[Zawgyi]

Friday the 13th ကို ဘာေၾကာင့္ ေၾကာက္ၾကတာလဲ

Friday the 13th ကို  အေနာက္တုိင္းအယူအဆအရ ကံမေကာင္းတဲ့ ရက္လို႔ ယူဆၾကပါတယ္။ ဒီအယူသည္းမွုဟာ အလယ္ေခတ္က စတင္ျဖစ္ေပၚခဲ့တယ္လို႔ သိရျပီး တစ္ခ်ိဳ႔ အဆိုေတြအရေတာ့ ခရစ္ေတာ္ရဲ့ ေနာက္ဆံုးညစာစားပြဲနဲ႔ ဆက္စပ္ေနတယ္လို႔ ဆုိပါတယ္။ က်မ္းစာ ရည္ညႊန္းခ်က္အရေတာ့ Jesus ရဲ့ တပည့္ေတာ္တစ္ေယာက္လည္း ျဖစ္၊ Jesus ကို ေနာက္ပိုင္းမွာ သစၥာေဖာက္ခဲ့တဲ့ သူလည္း ျဖစ္တဲ့ Judas ဟာ ခရစ္ေတာ္ရဲ့ ေနာက္ဆံုး ညစာစားပြဲမွာ ၁၃ ေယာက္ေျမာက္ အေနနဲ႔ ရွိခဲ့ျပီး၊ ခရစ္ေတာ္ဟာလည္း ေနာက္တစ္ေန႔ ေသာၾကာေန႔ (Good Friday) မွာ ကားစင္တင္ျခင္းကို ခံခဲ့ရပါတယ္။

ဒါေၾကာင့္လည္း Friday the 13th ကို နိမိတ္မေကာင္းတဲ့ ေန႔လို႔ သတ္မွတ္ခဲ့ၾကပံု ေပၚပါတယ္။ ကမာၻတစ္လြႊားက Friday the 13th နဲ႔ ပက္သက္ျပီး အယူသည္းမွုမ်ားကေတာ့ –

  • အေနာက္တုိင္းႏုိင္ငံေတာ္ေတာ္မ်ားမ်ားက အထပ္ျမင့္ အေဆာက္အအံုေတြမွာ ၁၃ ထပ္ေျမာက္ဆုိတာ မထားၾကပါဘူး။ တစ္ခ်ိဳ႔အိမ္ေတြဟာလည္း နံပါတ္ ၁၃ ဂဏန္းကို မထားၾကသလို ၊  လန္ဒန္က Carlton အပါအဝင္ ဟုိတယ္ေတာ္ေတာ္မ်ားမ်ားက ၁၃ လႊာကို ေဖ်ာက္ထားတတ္ၾကပါတယ္။
  • လူ ၁၃ ေယာက္ ညစာတူတူစားျခင္းကိုလည္း ကံမေကာင္းတတ္ဘူးလို႔ ယူဆၾကပါတယ္။
  • အေမရိကန္သမၼတေဟာင္း ရုစဗဲ့ဟာ ဆုိရင္ Friday the 13th မွာ ခရီးထြက္ဖို႔ကို ျငင္းခဲ့ပါတယ္။

Friday the 13th ကို အယူသည္းမွုေတြ၊ Friday the 13th ဆုိတာနဲ႔ ေၾကာက္ရြံ႔တာေတြကို Paraskavedekatriaphobia လို႔ ေခၚျပီး ဂရိစကားလံုး Paraskeví ( “Friday”) နဲ႔ dekatreís (“thirteen”) ကေန ဆင္းသက္လာတာပါ။ အဲဒီလို ေၾကာက္ရြ႔ံတတ္သူေတြဟာ ၁၃ ရက္ ေသာၾကာေန႔ ေရာက္ရင္ အျပင္ကုိ မထြက္ဘဲ တတ္ႏုိင္သမွ် အိမ္တြင္း ေအာင္းေလ့ ရွိတတ္ၾကပါသတဲ့။

ေနာက္ဆံုးအေနနဲ႔ ၂၀၁၈ ခုနွစ္အတြင္း ေသာၾကာေန႔နဲ႔ ၁၃ရက္ေန႔ ဆံုမယ့္ရက္ဟာ April 13 ရက္ေန႔ နဲ႔ ေနာက္လာမယ့္ July 13 တို႔ ျဖစ္ပါတယ္လို႔ အခရာက မွ်ေဝလိုက္ရပါတယ္ ခင္ဗ်ား။

ရိုးလူ (အခရာ)

Ref: Telegraph.co.uk

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Friday the 13th ကို ဘာကြောင့် ကြောက်ကြတာလဲ

Friday the 13th ကို  အနောက်တိုင်းအယူအဆအရ ကံမကောင်းတဲ့ ရက်လို့ ယူဆကြပါတယ်။ ဒီအယူသည်းမှုဟာ အလယ်ခေတ်က စတင်ဖြစ်ပေါ်ခဲ့တယ်လို့ သိရပြီး တစ်ချို့ အဆိုတွေအရတော့ ခရစ်တော်ရဲ့ နောက်ဆုံးညစာစားပွဲနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ကျမ်းစာ ရည်ညွှန်းချက်အရတော့ Jesus ရဲ့ တပည့်တော်တစ်ယောက်လည်း ဖြစ်၊ Jesus ကို နောက်ပိုင်းမှာ သစ္စာဖောက်ခဲ့တဲ့ သူလည်း ဖြစ်တဲ့ Judas ဟာ ခရစ်တော်ရဲ့ နောက်ဆုံး ညစာစားပွဲမှာ ၁၃ ယောက်မြောက် အနေနဲ့ ရှိခဲ့ပြီး၊ ခရစ်တော်ဟာလည်း နောက်တစ်နေ့ သောကြာနေ့ (Good Friday) မှာ ကားစင်တင်ခြင်းကို ခံခဲ့ရပါတယ်။

ဒါကြောင့်လည်း Friday the 13th ကို နိမိတ်မကောင်းတဲ့ နေ့လို့ သတ်မှတ်ခဲ့ကြပုံ ပေါ်ပါတယ်။ ကမ္ဘာတစ်လွှားက Friday the 13th နဲ့ ပက်သက်ပြီး အယူသည်းမှုများကတော့ –

  • အနောက်တိုင်းနိုင်ငံတော်တော်များများက အထပ်မြင့် အဆောက်အအုံတွေမှာ ၁၃ ထပ်မြောက်ဆိုတာ မထားကြပါဘူး။ တစ်ချို့အိမ်တွေဟာလည်း နံပါတ် ၁၃ ဂဏန်းကို မထားကြသလို ၊  လန်ဒန်က Carlton အပါအဝင် ဟိုတယ်တော်တော်များများက ၁၃ လွှာကို ဖျောက်ထားတတ်ကြပါတယ်။
  • လူ ၁၃ ယောက် ညစာတူတူစားခြင်းကိုလည်း ကံမကောင်းတတ်ဘူးလို့ ယူဆကြပါတယ်။
  • အမေရိကန်သမ္မတဟောင်း ရုစဗဲ့ဟာ ဆိုရင် Friday the 13th မှာ ခရီးထွက်ဖို့ကို ငြင်းခဲ့ပါတယ်။

Friday the 13th ကို အယူသည်းမှုတွေ၊ Friday the 13th ဆိုတာနဲ့ ကြောက်ရွံ့တာတွေကို Paraskavedekatriaphobia လို့ ခေါ်ပြီး ဂရိစကားလုံး Paraskeví ( “Friday”)  နဲ့ dekatreís (“thirteen”) ကနေ ဆင်းသက်လာတာပါ။ အဲဒီလို ကြောက်ရွံ့တတ်သူတွေဟာ ၁၃ ရက် သောကြာနေ့ ရောက်ရင် အပြင်ကို မထွက်ဘဲ တတ်နိုင်သမျှ အိမ်တွင်း အောင်းလေ့ ရှိတတ်ကြပါသတဲ့။

နောက်ဆုံးအနေနဲ့ ၂၀၁၈ ခုနှစ်အတွင်း သောကြာနေ့နဲ့ ၁၃ရက်နေ့ ဆုံမယ့် ရက်ဟာ April 13 ရက်နေ့နဲ့ နောက်လာမယ့် July 13 တို့ ဖြစ်ပါတယ်လို့ အခရာက မျှဝေလိုက်ရပါတယ် ခင်ဗျား။

ရိုးလူ (အခရာ)

Ref: Telegraph.co.uk

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။