[ZawGyi]

ေတာင္ကိုရီးယားမွာမိဘေတြကိုယ္တုိင္က ဘာလုိ႔ပလတ္စတစ္ဆာဂ်ရီလုပ္ဖုိ႔ တိုက္တြန္းသလဲ

ကမၻာ႔ႏိုင္ငံေတြထဲမွာ ေတာင္ကိုရီးယားဟာ ပလတ္စတစ္ဆာဂ်ရီႏိုင္ငံလို႔ဆိုရပါလိမ္႔မယ္။ ေတာင္ကိုရီးယားမွာ မိဘေတြက သားသမီးကိုမုန္႔ဖုိးေပးရင္ေတာင္ ခြဲစိတ္ျပဳျပင္ဖုိ႔အတြက္မုန္႔ဖုိးေပးၾကတာမ်ိဳးရွိပါတယ္။ အထင္ရွားဆံုးကေတာ႔ ကေလးေတြေကာလိပ္မတက္ခင္ မိဘေတြက မ်က္ရစ္ခြဲစိတ္ခိုင္းျခင္းပါပဲ။ မ်က္ရစ္ခြဲစိတ္ျခင္းကို လက္ေဆာင္တစ္ခုအေနနဲ႔ မိဘေတြက ေပးေလ႔ရွိၾကတာျဖစ္ပါတယ္။ ဒီလိုဘာေၾကာင္႔လုပ္ၾကလဲဆုိတာကို ဆိုးလ္ျမိဳ႕ ဂမ္နမ္ရပ္ကြက္မွာရွိတဲ႔ ပလတ္စတစ္ဆာဂ်ရီဆရာဝန္ကေျပာျပခဲ႔တာပါ။

“ကေလးေတြ တကၠသိုလ္ဝင္တန္းေအာင္သြားလုိ႔ ေကာလိပ္ဆက္တက္မယ္ဆုိရင္ မိဘေတြက ဆုခ်တဲ႔အေနနဲ႔ မ်က္ရစ္ခြဲစိတ္ဖုိ႔ ပို္က္ဆံေပးၾကေလ႔ရွိပါတယ္။ ကိုရီးယားလူမ်ိဳးအမ်ားစုက မ်က္ရစ္မရွိပါဘူး။ တကယ္လို႔ မျပံဳးမရယ္ဘူးဆုိရင္ ၾကည္႔ရတာရုပ္ဆုိး
နဂိုကမ်က္ရစ္မရွိ မ်က္လံုးေမွးေမွးနဲ႔ ကိုရီးယားမေလးေတြဟာ မ်က္ဝန္းေလးျပဴးလာရင္ေတာ႔ ပိုလွပလာတယ္လုိ႔ ခံယူၾကပါတယ္” လို႔ေျပာပါတယ္။

အာရွတိုက္သားေတြက တစ္ေယာက္နဲ႔တစ္ေယာက္စတင္မိတ္ဆက္ရာမွာ ကိုယ္႔ရဲ႕အသြင္အျပင္ဟာ အေရးၾကီးတယ္လို႔ ခံယူထားၾကတာကလည္း ေရွးအစဥ္အဆက္ကတည္းကပါပဲ။ ေနာက္ျပီးမ်က္ႏွာျပင္မွာ မ်က္လံုးက အေရးအၾကီးဆံုးအစိတ္အပိုင္းလုိ႔ သတ္မွတ္ထားၾကပါေသးတယ္။

“ကိုရီးယားေတြက မ်က္လံုးလွပျခင္းကိုအေရးထားတာမို႔ မ်က္ရစ္ခြဲစိတ္လိုက္ရင္ မ်က္ဝန္းအိမ္ပိုက်ယ္လာျပီး ပိုလွလာတယ္လို႔ယူဆၾကပါတယ္။ ေနာက္ထပ္အေရးၾကီးတဲ႔အခ်က္က ကိုရီးယားႏိုင္ငံမွာက ယွဥ္ျပိဳင္မႈေတြအရမ္းမ်ားတယ္။ အလုပ္တစ္ခုရွာေဖြရင္ ရုပ္ရည္လွသူေတြက ပိုအခြင္႔အေရးမ်ားတယ္။ အလွဆုိတာ လက္နက္တစ္ခုလိုပါပဲ။ အရည္အခ်င္းသာေနရင္ေတာင္ လွပသူေတြက ဦးစားေပးခံရတယ္။ ဒါေၾကာင္႔လည္း သူတို႔ေတြအတြက္ေတာ႔ ခြဲစိတ္ျပဳျပင္ျခင္းဟာ မရွိမျဖစ္လုိအပ္ခ်က္တစ္ခုအေနနဲ႔ ျဖစ္တည္ေနတာျဖစ္ပါတယ္” လို႔ လက္ေတြ႔လုပ္ငန္းလုပ္ေဆာင္ေနတဲ႔ပလတ္စတစ္ဆာဂ်ရီဆရာဝန္က ေျပာခဲ႔တာျဖစ္ပါတယ္။

သာမန္လူေတြေတာင္ တစ္ခုမဟုတ္တစ္ခုခြဲစိတ္ျပဳျပင္ေနၾကခ်ိန္မွာ အႏုပညာရွင္ေတြ မ်က္ႏွာတစ္ခုလံုးခြဲစိတ္ျပဳျပင္တာကေတာ႔ သူတုိ႔အတြက္အဆန္းမဟုတ္ေတာ႔ပါဘူး။ လွပျခင္းသည္သာ အခရာျဖစ္ေနျပီးအားလံုးလုိလုိခြဲစိတ္ေနၾကတာမို႔ ဒီေရစီးေၾကာင္းၾကီးဘယ္လိုေျပာင္းလဲသြားမလဲ တျခားေသာအာရွႏိုင္ငံေတြကိုပါ ဘယ္ေလာက္ထိျမန္ျမန္ဆန္ဆန္ပ်႕ံႏွ႕ံလာမလဲဆုိတာ သတိထားေစာင္႔ၾကည္႔ရမွာပါ။ ခုေတာင္ ဒီက အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ား ခြဲစိတ္ျပဳျပင္မႈေတြကို ေအးေအးေဆးေဆးလုပ္ေနၾကျပီေလေနာ္။

ဘာပဲျဖစ္ျဖစ္ ဒီႏိုင္ငံမွာက ရုပ္ရည္မလွလည္း တကယ္ေတာ္ရင္တတ္ရင္ အလုပ္ခန္႔တာပဲမို႔ ေတာ္ေသးတယ္လုိ႔ဆုိရမွာပါေနာ္။

Ref#www.businessinsider.com

www.akhayar.com

[Unicode]

တောင်ကိုရီးယားမှာမိဘတွေကိုယ်တိုင်က ဘာလို့ပလတ်စတစ်ဆာဂျရီလုပ်ဖို့ တိုက်တွန်းသလဲ

ကမ္ဘာ့နိုင်ငံတွေထဲမှာ တောင်ကိုရီးယားဟာ ပလတ်စတစ်ဆာဂျရီနိုင်ငံလို့ဆိုရပါလိမ့်မယ်။ တောင်ကိုရီးယားမှာ မိဘတွေက သားသမီးကိုမုန့်ဖိုးပေးရင်တောင် ခွဲစိတ်ပြုပြင်ဖို့အတွက်မုန့်ဖိုးပေးကြတာမျိုးရှိပါတယ်။ အထင်ရှားဆုံးကတော့ ကလေးတွေကောလိပ်မတက်ခင် မိဘတွေက မျက်ရစ်ခွဲစိတ်ခိုင်းခြင်းပါပဲ။ မျက်ရစ်ခွဲစိတ်ခြင်းကို လက်ဆောင်တစ်ခုအနေနဲ့ မိဘတွေက ပေးလေ့ရှိကြတာဖြစ်ပါတယ်။ ဒီလိုဘာကြောင့်လုပ်ကြလဲဆိုတာကို ဆိုးလ်မြို့ ဂမ်နမ်ရပ်ကွက်မှာရှိတဲ့ ပလတ်စတစ်ဆာဂျရီဆရာဝန်ကပြောပြခဲ့တာပါ။

“ကလေးတွေ တက္ကသိုလ်ဝင်တန်းအောင်သွားလို့ ကောလိပ်ဆက်တက်မယ်ဆိုရင် မိဘတွေက ဆုချတဲ့အနေနဲ့ မျက်ရစ်ခွဲစိတ်ဖို့ ပိုက်ဆံပေးကြလေ့ရှိပါတယ်။ ကိုရီးယားလူမျိုးအများစုက မျက်ရစ်မရှိပါဘူး။ တကယ်လို့ မပြုံးမရယ်ဘူးဆိုရင် ကြည့်ရတာရုပ်ဆိုး
နဂိုကမျက်ရစ်မရှိ မျက်လုံးမှေးမှေးနဲ့ ကိုရီးယားမလေးတွေဟာ မျက်ဝန်းလေးပြူးလာရင်တော့ ပိုလှပလာတယ်လို့ ခံယူကြပါတယ်” လို့ပြောပါတယ်။
အာရှတိုက်သားတွေက တစ်ယောက်နဲ့တစ်ယောက်စတင်မိတ်ဆက်ရာမှာ ကိုယ့်ရဲ့အသွင်အပြင်ဟာ အရေးကြီးတယ်လို့ ခံယူထားကြတာကလည်း ရှေးအစဉ်အဆက်ကတည်းကပါပဲ။ နောက်ပြီးမျက်နှာပြင်မှာ မျက်လုံးက အရေးအကြီးဆုံးအစိတ်အပိုင်းလို့ သတ်မှတ်ထားကြပါသေးတယ်။

“ကိုရီးယားတွေက မျက်လုံးလှပခြင်းကိုအရေးထားတာမို့ မျက်ရစ်ခွဲစိတ်လိုက်ရင် မျက်ဝန်းအိမ်ပိုကျယ်လာပြီး ပိုလှလာတယ်လို့ယူဆကြပါတယ်။ နောက်ထပ်အရေးကြီးတဲ့အချက်က ကိုရီးယားနိုင်ငံမှာက ယှဉ်ပြိုင်မှုတွေအရမ်းများတယ်။ အလုပ်တစ်ခုရှာဖွေရင် ရုပ်ရည်လှသူတွေက ပိုအခွင့်အရေးများတယ်။ အလှဆိုတာ လက်နက်တစ်ခုလိုပါပဲ။ အရည်အချင်းသာနေရင်တောင် လှပသူတွေက ဦးစားပေးခံရတယ်။ ဒါကြောင့်လည်း သူတို့တွေအတွက်တော့ ခွဲစိတ်ပြုပြင်ခြင်းဟာ မရှိမဖြစ်လိုအပ်ချက်တစ်ခုအနေနဲ့ ဖြစ်တည်နေတာဖြစ်ပါတယ်” လို့ လက်တွေ့လုပ်ငန်းလုပ်ဆောင်နေတဲ့ပလတ်စတစ်ဆာဂျရီဆရာဝန်က ပြောခဲ့တာဖြစ်ပါတယ်။

သာမန်လူတွေတောင် တစ်ခုမဟုတ်တစ်ခုခွဲစိတ်ပြုပြင်နေကြချိန်မှာ အနုပညာရှင်တွေ မျက်နှာတစ်ခုလုံးခွဲစိတ်ပြုပြင်တာကတော့ သူတို့အတွက်အဆန်းမဟုတ်တော့ပါဘူး။ လှပခြင်းသည်သာ အခရာဖြစ်နေပြီးအားလုံးလိုလိုခွဲစိတ်နေကြတာမို့ ဒီရေစီးကြောင်းကြီးဘယ်လိုပြောင်းလဲသွားမလဲ တခြားသောအာရှနိုင်ငံတွေကိုပါ ဘယ်လောက်ထိမြန်မြန်ဆန်ဆန်ပျံ့နှံ့လာမလဲဆိုတာ သတိထားစောင့်ကြည့်ရမှာပါ။ ခုတောင် ဒီက အနုပညာရှင်တော်တော်များများ ခွဲစိတ်ပြုပြင်မှုတွေကို အေးအေးဆေးဆေးလုပ်နေကြပြီလေနော်။

ဘာပဲဖြစ်ဖြစ် ဒီနိုင်ငံမှာက ရုပ်ရည်မလှလည်း တကယ်တော်ရင်တတ်ရင် အလုပ်ခန့်တာပဲမို့ တော်သေးတယ်လို့ဆိုရမှာပါနော်။

Ref#www.businessinsider.com

www.akhayar.com