[Zawgyi]


Pixel 2 with Dongle


Pixel Earbuds


Minimalistic Design



$30 is still cheap


Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

[Unicode]

Pixel 3 မှာပါတဲ့ USB-C Earbuds က ဘယ်လောက်ကောင်းသလဲ

Flagship ဖုန်းတွေမှာ Earbuds တွေထည့်ပေးတယ်ဆိုတာ နည်းနေပါပြီ။ အဲ့ဒီအချက်ထက်ပိုဆိုးတာကတော့ 3.5mm Headphone Port ကို ထည့်မပေးတော့တဲ့အချက်ပါ။ အဲ့ဒီအစား Android ဖုန်းတွေမှာတော့ USB-C ကိုပဲ အားကိုးလာရပါတယ်။ 

Pixel 2 with Dongle

Google ရဲ့ Pixel 3 ဖုန်းတွေမှာလည်း 3.5mm Headphone Port မပါတော့တာကြောင့် USB-C ဖက်ကို ပြောင်းစဉ်းစားပေးလာပါတယ်။ Pixel 2 ဖုန်းတွေမှာစပြီး 3.5mm Headphone Jack တွေအတွက် Dongle ကိုထည့်ပေးလာပါတယ်။ ဒါပေမယ့် Earbuds တွေတော့ Pixel 2 ဖုန်းတွေရဲ့ ဘူးထဲမှာထည့်မပေးခဲ့ပါဘူး။ 

Pixel Earbuds

Google က Pixel 3 ဖုန်းတွေကို စထုတ်တဲ့အချိန်မှာ အဓိကပြောင်းလဲမှု သုံးခုလုပ်ခဲ့ပါတယ်။ အဲ့တာတွေကတော့ ဖုန်းအတွက် Glass ပြောင်းသုံးလာတာ၊ Pixel 3 XL မှာ Notch ထည့်ပေးလာတာနဲ့ ဖုန်းတွေနဲ့အတူ USB-C Pixel Buds တွေကိုထည့်ပေးလာတဲ့အချက်တွေပါ။ Pixel Earbuds တွေမထည့်ပေးခင်မှာ Google ရဲ့ သီးသန့် Wireless Earbuds တွေဖြစ်တဲ့ Pixel Buds တွေရှိပါတယ်။ အခုဘူးထဲမှာ တစ်ခါတည်းပါလာမယ့် USB-C Pixel Earbuds တွေကလည်း အဲ့ဒီ Wireles Pixel Buds တွေကိုမှီငြမ်းပြီးတော့ လုပ်ပေးထားတာပါ။ 

Minimalistic Design

Pixel Earbuds တွေက အကောင်းဆုံး Earbuds တွေထဲက တစ်ခုဖြစ်လာတော့မှာပါ။ ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုကတော့ ဒီ Pixel Earbuds တွေကို iPhone တွေနဲ့တော့ သုံးလို့ရမှာမဟုတ်ပါဘူး။ Apple က USB-C ပြောင်းပေးလာရင်တော့ မပြောတတ်ပါဘူး။ Google က စနေပြီဖြစ်တာကြောင့် နောက်ပိုင်းမှာတော့ ကျန်တဲ့ Android Flagship ဖုန်းတွေမှာ USB-C Earbuds တွေကို အခုထက်ပိုပြီး တွေ့လာရနိုင်ပါတယ်။ 

Pixel Earbuds တွေက ဘာကြောင့် အကောင်းဆုံး Earbuds တွေထဲက တစ်ခုဖြစ်လာနိုင်တာလဲ? ပထမဦးဆုံးပြောစရာရှိတာကတော့ Design ပါ။ Earbuds ဝယ်ဖို့စဉ်းစားသူတိုင်းက နားထဲမှာအဆင်ပြေပြေနဲ့ မြဲအောင်တပ်ထားလို့ရမရဆိုတာကို စိတ်ဝင်စားကြပါတယ်။ ဒီအတွက်တော့ Google က Pixel Earbuds တွေကို နားထဲမှာ မြဲအောင်တပ်နိုင်ဖို့အတွက် ကြိုးကို လိုသလိုချိန်ညှိလို့ရအောင် လုပ်ပေးထားပါတယ်။ နောက်ထပ်အရေးအကြီးဆုံးအချက်တော့ အသံပါ။ Pixel Earbuds တွေမှာ အသံနဲ့ပတ်သက်ရင် Clean & Smooth ဖြစ်အောင် Tune ပေးထားတာကြောင့် အသံကျယ်ကျယ်နားထောင့်တဲ့အခါတွေမှာပဲ ကြည်ကြည်လင်လင်ရှိနေမယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ 

$30 is still cheap

အဓိက Feature တစ်ခုအနေနဲ့တော့ Pixel Earbuds တွေမှာ Real-Time Translation Feature ကိုထည့်ပေးထားတာပါ။ အဲ့ဒီ Feature ကြောင့် ဘာသာစကားတွေအများကြီးကို တိုက်ရိုက် Translate လုပ်နိုင်တော့မှာပါ။ အဲ့ဒီ Feature ကိုတော့ Google က Wireless Pixel Buds တွေမှာ ပထမဦးဆုံးမိတ်ဆက်ပေးခဲ့တာပါ။ Pixel Earbuds တွေကတော့ USB-C ပါတဲ့ Android ဖုန်းတော်တော်များများနဲ့ တွဲသုံးနိုင်သလို Apple ရဲ့ USB-C ပါတဲ့ MacBook တွေနဲ့လည်း သုံးလို့ရပါသေးတယ်။ Google က Pixel 3 ဘူးတွေထဲမှာထည့်ပေးထားသလို သီးသန့်လည်း ရောင်းပေးဦးမှာပါ။ ရောင်းချမယ့်ဈေးကတော့ $30 ပဲရှိတာကြောင့် ဈေးပေါတဲ့ USB-C Earbuds စာရင်းမှာလည်း ပါဝင်နေဦးမှာပါ။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com