[Zawgyi]

လက္ေရြးစင္အျဖစ္ ၁၄ ႏွစ္ၾကာကစားေပးခဲ့ၿပီးေနာက္မွာေတာ့ ရြန္းနီဟာ ႏုိင္ငံလက္ေရြးစင္အျဖစ္ကေန အနားယူေတာ့မယ္လို႔ ေၾကညာခဲ့ပါတယ္။ ၿပီးခဲ့တဲ့အဂၤါေန႔တုန္းက အဂၤလန္နည္းျပေဆာက္ဂိတ္က သူ႔ကုိ လာမယ့္ႏုိင္ငံတကာပြဲစဥ္မွာ ျပန္လည္ထည့္သြင္းအသံုးျပဳဖို႔အတြက္ ဖုန္းဆက္ေျပာခဲ့ရာမွာ ရြန္းနီက အဂၤလန္လက္ေရြးစင္အျဖစ္ကေန အားလံုးေကာင္းဖို႔အတြက္ သူအနားယူေတာ့မွာျဖစ္တဲ့အေၾကာင္း ေျပာခဲ့ပါတယ္။

အားကစားသတင္းအဖြဲ႔အစည္း (Press Association Sport) ကေန ထုတ္ျပန္ေၾကျငာရာမွာ ၊ “ ဒီအပတ္မွာ နည္းျပေဆာက္ဂိတ္က ကၽြန္ေတာ့္ကုိဖုန္းေခၚၿပီး လာမယ့္ပြဲစဥ္ေတြမွာ အဂၤလန္လက္ေရြးစင္အသင္းအတြက္ ကၽြန္ေတာ့္ကုိျပန္လိုခ်င္တယ္လို႔ေျပာခဲ့တာ ဝမ္းသာစရာပါ။ ကၽြန္ေတာ္အဲဒီအတြက္ ဂုဏ္ယူမိပါတယ္။ ဒီလိုဆံုးျဖတ္ခ်က္ခ်တာက တကယ္ခက္ခဲၿပီး ကၽြန္ေတာ္႔မိသားစု၊ အဲဗာတန္မွာရွိတဲ့ ကၽြန္ေတာ္႔မန္ေနဂ်ာအျပင္ နီးစပ္သူေတြနဲ႔ ကၽြန္ေတာ္ေဆြးေႏြးခဲ့ရတဲ့အရာတစ္ခုပါ”

“အဂၤလန္အတြက္ ကစားေပးရတယ္ဆိုတာ ကၽြန္ေတာ္႔အတြက္ အၿမဲထူးျခားတဲ့အရာပါ။ ကစားသမားတစ္ေယာက္ ဒါမွမဟုတ္ အသင္းေခါင္းေဆာင္အေနနဲ႔ ကၽြန္ေတာ္အေရြးခံရတဲ့အခါတိုင္းက တကယ့္ကိုအခြင့္ထူးတစ္ခုပါပဲ။ ကၽြန္ေတာ့္ကုိကူညီခဲ့သူေတြအေယာက္တိုင္းကုိ ေက်းဇူးတင္ပါတယ္။ ဒါေပမယ့္ ခုခ်ိန္က ထြက္သင့္တဲ့အခ်ိန္ေရာက္ၿပီလို႔ ကၽြန္ေတာ္ယံုတယ္ဗ်ာ။

“မန္ယူကုိစြန္႔ခြာရတာလည္း ခက္ခဲတဲ့အရာတစ္ခုပါပဲ။ ဒါေပမယ့္ အဲဗာတန္ဆီ အိမ္ျပန္လာတာဟာ မွန္ကန္တယ္လို႔ ကၽြန္ေတာ္သိေနတယ္ဗ်ာ။ ခုခ်ိန္မွာ သူတို႔ေအာင္ျမင္မႈရဖို႔အတြက္ ကၽြန္ေတာ့္ရဲ႕ခြန္အားေတြအားလံုးကုိ အသံုးခ်ခ်င္တယ္” စိတ္အားထက္သန္တဲ့ အဂၤလန္ပရိသတ္တစ္ေယာက္အေနနဲ႔ ကၽြန္ေတာ္ဆက္ရွိေနမွာပါ။

“ကၽြန္ေတာ္နည္းနည္းဝမ္းနည္းမိတဲ့အရာတစ္ခုကေတာ႔ ၿပိဳင္ပြဲမွာ ေအာင္ျမင္ခဲ့တဲ့ အဂၤလန္အသင္းသားတစ္ေယာက္မျဖစ္ႏုိင္ခဲ့တာပါ။ နည္းျပေဆာက္ဂိတ္ ေခၚေဆာင္လာတဲ့ စိတ္လႈပ္ရွားစရာေကာင္းတဲ့ကစားသမားေတြက ဒီရည္မွန္းခ်က္ကုိ ေနာက္ထပ္ေဖာ္ေဆာင္ေပးႏုိင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” အားလံုးကလည္း အသင္းေနာက္မွာ အားေပးၾကမယ္လို႔ ေမွ်ာ္လင့္ပါတယ္။

“တစ္ေန႔မွာေတာ႔ အိပ္မက္ေတြက တကယ္ျဖစ္လာမွာပါ။ အဲဒီအခ်ိန္က်ရင္ ပရိသတ္တစ္ေယာက္အေနနဲ႔ပဲျဖစ္ျဖစ္ တတ္ႏုိင္တဲ့ဘက္ကေန ကၽြန္ေတာ္ရွိေနမယ္လို႔ ေမွ်ာ္လင့္ပါတယ္” ရြန္းနီအေနနဲ႔ အဂၤလန္လက္ေရြးစင္အျဖစ္ကစားလာခဲ့တာဟာ ၁၄ ႏွစ္တိုင္တိုင္ရွိခဲ့ၿပီျဖစ္ၿပီး ႏုိင္ငံအတြက္ ပြဲဦးထြက္ကစားေပးခဲ့တာကေတာ့ ၾသစေတးလ်အသင္းနဲ႔ ေျခစမ္းပြဲစဥ္ျဖစ္ၿပီး Upton Park ကြင္း၊ ေဖေဖာ္ဝါရီ ၂၀၀၃ ခုႏွစ္မွာ စတင္ကစားခဲ့တာျဖစ္ပါတယ္။

သူ႔ရဲ႕ပထမဆံုးႏုိင္ငံတကာဂိုးကုိေတာ႔ စက္တင္ဘာလ မက္ဆီဒိုးနီးယားနဲ႔ပြဲမွာ သြင္းယူခဲ့တာပါ။ ရြန္းနီအေနနဲ႔ ႏိုင္ငံတကာၿပိဳင္ပြဲ စုစုေပါင္း ၆ ႀကိမ္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး အဂၤလန္အသင္းနဲ႔အတူ ကမာၻ႔ဖလားၿပိဳင္ပြဲေတြကုိ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ခုနွစ္ေတြမွာ ၃ ႀကိမ္တိတိ ပါဝင္ကစားခဲ့သလို ယူရိုၿပိဳင္ပြဲေတြကုိလည္း ၂၀၀၄၊ ၂၀၁၂၊ ၂၀၁၆ ခုႏွစ္ေတြမွာ ပါဝင္ခဲ့ဖူးတာပါ။

အသက္ ၃၁ ႏွစ္ရွိၿပီျဖစ္တဲ့ ယူႏုိက္တက္ ကစားသမားေဟာင္းဟာ အဂၤလန္ရဲ႕ လက္ေရြးစင္သြင္းဂိုးအမ်ားဆံုးကစားသမား ေဘာ္ဘီခ်ာလ္တန္ရဲ႕သြင္းဂိုးစံခ်ိန္ကုိ ၂၀၁၅ ၊ စက္တင္ဘာလမွာက်င္းပခဲ့တဲ့ ဆြစ္ဇာလန္အသင္းနဲ႔ပြဲစဥ္မွာ ပင္နယ္တီဂိုးသြင္းရင္း ေက်ာ္ျဖတ္ခဲ့တာျဖစ္ပါတယ္။ အဂၤလန္လက္ေရြးစင္အသင္းအတြက္ ပြဲထြက္အမ်ားဆံုးစာရင္းမွာလည္း ေဒးဗစ္ဘက္ခမ္းရဲ႕အထက္မွာ ရပ္တည္ခဲ့ၿပီး သူ႔အထက္မွာ ပီတာ ရွီလ္တန္ တစ္ဦးတည္းသာ ပြဲေပါင္း ၁၂၅ ပြဲနဲ႔ ရပ္တည္ေနတာျဖစ္ပါတယ္။

အဂၤလန္လက္ေရြးစင္အသင္းအတြက္ ဂိုးသြင္းအမ်ားဆံုးကစားသမား ၁၀ ဦး

ဝိန္း ရြန္းနီ – ၅၃ ဂိုး
ေဘာ္ဘီ ခ်ာ္လ္တန္ – ၄၉ ဂိုး
ဂယ္ရီ လိုင္ကာ – ၄၈ ဂိုး
ဂ်င္မီ ဂရိဗ္စ္ – ၄၄ ဂိုး
မုိက္ကယ္အိုဝင္ – ၄၀ ဂိုး
တြမ္ ဖင္ေနး – ၃၀ ဂိုး
နက္ ေလာ့ဖ္ ေဟာက္စ္ – ၃၀ ဂိုး
အလန္ ရွီးယား – ၃၀ ဂိုး
ဗိဗ္ ဝုဗ္ဝတ္ဒ္ – ၂၉ ဂိုး
ဖရန္႔ လမ္းပတ္ – ၂၉ ဂိုး

အဂၤလန္လက္ေရြးစင္အတြက္ ကစားေပးသည့္ပြဲေပါင္းအမ်ားဆံုး ကစားသမား ၈ ဦး

ပီတာ ရွိလ္တန္ – ၁၂၅ ပြဲ
ဝိန္း ရြန္းနီ – ၁၁၉ ပြဲ
ေဒးဗစ္ ဘက္ခမ္း – ၁၁၅ ပြဲ
စတီဗင္ ဂ်ရတ္ – ၁၁၄ ပြဲ
ေဘာ္ဘီ မိုး – ၁၀၈ ပြဲ
အက္ရွ္ေလကိုးလ္ – ၁၀၇ ပြဲ
ေဘာ္ဘီလ္ ခ်ာလ္တန္ – ၁၀၆ ပြဲ
ဖရန္႔ လမ္းပတ္ – ၁၀၆ ပြဲ

ႏုိင္ငံလက္ေရြးစင္အသင္းအတြက္ ၁၁၉ ပြဲ ကစားထားၿပီး ၅၃ ဂိုးသြင္းယူထားႏုိင္ခဲ့တဲ့ ရြန္းနီအေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္တုန္းက ၂၀၁၈ ကမာၻ႔ဖလားပြဲစဥ္ေတြၿပီးရင္ အနားယူေတာ့မယ္လို႔ စကားသံထြက္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ ကိစၥေတြက အားလံုးထင္မွတ္ထားတာထက္ ပုိေစာၿပီးျဖစ္ပ်က္သြားဖုိ႔ ဖန္လာခဲ့တယ္လို႔ ဆိုရမလား။ ၿပီးခဲ့တဲ့မတ္လတုန္းက အဂၤလန္အၿမဲတမ္းနည္းျပအျဖစ္ နည္းျပေဆာက္ဂိတ္တာဝန္ယူလိုက္ခ်ိန္မွာ ရြန္းနီကုိ လက္ေရြးစင္လူစာရင္းကေန ခ်န္လွပ္ခဲ့ပါတယ္။ ဒါေပမယ့္ မန္ယူကေန အဲဗာတန္ကုိျပန္ေရာက္ခ်ိန္မွာ ငယ္မူငယ္ေသြးေတြျပန္ျပေနတဲ့ ရြန္းနီကုိ နည္းျပေဆာက္ဂိတ္က လာမယ့္ Malta နဲ႔ ဆလိုေဗးကီယားအသင္းေတြနဲ႔ကစားမယ့္ ၂၀၁၈ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္ေတြအတြက္ ျပန္လည္ေခၚယူခ်င္ခဲ့ပါတယ္။

ဒါေပမယ့္ ပီတာ ရွီလ္တန္ရဲ႕ ပြဲထြက္အမ်ားဆံုးစံခ်ိန္ ၁၂၅ ပြဲကုိမီွဖို႔ လက္တစ္ကမ္းအလိုမွာပဲ ဒီအဂၤလန္ကပၸတိန္ေဟာင္းက လက္ေရြးစင္ကေန အနားယူဖို႔ကုိ ေရြးခ်ယ္သြားခဲ့တာပါ။ အဂၤလန္လက္ေရြးစင္အျဖစ္ သူေနာက္ဆံုးကစားခဲ့တဲ့ပြဲကေတာ့ ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္၊ ႏုိဝင္ဘာမွာ ၿပိဳင္ဖက္ေဟာင္း စေကာ့တလန္ကုိ ၃း၀ ဆိုတဲ့ရလဒ္နဲ႔ အႏုိင္ယူႏုိင္ခဲ့တဲ့ပြဲျဖစ္ပါတယ္။ ရြန္းနီရဲ႕ လက္ေရြးစင္ဘဝကေန အနားယူတဲ့သတင္းကေတာ႔ ဒီေန႔ၾကာသပေတးေန႔မွာ ေၾကညာမယ့္ နည္းျပေဆာက္ဂိတ္ရဲ႕ လက္ေရြးစင္လူစာရင္းကုိ တနည္းနည္းနဲ႔ လႊမ္းမိုးမႈရွိေနမလားဆိုတာမသိေပမယ့္ သူ႔ကုိႏွစ္သက္တဲ့ ႏုိင္ငံအသင္းပရိသတ္ေတြအေနနဲ႔ေတာ့ တနည္းနည္းနဲ႔ လြမ္းဆြတ္အမွတ္ရစရာျဖစ္ေနမွာ အမွန္ပဲျဖစ္ပါတယ္။

HGID_KV_Ads_Square

www.akhayar.com

[Unicode]

လက်ရွေးစင်အဖြစ် ၁၄ နှစ်ကြာကစားပေးခဲ့ပြီးနောက်မှာတော့ ရွန်းနီဟာ နိုင်ငံလက်ရွေးစင်အဖြစ်ကနေ အနားယူတော့မယ်လို့ ကြေညာခဲ့ပါတယ်။ ။ ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက အင်္ဂလန်နည်းပြဆောက်ဂိတ်က သူ့ကို လာမယ့်နိုင်ငံတကာပွဲစဉ်မှာ ပြန်လည်ထည့်သွင်းအသုံးပြုဖို့အတွက် ဖုန်းဆက်ပြောခဲ့ရာမှာ ရွန်းနီက အင်္ဂလန်လက်ရွေးစင်အဖြစ်ကနေ အားလုံးကောင်းဖို့အတွက် သူအနားယူတော့မှာဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။

အားကစားသတင်းအဖွဲ့အစည်း (Press Association Sport) ကနေ ထုတ်ပြန်ကြေငြာရာမှာ ၊ “ ဒီအပတ်မှာ နည်းပြဆောက်ဂိတ်က ကျွန်တော့်ကိုဖုန်းခေါ်ပြီး လာမယ့်ပွဲစဉ်တွေမှာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကျွန်တော့်ကိုပြန်လိုချင်တယ်လို့ပြောခဲ့တာ ဝမ်းသာစရာပါ။ ကျွန်တော်အဲဒီအတွက် ဂုဏ်ယူမိပါတယ်။ ဒီလိုဆုံးဖြတ်ချက်ချတာက တကယ်ခက်ခဲပြီး ကျွန်တော့်မိသားစု၊ အဲဗာတန်မှာရှိတဲ့ ကျွန်တော့်မန်နေဂျာအပြင် နီးစပ်သူတွေနဲ့ ကျွန်တော်ဆွေးနွေးခဲ့ရတဲ့အရာတစ်ခုပါ”

“အင်္ဂလန်အတွက် ကစားပေးရတယ်ဆိုတာ ကျွန်တော့်အတွက် အမြဲထူးခြားတဲ့အရာပါ။ ကစားသမားတစ်ယောက် ဒါမှမဟုတ် အသင်းခေါင်းဆောင်အနေနဲ့ ကျွန်တော်အရွေးခံရတဲ့အခါတိုင်းက တကယ့်ကိုအခွင့်ထူးတစ်ခုပါပဲ။ ကျွန်တော့်ကိုကူညီခဲ့သူတွေအယောက်တိုင်းကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ခုချိန်က ထွက်သင့်တဲ့အချိန်ရောက်ပြီလို့ ကျွန်တော်ယုံတယ်ဗျာ။

“မန်ယူကိုစွန့်ခွာရတာလည်း ခက်ခဲတဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် အဲဗာတန်ဆီ အိမ်ပြန်လာတာဟာ မှန်ကန်တယ်လို့ ကျွန်တော်သိနေတယ်ဗျာ။ ခုချိန်မှာ သူတို့အောင်မြင်မှုရဖို့အတွက် ကျွန်တော့်ရဲ့ခွန်အားတွေအားလုံးကို အသုံးချချင်တယ်” စိတ်အားထက်သန်တဲ့ အင်္ဂလန်ပရိသတ်တစ်ယောက်အနေနဲ့ ကျွန်တော်ဆက်ရှိနေမှာပါ။

“ကျွန်တော်နည်းနည်းဝမ်းနည်းမိတဲ့အရာတစ်ခုကတော့ ပြိုင်ပွဲမှာ အောင်မြင်ခဲ့တဲ့ အင်္ဂလန်အသင်းသားတစ်ယောက်မဖြစ်နိုင်ခဲ့တာပါ။ နည်းပြဆောက်ဂိတ် ခေါ်ဆောင်လာတဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ကစားသမားတွေက ဒီရည်မှန်းချက်ကို နောက်ထပ်ဖော်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” အားလုံးကလည်း အသင်းနောက်မှာ အားပေးကြမယ်လို့ မျှော်လင့်ပါတယ်။

“တစ်နေ့မှာတော့ အိပ်မက်တွေက တကယ်ဖြစ်လာမှာပါ။ အဲဒီအချိန်ကျရင် ပရိသတ်တစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ် တတ်နိုင်တဲ့ဘက်ကနေ ကျွန်တော်ရှိနေမယ်လို့ မျှော်လင့်ပါတယ်” ရွန်းနီအနေနဲ့ အင်္ဂလန်လက်ရွေးစင်အဖြစ်ကစားလာခဲ့တာဟာ ၁၄ နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်ပြီး နိုင်ငံအတွက် ပွဲဦးထွက်ကစားပေးခဲ့တာကတော့ သြစတေးလျအသင်းနဲ့ ခြေစမ်းပွဲစဉ်ဖြစ်ပြီး Upton Park ကွင်း၊ ဖေဖော်ဝါရီ ၂၀၀၃ ခုနှစ်မှာ စတင်ကစားခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ပထမဆုံးနိုင်ငံတကာဂိုးကိုတော့ စက်တင်ဘာလ မက်ဆီဒိုးနီးယားနဲ့ပွဲမှာ သွင်းယူခဲ့တာပါ။ ရွန်းနီအနေနဲ့ နိုင်ငံတကာပြိုင်ပွဲ စုစုပေါင်း ၆ ကြိမ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ခုနှစ်တွေမှာ ၃ ကြိမ်တိတိ ပါဝင်ကစားခဲ့သလို ယူရိုပြိုင်ပွဲတွေကိုလည်း ၂၀၀၄၊ ၂၀၁၂၊ ၂၀၁၆ ခုနှစ်တွေမှာ ပါဝင်ခဲ့ဖူးတာပါ။

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ယူနိုက်တက် ကစားသမားဟောင်းဟာ အင်္ဂလန်ရဲ့ လက်ရွေးစင်သွင်းဂိုးအများဆုံးကစားသမား ဘော်ဘီချာလ်တန်ရဲ့သွင်းဂိုးစံချိန်ကို ၂၀၁၅ ၊ စက်တင်ဘာလမှာကျင်းပခဲ့တဲ့ ဆွစ်ဇာလန်အသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီဂိုးသွင်းရင်း ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲထွက်အများဆုံးစာရင်းမှာလည်း ဒေးဗစ်ဘက်ခမ်းရဲ့အထက်မှာ ရပ်တည်ခဲ့ပြီး သူ့အထက်မှာ ပီတာ ရှီလ်တန် တစ်ဦးတည်းသာ ပွဲပေါင်း ၁၂၅ ပွဲနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ဂိုးသွင်းအများဆုံးကစားသမား ၁၀ ဦး

ဝိန်း ရွန်းနီ – ၅၃ ဂိုး
ဘော်ဘီ ချာ်လ်တန် – ၄၉ ဂိုး
ဂယ်ရီ လိုင်ကာ – ၄၈ ဂိုး
ဂျင်မီ ဂရိဗ်စ် – ၄၄ ဂိုး
မိုက်ကယ်အိုဝင် – ၄၀ ဂိုး
တွမ် ဖင်နေး – ၃၀ ဂိုး
နက် လော့ဖ် ဟောက်စ် – ၃၀ ဂိုး
အလန် ရှီးယား – ၃၀ ဂိုး
ဗိဗ် ဝုဗ်ဝတ်ဒ် – ၂၉ ဂိုး
ဖရန့် လမ်းပတ် – ၂၉ ဂိုး

အင်္ဂလန်လက်ရွေးစင်အတွက် ကစားပေးသည့်ပွဲပေါင်းအများဆုံး ကစားသမား ၈ ဦး

ပီတာ ရှိလ်တန် – ၁၂၅ ပွဲ
ဝိန်း ရွန်းနီ – ၁၁၉ ပွဲ
ဒေးဗစ် ဘက်ခမ်း – ၁၁၅ ပွဲ
စတီဗင် ဂျရတ် – ၁၁၄ ပွဲ
ဘော်ဘီ မိုး – ၁၀၈ ပွဲ
အက်ရှ်လေကိုးလ် – ၁၀၇ ပွဲ
ဘော်ဘီလ် ချာလ်တန် – ၁၀၆ ပွဲ
ဖရန့် လမ်းပတ် – ၁၀၆ ပွဲ

နိုင်ငံလက်ရွေးစင်အသင်းအတွက် ၁၁၉ ပွဲ ကစားထားပြီး ၅၃ ဂိုးသွင်းယူထားနိုင်ခဲ့တဲ့ ရွန်းနီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက ၂၀၁၈ ကမ္ဘာ့ဖလားပွဲစဉ်တွေပြီးရင် အနားယူတော့မယ်လို့ စကားသံထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကိစ္စတွေက အားလုံးထင်မှတ်ထားတာထက် ပိုစောပြီးဖြစ်ပျက်သွားဖို့ ဖန်လာခဲ့တယ်လို့ ဆိုရမလား။ ပြီးခဲ့တဲ့မတ်လတုန်းက အင်္ဂလန်အမြဲတမ်းနည်းပြအဖြစ် နည်းပြဆောက်ဂိတ်တာဝန်ယူလိုက်ချိန်မှာ ရွန်းနီကို လက်ရွေးစင်လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။ ဒါပေမယ့် မန်ယူကနေ အဲဗာတန်ကိုပြန်ရောက်ချိန်မှာ ငယ်မူငယ်သွေးတွေပြန်ပြနေတဲ့ ရွန်းနီကို နည်းပြဆောက်ဂိတ်က လာမယ့် Malta နဲ့ ဆလိုဗေးကီယားအသင်းတွေနဲ့ကစားမယ့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအတွက် ပြန်လည်ခေါ်ယူချင်ခဲ့ပါတယ်။

ဒါပေမယ့် ပီတာ ရှီလ်တန်ရဲ့ ပွဲထွက်အများဆုံးစံချိန် ၁၂၅ ပွဲကိုမှီဖို့ လက်တစ်ကမ်းအလိုမှာပဲ ဒီအင်္ဂလန်ကပ္ပတိန်ဟောင်းက လက်ရွေးစင်ကနေ အနားယူဖို့ကို ရွေးချယ်သွားခဲ့တာပါ။ အင်္ဂလန်လက်ရွေးစင်အဖြစ် သူနောက်ဆုံးကစားခဲ့တဲ့ပွဲကတော့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာမှာ ပြိုင်ဖက်ဟောင်း စကော့တလန်ကို ၃း၀ ဆိုတဲ့ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့တဲ့ပွဲဖြစ်ပါတယ်။ ရွန်းနီရဲ့ လက်ရွေးစင်ဘဝကနေ အနားယူတဲ့သတင်းကတော့ ဒီနေ့ကြာသပတေးနေ့မှာ ကြေညာမယ့် နည်းပြဆောက်ဂိတ်ရဲ့ လက်ရွေးစင်လူစာရင်းကို တနည်းနည်းနဲ့ လွှမ်းမိုးမှုရှိနေမလားဆိုတာမသိပေမယ့် သူ့ကိုနှစ်သက်တဲ့ နိုင်ငံအသင်းပရိသတ်တွေအနေနဲ့တော့ တနည်းနည်းနဲ့ လွမ်းဆွတ်အမှတ်ရစရာဖြစ်နေမှာ အမှန်ပဲဖြစ်ပါတယ်။

HGID_KV_Ads_Square

www.akhayar.com