OnePlus 6 စမတ္ဖုန္းဟာ ျပီးခဲ့တဲ့ အပတ္တုန္းက တရားဝင္မိတ္ဆက္သြားခဲ့ျပီးေတာ့ Specifications ေတြအရေရာ Design ပိုင္းအရေရာ လက္ရွိမွာ အေကာင္းဆံုးေသာ စမတ္ဖုန္းတစ္ခုလုိ႔ ေျပာရမွာပါ။ ဒါေပမယ့္လည္း Design ပိုင္းကို Glass Body ေျပာင္းလဲအသံုးျပဳခဲ့ေပမယ့္ Wireless Charging မပါဝင္လာတဲ့အေပၚကိုေတာ့ ေဝဖန္ခံေနရတာျဖစ္ပါတယ္။

အဲ့ဒီအတြက္ OnePlus ကေန ဘာျဖစ္လို႔ OnePlus 6 စမတ္ဖုန္းမွာ Wireless Charging မထည့္သြင္းေပးခဲ့တာလဲဆိုတာကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

OnePlus ရဲ႕ ေျပာၾကားခ်က္အရေတာ့ သူတို႔က Wireless Charging Feature ကို ထည့္သြင္းဖုိ႔ လုိအပ္တယ္လုိ႔ မခံစားရတဲ့အတြက္ မထည့္သြင္းေပးခဲ့တာလုိ႔ သိရပါတယ္။ Wireless Charging ကို ထည့္သြင္းမယ္ဆုိရင္ သီးျခား Wireless Charger ကိုပါ ထပ္မံေရာင္းခ်ေနရမယ့္အျပင္ လက္ရွိ Fast Charging Support ျပဳလုပ္တဲ့ Wireless Charger ေတြေတာင္မွ အားသြင္းတဲ့အျမန္ႏႈန္းက OnePlus ရဲ႕ ကိုယ္ပိုင္ Fast Charging နဲ႔ ယွဥ္ရင္ မတရားေႏွးေကြးေနေသးတယ္လုိ႔လည္း ေျပာၾကားခဲ့ပါတယ္။

ေနာက္ျပီး အခုလုိမ်ိဳး OnePlus 6 မွာ Glass Body ကို အသံုးျပဳလာတာက ဖုန္း Signal ေတြကို ပိုျပီး ဖမ္းယူမႈအားေကာင္းေအာင္ အသံုးျပဳခဲ့တာျဖစ္ျပီးေတာ့ OnePlus 6 ဖုန္းက လက္ရွိအခ်ိန္မွာ ပထမဆံုး Gigabit Download Speed ကို ရရွိႏုိင္တဲ့ စမတ္ဖုန္းတစ္လံုးလည္း ျဖစ္လာပါတယ္။

ဘာပဲျဖစ္ျဖစ္ Wireless Charging စနစ္က အျမန္ႏႈန္းအရေတာ့ ေႏွးတယ္ဆုိေပမယ့္လည္း အလြန္အသံုးဝင္တဲ့ Feature တစ္ခုျဖစ္တဲ့အတြက္ OnePlus အေနနဲ႔ OnePlus 6T စမတ္ဖုန္းမွာေတာ့ ထည့္သြင္းလာႏုိင္မလားဆုိတာကုိ ေစာင့္ၾကည့္ရမွာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

OnePlus 6 စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ အပတ်တုန်းက တရားဝင်မိတ်ဆက်သွားခဲ့ပြီးတော့ Specifications တွေအရရော Design ပိုင်းအရရော လက်ရှိမှာ အကောင်းဆုံးသော စမတ်ဖုန်းတစ်ခုလို့ ပြောရမှာပါ။ ဒါပေမယ့်လည်း Design ပိုင်းကို Glass Body ပြောင်းလဲအသုံးပြုခဲ့ပေမယ့် Wireless Charging မပါဝင်လာတဲ့အပေါ်ကိုတော့ ဝေဖန်ခံနေရတာဖြစ်ပါတယ်။

အဲ့ဒီအတွက် OnePlus ကနေ ဘာဖြစ်လို့ OnePlus 6 စမတ်ဖုန်းမှာ Wireless Charging မထည့်သွင်းပေးခဲ့တာလဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

OnePlus ရဲ့ ပြောကြားချက်အရတော့ သူတို့က Wireless Charging Feature ကို ထည့်သွင်းဖို့ လိုအပ်တယ်လို့ မခံစားရတဲ့အတွက် မထည့်သွင်းပေးခဲ့တာလို့ သိရပါတယ်။ Wireless Charging ကို ထည့်သွင်းမယ်ဆိုရင် သီးခြား Wireless Charger ကိုပါ ထပ်မံရောင်းချနေရမယ့်အပြင် လက်ရှိ Fast Charging Support ပြုလုပ်တဲ့ Wireless Charger တွေတောင်မှ အားသွင်းတဲ့အမြန်နှုန်းက OnePlus ရဲ့ ကိုယ်ပိုင် Fast Charging နဲ့ ယှဉ်ရင် မတရားနှေးကွေးနေသေးတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

နောက်ပြီး အခုလိုမျိုး OnePlus 6 မှာ Glass Body ကို အသုံးပြုလာတာက ဖုန်း Signal တွေကို ပိုပြီး ဖမ်းယူမှုအားကောင်းအောင် အသုံးပြုခဲ့တာဖြစ်ပြီးတော့ OnePlus 6 ဖုန်းက လက်ရှိအချိန်မှာ ပထမဆုံး Gigabit Download Speed ကို ရရှိနိုင်တဲ့ စမတ်ဖုန်းတစ်လုံးလည်း ဖြစ်လာပါတယ်။

ဘာပဲဖြစ်ဖြစ် Wireless Charging စနစ်က အမြန်နှုန်းအရတော့ နှေးတယ်ဆိုပေမယ့်လည်း အလွန်အသုံးဝင်တဲ့ Feature တစ်ခုဖြစ်တဲ့အတွက် OnePlus အနေနဲ့ OnePlus 6T စမတ်ဖုန်းမှာတော့ ထည့်သွင်းလာနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com