[Zawgyi]

Prince William ဟာ ဘာေၾကာင့္ မိသားစုနဲ႔ ခရီးအတူထြက္ခြင့္မရွိတာလဲ

ေတာ္ဝင္မိသားစုဝင္ေတြဟာ ေငြေၾကးကိစၥပူစရာ မလုိေပမယ့္ သာမန္လူေတြလုိေတာ့ လြတ္လပ္ခြင့္မရွိတာ အမွန္ပါပဲ။ မီဒီယာေတြက အာရုံစုိက္ေနတာေၾကာင့္ အစားအေသာက္၊ အေနအထုိင္၊ အျပဳအမူေတြကအစ ဆင္ျခင္ရတယ္၊ ကုန္ကုန္ေျပာရရင္ ႏုိင္ငံေရးအျမင္ကအစ ထုတ္ေျပာခြင့္မရွိဘူး။ ျမင္လြယ္ေအာင္ ေျပာရရင္ မိသားစုရက္ရွည္ခရီးထြက္မယ္ဆုိရင္ေတာင္ ဘုရင္မႀကီး Elizabeth II ခြင့္မျပဳရင္ မသြားရဘူး။

တကယ္လုိ႔ ထီးနန္းအရုိက္အရာဆက္ခံရမယ့္ Prince William ဟာ ဖခင္ျဖစ္တဲ့ Prince Charles နဲ႔ ခရီးအတူထြက္ခြင့္မရွိဘူးလုိ႔ဆုိရင္ ယုံၾကမွာ မဟုတ္ဖူး။ အထူးသျဖင့္ သားေတာ္ Prince George ဒါမွမဟုတ္ သမီးေတာ္ Princess Charlotte နဲ႔ေတာင္ တစ္ေလွတည္းစီး တစ္ခရီးတည္းသြားခြင့္မရွိဘူးဆုိရင္ ယုံတမ္းစကားလုိ႔ေတာင္ ဆုိၾကဦးမယ္။ မယုံမရွိနဲ႔ တကယ္။ ထီးနန္းဆက္ဆံရမယ့္ မ်ိဳးဆက္ႏွစ္ဦးဟာ ဘယ္ေတာ့မွ ခရီးအတူမသြားၾကပါဘူး။ လုပ္ၾကံမႈပဲျဖစ္ျဖစ္ ဒါမွမဟုတ္ မေတာ္တဆမႈတစ္ခုခုျဖစ္လာရင္ ထီးနန္းမ်ိဳးဆက္ေပ်ာက္သြားမွာစုိးတဲ့အတြက္ ျဖစ္ပါတယ္။ ေတာ္ဝင္မိသားစုရဲ႕ တရားဝင္စည္းကမ္း မဟုတ္ေပမယ့္ လူတုိင္းကေတာ့ တာဝန္တစ္ခုအေနနဲ႔ လုိက္နာၾကပါတယ္။

ဘုရင္မႀကီး Elizabeth II မရွိေတာ့ရင္ ထီးနန္းအေမြကုိ ဆက္ခံရမယ့္သူက (၆၉) ႏွစ္အရြယ္ရွိတဲ့ Prince Charles ပဲျဖစ္ပါတယ္။ သူ ကြယ္လြန္သြားရင္ေတာ့ Prince William က နန္းတက္မွာျဖစ္ပါတယ္။ သူ႕ေနာက္မွာ Prince George နဲ႔ Princess Charlotte တုိ႔က စံစားရမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ Prince William ဟာ ထီးနန္းဆက္ခံရမွာျဖစ္တဲ့အတြက္ ဖခင္ Prince Charles အျပင္ Prince George နဲ႔ Princess Charlotte တုိ႔လုိသားသမီးေတြနဲ႔ ခရီးအတူထြက္ခြင့္မရွိတာပါ။ ဒါေပမယ့္ ဘုရင္မႀကီး Elizabeth II ခြင့္ျပဳရင္ သြားႏုိင္တဲ့ အခြင့္အေရးရွိပါေသးတယ္။

ဒါေပမယ့္ အခုေနာက္ပုိင္းမွာ ခရီးသြားလာမႈေတြက ေဘးကင္းလာတယ္လုိ႔ ဘုရင္မႀကီး Elizabeth II က ယူဆလာတဲ့အတြက္ ၂ဝ၁၄ခုႏွစ္မွာ ခြင့္ျပဳေပးခဲ့ပါတယ္။ Prince William နဲ႔ Kate Middleton တုိ႔ရဲ႕ ၾသစေတးလ်ႏုိင္ငံခရီးစဥ္ကုိ သားေတာ္ Prince George ကုိ ေခၚခြင့္ေပးခဲ့ပါတယ္။

“ထီးနန္းဆက္ခံရမယ့္ မ်ိဳးဆက္ႏွစ္ဦးဟာ ခရီးအတူ ထြက္ခြင့္မရွိဘူးဆုိတာ ေတာ္ဝင္မိသားစုစည္းကမ္းေတာ့ မဟုတ္ေပမယ့္ လုိက္နာၾကပါတယ္။ ခြင့္ျပဳမိန္႔ေပးႏုိင္မယ့္ပုဂၢိဳလ္က ဘုရင္မႀကီးပါပဲ” လုိ႔ ေတာ္ဝင္မိသားစုရဲ႕ ေျပာေရးဆုိခြင့္ရွိသူတစ္ဦးက ဆုိပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Prince William ဟာ ဘာကြောင့် မိသားစုနဲ့ ခရီးအတူထွက်ခွင့်မရှိတာလဲ

တော်ဝင်မိသားစုဝင်တွေဟာ ငွေကြေးကိစ္စပူစရာ မလိုပေမယ့် သာမန်လူတွေလိုတော့ လွတ်လပ်ခွင့်မရှိတာ အမှန်ပါပဲ။ မီဒီယာတွေက အာရုံစိုက်နေတာကြောင့် အစားအသောက်၊ အနေအထိုင်၊ အပြုအမူတွေကအစ ဆင်ခြင်ရတယ်၊ ကုန်ကုန်ပြောရရင် နိုင်ငံရေးအမြင်ကအစ ထုတ်ပြောခွင့်မရှိဘူး။ မြင်လွယ်အောင် ပြောရရင် မိသားစုရက်ရှည်ခရီးထွက်မယ်ဆိုရင်တောင် ဘုရင်မကြီး Elizabeth II ခွင့်မပြုရင် မသွားရဘူး။

တကယ်လို့ ထီးနန်းအရိုက်အရာဆက်ခံရမယ့် Prince William ဟာ ဖခင်ဖြစ်တဲ့ Prince Charles နဲ့ ခရီးအတူထွက်ခွင့်မရှိဘူးလို့ဆိုရင် ယုံကြမှာ မဟုတ်ဖူး။ အထူးသဖြင့် သားတော် Prince George ဒါမှမဟုတ် သမီးတော် Princess Charlotte နဲ့တောင် တစ်လှေတည်းစီး တစ်ခရီးတည်းသွားခွင့်မရှိဘူးဆိုရင် ယုံတမ်းစကားလို့တောင် ဆိုကြဦးမယ်။ မယုံမရှိနဲ့ တကယ်။ ထီးနန်းဆက်ဆံရမယ့် မျိုးဆက်နှစ်ဦးဟာ ဘယ်တော့မှ ခရီးအတူမသွားကြပါဘူး။ လုပ်ကြံမှုပဲဖြစ်ဖြစ် ဒါမှမဟုတ် မတော်တဆမှုတစ်ခုခုဖြစ်လာရင် ထီးနန်းမျိုးဆက်ပျောက်သွားမှာစိုးတဲ့အတွက် ဖြစ်ပါတယ်။ တော်ဝင်မိသားစုရဲ့ တရားဝင်စည်းကမ်း မဟုတ်ပေမယ့် လူတိုင်းကတော့ တာဝန်တစ်ခုအနေနဲ့ လိုက်နာကြပါတယ်။

ဘုရင်မကြီး Elizabeth II မရှိတော့ရင် ထီးနန်းအမွေကို ဆက်ခံရမယ့်သူက (၆၉) နှစ်အရွယ်ရှိတဲ့ Prince Charles ပဲဖြစ်ပါတယ်။ သူ ကွယ်လွန်သွားရင်တော့ Prince William က နန်းတက်မှာဖြစ်ပါတယ်။ သူ့နောက်မှာ Prince George နဲ့ Princess Charlotte တို့က စံစားရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် Prince William ဟာ ထီးနန်းဆက်ခံရမှာဖြစ်တဲ့အတွက် ဖခင် Prince Charles အပြင် Prince George နဲ့ Princess Charlotte တို့လိုသားသမီးတွေနဲ့ ခရီးအတူထွက်ခွင့်မရှိတာပါ။ ဒါပေမယ့် ဘုရင်မကြီး Elizabeth II ခွင့်ပြုရင် သွားနိုင်တဲ့ အခွင့်အရေးရှိပါသေးတယ်။

ဒါပေမယ့် အခုနောက်ပိုင်းမှာ ခရီးသွားလာမှုတွေက ဘေးကင်းလာတယ်လို့ ဘုရင်မကြီး Elizabeth II က ယူဆလာတဲ့အတွက် ၂ဝ၁၄ခုနှစ်မှာ ခွင့်ပြုပေးခဲ့ပါတယ်။ Prince William နဲ့ Kate Middleton တို့ရဲ့ သြစတေးလျနိုင်ငံခရီးစဉ်ကို သားတော် Prince George ကို ခေါ်ခွင့်ပေးခဲ့ပါတယ်။

“ထီးနန်းဆက်ခံရမယ့် မျိုးဆက်နှစ်ဦးဟာ ခရီးအတူ ထွက်ခွင့်မရှိဘူးဆိုတာ တော်ဝင်မိသားစုစည်းကမ်းတော့ မဟုတ်ပေမယ့် လိုက်နာကြပါတယ်။ ခွင့်ပြုမိန့်ပေးနိုင်မယ့်ပုဂ္ဂိုလ်က ဘုရင်မကြီးပါပဲ” လို့ တော်ဝင်မိသားစုရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com