[Zawgyi]

ဘယ္ဘက္ေစာင္းၿပီး အိပ္စက္ျခင္းက က်န္းမာေရးအေပၚ ဘယ္လိုသက္ေရာက္မႈရွိလဲ

ပက္လက္လွန္အိပ္တာ၊ ေမွာက္အိပ္တာ၊ ဘယ္ဘက္ေစာင္းအိပ္တာ၊ ညာဘက္ေစာင္းအိပ္တာ စသျဖင့္ အိပ္တဲ့အေနအထားအမ်ိဳးမ်ိဳးထဲမွာမွ သင္က ဘယ္လိုအေနအထားနဲ႔ အိပ္စက္တတ္သူလဲ။ ေဆးပညာရွင္မ်ားရဲ႕ ေျပာၾကားခ်က္အရ ဘယ္ဘက္ေစာင္းၿပီးအိပ္တာက ခႏၶာကိုယ္လုပ္ေဆာင္ခ်က္အတြက္ ပိုမိုအက်ိဳးျပဳတယ္လို႔ ဆိုထားပါတယ္။

(၁) ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစပါတယ္

ခႏၶာကိုယ္ဘယ္ဘက္ေစာင္းၿပီး အိပ္တာက ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစပါတယ္တဲ့။ ညဘက္ႏွစ္ၿခိဳက္စြာ အိပ္မေပ်ာ္တဲ့သူေတြက အာရံုစူးစိုက္မႈအားနည္းျခင္း၊ စိတ္ဖိစီးမႈမ်ားျခင္းအျပင္ အျခားေသာ က်န္းမာေရးဆိုင္ရာ ဆိုးက်ိဳးမ်ား ျဖစ္ေပၚလာႏုိင္ပါတယ္။ ဒါေတြကို ကာကြယ္ဖို႔အတြက္ ဘယ္ဘက္ေစာင္းၿပီး အိပ္စက္သင့္ပါတယ္။

(၂) အစာအိမ္အခ်ဥ္ေပါက္ျခင္း ကင္းေဝးေစတယ္

အစာအိမ္ေရာဂါရွိတဲ့သူေတြ၊ အူလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးမေကာင္းတဲ့သူေတြကေတာ့ ဘယ္ဘက္ေစာင္းၿပီး အိပ္သင့္တယ္လို႔ ဆိုထားပါတယ္။ ညာဘက္ေစာင္းၿပီးအိပ္တဲ့အခါ အစာအိမ္တြင္းက Gas ေတြ ပိုမိုထုတ္လႊတ္မႈ ျဖစ္ေပၚေစၿပီး ရင္ပူျခင္း၊ အစာအိမ္အခ်ဥ္ေပါက္ျခင္း၊ အစာအိမ္နာျခင္း စတာေတြ ျဖစ္ေပၚလာႏုိင္ပါတယ္။

(၃) ေဟာက္တာ သက္သာေစတယ္

အသက္ရွဴလမ္းေၾကာင္းဆုိင္ရာ က်န္းမာေရးခ်ိဳ႕တဲ့သူေတြက ညဘက္အိပ္စက္ခ်ိန္မွာ ေဟာက္တတ္ၾကပါတယ္။ ေလျပြန္က တက္လာတဲ့ေလကို ညင္သာစြာ ရွဴထုတ္ႏုိင္စြမ္းအားမရွိတဲ့ခါမ်ိဳးမွာ ေဟာက္သံထြက္ေပၚလာရတာပါ။ ေဟာက္တတ္တဲ့သူေတြအေနနဲ႔ ညဘက္အိပ္တဲ့အခါမွာ ဘယ္ဘက္ေစာင္းၿပီး အိပ္စက္ၾကည့္ပါ။

(၄) ေသြးလည္ပတ္မႈ အားေကာင္းေစတယ္

ခႏၶာကိုယ္ရဲ႕ ပင္မေသြးေၾကာမ်ားက ညာဘက္မွာ တည္ရွိေနတာေၾကာင့္ ခႏၶာကိုယ္အႏွံ႔ ေသြးလည္ပတ္ေအာင္ ဘယ္ဘက္ေစာင္းၿပီး အိပ္စက္သင့္တယ္လို႔ အႀကံျပဳထားပါတယ္။ အထူးသျဖင့္ ကိုယ္ဝန္ေဆာင္မိခင္ေတြအေနနဲ႔ ဘယ္ဘက္ေစာင္းၿပီး အိပ္စက္မယ္ဆိုရင္ ႏွလံုးေသြးလည္ပတ္မႈကို ပံုမွန္ျဖစ္ေပၚေစၿပီး ေက်ာက္ကပ္ရဲ႕ လုပ္ေဆာင္ခ်က္ကလည္း ပိုမိုအားေကာင္းေစတယ္လို႔ ဆိုထားပါတယ္။

(၅) အစာေခ်ဖ်က္စနစ္အားေကာင္းေစတယ္

ညဘက္အိပ္စက္တဲ့အခါမွာ အစာေခ်ဖ်က္စနစ္က ပံုမွန္လည္ပတ္ေနတတ္ပါတယ္။ ဒီလိုအခ်ိန္မွာ ညာဘက္ေစာင္းၿပီး အိပ္စက္လိုက္မယ္ဆိုရင္ အစာေခ်ဖ်က္စနစ္ကို ေႏွာင့္ေႏွးသြားေစတယ္လို႔ ဆိုပါတယ္။ ဒါ့ေၾကာင့္ ဘယ္ဘက္ေစာင္းအိပ္တာက အစာအိမ္က်န္းမာေရးအတြက္ အေကာင္းဆံုးအေနအထားပါပဲ။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဘယ်ဘက်စောင်းပြီး အိပ်စက်ခြင်းက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ

ပက်လက်လှန်အိပ်တာ၊ မှောက်အိပ်တာ၊ ဘယ်ဘက်စောင်းအိပ်တာ၊ ညာဘက်စောင်းအိပ်တာ စသဖြင့် အိပ်တဲ့အနေအထားအမျိုးမျိုးထဲမှာမှ သင်က ဘယ်လိုအနေအထားနဲ့ အိပ်စက်တတ်သူလဲ။ ဆေးပညာရှင်များရဲ့ ပြောကြားချက်အရ ဘယ်ဘက်စောင်းပြီးအိပ်တာက ခန္ဓာကိုယ်လုပ်ဆောင်ချက်အတွက် ပိုမိုအကျိုးပြုတယ်လို့ ဆိုထားပါတယ်။

(၁) နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်

ခန္ဓာကိုယ်ဘယ်ဘက်စောင်းပြီး အိပ်တာက နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်တဲ့။ ညဘက်နှစ်ခြိုက်စွာ အိပ်မပျော်တဲ့သူတွေက အာရုံစူးစိုက်မှုအားနည်းခြင်း၊ စိတ်ဖိစီးမှုများခြင်းအပြင် အခြားသော ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါတွေကို ကာကွယ်ဖို့အတွက် ဘယ်ဘက်စောင်းပြီး အိပ်စက်သင့်ပါတယ်။

(၂) အစာအိမ်အချဉ်ပေါက်ခြင်း ကင်းဝေးစေတယ်

အစာအိမ်ရောဂါရှိတဲ့သူတွေ၊ အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးမကောင်းတဲ့သူတွေကတော့ ဘယ်ဘက်စောင်းပြီး အိပ်သင့်တယ်လို့ ဆိုထားပါတယ်။ ညာဘက်စောင်းပြီးအိပ်တဲ့အခါ အစာအိမ်တွင်းက Gas တွေ ပိုမိုထုတ်လွှတ်မှု ဖြစ်ပေါ်စေပြီး ရင်ပူခြင်း၊ အစာအိမ်အချဉ်ပေါက်ခြင်း၊ အစာအိမ်နာခြင်း စတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

(၃) ဟောက်တာ သက်သာစေတယ်

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့သူတွေက ညဘက်အိပ်စက်ချိန်မှာ ဟောက်တတ်ကြပါတယ်။ လေပြွန်က တက်လာတဲ့လေကို ညင်သာစွာ ရှူထုတ်နိုင်စွမ်းအားမရှိတဲ့ခါမျိုးမှာ ဟောက်သံထွက်ပေါ်လာရတာပါ။ ဟောက်တတ်တဲ့သူတွေအနေနဲ့ ညဘက်အိပ်တဲ့အခါမှာ ဘယ်ဘက်စောင်းပြီး အိပ်စက်ကြည့်ပါ။

(၄) သွေးလည်ပတ်မှု အားကောင်းစေတယ်

ခန္ဓာကိုယ်ရဲ့ ပင်မသွေးကြောများက ညာဘက်မှာ တည်ရှိနေတာကြောင့် ခန္ဓာကိုယ်အနှံ့ သွေးလည်ပတ်အောင် ဘယ်ဘက်စောင်းပြီး အိပ်စက်သင့်တယ်လို့ အကြံပြုထားပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဘယ်ဘက်စောင်းပြီး အိပ်စက်မယ်ဆိုရင် နှလုံးသွေးလည်ပတ်မှုကို ပုံမှန်ဖြစ်ပေါ်စေပြီး ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်ကလည်း ပိုမိုအားကောင်းစေတယ်လို့ ဆိုထားပါတယ်။

(၅) အစာချေဖျက်စနစ်အားကောင်းစေတယ်

ညဘက်အိပ်စက်တဲ့အခါမှာ အစာချေဖျက်စနစ်က ပုံမှန်လည်ပတ်နေတတ်ပါတယ်။ ဒီလိုအချိန်မှာ ညာဘက်စောင်းပြီး အိပ်စက်လိုက်မယ်ဆိုရင် အစာချေဖျက်စနစ်ကို နှောင့်နှေးသွားစေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဘယ်ဘက်စောင်းအိပ်တာက အစာအိမ်ကျန်းမာရေးအတွက် အကောင်းဆုံးအနေအထားပါပဲ။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။