[ZawGyi]

အသက္ ၂၅ ႏွစ္ေက်ာ္ အပ်ိဳၾကီးလူပ်ိဳၾကီးဆုိရင္ ဟင္းခတ္မႈန္႔နဲ႔ပက္တဲ႔ထူးျခားတဲ႔ဓေလ႔

ဒီႏိုင္ငံမွာက သီတင္းကၽြတ္ရင္ အပ်ိဳၾကီး လူပ်ိဳၾကီး မစြံေသးဘူးလား မစားရေသးဘူးလားဆုိျပီး ပါးစပ္ေလးနဲ႔သာေျပာတာ။ ဒိန္းမတ္မွာေတာ႔ အသက္ ၂၄ ျပည္႔လုိ႔၂၅ ႏွစ္ထဲေရာက္ျပီ ၊ အိမ္ေထာင္မျပဳေသးဘူးဆုိရင္ ဟင္းခတ္အေမႊးအၾကိဳင္ေတြနဲ႔ပစ္တဲ႔အေလ႔အထရွိပါတယ္တဲ႔။ ဒါဟာ ႏွစ္ေပါင္းမ်ားစြာကတည္းက လက္ခံက်င္႔သံုးလာတဲ႔ ရိုးရာအေလ႔အထျဖစ္ပါတယ္။ ဒါေၾကာင္႔ သူတုိ႔ရဲ႕လမ္းေတြေပၚမွာ မၾကာခဏဆုိသလို သစ္ၾကံပိုးေခါက္မႈန္႔ေတြျပန္႔က်ဲေနတတ္တာျဖစ္ပါတယ္။ ဒီလိုအေမႊးအၾကိဳင္မႈန္႔ေတြနဲ႔ ပက္ဖ်န္းတာကလည္း သူစိမ္းေတြမဟုတ္ျပန္ပါဘူး။ ကိုယ္႔ေဆြမ်ိဳးသားခ်င္းေတြ သူငယ္ခ်င္းေတြကလုပ္တာျဖစ္ပါတယ္။ ေခါင္းကေနေျခဖ်ားထိကို သစ္ၾကံပိုးေခါက္အမႈန္႔ေတြျဖဴး ျပီးေတာ႔ေရနဲ႔ပက္ပါတယ္။ ဒီေတာ႔ ပက္ခံရတဲ႔သူက သိပ္ေတာ႔မသက္သာလွပါဘူး။

why-singles-in-denmark-get-covered-in-cinnamon

why-singles-in-denmark-get-covered-in-cinnamon

ဒိန္းမတ္ႏိုင္ငံသားအမ်ိဳးသားတစ္ေယာက္ေျပာျပတာကေတာ႔ ဒီအေလ႔အထဟာလြန္ခဲ႔တဲ႔ႏွစ္ေပါင္းရာေက်ာ္ကတည္းက စတင္ခဲ႔တာျဖစ္ပါတယ္တဲ႔။ ဟင္းခတ္အေမႊးအၾကိဳင္ေရာင္းတဲ႔အမ်ိဳးသားေတြဟာ ေနရာအႏွ႔ံကိုခရီးထြက္ၾကသလို ကိုယ္႔ေဒသမွာတင္အေျခခ်ေနထိုင္အိမ္ေထာင္ျပဳတာမ်ိဳးမရွိတဲ႔အတြက္ အပ်ိဳၾကီးေတြအမ်ားၾကီးက်န္ရစ္ေနပါတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

ဟင္းခတ္အေမႊးအၾကိဳင္ေရာင္းခ်တဲ႔အမ်ိဳးသားေတာ္ေတာ္မ်ားမ်ားက ဘယ္ေတာ႔မွခ်စ္သူမရွာသလိုအိမ္ေထာင္လည္းမျပဳၾကပါဘူး။ သူတုိ႔ေတြကို “Pebersvends” သို႔ “Pepper Dudes” လို႔ညႊန္းသလို တစ္ကိုယ္တည္းအမ်ိဳးသမီးေတြကိုလည္း”Pebermø” သို႔ “Pepper maiden” လို႔ေခၚၾကပါတယ္တဲ႔။
အသက္ ၂၅ ႏွစ္ျပည္႔ရင္ သစ္ၾကံပိုးေခါက္မႈန္႔နဲ႔ပစ္ေလ႔ရွိျပီး အသက္ ၃၀ ျပည္႔ရင္ေတာ႔ တဆင္႔တိုးသြားတဲ႔အတြက္ ငရုတ္ေကာင္းမႈန္႔၊ ၾကက္ဥေတြနဲ႔ ပစ္ေလ႔ရွိတယ္လုိ႔ သိရပါတယ္။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

ဒီလုိအေလ႔အထရွိေပမယ္႔ ဒိန္းမတ္ႏိုင္ငံသားေတြဟာ အမ်ိဳးသားဆုိရင္ အသက္ ၃၄ ႏွစ္ အမ်ိဳးသမီးဆုိရင္ အသက္ ၃၂ ႏွစ္ေလာက္မွ အိမ္ေထာင္ျပဳေလ႔ရွိၾကပါတယ္တဲ႔။ လက္ရွိအခ်ိန္ထိ ဒီအေလ႔အထကိုလက္ခံက်င္႔သံုးေနျခင္းဟာ ကိုယ္႔ေဆြမ်ိဳးသားခ်င္းေတြ မိတ္ေဆြေတြနဲ႔ ေပ်ာ္ေပ်ာ္ပါးပါးေတြ႔ဆံုဆင္ႏႊဲႏိုင္သလို ကိုယ္႔ရဲ႕အသက္အရြယ္ကို အသိအမွတ္ျပဳတဲ႔ပြဲတစ္ခုပါျဖစ္ေနတာမုိ႔ ခ်စ္စရာေကာင္းတဲ႔ဓေလ႔တစ္ခုအျဖစ္ လက္ခံက်င္႔သံုးေနၾကတာျဖစ္တယ္လုိ႔ ဆုိပါတယ္။

Ref#businessinsider

www.akhayar.com

[Unicode]

အသက် ၂၅ နှစ်ကျော် အပျိုကြီးလူပျိုကြီးဆိုရင် ဟင်းခတ်မှုန့်နဲ့ပက်တဲ့ထူးခြားတဲ့ဓလေ့

ဒီနိုင်ငံမှာက သီတင်းကျွတ်ရင် အပျိုကြီး လူပျိုကြီး မစွံသေးဘူးလား မစားရသေးဘူးလားဆိုပြီး ပါးစပ်လေးနဲ့သာပြောတာ။ ဒိန်းမတ်မှာတော့ အသက် ၂၄ ပြည့်လို့၂၅ နှစ်ထဲရောက်ပြီ ၊ အိမ်ထောင်မပြုသေးဘူးဆိုရင် ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ပစ်တဲ့အလေ့အထရှိပါတယ်တဲ့။ ဒါဟာ နှစ်ပေါင်းများစွာကတည်းက လက်ခံကျင့်သုံးလာတဲ့ ရိုးရာအလေ့အထဖြစ်ပါတယ်။ ဒါကြောင့် သူတို့လမ်းတွေပေါ်မှာ မကြာခဏဆိုသလို သစ်ကြံပိုးခေါက်မှုန့်တွေပြန့်ကျဲနေတတ်တာဖြစ်ပါတယ်။ ဒီလိုအမွှေးအကြိုင်မှုန့်တွေနဲ့ ပက်ဖျန်းတာကလည်း သူစိမ်းတွေမဟုတ်ပြန်ပါဘူး။ ကိုယ့်ဆွေမျိုးသားချင်းတွေ သူငယ်ချင်းတွေကလုပ်တာဖြစ်ပါတယ်။ ခေါင်းကနေခြေဖျားထိကို သစ်ကြံပိုးခေါက်အမှုန့်တွေဖြူး ပြီးတော့ ရေနဲ့ပက်ပါတယ်။ ဒီတော့ ပက်ခံရတဲ့သူက သိပ်တော့မသက်သာလှပါဘူး။

why-singles-in-denmark-get-covered-in-cinnamon

why-singles-in-denmark-get-covered-in-cinnamon

ဒိန်းမတ်နိုင်ငံသားအမျိုးသားတစ်ယောက်ပြောပြတာကတော့ ဒီအလေ့အထဟာလွန်ခဲ့တဲ့နှစ်ပေါင်းရာကျော်ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်တဲ့။ ဟင်းခတ်အမွှေးအကြိုင်ရောင်းတဲ့အမျိုးသားတွေဟာ နေရာအနှံ့ကိုခရီးထွက်ကြသလို ကိုယ့်ဒေသမှာတင်အခြေချနေထိုင်အိမ်ထောင်ပြုတာမျိုးမရှိတဲ့အတွက် အပျိုကြီးတွေအများကြီးကျန်ရစ်နေပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

ဟင်းခတ်အမွှေးအကြိုင်ရောင်းချတဲ့အမျိုးသားတော်တော်များများက ဘယ်တော့မှချစ်သူမရှာသလို အိမ်ထောင်လည်းမပြုကြပါဘူး။ သူတို့တွေကို “Pebersvends” သို့ “Pepper Dudes” လို့ညွှန်းသလို တစ်ကိုယ်တည်းအမျိုးသမီးတွေကိုလည်း”Pebermø” သို့ “Pepper maiden” လို့ခေါ်ကြပါတယ်တဲ့။
အသက် ၂၅ နှစ်ပြည့်ရင် သစ်ကြံပိုးခေါက်မှုန့်နဲ့ပစ်လေ့ရှိပြီး အသက် ၃၀ ပြည့်ရင်တော့ တဆင့်တိုးသွားတဲ့အတွက် ငရုတ်ကောင်းမှုန့်၊ ကြက်ဥတွေနဲ့ ပစ်လေ့ရှိတယ်လို့ သိရပါတယ်။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

ဒီလိုအလေ့အထရှိပေမယ့် ဒိန်းမတ်နိုင်ငံသားတွေဟာ အမျိုးသားဆိုရင် အသက် ၃၄ နှစ် အမျိုးသမီးဆိုရင် အသက် ၃၂ နှစ်လောက်မှ အိမ်ထောင်ပြုလေ့ရှိကြပါတယ်တဲ့။ လက်ရှိအချိန်ထိ ဒီအလေ့အထကိုလက်ခံကျင့်သုံးနေခြင်းဟာ ကိုယ့်ဆွေမျိုးသားချင်းတွေ မိတ်ဆွေတွေနဲ့ ပျော်ပျော်ပါးပါးတွေ့ဆုံဆင်နွှဲနိုင်သလို ကိုယ့်ရဲ့အသက်အရွယ်ကို အသိအမှတ်ပြုတဲ့ပွဲတစ်ခုပါဖြစ်နေတာမို့ ချစ်စရာကောင်းတဲ့ဓလေ့တစ်ခုအဖြစ် လက်ခံကျင့်သုံးနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

Ref#businessinsider

www.akhayar.com