အခုနောက်ပိုင်းမှာ အင်တာနက်ကို အသုံးပြုဖို့အတွက်က Mobile Internet တွေကို မှီခိုစရာမလိုတော့ဘဲ ကိုယ့်အိမ် ဒါမှမဟုတ် ရုံးမှာ မြန်ဆန်တဲ့ Fiber Internet တွေကို တပ်ဆင်အသုံးပြုနိုင်ပြီပဲဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့လည်း Mobile Internet နဲ့ အသုံးပြုတာထက်တောင် သက်သာနေပြီဆိုတော့ ဒီ Broadband Internet တွေက တပ်ဆင်အသုံးမပြုရသေးရင် အခုပဲ အသုံးပြုသင့်နေပြီလို့တောင် ပြောလို့ရပါတယ်။

အခုလိုမျိုး Fiber Broadband Internet ကို အသုံးပြုတော့မယ်ဆိုရင် လက်ရှိစျေးကွက်မှာ အများအပြားရွေးချယ်စရာတွေရှိနေတဲ့အတွက် ဘာကိုရွေးတာက ပိုစိတ်ချရမလဲဆိုတာက စဥ်းစားစရာပါ။ အဲ့ထဲမှာမှ လက်ရှိမှာ နာမည်ကြီးနေတဲ့ 5BB Fiber Broadband ကို အသုံးပြုဖို့ စဥ်းစားနေတယ်ဆိုရင် ဘာကြောင့်ရွေးချယ်သင့်သလဲဆိုကို အနည်းငယ်ရှင်းပြပေးချင်ပါတယ်။

အရင်ဆုံးအနေနဲ့ 5BB Fiber Internet ကို ကိုယ်တပ်ဆင်မယ့်နေရာမှာ အဆင်ပြေမပြေနဲ့ အမြန်နှုန်းကို သိချင်တယ်ဆိုရင် တပ်ဆင်ပြီး ၅ ရက် အခမဲ့အနေနဲ့ စမ်းသပ်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒါက အခုမှ ကောင်းမကောင်းစမ်းကြည့်ချင်တဲ့သူတွေအတွက် အားသာချက်တစ်ခုလို့တောင် ပြောရမှာပါ။

ကျန်တဲ့ 5BB Fiber Broadband ရဲ့ အားသာချက်တွေကတော့ –

– Customer ဘက်မှ Commercial Tax လုံးဝလုံးဝ ပေးဆောင်ရန် မလိုခြင်း။

– ONT device နှင့် Adapter များအတွက် Life Time warranty ပေးခြင်း။

– 24/7 Call Center Service များ ထားရှိခြင်း။

– Customer များမှ On call service အတွက် အခကြေးငွေလုံးဝ ထပ်မံပေးဆောင်ရန် မလိုခြင်း။

– Lalakyi Movie App အခမဲ့ကြည့်ရှု့ခွင့်ကို ရရှိခြင်း။

– နိုင်ငံတကာဆက်ကြောင်းအား တစ်ခုထက်ပို၍ အရန်ဆက်ကြောင်းများထားရှိခြင်း။

– Online Billing System များဖြင့် လွယ်ကူမြန်ဆန်စွာ Bill ပေးဆောင်နိုင်ခြင်း။

– Auto Bill Reminder System ရှိခြင်း။

– Registration process, Relocation process, & Plan change process များကိုလဲ Online မှပင် လွယ်ကူစွာ ဆောင်ရွက်နိုင်ခြင်း။

– 5BB ကို အစဉ်တစိုက်သုံးစွဲကြသည့် Customer များအနေဖြင့် Referral Discount များရယူနိုင်ခြင်း။

အခုဖော်ပြထားတဲ့ အချက်တွေကတော့ လက်ရှိ 5BB ကနေ ဝန်ဆောင်မှုပေးနေတဲ့အချက်တွေပဲဖြစ်ပြီး 24/7 Customer Support ၊ Online Bill Payment နဲ့ Lalakyi App ကို အခမဲ့အသုံးပြုနိုင်တာတွေက လက်တွေ့မှာလည်း တကယ်အသုံးဝင်တဲ့အားသာချက်တွေလို့တောင် ပြောလို့ရပါတယ်။

အဲ့ဒီအတွက် အခုလိုမျိုး 5BB Fiber Broadband Internet ကို တပ်ဆင်ဖို့စိတ်ဝင်စားတယ်ဆိုရင် 5BB ရဲ့ Yangon Sale Hotline Number တွေဖြစ်တဲ့ 01524978,09422686977,09422686988 ဒါမှမဟုတ် 5BB Broadband Facebook Page ကနေ စုံစမ်းနိုင်မှာဖြစ်ပါတယ်။