ကိုယ်ရဲ့သူငယ်ချင်းတွေထဲမှာပဲဖြစ်ဖြစ်၊ ပြင်ပလောကကြီးထဲမှာပဲဖြစ်ဖြစ် ချောမောလှပပြီး ကျက်သရေရှိတဲ့ မိန်းကလေးတွေကို လက်တွဲဖော်မရှိဘဲ တစ်ကိုယ်တည်း အချိန်အကြာကြီး ရပ်တည်နေထိုင်ကြတာကို တွေ့ဖူးကြမှာပါ။ အဲဒီလိုတွေ့တဲ့အခါတိုင်းမှာလည်း မေးမိတဲ့မေးခွန်းကတော့ နင်တို့ ဒီလောက်ချောမောလှပနေတာကို ဘာကြောင့် ရည်စားလေးတစ်ယောက်လောက်တောင် မရှိဘဲ Single ဖြစ်နေရတာလဲဆိုတာပါပဲ။ အဲဒီလိုမေးလိုက်တိုင်း သူတို့က ရယ်မောပြီး ပြန်ဖြေတာကတော့ နားအေးပါးအေးနဲ့ အပူမရှာချင်လို့ပါဆိုပြီး ပြန်ဖြေပါလိမ့်မယ်။ သူတို့အဲ့လိုနေရတာက အမှန်မှာတော့ အဲဒီအဖြေတွေထက် ပိုလေးနက်တဲ့အကြောင်းအရာတွေ နောက်ကွယ်မှာ ရှိနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ပြီးပြည့်စုံ စမတ်ကျလှပတဲ့ အမျိုးသမီးတွေဟာ RS တစ်ခုကို ထူထောင်ကြဖို့လည်း ဆန္ဒသိပ်မရှိကြပါဘူး။ အမေရိကန်လူထုရဲ့တစ်ဝက် ၅၀.၂ ရာခိုင်နှုန်း(ခန့်မှန်းခြေလူဦးရေ ၁၂၄.၆ သန်း) က Single တွေ ဖြစ်ကြပါတယ်။ မြင်သာအောင်ပြောရမယ်ဆိုရင် အမေရိကန်မှာ လက်ထပ်ထားတဲ့သူတွေထက် Single တွေ ပိုများတယ်လို့ ပြောခြင်းဖြစ်ပါတယ်။ဘာကြောင့် အဲဒီလိုဖြစ်ရလဲဆိုတာကို အောက်မှာ အချက်လေးတွေနဲ့ ရှင်းပြပေးထားလို့ ဖတ်ကြည့်ပြီး ဟုတ်မဟုတ် ဝေဖန်ဆန်းစစ်ကြည့်ကြကပါဦး။

ခေတ်မီအမျိုးသမီးတွေဟာ အမှီအခိုကင်းကြသူတွေပါ

ယနေ့ခေတ်အမျိုးသမီးတွေဟာ မှန်တယ်လို့ ယုံကြည်ယူဆထားရင် သူတို့ရဲ့အမှန်တရားတွေအတွက် တိုက်ပွဲဝင်ပြီး ကမ္ဘာကြီးကို ပြောင်းလဲဖို့ ကြိုးစားချင်ကြပါတယ်။ အမျိုးသမီးတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုရလာပြီး လုပ်ကိုင်နိုင်လာတာနဲ့အမျှ ပိုပြီးအမှီအခိုကင်းကင်း ရှင်သန်နေနိုင်လာတဲ့အခါ အမျိုးသားတွေဆိုတာ သူတို့အတွက် မလိုအပ်တော့ပါဘူး။

ကိုယ်ပိုင်အချိန်တွေနဲ့ လွတ်လပ်ခွင့်တွေကို ပိုလေးစားလာကြပါတယ်

နေ့စဉ် အလုပ်ပြီးတာနဲ့ အမျိုးသားတွေ၊ ကလေးတွေကို အိမ်မှာ ချက်ပြုတ်ပြီး ကျွေးမွေးရတာထက် သူတို့ရဲ့ကိုယ်ပိုင်အချိန်တွေကို ဝါသနာပါရာလုပ်ပြီး ဖြုန်းရတာ ပိုကောင်းမှန်း သိလာကြပါတယ်။ ကြော့ရှင်းလှပ စွဲဆောင်မှုရှိစေဖို့ Spa တို့ Beauty Salon တို့ကို သွားတာမျိုး၊Shopping ထွက်ရတာမျိုး၊ ကိုယ့်ကိုယ်ကိုယ် တိုးတက်မှုရှိစေဖို့ သင်တန်းတက်တာမျိုး လုပ်ကာ နေထိုင်ချင်လာတဲ့အတွက် RS ဘဝကို မတည်ဆောက်တော့ဘဲ တစ်ကိုယ်ရည်ဘဝ Single Life ကိုသာ ရွေးချယ်လာကြခြင်း ဖြစ်ပါတယ်။

စိတ်ခံစားမှုတွေတည်ငြိမ်လာခြင်း

အမျိုးသမီးတွေ ပညာတွေပိုတတ်ပြီး ပိုကြံ့ခိုင်လာတာနဲ့အမျှ စိတ်ခံစားမှုတွေ ပိုတည်ငြိမ်လာကြပါတယ်။ ဒါ့အပြင် ခေတ်မီတိုးတက်လာတဲ့ ဒီလိုခေတ်ကြီးမျိုးမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူနီးပါး အခွင့်အရေးတွေလည်း ရရှိလာကြပါတယ်။ မချစ်မနှစ်သက်၊ မလေးစားတဲ့ လူမျိုးတွေနဲ့ တစ်ခုတင်ထဲ အိပ်နေမယ့်အစား ကိုယ်နဲ့ ကိုက်ညီတဲ့လူကို စောင့်တာက အကောင်းဆုံးပဲဆိုပြီး တွေးလာတာနဲ့အမျှ Single တွေ အဖြစ်နေထိုင်သူတွေ ပေါများလာပါတယ်။

ခေတ်သစ်အမျိုးသမီးတွေဟာ အဆင့်အတန်းမြင့်မြင့်နေလိုလာခြင်း

ဘွဲ့၊ ဒီဂရီတွေ နှစ်ခု၊သုံးခုထက်မနည်း ယူလာကြပြီး ကိုယ်ပညာနဲ့ကိုယ် လုပ်ကိုင်စားသောက်နေထိုင်လာတာနဲ့အမျှ ကိုယ်ရဲ့အသွင်အပြင်ကို ပိုဂရုစိုက်လာကြကာ တခြားနယ်ပယ်တွေမှာလည်း ဝင်ဆန့်နိုင်လာအောင် ကြိုးစားလာကြပါတယ်။ သူတို့ရောက်ရှိနေတဲ့ အဆင့်ထက် လျော့နည်းတဲ့ ဘဝမျိုးကို ခုန်ဆင်းဖို့လည်း သတ္တိမရှိကြတော့ပါဘူး။ ကိုယ်ရဲ့ ကြိုးစားအားထုတ်မှုတွေကို ချီးကျူးအသိအမှတ်မပြုတဲ့သူကိုလည်း မိုက်ရူးရဲဆန်ပြီး မရွေးကြတော့ပါဘူး။အဲဒီလိုမိုက်ရူးရဲဆန်ပြီး. ခုန်ဆင်းရမယ့်အစား Single အဖြစ်နဲ့သာ ဆက်ပြီး နေထိုင်တာက ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တယ်ဆိုပြီး တွေးလာကြခြင်းဖြစ်ပါတယ်။

အမျိုးသားတွေက လှပပြီး စမတ်ကျတဲ့ အမျိုးသမီးတွေနဲ့ တွေ့ရမှာ ပိုကြောက်လာကြခြင်း

အမျိုးသားတွေဟာ လှပစမတ်ကျပြီး အမှီအခိုကင်းတဲ့ အမျိုးသမီးတွေကို တွေ့ရင် ခြေလှမ်းစလှမ်းဖို့ စိတ်ပါဝင်စားမှု မရှိကြတော့ပါဘူး။ ဘာကြောင့် အဲ့လိုဖြစ်ရတာလဲဆိုတော့ အကြောင်းအရင်းနှစ်ချက်ကြောင့်ပါ။ ပထမအကြောင်းအရင်းကတော့ ဒီလိုပြီးပြည့်စုံတဲ့ အမျိုးသမီးဟာ Single မဖြစ်နိုင်ဘူးလို့ ထင်ခြင်းကြောင့် မချဉ်းကပ်တာဖြစ်ပါတယ်။ ဒုတိယအကြောင်းအရင်းကတော့ အစအစအရာအရာ ပြီးပြည့်စုံတဲ့ မိန်းကလေးနဲ့တွဲရင် ပြီးပြည့်စုံအောင် ထားနိုင်ပါမလားဆိုတဲ့ ကြောက်ရွံ့စိတ်နဲ့ သိမ်ငယ်စိတ်တွေရှိသလို ယောကျာ်းဆိုပြီး နေရာပေးခံရပါမလားဆိုပြီး စိုးရိမ်စိတ်ရှိတဲ့အတွက်ကြောင့် မချဉ်းကပ်တာဖြစ်ပါတယ်။ အမျိုးသမီးတွေကလည်း သူတို့ဘဝမှာ တော်တော်များများ ပြီးပြည့်စုံအောင် ကိုယ်တိုင်ဖန်တီးယူနိုင်လို့ ပထမခြေလှမ်းကို သူတို့ဘက်က စပြီးမလှမ်းချင်ကြခြင်းကြောင့် Single တွေ ဖြစ်နေရတာပါ။

ခေတ်သစ်အမျိုးသမီးတွေဟာ အိပ်ရာဝင်ပုံပြင်တွေနဲ့ နတ်သမီးပုံပြင်တွေကို မယုံကြည်ကြခြင်း

ခေတ်တွေပြောင်းလာတာရော၊ ခေတ်သစ်စံချိန်စံညွှန်းတွေမြင့်လာတာကြောင့်ရော အမျိုးသမီးတွေဟာ အမျိုးသားတွေပေါ် ထားရှိတဲ့ ယုံကြည်မှုတွေ လျော့ကျလာကြပါတယ်။ ဘယ်သူကမှ ပုံပြင်တွေထဲက မင်းသမီးလေးတွေနဲ့ နတ်သမီးလေးတွေ သစွာဖောက်ခံရပြီး အသည်းကွဲသလိုမျိုး အသည်းမကွဲချင်ကြပါဘူး။ကလေးဘဝက ကြည့်ခဲ့သလိုမျိုး အသည်းကွဲခံရပြီးနောက် တခြားတစ်ယောက်က အဆင့်သင့်ပေါ်လာပြီး လာကြိုက်ကာ ပျော်ရွှင်စရာဇာတ်သိမ်းလေးနဲ့ သိမ်းသွားတာမျိုးဟာ ရုပ်ရှင်ထဲမှာပဲရှိပြီး လက်တွေ့ဘဝမှာ မဖြစ်နိုင်ဘူးဆိုတာကို ကောင်းကောင်းနားလည် သဘောပေါက်ကြပါတယ်။နားလည်သဘောပေါက်လာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် ရပ်တည်နိုင်ဖို့ ကြိုးစားလာရာကနေ Single တွေ ဖြစ်မှန်းမသိ ဖြစ်သွားကြပါတယ်။

ကိုယ်ရဲ့ပတ်ဝန်းကျင်မှာရော အဲလိုသူငယ်ချင်းမျိုးတွေ၊ အဲလိုလူမျိုးတွေနဲ့ အဲလိုဆွေမျိုးတွေ ရှိကြလား။ သူတို့အဲ့လိုနေကြတာဟာ အပေါ်ကအချက်တွေကြောင့်ပဲလား ကွဲလွဲတဲ့ တခြားအချက်တွေကြောင့်လားဆိုတာ Mention ခေါ်ပြီး မေးမြန်းကာ ကွဲလွဲတဲ့အကြောင်းအရာလေးတွေကို Comment မှာ ရေးသွားပေးကြဖို့ မမေ့ပါနဲ့ဦးနော်။

H.H(Akhayar)

www.akhayar.com