[Zawgyi]

ဘာလို႔ MacBook ေတြေဈးႀကီးၿပီး Windows Laptop ကို မယွဥ္ႏိုင္တာလဲ?

Apple MacBook ေတြက ေဈးႀကီးၿပီး အရည္ေသြးပိုင္း စိတ္ခ်ထားလို႔ရတယ္၊ ဟိတ္ဟန္ အျပည့္ရွိတယ္။ လက္ေတာ့တလုံးမွာ ရွိသင့္တဲ့ Standard အားလုံး ပိုင္ဆိုင္ေနတယ္။ ေနာက္ၿပီး macOS ဆိုတာက အေရးႀကီးဆုံး အစိတ္ပိုင္းလို႔ေတာင္ အမႊမ္းတင္ခ်င္ တင္ထားႏိုင္ပါေသးတယ္။ ဒါေပမယ့္လည္း ေဈးႏႈန္းခ်င္းတူေနရင္ေတာင္ စြာေတးလန္ Windows Laptop ေတြကို ဘာလို႔ မယွဥ္ႏိုင္တာလဲ? ဒီလို ေကာင္းေကာင္းကမ္းကမ္း သုံးခ်င္လို႔ MacBook ကို ေဈးႀကီးေပး ဝယ္ထားလိုက္တာေတာင္ သူမပိုင္ဆိုင္ႏိုင္တဲ့ Windows အားသာခ်က္ေတြက ဘာေတြျဖစ္ႏိုင္မလဲ?

Razer is Mac on Windows [Legend]

Windows Laptop ေတြ ပိုေဈးသက္သာတယ္

ပထမဦးဆုံး MacBook နဲ႔ Windows PC ေစ်းႏႈန္းခ်င္း ကြာေနတာက ကုမၸဏီတန္ဖိုး Apple ပိုျမင့္ေနလို႔ပါ ။ အခုခ်ိန္မွာ တစ္ေထာင္ဘီလီယံ (တစ္ထရီလီယံ) တန္ကုမၸဏီ ျဖစ္သြားၿပီဆိုေတာ့ ဘယ္ Apple Product မဆို ေဈးပိုတက္သြားၿပီေပါ့ေနာ္။ ဒါေၾကာင့္မလို႔ ေဈးအနည္းဆုံး Mac Mini ေတာင္ ေဒၚလာ ၅၀၀ ေလာက္ရွိတယ္၊ ဒီတန္ဖိုးနဲ႔ ေပးရတဲ့ Mac Mini စြမ္းေဆာင္ရည္က ေဒၚလာ ၃၀၀ တန္ Windows ကြန္ပ်ဴတာ နဲ႔ အတူတူပဲမလို႔ Specification တူေနရင္ ဘာလို႔ Mac Mini ကို ေ႐ြးမွာလဲ?

Impressive Mac Rivalry Dell XPS

ဒီလိုပဲ Apple လက္ေတာ့ေတြထဲ လွမ္းရႈိးၾကည့္လိုက္ပါ၊ ေဈးအနည္းဆုံး MacBook Air ကို ေဒၚလာ ၁၀၀၀ စေရာင္းတာမလို႔ တကယ့္ဘုရားစူး Price ပါ။ ဒီလို Basic Model ကိုမွ Budget သုံးႏိုင္တဲ့အဆင့္ပဲရွိတာမလို႔ MacBook Air Specification အတိုင္း Windows မွာ သြားဝယ္ရင္ ေဒၚလာ ၄၀၀ ေလာက္နဲ႔ရႏိုင္တယ္၊ ေဒၚလာ ၁၀၀၀ Windows PC ဆိုရင္ ဘယ္ေလာက္စြာေနမလဲ ေတြးၾကည့္လို႔ရပါတယ္။

Windows PC မွာ ေ႐ြးခ်ယ္လို႔ရတာ အမ်ားႀကီးပဲ

လက္ေတာ့ တလုံးအေျပးဝယ္တဲ့အခါ ကိုယ္သုံးခ်င္တဲ့ အေနထားလိုက္ Windows မွာ ေ႐ြးခ်ယ္လို႔ရတာ အမ်ားႀကီးပါ။ ဂိမ္းကစားဖို႔လား၊ ႐ုံးသုံးအတြက္လား၊ ဓာတ္ပုံ ဗီဒီယိုတည္းျဖတ္ခ်င္လို႔လား? အိုေကဗ်ာ…အစုံရွိတယ္၊ Size စုံ၊ Brand မ်ိဳးစုံနဲ႔ ဘယ္ Windows လက္ေတာ့ႀကိဳက္လဲဆိုၿပီး စိန္ေျပေနေျပ ေ႐ြးႏိုင္တယ္။

Laptops

ဒါေပမယ့္ MacBook ဝယ္ဖို႔ ဆုံးျဖတ္ထားရင္ေတာ့ ဒီတံခါးကပဲဝင္၊ ဒီတံခါးကပဲျပန္ထြက္ လို႔ပဲေျပာရမွာပါ။ ဘာလို႔လဲ? သူ႔မွာ ေ႐ြးခ်ယ္စရာ Air ရယ္၊ MacBook Pro ရယ္ New MacBook ရယ္ ဆိုၿပီး သုံးမ်ိဳးပဲရွိလို႔၊ ဒါေတာင္ Pro တမ်ိဳးပဲ Editing အတြက္ Strong ျဖစ္တာ၊ သူ႔မွာ Dedicated GPU နဲ႔ Core i9 CPU ပါလို႔။

MacBook Pro without Touchbar

Windows PC ေတြ ႀကိဳက္သလို Upgrade လုပ္ႏိုင္တယ္

ဒီအခ်က္ကို Mac ေတြ လုံးဝမလိုက္ႏိုင္ပါဘူး၊ ဒီ CPU ဒီ RAM ဒီ SSD နဲ႔ ေၾကာျငာထားတဲ့ ေမာ္ဒယ္အတိုင္း ဝယ္ၿပီးသြားရင္ေတာ့ ဒီခရီး၊ ဒီမွာတင္ ဆက္မသြားေတာ့ဘူးလို႔ မွတ္လိုက္ပါ။ ဘာ Upgrade မွ မလုပ္ႏိုင္သလို မႏိုင္ဝန္လည္း ထမ္းခိုင္းလို႔မရပါဘူး။ ဒီထက္ ပိုဝမ္းနည္းစရာေကာင္းတာက Windows PC ေတြ ႀကိဳက္သလို Upgrade လုပ္ႏိုင္တဲ့အျပင္ Hackintosh ကြန္ပ်ဴတာဆိုၿပီး ကိုယ့္ဘာသာ macOS တင္ Windows Hardware ေတြနဲ႔ တင္သုံးႏိုင္ပါေသးတယ္။

Choice is very Limited

Gaming at 4K? Sorry for Mac Users

ကြန္ပ်ဴတာနဲ႔ ဂိမ္းကစားဖို႔ ေတြးထားရင္ MacBook ဝယ္ဖို႔ မစဥ္းစားလိုက္ပါနဲ႔၊ ဘာလို႔လဲ? ငါ့မွာလည္း Windows လို Specs ေတြ ပါတယ္ေလး၊ Retina Display နဲ႔ မကစားခ်င္ဘူးလားဆိုၿပီး သံေယာင္နားမေထာင္လိုက္ပါနဲ႔။ Mac ေတြ ဘယ္ေလာက္ပဲ Powerful ျဖစ္တယ္ေျပာေျပာ သူ႔ OS ဒီဇိုင္းနဲ႔ Cooling Efficiency ကိုက ဂိမ္းကစားဖို႔အတြက္ မဟုတ္ပါဘူး။ ေနာက္ၿပီး 144Hz Screen ၊ Nvidia GPU နဲ႔ Gaming Keyboard လို အေရးပါတဲ့ အစိတ္ပိုင္းေတြ ပါမလာတဲ့အတြက္ Gaming Laptop ႀကီးနဲ႔ အလုပ္လုပ္မလား၊ ဂိမ္းေဆာ့မလား စိတ္ႀကိဳက္ဆြဲႏိုင္ပါတယ္။

Gaming with Mac is Possible?

Windows Laptop ေတြမွာ Port ေတြ ပိုပါတယ္

Apple ကို Ditch King (ျဖဳတ္ထုတ္ဘုရင္) လို႔ နာမည္ေပးလိုက္တာ ပိုေကာင္းမယ္ထင္ပါတယ္။ MacBook Air မွာ DVD Drive စျဖဳတ္တယ္၊ 2016 MacBook ေတြက စၿပီး USB-2.0 Port ေတြ၊ 3.0 Port ေတြ၊ HDMI Port ေတြဆိုၿပီး ရွိရွိသမွ်အေပါက္ေတြ အကုန္ျဖဳတ္ပစ္တယ္။ ထြက္လာတယ္ မ်က္ႏွာေျပာင္တိုက္ၿပီး C Port တခုထဲနဲ႔ ၊ အဲ့ေတာ့ Dongle သပ္သပ္ဝယ္သုံးရတယ္၊

More Ports on Windows PC

Mac User ေတြၾကည့္လိုက္ Adapter မ်ိဳးစုံနဲ႔ အလုပ္ကို ရႈပ္ေနတာပဲ။ TV ၊ Projector ခ်ိတ္ဖို႔ Connector သပ္သပ္၊ အားသြင္းႀကိဳးသပ္သပ္နဲ႔၊ သူတို႔ကိုၾကည့္ရ မ်က္စိ ေနာက္ေနတာဆိုေတာ့ တစုထဲျဖစ္သြားေအာင္ ThunderBolt Port ဆိုၿပီး ထပ္ထုတ္လိုက္တယ္။ ဒါလည္း ဂြပ္က်ေနတုန္းပဲ၊ Windows Laptop အမ်ားစုမွာ USB Port မ်ိဳးစုံ၊ HDMI Port ေတြနဲ႔ Card Reader ေတာင္ အဆစ္ပါေနေသးတာမလို႔ ဘာလာလာ Ready ပါပဲ။

Even Razer offers Maintainable Parts

Windows hardware ေတြက အၿမဲလိုလို Update ျဖစ္ေနတယ္

အနီးစပ္ဆုံး MacBook Air ကို လွမ္းၾကည့္လိုက္ပါ။ ဒီပုံစံ၊ ဒီတိုင္းႀကီးနဲ႔ ဘယ္ေတာ့မွလည္း Upgrade ျဖစ္မလာဘူး။ Display ကလည္း ဝြဲစြဲေနၿပီ၊ Full HD Resolution လည္း မရဘူး၊ ေနာက္ၿပီး Entry Level ေတာင္မွ ၂ ႏွစ္၊ ၃ ႏွစ္ေနမွ Update လုပ္ေပးတာဆိုေတာ့ Hardware အသစ္ထြက္တိုင္း Specification မ်ိဳးစုံ၊ ဒီဇိုင္းမ်ိဳးစုံနဲ႔ ပိုပို Powerful ျဖစ္လာတဲ့ Windows Laptop ကို ယွဥ္ႏိုင္ဖို႔ဆိုတာ
မျဖစ္ႏိုင္ပါဘူး။

CPU & GPU Stickers

Productivity Software ေတြ Windows နဲ႔ ပိုအလုပ္လုပ္တယ္

Productivity Software ဆိုလို႔ Microsoft Office ကိုပဲ ေျပးျမင္ၾကည့္လိုက္ပါ။ သူ႔ကို Windows နဲ႔ macOS ႏွစ္မ်ိဳးလုံးမွာ သုံးႏိုင္တယ္ဆိုမယ့္ Feature ပိုစုံတယ္၊ Update ပိုျဖစ္တယ္ဆိုတဲ့ အခ်က္ကို Windows မွာပဲ ေတြ႕ႏိုင္ပါတယ္။ ဒါေၾကာင့္မလို႔ Mac ေတြထက္ သုံးရပိုအစဥ္ေျပသလို Software အမ်ားစု Windows နဲ႔သုံးရတာ ပို Stable ျဖစ္ပါတယ္။

Softwares run great on Windows PCs

Windows OS ကို ႀကိဳက္သလို Customize လုပ္ႏိုင္တယ္

OS Stability နဲ႔ ပို Secure ျဖစ္တဲ့အခ်က္ကို ေျပာရရင္ macOS ကို ယွဥ္ဖို႔ မလြယ္ေသးပါဘူး၊ ဒါေပမယ့္လည္း OS အတြင္းပိုင္းအထိ စိတ္ႀကိဳက္ Customize လုပ္မရေသးတာက ဝမ္းနည္းစရာပါ။ Windows မွာေတာ့ Start Screen ဘယ္လိုထားမယ္၊ Lock Screen ဘယ္လိုလုပ္ထားမယ္ကအစ စိတ္ႀကိဳက္သြားျပင္ႏိုင္ပါတယ္။

Customizable Startscreen

ပ်က္သြားရင္ ကုန္က်စရိတ္ Windows PC ေတြ ပိုနည္းတယ္

Mac ပဲ ပ်က္ပ်က္၊ Windows PC ပဲပ်က္ပ်က္ Service ျပရရင္ Windows သမားေတြ Mac User ထက္ ပိုစိတ္ရွည္ရပါတယ္။ Brand ေတြက မႈိလိုေပါက္ေနတာဆိုေတာ့ ဝယ္ထားတဲ့ ေမာ္ဒယ္အလိုက္ ေသေသခ်ာခ်ာ ေမးျမန္း ျပင္ဆင္ႏိုင္မွ ဂ်င္းအထည့္ မခံရမွာပါ။ ဒီျပႆနာ Mac User မႀကဳံရေပမယ့္ သူ႔အစိတ္ပိုင္းတခုခ်င္းစီက Windows PC ေတြထက္ ပိုေဈးေျမာက္ပါတယ္။ ေနာက္ၿပီး Mac ျပင္ရတာ ကြၽမ္းက်င္ဦးမွဆိုေတာ့ Service ခလည္း ပိုေဈးႀကီးတယ္။

Easier to Repair

Keyboard က Mac ထက္ပိုေကာင္းတယ္

MacBook Keyboard ဒီဇိုင္းအသစ္က Attraction ရွိတယ္၊ လက္ေတာ့ကိုယ္ထည္ ပိုပါးသြားတယ္၊ ဒါေပမယ့္ Complain တက္ခံလိုက္ရတာက ဖုန္ေတာင္ အဝင္မခံေတာ့တဲ့အထိ Shallow Layer ပါးသြားလြန္းတဲ့အခ်က္က စာ႐ိုက္တာေရာ၊ အၾကမ္းခံတဲ့အခ်က္ေတြမွာ Butterfly Keyboard ဒီဇိုင္းက အျပစ္ေျပာစရာ ျဖစ္လာခဲ့တယ္။ ေနာက္ၿပီး Key တခုခုပ်က္သြားရင္ Windows မွာလို အခ်ပ္လိုက္ လွဲခ်င္တိုင္း လွဲမရဘူး၊ သူ႔ Logic Board နဲ႔ပါသြားဆက္ေနလို႔ အရမ္းအႏၲရာယ္မ်ားလြန္းတယ္။

It is easier to get Repaired

ဒါေၾကာင့္ပဲ Generation 2 ထပ္မိတ္ဆက္လိုက္ေပမယ့္ User Confident နည္းပါးေနဆဲပါ။ Windows Keyboard နဲ႔ Touchpad သုံးရတာ Mac ေလာက္ မ Good ေပမယ့္ ျပင္ရဆင္ရ ေထြေထြထူးထူး ျပႆနာ မရွိဘူး၊ ျပင္ရရင္လည္း ကုန္က်စရိတ္လည္း ပိုနည္းတယ္။
2B (Akhayar)
www.akhayar.com

[Unicode]

ဘာလို့ MacBook တွေဈေးကြီးပြီး Windows Laptop ကို မယှဉ်နိုင်တာလဲ?

Apple MacBook တွေက ဈေးကြီးပြီး အရည်သွေးပိုင်း စိတ်ချထားလို့ရတယ်၊ ဟိတ်ဟန် အပြည့်ရှိတယ်။ လက်တော့တလုံးမှာ ရှိသင့်တဲ့ Standard အားလုံး ပိုင်ဆိုင်နေတယ်။ နောက်ပြီး macOS ဆိုတာက အရေးကြီးဆုံး အစိတ်ပိုင်းလို့တောင် အမွှမ်းတင်ချင် တင်ထားနိုင်ပါသေးတယ်။ ဒါပေမယ့်လည်း ဈေးနှုန်းချင်းတူနေရင်တောင် စွာတေးလန် Windows Laptop တွေကို ဘာလို့ မယှဉ်နိုင်တာလဲ? ဒီလို ကောင်းကောင်းကမ်းကမ်း သုံးချင်လို့ MacBook ကို ဈေးကြီးပေး ဝယ်ထားလိုက်တာတောင် သူမပိုင်ဆိုင်နိုင်တဲ့ Windows အားသာချက်တွေက ဘာတွေဖြစ်နိုင်မလဲ?

Razer is Mac on Windows [Legend]

Windows Laptop တွေ ပိုဈေးသက်သာတယ်

ပထမဦးဆုံး MacBook နဲ့ Windows PC စျေးနှုန်းချင်း ကွာနေတာက ကုမ္ပဏီတန်ဖိုး Apple ပိုမြင့်နေလို့ပါ ။ အခုချိန်မှာ တစ်ထောင်ဘီလီယံ (တစ်ထရီလီယံ) တန်ကုမ္ပဏီ ဖြစ်သွားပြီဆိုတော့ ဘယ် Apple Product မဆို ဈေးပိုတက်သွားပြီပေါ့နော်။ ဒါကြောင့်မလို့ ဈေးအနည်းဆုံး Mac Mini တောင် ဒေါ်လာ ၅၀၀ လောက်ရှိတယ်၊ ဒီတန်ဖိုးနဲ့ ပေးရတဲ့ Mac Mini စွမ်းဆောင်ရည်က ဒေါ်လာ ၃၀၀ တန် Windows ကွန်ပျူတာ နဲ့ အတူတူပဲမလို့ Specification တူနေရင် ဘာလို့ Mac Mini ကို ရွေးမှာလဲ?

Impressive Mac Rivalry Dell XPS

ဒီလိုပဲ Apple လက်တော့တွေထဲ လှမ်းရှိုးကြည့်လိုက်ပါ၊ ဈေးအနည်းဆုံး MacBook Air ကို ဒေါ်လာ ၁၀၀၀ စရောင်းတာမလို့ တကယ့်ဘုရားစူး Price ပါ။ ဒီလို Basic Model ကိုမှ Budget သုံးနိုင်တဲ့အဆင့်ပဲရှိတာမလို့ MacBook Air Specification အတိုင်း Windows မှာ သွားဝယ်ရင် ဒေါ်လာ ၄၀၀ လောက်နဲ့ရနိုင်တယ်၊ ဒေါ်လာ ၁၀၀၀ Windows PC ဆိုရင် ဘယ်လောက်စွာနေမလဲ တွေးကြည့်လို့ရပါတယ်။

Windows PC မှာ ရွေးချယ်လို့ရတာ အများကြီးပဲ

လက်တော့ တလုံးအပြေးဝယ်တဲ့အခါ ကိုယ်သုံးချင်တဲ့ အနေထားလိုက် Windows မှာ ရွေးချယ်လို့ရတာ အများကြီးပါ။ ဂိမ်းကစားဖို့လား၊ ရုံးသုံးအတွက်လား၊ ဓာတ်ပုံ ဗီဒီယိုတည်းဖြတ်ချင်လို့လား? အိုကေဗျာ…အစုံရှိတယ်၊ Size စုံ၊ Brand မျိုးစုံနဲ့ ဘယ် Windows လက်တော့ကြိုက်လဲဆိုပြီး စိန်ပြေနေပြေ ရွေးနိုင်တယ်။

Laptops

ဒါပေမယ့် MacBook ဝယ်ဖို့ ဆုံးဖြတ်ထားရင်တော့ ဒီတံခါးကပဲဝင်၊ ဒီတံခါးကပဲပြန်ထွက် လို့ပဲပြောရမှာပါ။ ဘာလို့လဲ? သူ့မှာ ရွေးချယ်စရာ Air ရယ်၊ MacBook Pro ရယ် New MacBook ရယ် ဆိုပြီး သုံးမျိုးပဲရှိလို့၊ ဒါတောင် Pro တမျိုးပဲ Editing အတွက် Strong ဖြစ်တာ၊ သူ့မှာ Dedicated GPU နဲ့ Core i9 CPU ပါလို့။

MacBook Pro without Touchbar

Windows PC တွေ ကြိုက်သလို Upgrade လုပ်နိုင်တယ်

ဒီအချက်ကို Mac တွေ လုံးဝမလိုက်နိုင်ပါဘူး၊ ဒီ CPU ဒီ RAM ဒီ SSD နဲ့ ကြောငြာထားတဲ့ မော်ဒယ်အတိုင်း ဝယ်ပြီးသွားရင်တော့ ဒီခရီး၊ ဒီမှာတင် ဆက်မသွားတော့ဘူးလို့ မှတ်လိုက်ပါ။ ဘာ Upgrade မှ မလုပ်နိုင်သလို မနိုင်ဝန်လည်း ထမ်းခိုင်းလို့မရပါဘူး။ ဒီထက် ပိုဝမ်းနည်းစရာကောင်းတာက Windows PC တွေ ကြိုက်သလို Upgrade လုပ်နိုင်တဲ့အပြင် Hackintosh ကွန်ပျူတာဆိုပြီး ကိုယ့်ဘာသာ macOS တင် Windows Hardware တွေနဲ့ တင်သုံးနိုင်ပါသေးတယ်။

Choice is very Limited

Gaming at 4K? Sorry for Mac Users

ကွန်ပျူတာနဲ့ ဂိမ်းကစားဖို့ တွေးထားရင် MacBook ဝယ်ဖို့ မစဉ်းစားလိုက်ပါနဲ့၊ ဘာလို့လဲ? ငါ့မှာလည်း Windows လို Specs တွေ ပါတယ်လေး၊ Retina Display နဲ့ မကစားချင်ဘူးလားဆိုပြီး သံယောင်နားမထောင်လိုက်ပါနဲ့။ Mac တွေ ဘယ်လောက်ပဲ Powerful ဖြစ်တယ်ပြောပြော သူ့ OS ဒီဇိုင်းနဲ့ Cooling Efficiency ကိုက ဂိမ်းကစားဖို့အတွက် မဟုတ်ပါဘူး။ နောက်ပြီး 144Hz Screen ၊ Nvidia GPU နဲ့ Gaming Keyboard လို အရေးပါတဲ့ အစိတ်ပိုင်းတွေ ပါမလာတဲ့အတွက် Gaming Laptop ကြီးနဲ့ အလုပ်လုပ်မလား၊ ဂိမ်းဆော့မလား စိတ်ကြိုက်ဆွဲနိုင်ပါတယ်။

Gaming with Mac is Possible?

Windows Laptop တွေမှာ Port တွေ ပိုပါတယ်

Apple ကို Ditch King (ဖြုတ်ထုတ်ဘုရင်) လို့ နာမည်ပေးလိုက်တာ ပိုကောင်းမယ်ထင်ပါတယ်။ MacBook Air မှာ DVD Drive စဖြုတ်တယ်၊ 2016 MacBook တွေက စပြီး USB-2.0 Port တွေ၊ 3.0 Port တွေ၊ HDMI Port တွေဆိုပြီး ရှိရှိသမျှအပေါက်တွေ အကုန်ဖြုတ်ပစ်တယ်။ ထွက်လာတယ် မျက်နှာပြောင်တိုက်ပြီး C Port တခုထဲနဲ့ ၊ အဲ့တော့ Dongle သပ်သပ်ဝယ်သုံးရတယ်၊

More Ports on Windows PC

Mac User တွေကြည့်လိုက် Adapter မျိုးစုံနဲ့ အလုပ်ကို ရှုပ်နေတာပဲ။ TV ၊ Projector ချိတ်ဖို့ Connector သပ်သပ်၊ အားသွင်းကြိုးသပ်သပ်နဲ့၊ သူတို့ကိုကြည့်ရ မျက်စိ နောက်နေတာဆိုတော့ တစုထဲဖြစ်သွားအောင် ThunderBolt Port ဆိုပြီး ထပ်ထုတ်လိုက်တယ်။ ဒါလည်း ဂွပ်ကျနေတုန်းပဲ၊ Windows Laptop အများစုမှာ USB Port မျိုးစုံ၊ HDMI Port တွေနဲ့ Card Reader တောင် အဆစ်ပါနေသေးတာမလို့ ဘာလာလာ Ready ပါပဲ။

Even Razer offers Maintainable Parts

Windows hardware တွေက အမြဲလိုလို Update ဖြစ်နေတယ်

အနီးစပ်ဆုံး MacBook Air ကို လှမ်းကြည့်လိုက်ပါ။ ဒီပုံစံ၊ ဒီတိုင်းကြီးနဲ့ ဘယ်တော့မှလည်း Upgrade ဖြစ်မလာဘူး။ Display ကလည်း ဝွဲစွဲနေပြီ၊ Full HD Resolution လည်း မရဘူး၊ နောက်ပြီး Entry Level တောင်မှ ၂ နှစ်၊ ၃ နှစ်နေမှ Update လုပ်ပေးတာဆိုတော့ Hardware အသစ်ထွက်တိုင်း Specification မျိုးစုံ၊ ဒီဇိုင်းမျိုးစုံနဲ့ ပိုပို Powerful ဖြစ်လာတဲ့ Windows Laptop ကို ယှဉ်နိုင်ဖို့ဆိုတာ
မဖြစ်နိုင်ပါဘူး။

CPU & GPU Stickers

Productivity Software တွေ Windows နဲ့ ပိုအလုပ်လုပ်တယ်

Productivity Software ဆိုလို့ Microsoft Office ကိုပဲ ပြေးမြင်ကြည့်လိုက်ပါ။ သူ့ကို Windows နဲ့ macOS နှစ်မျိုးလုံးမှာ သုံးနိုင်တယ်ဆိုမယ့် Feature ပိုစုံတယ်၊ Update ပိုဖြစ်တယ်ဆိုတဲ့ အချက်ကို Windows မှာပဲ တွေ့နိုင်ပါတယ်။ ဒါကြောင့်မလို့ Mac တွေထက် သုံးရပိုအစဉ်ပြေသလို Software အများစု Windows နဲ့သုံးရတာ ပို Stable ဖြစ်ပါတယ်။

Softwares run great on Windows PCs

Windows OS ကို ကြိုက်သလို Customize လုပ်နိုင်တယ်

OS Stability နဲ့ ပို Secure ဖြစ်တဲ့အချက်ကို ပြောရရင် macOS ကို ယှဉ်ဖို့ မလွယ်သေးပါဘူး၊ ဒါပေမယ့်လည်း OS အတွင်းပိုင်းအထိ စိတ်ကြိုက် Customize လုပ်မရသေးတာက ဝမ်းနည်းစရာပါ။ Windows မှာတော့ Start Screen ဘယ်လိုထားမယ်၊ Lock Screen ဘယ်လိုလုပ်ထားမယ်ကအစ စိတ်ကြိုက်သွားပြင်နိုင်ပါတယ်။

Customizable Startscreen

ပျက်သွားရင် ကုန်ကျစရိတ် Windows PC တွေ ပိုနည်းတယ်

Mac ပဲ ပျက်ပျက်၊ Windows PC ပဲပျက်ပျက် Service ပြရရင် Windows သမားတွေ Mac User ထက် ပိုစိတ်ရှည်ရပါတယ်။ Brand တွေက မှိုလိုပေါက်နေတာဆိုတော့ ဝယ်ထားတဲ့ မော်ဒယ်အလိုက် သေသေချာချာ မေးမြန်း ပြင်ဆင်နိုင်မှ ဂျင်းအထည့် မခံရမှာပါ။ ဒီပြဿနာ Mac User မကြုံရပေမယ့် သူ့အစိတ်ပိုင်းတခုချင်းစီက Windows PC တွေထက် ပိုဈေးမြောက်ပါတယ်။ နောက်ပြီး Mac ပြင်ရတာ ကျွမ်းကျင်ဦးမှဆိုတော့ Service ခလည်း ပိုဈေးကြီးတယ်။

Easier to Repair

Keyboard က Mac ထက်ပိုကောင်းတယ်

MacBook Keyboard ဒီဇိုင်းအသစ်က Attraction ရှိတယ်၊ လက်တော့ကိုယ်ထည် ပိုပါးသွားတယ်၊ ဒါပေမယ့် Complain တက်ခံလိုက်ရတာက ဖုန်တောင် အဝင်မခံတော့တဲ့အထိ Shallow Layer ပါးသွားလွန်းတဲ့အချက်က စာရိုက်တာရော၊ အကြမ်းခံတဲ့အချက်တွေမှာ Butterfly Keyboard ဒီဇိုင်းက အပြစ်ပြောစရာ ဖြစ်လာခဲ့တယ်။ နောက်ပြီး Key တခုခုပျက်သွားရင် Windows မှာလို အချပ်လိုက် လှဲချင်တိုင်း လှဲမရဘူး၊ သူ့ Logic Board နဲ့ပါသွားဆက်နေလို့ အရမ်းအန္တရာယ်များလွန်းတယ်။

It is easier to get Repaired

ဒါကြောင့်ပဲ Generation 2 ထပ်မိတ်ဆက်လိုက်ပေမယ့် User Confident နည်းပါးနေဆဲပါ။ Windows Keyboard နဲ့ Touchpad သုံးရတာ Mac လောက် မ Good ပေမယ့် ပြင်ရဆင်ရ ထွေထွေထူးထူး ပြဿနာ မရှိဘူး၊ ပြင်ရရင်လည်း ကုန်ကျစရိတ်လည်း ပိုနည်းတယ်။

2B (Akhayar)
www.akhayar.com