္ Chargers ေတြက 3 amps ပဲ Supply လုပ္ခ်ိန္မွာ Cigarette Lighter ေတြက 10 amps အထိ Supply လုပ္ပါတယ္။ ဒီလို Power မျငိမ္တဲ႔ျပႆနာက ဖုန္းအတြင္းကအစိတ္အပိုင္းေတြကို ပ်က္စီးေစတာမ်ိဳး ဖုန္းဘက္ထရီကိုပ်က္စီးေစတာမ်ိဳး ျဖစ္လာတာပါ။ ေနာက္တစ္ခုထိခိုက္တာက ကားဘက္ထရီပါ။ ကိုယ္႔ကားကအေကာင္းစာျဖစ္ျပီး ဘက္ထရီေကာင္းေနရင္ျပႆနာမရွိေပမယ္႔ တကယ္လုိ႔မ်ားေမွးသံုး ေခ်ာ႔သံုးေနရတာမ်ိဳးဆုိရင္ေတာ႔ ဒီလိုဖုန္းအားသြင္းတာမ်ိဳးကို ေရွာင္သင္႔ပါတယ္။
ေနာက္တစ္ခ်က္က လႈပ္ရွားေနတဲ႔ယာဥ္ကားေပၚမွာဆုိေတာ႔ လမ္းေခ်ာ္တာ ကားေဆာင္႔တာေတြေၾကာင္႔ဖုန္းပ်က္စီးႏိုင္ပါတယ္။ ဖုန္းအားသြင္းထားရင္း ကိုယ္ကဖုန္းကိုကိုင္သံုးမိလိုက္ ကားေမာင္းလိုက္လုပ္မိေနရင္လည္း ကားအက္ဆီးဒင္႔နဲ႔ၾကံဳရဦးမွာပါ။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

အေကာင္းဆံုးကေတာ႔ ဖုန္းကိုအိမ္မွာကတည္းက ဂရုတစိုက္နဲ႔အားအျပည္႔သြင္းပါ။ ဒါမွမဟုတ္ Power Bank ေလးေတြ ေဆာင္ထားပါ။ ဖုန္းအားကိုတတီတီနဲ႔အခ်က္ေပးျပီး အနီျပလာတဲ႔အထိ ဘယ္ေတာ႔မွမသံုးပါနဲ႔ေနာ္။

ေနာက္တစ္ေခါက္က်ရင္ေတာ႔ Smartphone ေတြရဲ႕ Battery သက္တမ္းရွည္ေစဖုိ႔ လုပ္ေဆာင္သင္႔တဲ႔ လွ်ိဳ႕ဝွက္ခ်က္ ၁၀ ခ်က္ကို ေျပာျပပါဦးမယ္ေနာ္။

Ref#dailynews

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

ကားပေါ်မှာဖုန်းအားမသွင်းသင့်တာ ဘာကြောင့်လဲ

ဖုန်းသုံးတဲ့သူတွေအနေနဲ့ ကိုယ်ကခရီးရှည်သွားတဲ့အခါ ဒါမှမဟုတ် တစ်ချိန်လုံးဖုန်းသုံးနေပြီး ဖုန်းဘက်ထရီကို ဂရုစိုက်လေ့မရှိတဲ့သူမျိုးဆိုရင် ခဏခဏဖုန်းအားကုန် ကားထဲမှာပဲဖုန်းအားသွင်းတဲ့အဖြစ်တွေရှိကြမှာပါ။ တကယ်တော့ဒီအချက်ဟာဖုန်းတွေအတွက်မကောင်းပါဘူးလို့ဆိုထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကားထဲမှာပါတဲ့ USB port ဟာ ဖုန်းကတကယ်လိုအပ်တဲ့ Electricity ပမာဏကိုမပေးနိုင်တာကြောင့် ဖုန်းကိုရော ဘက်ထရီကိုပါထိခိုက်နိုင်တာဖြစ်ပါတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

လူတော်တော်များများက ရုံးကနေအိမ်၊အိမ်ကနေရုံးကို အပြေးအလွှားသွားနေရတာမို့ ဖုန်းဘက်ထရီနည်းနေတာကို ကားပေါ်ရောက်မှပဲ သတိထားမိကြတာများပါတယ်။ တကယ်လို့ကားပေါ်မှာ“Cigarette Lighter” စီးကရက်မီးညှိတဲ့ ပလပ်ကိုသုံးမယ်ဆိုရင်လည်း ချက်ချင်းဖုန်းအားအများကြီးတက်လာတာကိုတွေ့ရမှာပါ။ ဒီအချက်ကလည်း ဖုန်းဘက်ထရီကိုထိခိုက်စေတဲ့အချက်ပါ။

charge a phone

charge a phone

ပုံမှန် Chargers တွေက 3 amps ပဲ Supply လုပ်ချိန်မှာ Cigarette Lighter တွေက 10 amps အထိ Supply လုပ်ပါတယ်။ ဒီလို Power မငြိမ်တဲ့ပြဿနာက ဖုန်းအတွင်းကအစိတ်အပိုင်းတွေကို ပျက်စီးစေတာမျိုး ဖုန်းဘက်ထရီကိုပျက်စီးစေတာမျိုး ဖြစ်လာတာပါ။ နောက်တစ်ခုထိခိုက်တာက ကားဘက်ထရီပါ။ ကိုယ့်ကားကအကောင်းစာဖြစ်ပြီး ဘက်ထရီကောင်းနေရင်ပြဿနာမရှိပေမယ့် တကယ်လို့များမှေးသုံး ချော့သုံးနေရတာမျိုးဆိုရင်တော့ ဒီလိုဖုန်းအားသွင်းတာမျိုးကို ရှောင်သင့်ပါတယ်။
နောက်တစ်ချက်က လှုပ်ရှားနေတဲ့ယာဉ်ကားပေါ်မှာဆိုတော့ လမ်းချော်တာ ကားဆောင့်တာတွေကြောင့်ဖုန်းပျက်စီးနိုင်ပါတယ်။ ဖုန်းအားသွင်းထားရင်း ကိုယ်ကဖုန်းကိုကိုင်သုံးမိလိုက် ကားမောင်းလိုက်လုပ်မိနေရင်လည်း ကားအက်ဆီးဒင့်နဲ့ကြုံရဦးမှာပါ။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

အကောင်းဆုံးကတော့ ဖုန်းကိုအိမ်မှာကတည်းက ဂရုတစိုက်နဲ့အားအပြည့်သွင်းပါ။ ဒါမှမဟုတ် Power Bank လေးတွေ ဆောင်ထားပါ။ ဖုန်းအားကိုတတီတီနဲ့အချက်ပေးပြီး အနီပြလာတဲ့အထိ ဘယ်တော့မှမသုံးပါနဲ့နော်။

နောက်တစ်ခေါက်ကျရင်တော့ Smartphone တွေရဲ့ Battery သက်တမ်းရှည်စေဖို့ လုပ်ဆောင်သင့်တဲ့ လျှို့ဝှက်ချက် ၁၀ ချက်ကို ပြောပြပါဦးမယ်နော်။

Ref#dailynews

ဂျူဂျူး(Akhayar)

www.akhayar.com