ပြန်လည်တမ်းတ ငယ်ဘဝ

ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် နှာချေးတွဲလောင်းနဲ့။ နှာချေးတွေက ပါးစပ်ထဲကို ဝင်၊ ပြီးရင် နှာခေါင်းက ပြန်ရှုံ့ချနဲ့။ ငံကျိကျိအရသာနဲ့ အဆင်ကိုပြေရော။ တစ်ယောက်တည်းဆိုရင်လည်း နှာခေါင်းထဲ လက်နှိုက်ပြီးတော့ နှာခေါင်းထဲက နှပ်ချေးတွေကို ထည့်စားလို့။ လူကြီးတွေကတော့ “နှပ်ချေးဆိုတာ ညစ်ပတ်တယ်၊ အညစ်အကြေးတွေ မစားရဘူး” လို့ တားကြပါတယ်။ ကလေးတွေ နှာခေါင်းထဲ လက်နှိုက်တာက တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိဘူး၊ နှာခေါင်းနဲ့ထိစပ်နေတဲ့ အာရုံကြောတွေကို ထိခိုက်စေတယ်လို့ ဆိုကြပါသေးတယ်။

You May Like : ဒေါ်လာ ၁သောင်းကျော်တန် သုတ်ထုတ်စက်

သုတေသနရလဒ်ကဘာလဲ

တကယ်တမ်းတော့ နှပ်ချေးစားတာက ကျန်းမာရေးထိခိုက်မှုမရှိဘဲ အသက်ရှည်ကျန်းမာစေတယ်လို့ သြစတီးယားနိုင်ငံ အဆုတ်သုတေသနပညာရှင် ပါမောက္ခ ဖရက်ရစ်ခ်ျ ဘစ်ချင်ဂါ (Friedrich Bischinger) ရဲ့သုတေသနတစ်ခုအရ သိရပါတယ်။ နှပ်ချေးဆိုတာ ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့ ဘတ်တီးရီးယားတွေ ပေါင်းစပ်ထားတဲ့အတွက် သွားကိုခိုင်မာစေတဲ့အပြင် နှာရည်ကလည်း ပါးစပ်ထဲက မကောင်းတဲ့ဘတ်တီးရီးယားပိုးမွှားတွေကို တိုက်ခိုက်ပေးတယ်လို့ သိရပါတယ်။ နှပ်ချေးမှာ ပါဝင်တဲ့ နှာရည်အကျိအချွဲတွေဟာ သွားပိုးစားတာနဲ့ သွားကိုက်တာတွေကို ကာကွယ်ပေးပါတယ်။ အဆိုပါ တွေ့ရှိချက်ကို အခြေခံပြီးတော့ သုတေသနပညာရှင်တွေက နှပ်ချေးကို ပီကေနဲ့သွားတိုက်ဆေး ထုတ်လုပ်တဲ့အခါမှာ ပါဝင်ပစ္စည်းအနေနဲ့ အသုံးပြုဖို့ ပြင်ဆင်လာပါတယ်။

ဘာတွေပြောသေးလဲ

“နှာခေါင်းထဲကို လက်နှိုက်ပြီးတော့ နှပ်ချေးစားတဲ့လူတွေက စိတ်ပျော်ရွှင်စေတယ်၊ သွားလည်း ခိုင်တယ်၊ အသက်ရှည်ကျန်းမာစေလို့ ရှက်စရာကိစ္စမဟုတ်ပါဘူး” လို့ ပါမောက္ခ ဖရက်ရစ်ခ်ျ ဘစ်ချင်ဂါက ထပ်လောင်းပြောဆိုပါသေးတယ်။ နှပ်ချေးစားတာက ကောင်းကျိုးအဖြာဖြာ ပြည့်စုံတယ်ဆိုတော့ အားကျစရာကြီးနော်။ ကဲ . . . ကြည့်စမ်း။ အခုတောင် စာဖတ်ရင်းနဲ့ နှာခေါင်းထဲ လက်နှိုက်နေပြီ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com