[Zawgyi]

ေစ်းကြက္ထဲက တခ်ဳိ႕ေရေမႊးေတြ ဘာေၾကာင့္ ေစ်းတအားႀကီးရတာလဲ

ေရေမႊး Crazy ေတြဟာ ေရေမႊးေကာင္တာေတြ႔ၿပီဆိုတာနဲ႔ အနံ႔ေလးစမ္းမသံုးၾကည္႔ရရင္ မေနႏိုင္ေလာက္ေအာင္ စဲြလန္းတတ္ၾကပါတယ္။ အနံ႔ေတြကို စမ္းသံုးၾကည့္ရင္းနဲ႔ ထူးျခားတာတစ္ခုေတြ႔ရတာကေတာ့ တခ်ဳိ႕ေရေမႊးေတြက ကိုယ္မထင္မွတ္ထားေလာက္ေအာင္ ေစ်းေတြ အလြန္ေျမာက္ေနတာပဲ ျဖစ္ပါတယ္။ မယံုႏိုင္ေအာင္ ေစ်းေတြအလြန္ျမင့္မားေနတဲ႔အတြက္ ေရေမြးတစ္ပုလင္း အဲ့ဒီေလာက္ တန္တယ္ဆိုတာ ဟုတ္ေကာဟုတ္ရဲ႕လားဆိုၿပီး ယံုမွားသံသယ ျဖစ္မိၾကပါတယ္။ ဟုတ္ပါတယ္ တကယ့္ Luxury က်တဲ့ေရေမႊးေတြက ေဒၚလာရာနဲ႔ခ်ီတဲ့ တန္ေၾကးေတြကေန ေထာင္နဲ႔ခ်ီတဲ႔ တန္ေၾကးေတြအထိ ရွိၾကပါတယ္။ ဘာေၾကာင္႔ Luxury ေရေမႊးေတြရဲ႕ တန္ေၾကးေတြက အရမ္းေ်စ်းႀကီးရတာလဲဆိုၿပီး ေရေမႊးခ်စ္သူပီပီ မစပ္စုရ မေနႏိုင္ စပ္စုၾကည့္တဲ႔အခါမွာေတာ့ …….

Luxury ေရေမႊႊးေတြ ေစ်းေျမာက္တာနဲ႔ ပတ္သက္ၿပီး ေယဘုယ်ဆန္ဆန္ ေျပာရမယ္ဆိုရင္ေတာ့ အဲဒီေရေမႊးေတြဟာ Brand ေၾကာင့္မဟုတ္ဘဲ ပါဝင္တဲ႔ ကုန္ၾကမ္းပစၥည္းေတြ အလြန္ရွားပါးတဲ႔အတြက္ေၾကာင္႔ ျဖစ္ပါတယ္။ ပန္းပြင့္ေတြရဲ႕ ပြင့္ခ်ပ္ကေန အဆီအျဖစ္ ထုတ္ယူတာ၊  သစ္ပင္ (သို႔) အျမစ္ေတြကေနထုတ္ယူတာကေန ရရွိလာတဲ႔ သဘာဝရွားပါး အေမႊးနံ႔စစ္စစ္ေတြနဲ႔ ေရေမႊး ျပဳလုပ္ၾကပါတယ္။ တခ်ဳိ႕ေရေမြႊးေတြမွာေတာ့  ကတိုးေကာင္ အဖိုကေန ထုတ္ယူရရွိတဲ႔ အေမႊးနံ႔သာနဲ႔လည္း ျပဳလုပ္ၾကပါတယ္။ အျပန္အလွန္အေနနဲ႔ ေစ်းႀကီးတဲ႔ ေရေမႊးေတြ ရွိသလိုမ်ဳိး ေစ်းေပါတဲ႔ ေရေမႊးေတြလည္း ေစ်းကြက္ထဲမွာ အေျမာက္အျမား ေတြ႔ရပါတယ္။ ေစ်းသက္သာတဲ႔ ေရေမႊးေတြမွာ ပါဝင္တဲ႔ ပါဝင္ပစၥည္းေတြဟာ အလြယ္တကူ ထုတ္ယူရရွိတဲ႔ အရာေတြျဖစ္ၿပီး တခ်ဳိ႕ေတြက ဓာတ္ခဲြခန္းမွာ ဖန္တီးျပဳလုပ္ထားတဲ႔ အေမႊးနံ႔တုေတြ ျဖစ္တာေၾကာင့္ ေစ်းသက္သာရျခင္း ျဖစ္ပါတယ္။ ေနာက္ထပ္ေစ်းႀကီးရတဲ႔ အေၾကာင္းအရင္း သံုးခုလည္း ရွိပါေသးတယ္။ အဲ႔ဒီအေၾကာင္းအရင္းသံုးခုကေတာ့……..

(၁) ရွားပါးတဲ႔ပါဝင္ပစၥည္းမ်ားပါဝင္ေနျခင္း

တခ်ဳိ႕ေရေမႊးေတြမွာ ရွားပါးပန္းမ်ဳိးစိတ္ေတြရဲ႕ ပြင့္ဖတ္ေတြနဲ႔ အျမစ္ေတြကေန ေပါင္းခံထုတ္ယူရရွိတဲ့ အဆီအႏွစ္ေတြနဲ႔ ျပဳလုပ္ထားတာေတြ႔႔ရပါတယ္။ Tuberose နဲ႔ Jasmine ႏွစ္မ်ဳိးလံုးက ေစ်းႀကီးတဲ႔ အဆီအႏွစ္ေတြပဲ ျဖစ္ပါတယ္။ လူေတြလုိက္ၿပီး တုပလုပ္ဖုိ႔ ခဲယဥ္းတဲ႔ အေမႊးနံ႔ေတြ ျဖစ္ခဲ႔ရင္လည္း ေစ်းအလြန္ႀကီးပါတယ္။ ဥပမာအေနနဲ႔ ၁၉၃၀ ခုနစ္ထုတ္ ေစ်းအႀကီးဆံုးေရေမႊးစာရင္းဝင္ Brand တစ္ခုျဖစ္တဲ႔ Jean Patou Joy Perfume တစ္ပုလင္းရရွိဖို႔အတြက္ဆုိ Jasmine ပန္းပြင္႔ေပါင္း ၁၀,၆၀၀ ပြင္႔နဲ႔ Dozen Rose ေပါင္း ၂၈ ပြင္႔ကေန ထုတ္ယူရရွိပါတယ္လို႔ Fragrantica ေဖာ္ျပခ်က္အရ သိရပါတယ္။

Jean Patou Joy Perfume

Jean Patou Joy Perfume

ေစ်းႏႈန္းႀကီးျမင္႔တဲ႔ Jasmine နဲ႔ Rose အဆီအႏွစ္ေတြကို အမ်ဳိးသမီးေရေမႊးေတြမွာ အမ်ားဆံုးအသံုးျပဳေလ့ရွိၿပီး ကတိုးကေနရရွိတဲ႔ ေစ်းႏႈန္းႀကီးျမင္႔အဆီအႏွစ္ေတြကိုေတာ့ အမ်ဳိးသား Eau De Cologne ေရေမႊးေတြမွာ အမ်ားဆံုးသံုးတာေတြ႔ရပါတယ္။

ေရေမႊးပုလင္းေတြမွာ Perfum ၊ EDP နဲ႔ EDT ဆိုၿပီးေရးသားထားတာကို ေတြ႔႔ရပါတယ္။ ဒီလိုေရးသားထားတာက အဆီပါဝင္မႈႏႈန္းကို ေဖာ္ျပတာ ျဖစ္ပါတယ္။Perfume မွာ ေရေမႊးအဆီအႏွစ္္ ၁၅ ရာခုိင္ႏႈန္း (သို႔) ၁၅ ရာခုုိုင္ႏႈန္းထက္ ပိုမ်ားစြာ ပါဝင္ပါတယ္။ Eau De Parfum (EDP) မွာေတာ့ ေရေမႊးအဆီအႏွစ္ ရွစ္ရာခိုင္ႏႈန္းကေန ၁၅ ရာခိုင္ႏႈန္းအထိပါဝင္ပါတယ္။ Eau De Toilette (EDT) မွာေတာ့ အေမႊးအဆီအႏွစ္ ငါးရာခုိင္ႏႈန္းကေန ရွစ္ရာခိုင္ႏႈန္းအထိပါဝင္ပါတယ္။

(၂) Marketing ဗ်ဴဟာ

ေရေမႊးေတြ ေစ်းႀကီးရတဲ႔ ေနာက္ထပ္အေၾကာင္းအရင္းတစ္ခုကေတာ့ ကုမၸဏီေတြက ေဒၚလာသန္းေပါင္းမ်ားစြာ ရင္ႏွီးျမွဳပ္ႏွံၿပီး ေၾကာ္ျငာေပးတဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။ ထုတ္လုပ္လိုက္တဲ႔ ေရေမႊးေတြကို နာမည္ႀကီးဆယ္လီေတြနဲ႔ Influencer ေတြကို ေငြေၾကးအေျမာက္အျမားေပးသံုးခုိင္းကာ ေကာင္းပါတယ္ဆုိၿပီး ေၾကာ္ျငာၾကတာမ်ဳိးလည္း ရွိပါတယ္။

David Beckham and Perfume

David Beckham and Perfume

တခ်ဳိ႕ေရေမႊးေတြကိုေတာ့ အကန္႔အသတ္နည္းနည္းနဲ႔ထုတ္လုပ္ၿပီး ေစ်းေတြကို အျမင့္ႀကီး သတ္မွတ္ၿပီး ေရာင္းခ်တဲ႔အခါမွာ ဒီေရေမႊးေတြဟာ ေကာင္းမြန္တယ္ထင္ၿပီး လူေတြကအလုအယက္ ဝယ္ယူၾကပါတယ္။

(၃) ထုပ္ပိုးမႈပံုစံ

ေရေမႊးေရာင္းခ်သူေတြဟာ ေရေမႊးကို ဆဲြေဆာင္မႈရွိရွိနဲ႔ အမိုက္စားထုပ္ပိုးမႈျပဳလုပ္ထားရင္ ေစ်းကြက္ထဲမွာ ေျခကုပ္ယူူႏိုင္ၿပီး ေစ်းတင္ေရာင္းခ်လို႔ရေၾကာင္း ေကာင္းေကာင္းသိပါတယ္။ အဲဒီအခ်က္ကို အသံုးခ်ၿပီး ထုပ္ပိုးမႈအပိုင္းမွာ ေငြကုန္ေၾကးက်ခံကာ အေသအခ်ာ ရင္းႏွီးျမွဳပ္ႏွံၾကပါတယ္။ ဥပမာအေနနဲ႔ဆိုရင္ Baccarat Crystal Bottle ထဲမွာ ထည့္ထားတ့ဲ ေရေမႊးဟာ ကမာၻ႔ေစ်းအႀကီးဆံုး ေရေမႊးအျဖစ္ စာရင္းဝင္ဖူးပါတယ္။

Baccarat Crystal Perfume Bottles

Baccarat Crystal Perfume Bottles

Baccarat ဟာ French အေျခစိုက္ကုမၸဏီျဖစ္ၿပီး ယေန႔ေခတ္မွာ အေကာင္းဆံုး Crystal ေတြ ဖန္တီးထုတ္လုပ္ေရာင္းခ်တဲ႔ ကုမၸဏီအျဖစ္ နာမည္ေက်ာ္ၾကားပါတယ္။ တခ်ဴိ႕ေသာ ေရေမႊးပုလင္းေတြမွာ စိန္ေတြနဲ႔ ေရႊအစိုင္အခဲေတြ ျမွဳပ္ႏွံထားတယ္လို႔လည္း ၾကားသိရပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

ဈေးကွက်ထဲက တချို့ရေမွှေးတွေ ဘာကြောင့် ဈေးတအားကြီးရတာလဲ

ရေမွှေး Crazy တွေဟာ ရေမွှေးကောင်တာတွေ့ပြီဆိုတာနဲ့ အနံ့လေးစမ်းမသုံးကြည့်ရရင် မနေနိုင်လောက်အောင် စွဲလန်းတတ်ကြပါတယ်။ အနံ့တွေကို စမ်းသုံးကြည့်ရင်းနဲ့ ထူးခြားတာတစ်ခုတွေ့ရတာကတော့ တချို့ရေမွှေးတွေက ကိုယ်မထင်မှတ်ထားလောက်အောင် ဈေးတွေ အလွန်မြောက်နေတာပဲ ဖြစ်ပါတယ်။ မယုံနိုင်အောင် ဈေးတွေအလွန်မြင့်မားနေတဲ့အတွက် ရေမွေးတစ်ပုလင်း အဲ့ဒီလောက် တန်တယ်ဆိုတာ ဟုတ်ကောဟုတ်ရဲ့လားဆိုပြီး ယုံမှားသံသယ ဖြစ်မိကြပါတယ်။ ဟုတ်ပါတယ် တကယ့် Luxury ကျတဲ့ရေမွှေးတွေက ဒေါ်လာရာနဲ့ချီတဲ့ တန်ကြေးတွေကနေ ထောင်နဲ့ချီတဲ့ တန်ကြေးတွေအထိ ရှိကြပါတယ်။ ဘာကြောင့် Luxury ရေမွှေးတွေရဲ့ တန်ကြေးတွေက အရမ်းေျဈးကြီးရတာလဲဆိုပြီး ရေမွှေးချစ်သူပီပီ မစပ်စုရ မနေနိုင် စပ်စုကြည့်တဲ့အခါမှာတော့ …….

Luxury ရေမွှွှေးတွေ ဈေးမြောက်တာနဲ့ ပတ်သက်ပြီး ယေဘုယျဆန်ဆန် ပြောရမယ်ဆိုရင်တော့ အဲဒီရေမွှေးတွေဟာ Brand ကြောင့်မဟုတ်ဘဲ ပါဝင်တဲ့ ကုန်ကြမ်းပစ္စည်းတွေ အလွန်ရှားပါးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ပန်းပွင့်တွေရဲ့ ပွင့်ချပ်ကနေ အဆီအဖြစ် ထုတ်ယူတာ၊  သစ်ပင် (သို့) အမြစ်တွေကနေထုတ်ယူတာကနေ ရရှိလာတဲ့ သဘာဝရှားပါး အမွှေးနံ့စစ်စစ်တွေနဲ့ ရေမွှေး ပြုလုပ်ကြပါတယ်။ တချို့ရေမွှေးတွေမှာတော့  ကတိုးကောင် အဖိုကနေ ထုတ်ယူရရှိတဲ့ အမွှေးနံ့သာနဲ့လည်း ပြုလုပ်ကြပါတယ်။ အပြန်အလှန်အနေနဲ့ ဈေးကြီးတဲ့ ရေမွှေးတွေ ရှိသလိုမျိုး ဈေးပေါတဲ့ ရေမွှေးတွေလည်း ဈေးကွက်ထဲမှာ အမြောက်အမြား တွေ့ရပါတယ်။ ဈေးသက်သာတဲ့ ရေမွှေးတွေမှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေဟာ အလွယ်တကူ ထုတ်ယူရရှိတဲ့ အရာတွေဖြစ်ပြီး တချို့တွေက ဓာတ်ခွဲခန်းမှာ ဖန်တီးပြုလုပ်ထားတဲ့ အမွှေးနံ့တုတွေ ဖြစ်တာကြောင့် ဈေးသက်သာရခြင်း ဖြစ်ပါတယ်။ နောက်ထပ်ဈေးကြီးရတဲ့ အကြောင်းအရင်း သုံးခုလည်း ရှိပါသေးတယ်။ အဲ့ဒီအကြောင်းအရင်းသုံးခုကတော့……..

(၁) ရှားပါးတဲ့ပါဝင်ပစ္စည်းများပါဝင်နေခြင်း

တချို့ရေမွှေးတွေမှာ ရှားပါးပန်းမျိုးစိတ်တွေရဲ့ ပွင့်ဖတ်တွေနဲ့ အမြစ်တွေကနေ ပေါင်းခံထုတ်ယူရရှိတဲ့ အဆီအနှစ်တွေနဲ့ ပြုလုပ်ထားတာတွေ့ရပါတယ်။ Tuberose နဲ့ Jasmine နှစ်မျိုးလုံးက ဈေးကြီးတဲ့ အဆီအနှစ်တွေပဲ ဖြစ်ပါတယ်။ လူတွေလိုက်ပြီး တုပလုပ်ဖို့ ခဲယဉ်းတဲ့ အမွှေးနံ့တွေ ဖြစ်ခဲ့ရင်လည်း ဈေးအလွန်ကြီးပါတယ်။ ဥပမာအနေနဲ့ ၁၉၃၀ ခုနစ်ထုတ် ဈေးအကြီးဆုံးရေမွှေးစာရင်းဝင် Brand တစ်ခုဖြစ်တဲ့ Jean Patou Joy Perfume တစ်ပုလင်းရရှိဖို့အတွက်ဆို Jasmine ပန်းပွင့်ပေါင်း ၁၀,၆၀၀ ပွင့်နဲ့ Dozen Rose ပေါင်း ၂၈ ပွင့်ကနေ ထုတ်ယူရရှိပါတယ်လို့ Fragrantica ဖော်ပြချက်အရ သိရပါတယ်။

Jean Patou Joy Perfume

Jean Patou Joy Perfume

ဈေးနှုန်းကြီးမြင့်တဲ့ Jasmine နဲ့ Rose အဆီအနှစ်တွေကို အမျိုးသမီးရေမွှေးတွေမှာ အများဆုံးအသုံးပြုလေ့ရှိပြီး ကတိုးကနေရရှိတဲ့ ဈေးနှုန်းကြီးမြင့်အဆီအနှစ်တွေကိုတော့ အမျိုးသား Eau De Cologne ရေမွှေးတွေမှာ အများဆုံးသုံးတာတွေ့ရပါတယ်။

ရေမွှေးပုလင်းတွေမှာ Perfum ၊ EDP နဲ့ EDT ဆိုပြီးရေးသားထားတာကို တွေ့ရပါတယ်။ ဒီလိုရေးသားထားတာက အဆီပါဝင်မှုနှုန်းကို ဖော်ပြတာ ဖြစ်ပါတယ်။Perfume မှာ ရေမွှေးအဆီအနှစ် ၁၅ ရာခိုင်နှုန်း (သို့) ၁၅ ရာခိုင်နှုန်းထက် ပိုများစွာ ပါဝင်ပါတယ်။ Eau De Parfum (EDP) မှာတော့ ရေမွှေးအဆီအနှစ် ရှစ်ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိပါဝင်ပါတယ်။ Eau De Toilette (EDT) မှာတော့ အမွှေးအဆီအနှစ် ငါးရာခိုင်နှုန်းကနေ ရှစ်ရာခိုင်နှုန်းအထိပါဝင်ပါတယ်။

(၂) Marketing ဗျူဟာ

ရေမွှေးတွေ ဈေးကြီးရတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ ကုမ္ပဏီတွေက ဒေါ်လာသန်းပေါင်းများစွာ ရင်နှီးမြှုပ်နှံပြီး ကြော်ငြာပေးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ထုတ်လုပ်လိုက်တဲ့ ရေမွှေးတွေကို နာမည်ကြီးဆယ်လီတွေနဲ့ Influencer တွေကို ငွေကြေးအမြောက်အမြားပေးသုံးခိုင်းကာ ကောင်းပါတယ်ဆိုပြီး ကြော်ငြာကြတာမျိုးလည်း ရှိပါတယ်။

David Beckham and Perfume

David Beckham and Perfume

တချို့ရေမွှေးတွေကိုတော့ အကန့်အသတ်နည်းနည်းနဲ့ထုတ်လုပ်ပြီး ဈေးတွေကို အမြင့်ကြီး သတ်မှတ်ပြီး ရောင်းချတဲ့အခါမှာ ဒီရေမွှေးတွေဟာ ကောင်းမွန်တယ်ထင်ပြီး လူတွေကအလုအယက် ဝယ်ယူကြပါတယ်။

(၃) ထုပ်ပိုးမှုပုံစံ

ရေမွှေးရောင်းချသူတွေဟာ ရေမွှေးကို ဆွဲဆောင်မှုရှိရှိနဲ့ အမိုက်စားထုပ်ပိုးမှုပြုလုပ်ထားရင် ဈေးကွက်ထဲမှာ ခြေကုပ်ယူူနိုင်ပြီး ဈေးတင်ရောင်းချလို့ရကြောင်း ကောင်းကောင်းသိပါတယ်။ အဲဒီအချက်ကို အသုံးချပြီး ထုပ်ပိုးမှုအပိုင်းမှာ ငွေကုန်ကြေးကျခံကာ အသေအချာ ရင်းနှီးမြှုပ်နှံကြပါတယ်။ ဥပမာအနေနဲ့ဆိုရင် Baccarat Crystal Bottle ထဲမှာ ထည့်ထားတဲ့ ရေမွှေးဟာ ကမ္ဘာ့ဈေးအကြီးဆုံး ရေမွှေးအဖြစ် စာရင်းဝင်ဖူးပါတယ်။

Baccarat Crystal Perfume Bottles

Baccarat Crystal Perfume Bottles

Baccarat ဟာ French အခြေစိုက်ကုမ္ပဏီဖြစ်ပြီး ယနေ့ခေတ်မှာ အကောင်းဆုံး Crystal တွေ ဖန်တီးထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီအဖြစ် နာမည်ကျော်ကြားပါတယ်။ တချိူ့သော ရေမွှေးပုလင်းတွေမှာ စိန်တွေနဲ့ ရွှေအစိုင်အခဲတွေ မြှုပ်နှံထားတယ်လို့လည်း ကြားသိရပါတယ်။

H.H(Akhayar)

www.akhayar.com