လူတွေဘာလို့ သချာင်္ကြောက်ကြတာလဲ

ပြင်သစ်လူမျိုးသချာင်္ပညာရှင် Laurent Schwartz  ဟာ အထက်တန်းကျောင်းသားဘဝတုန်းက  သချာင်္ကို တော်တော်ကြောက်တတ်ပြီး ပုစ္ဆာတွေတွက်နိုင်လောက်အောင် ကိုယ့်ကိုယ်ကိုထက်မြက်မှုမရှိဘူးလို့ထင်ခဲ့ဖူးပါတယ်။ ဒီလိုမျိုးကို ကျွန်တော်တို့လည်း ငယ်ငယ်က ခံစားခဲ့ဖူးပါတယ်။ သချာင်္စာမေးပွဲဖြေရမယ့် အချိန်မျိုးဆိုရင်ရင်ခုန်သံမြန်လာပြီး လက်မှာချွေးစေးလေးတွေတောင်ထွက်နေတတ်ပါတယ်။ ဗိုက်ထဲမှာလည်း ဟာတာတာဖြစ်နေပြီး အာရုံစိုက်လို့ကိုမရတော့ပါဘူး။ ဒီလိုမျိုးဖြစ်ဖူးတယ်ဆိုရင်တော့ သချာင်္ကြောက်တတ်တာ သေချာသွားပါပြီ။

အံ့သြဖို့ကောင်းတောက ကမ္ဘာပေါ်မှာ ဒီလိုမျိုးသချာင်္ကြောက်တတ်တဲ့လူတွေ အမြောက်အမြားရှိနေတာပါ။ သုတေသနရလဒ်တွေအရ လူတစ်ရာမှာ အယောက် ၂၀ လောက်က သချာင်္ကိုကြောက်တတ်ကြပါတယ်တဲ့။စိတ်ပညာရှင်အချို့ကတော့ ဒါကိုကုသလို့ပျောက်ကင်းနိုင်တဲ့ စိတ်အခြေအနေတစ်ခုလို့ ယူဆပါတယ်။ သခ်ာၤေၾကာက္တတ္တာက သခ်ာၤပညာရပ္မွာ မထူးချွန်နိုင်တော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ကျောင်းသားဘဝတုန်းက သချာင်္တော်တော်ကြောက်တတ်တဲ့ Laurent Schwartz ဟာ အသက်ကြီးတဲ့အခါမှာ သချာင်္ပညာရဲ့အဆင့်အမြင့်ဆုံးဆုဖြစ်တဲ့ Fields Medal ဆု (နိုဗယ်ဆုနှင့်အလားသဏ္ဍာန်တူ၍ သချာင်္ပညာရှင်များအကြားသြဇာကြီးသောဆုတစ်ဆု)  ကို ရရှိခဲ့ပါတယ်။

ကြောက်စိတ်ဘယ်ကစ

လူတော်တော်များများက သချာင်္ဘာသာရပ်မှာ အမှတ်နည်းတာနဲ့တင် သချာင်္ဘာသာရပ်အပေါ်ကြောက်စိတ်များလာကြရော။ သချာင်္ကိုကြောက်တော့ စာလုပ်တဲ့အချိန်မှာ သချာင်္ဘာသာရပ်ကိုကြည့်ဖြစ်တဲ့အချိန်က အခြားဘာသာရပ်တွေကို ကျက်မှတ်တဲ့အချိန်ထက်သိသိသာသာ လျော့နည်းသွားလို့ပါ။ စိတ်ပညာရှင်တွေပြောတာ က သချာင်္အပေါ်ကိုစိုးရိမ်စိတ်များလာတဲ့အချိန်ကြရင် မှတ်ဥာဏ်ကိုအဓိ ကမောင်းနှင်နေတဲ့ သိမြင်နိုင်မှု အရင်းအမြစ် (Cognitive Resource) တွေလျော့နည်းသွားပါတယ်တဲ့။ လူ့ရဲ့ဦးနှောက်မှာ ရေတိုမှတ်ဥာဏ် (Short-term Memory) နဲ့ ရေရှည်မှတ်ဥာဏ် (Long-term Memory) ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။ အဲ့ဒီနှစ်မျိုး မှာမှ ရေတိုမှတ်ဥာဏ်က ကိစ္စတစ်ခုပြီးမြောက်ဖို့လိုအပ်တဲ့ သတင်းအချက်အလက်တွေကို စနစ်တကျ စုစည်း ပေးတာပါ။ သချာင်္ပုစ္ဆာတွေကို တွက်ချက်ဖို့စိုးရိမ်ကြောက်ကြနေတာ ဒါမှမဟုတ် စာမေးပွဲစစ်ဆေးမှုတွေကို ကောင်းကောင်းမဖြေနိုင်တာက ရေတိုမှတ်ဥာဏ်ပျောက်ဆုံးသလို ဖြစ်သွားလို့ပါ။

အဲ့ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့တွေဟာ ကိုယ်ကျွမ်းကျင်နေပြီးဖြစ်တဲ့ အခြေခံတွက်ချက်မှုလေးတွေမှာတောင် အမှားအယွင်းတွေလုပ်တတ်ကြပါတယ်။ စာသင်ကြားနေတဲ့အသက်အရွယ်မှာ စာမရမှာကိုစိုးရိမ်တာ၊ စာမေးပွဲကိုကြောက်တာတွေက သချာင်္တစ်ခုတည်းမှာ ဖြစ်တာတော့မဟုတ်ပါဘူး။ တခြားဘာသာရပ်တွေမှာလည်းဖြစ်တတ်ပေမယ့် သချာင်္မှာတော့ ပိုပြီးများပါတယ်။ ဘာလို့ဒီလိုဖြစ်ရတာပါလဲ။ သုတေသနရလဒ်တွေ စာတမ်းတွေအရ ခိုင်ခိုင်မာမာကြီးဖြေရှင်းမပေးနိုင်သေးပေမယ့် အချို့သောလေ့လာမှုတွေအရ ဒီလိုမျိုးဖြစ်ရတာက ငယ်ဘဝကကိုယ့်ကိုသင်ပေးကြတဲ့ ဆရာ၊ ဆရာမတွေအပြင် မိဘတွေနဲ့လည်းအများကြီးဆိုင်ပါတယ်။ တကယ်လို့ မိဘတွေက သချာင်္ဘာသာရပ်ကို ကြီးကျယ်တဲ့ဘာသာရပ်ကြီးတစ်ခု၊ ကိုယ်နဲ့ အကျွမ်းတဝင်မရှိတဲ့ဘာသာရပ်တစ်ခုကိုပြောနေကြတယ်ဆိုရင် ကလေးရဲ့အတွင်းသဏ္ဍာန်စိတ်ထဲမှာ အဲ့ဒီလိုကြီးလို့ ထင်သွားပါတယ်။ သချာင်္ကိုကြောက်တဲ့ ဆရာ၊ ဆရာမတွေဆီကလည်း ဒီရောဂါက ကူးစက်နိုင်ချေရှိပါတယ်။

ဖိအားတွေနဲ့ အစဉ်အလာကြောင့်

ပုစ္ဆာတစ်ပုဒ်ကို ဘယ်နှစ်မိနစ်အတွင်း ပြီးအောင်တွက်ရမယ်ဆိုပြီး တွန်းအားပေးတာမျိုးက စိတ်ဖိစီးမှုအလွန်အကျွံဖြစ်စေပါတယ်။ နောက်ထပ်ဆိုးတာတစ်ခုက ယဉ်ကျေးမှုမတူညီတဲ့လူအဖွဲ့အစည်းတွေဖြစ်နေရင်တောင်မှ သချာင်္မှာ အမှတ်များတာနေရင် ထက်မြက်တဲ့သူ၊ ဥာဏ်ကောင်းတဲ့သူတစ်ယောက်အဖြစ် တညီတညွတ်တည်းသတ်မှတ်လေ့ရှိတာပါ။ ဒီလိုမျိုးအယူအဆတွေကြားမှာ ရှင်သန်လာရမှတော့ သချာင်္အပေါ်စိုးရိမ်စိတ်များတာကထူးဆန်းတဲ့ကိစ္စမဟုတ်တော့ပါဘူး။

Field Medal ဆုကိုရတဲ့ ပထမဆုံးအမျိုးသမီးရှင်လည်းဖြစ်၊ ထင်ပေါ်ကျော်ကြားတဲ့ သချာင်္ပညာရှင်လည်းဖြစ်တဲ့   Maryan Mirzakhani ဆိုရင်တောင် ငယ်ငယ်တုန်းက သချာင်္ပညာရပ်အပေါ်စိတ်ဝင်မစားမှုမရှိသလို သချာင်္ပုစ္ဆာတွေတွက်ဖို့အတွက် ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလယ်တန်းကျောင်းသူဘဝတုန်းက သချာင်္ဆရာမက သူမဟာ ဥာဏ်ရည်ဥာဏ်သွေးကောင်းသူတစ်ယောက်မဟုတ်ဘူးလို့ ပြောခဲ့လို့ပါ။

လွတ်မြောက်နိုင်တဲ့နည်းလမ်း

သက်တောင့်သက်သာလုပ်လို့ရတဲ့နည်းလမ်းတွေ ရှိပါတယ်။ တရားထိုင်တဲ့ပုံစံမျိုး အသက်ကိုဖြည်းဖြည်းရှုတာမျိုးက အထောက်အကူပြုပါတယ်။ ကိုယ်ကြောက်တဲ့ အခန်း (Chapters) တွေကို ချရေးကြည့်ပါ။ ပုံသေနည်းတွေကို ချရေးကြည့်ပါ။ ဒါကလည်း စိုးရိမ်စိတ်၊ ကြောက်စိတ်ကိုလျော့ပါးစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။နောက်ပြီးတော့ သချာင်္တွက်ရတာ အရမ်းမွန်းကြပ်လာခဲ့ရင် အသက်ပြင်းပြင်းရှုပြီး လမ်းလျှောက်ထွက်ပေးပါ။ခေါင်းအရမ်းခြောက်မခံပါနဲ့။ သချာင်္တွက်ချက်မှုကို လုပ်ဆောင်ပေးတဲ့ ဦးနှောက်ရဲ့အစိတ်အပိုင်းတွေက အမြဲကြီးထွားဖွံ့ဖြိုးနေတာဖြစ်ပါတယ်။ နောက်ပြီး စိတ်ပညာအရ ကိုယ်ကကြောက်တယ်လို့ထင်ရင် လူကမကြောက်ရင်တောင်ကြောက်သလိုဖြစ်သွားတတ်ပါတယ်။ အဲ့ဒီတော့ သချာင်္ကို မကြောက်ဘူးလို့တွေးပါ။တကယ်လို့ ကိုယ်က မိဘနေရာ (ဒါမှမဟုတ်) ဆရာနေရာရောက်လာတဲ့အချိန်ရောက်ရင် ကလေးတွေကိုတွက်တတ်ဖို့ထက် တွေးတတ်ဖို့ပိုပြီးတော့ သင်ပေးပါ။ တကယ်တော့ သချာင်္ဆိုတာကြောက်ဖို့ကောင်းတဲ့အရာမဟုတ်ပါဘူး။ သချာင်္ညံတယ်ဆိုတာထက် ပတ်ဝန်းကျင်နဲ့ ဆရာ၊ ဆရာမတွေကြောင့်သာ ညံ့သလိုဖြစ်သွားရတာပါ။

မင်းသုခ (အခရာ)

(www.akhayar.com)