Google ကေန ျပီးခဲ့တဲ့ ရက္သတၱပတ္က Web Browser Version မွာ အသံုးျပဳႏုိင္တဲ့ Gmail ကို ႏွစ္ေတြအမ်ားၾကီးၾကာျပီးမွ ဒီဇုိင္းအၾကီးမားဆံုး ေျပာင္းလဲမႈတစ္ခုကို ျပဳလုပ္ေပးျပီး အခုဆိုရင္ အသံုးျပဳေနတဲ့သူေတြအကုန္လံုးက စမ္းသပ္သံုးစြဲႏုိင္ေနျပီျဖစ္ပါတယ္။ Akhayar – Tech အဖြဲ႕သားေတြအေနနဲ႔လည္း အခု Gmail အသစ္ကို စမ္းသပ္အသံုးျပဳျဖစ္ခဲ့ျပီးေတာ့ ဘာျဖစ္လုိ႔ အခု ဒီ Gmail အသစ္က လူတိုင္းအခုပဲ စမ္းသပ္အသံုးျပဳသင့္လဲဆိုတာကို မွ်ေဝေပးသြားမွာျဖစ္ပါတယ္။

New Gmail

အရင္ဆံုးအေနနဲ႔ တကယ္လုိ႔ ကိုယ္က Gmail အသစ္ကို မရရွိေသးဘူးဆိုရင္ Web Browser မွာ Gmail ကို Sign In ဝင္လုိက္ျပီး Setting ရဲ႕ အေပၚဆံုးက Try the New Gmail ကို ႏွိပ္ျပီး Gmail အသစ္ကို ရယူႏုိင္ပါတယ္။

(1) Material Design User Interface

Gmail New Design

Gmail ရဲ႕ အေကာင္းဆံုးေျပာင္းလဲမႈတစ္ခုကေတာ့ User Interface ပဲျဖစ္မွာပါ။ ယခင္က ရုိးရွင္းလြန္းတဲ့ Gmail Interface က အခုအခ်ိန္္မွာေတာ့ စမတ္ဖုန္းမွာ အသံုးျပဳေနရသလုိပဲ လွပတဲ့ Material Design ျဖစ္သြားပါျပီ။ စစျခင္း ဝင္တဲ့ Loading Animation က ယခင္တုန္းက Gmail အသစ္ဝင္ေနမလားဆိုျပီး F5 ႏွိပ္ျပီး Refresh လုပ္၊ ဘားတန္းေလး ျပည့္သြားတာကို ေစာင့္ေနရတာထက္ သိသိသာသာကို ပိုမိုျမန္ဆန္လာျပီး လွပလာပါတယ္။

(2) Split Pane ကိုအသံုးျပဳႏုိင္ျပီ

Gmail Split Pane

ယခင္က ကၽြန္ေတာ္တို႔က Microsoft ရဲ႕ Windows App တစ္ခုျဖစ္တဲ့ Mail App ကိုပဲ ယခင္တုန္းက အသံုးျပဳျဖစ္ေနတာပါ။ အဲ့ဒါကလည္း Mail App မွာ Gmail လုိမ်ိဳးမဟုတ္ပဲ Split Pane Feature ျဖစ္တဲ့ တဖက္မွာ ဝင္လာတဲ့ Mail တစ္ခုကို ဖတ္ေနတဲ့အခ်ိန္မွာ တျခားတဖက္ကလည္း တျခားဘယ္ Mail ေတြဝင္လာေနေသးတယ္ဆုိတာကို စစ္ေဆးႏုိင္တာေၾကာင့္ျဖစ္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Gmail အသစ္မွာ Setting Icon ေဘးက Split Pane Toggle ကို ႏွိပ္ျပီးေတာ့ ေျပာင္းလဲႏုိင္ေနျပီပဲျဖစ္ပါတယ္။

(3) Attachment ေတြကို Mail ထဲ ဝင္စရာမလိုပဲ ဖြင့္ၾကည့္ႏုိင္ျပီ

ဒါကေတာ့ Google ရဲ႕ Feature အသစ္ဆုိတာထက္ Google Inbox မွာ ပါဝင္တဲ့ Feature က Gmail ကို ေရာက္ရွိလာတာလုိ႔ ေျပာလုိ႔ရပါတယ္။ Gmail အသစ္ရဲ႕ Default Home Scree မွာတင္ Mail ေတြထဲက Attachment File ေတြကို နာမည္ေရာ၊ File ကို ႏွိပ္လုိက္တာနဲ႔ Mail ထဲ ဝင္စရာမလုိပဲ ဖြင့္ႏုိင္မွာပဲျဖစ္ပါတယ္။ ဒါေပမယ့္ အခု Features ကို Split Pane အသံုးျပဳေနတဲ့အခ်ိန္မွာ အသံုးျပဳလုိ႔မရတဲ့အျပင္ Setting – Display Density မွာလည္း Default ထားထားဖုိ႔ လုိအပ္မွာျဖစ္ပါတယ္။

(4) Mail ေတြကို Snooze ျပဳလုပ္ထားႏုိင္ျခင္း

Gmail Snooze Feature

ဒါကလည္း Google Inbox ရဲ႕ Feature တစ္ခုျဖစ္ျပီးေတာ့ Mail မွာ Reply ေတြအမ်ားအျပား ဝင္ေရာက္လာတဲ့ Notifications ေတြကို မျမင္ခ်င္ဘူးဆိုရင္ Mail ရဲ႕ ညာဘက္အစြန္ကို Mouse Arrow ကို အေပၚကေန ေရြ႕လုိက္ရုံနဲ႔ Snooze ဆိုတဲ့ Feature ပါလာတာကို ေတြ႕ရမွာျဖစ္ျပီးေတာ့ ကုိယ္ထားခ်င္တဲ့အခ်ိန္အထိ Snooze ျပဳလုပ္ထားႏုိင္ပါတယ္။

(5) အသံုးအဝင္ဆံုးေသာ Plug-in ေတြပါဝင္လာျခင္း

Google Gmail အသစ္ကို အသံုးျပဳေနျပီဆုိရင္ Screen ရဲ႕ ညာဘက္ေထာင့္မွာ Icon ၃ ခု အသစ္ေရာက္ေနတာကို သတိထားမိမွာပါ။ အခုေလာေလာဆယ္မွာ Google ကေန Gmail အသစ္ကို Google Calendar ၊ Google Keep နဲ႔ Google Tasks ဆိုတဲ့ Plug in ၃ ခုကို ထည့္သြင္းေပးထားတာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ Mail ထဲက ေသခ်ာသြားတဲ့ Appointment ေတြကို Calendar Event ထဲကို Drag & Drop ျပဳလုပ္ျပီး Event သတ္မွတ္ႏုိင္တဲ့အျပင္ Notes ေတြကိုလည္း Google Keep ထဲမွာ မွတ္သားထားႏုိင္ဦးမွာပါ။ Google Tasks ကေတာ့ တေလာကမွ Mobile App တစ္ခုထည့္သြင္းေပးခဲ့တာျဖစ္ျပီးေတာ့ လက္ရွိအခ်ိန္မွာ အရုိးရွင္းဆံုးနဲ႔ အေကာင္းဆံုးေသာ Tasks Application တစ္ခုလုိ႔ ေတာင္ေျပာလုိ႔ရေနပါျပီ။

(6) AI ပိုင္းဆိုင္ရာ ပါဝင္လာမႈေတြ

Gmail AI Feature

Google ရဲ႕ Gmail အသစ္ဟာ လက္ရွိ Web Browser Version Mail Services ေတြထဲမွာ အရင္ဆံုး AI နဲ႔ Machine Learning စနစ္ကို အသံုးျပဳလာတာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ ဝင္ေရာက္လာတဲ့ Mail ေတြအတြက္လည္း ျဖစ္ႏုိင္တဲ့ Reply ေတြကို Smart Replies အေနနဲ႔ Suggestion ေပးသြားမွာျဖစ္သလုိ အခ်ိန္ၾကာၾကာမဖတ္ျဖစ္တဲ့ Mail ေတြကုိလည္း ဝင္ေနတာဘယ္ႏွရက္ရွိျပီ၊ Reply ျပန္မလားဆုိတဲ့ ေမးခြန္းေတြနဲ႔ Remind လုပ္သြားမွာျဖစ္ပါတယ္။

Google က ေနာက္ထပ္ Feature တစ္ခုျဖစ္တဲ့ Passcode ခံျပီး Mail ပို႔ႏုိင္တဲ့ Confidential Mode ကိုပါ ထည့္သြင္းေပးမယ္လုိ႔ ေျပာၾကားခဲ့ေပမယ့္ ေလာေလာဆယ္မွာေတာ့ Personal Mail အသံုးျပဳသူေတြက အသံုးျပဳလုိ႔ရမွာမဟုတ္ေသးပဲ G Suite User ေတြပဲ အသံုးျပဳႏုိင္ဦးမွာျဖစ္ပါတယ္။

ဒါကေတာ့ Google ရဲ႕ Gmail အသစ္ကို ရက္္ပိုင္းခန္႔ အသံုးျပဳၾကည့္ျပီးေတာ့ ၾကိဳက္ႏွစ္သက္မိတဲ့ Features ေတြပဲျဖစ္ပါတယ္။ Google ရဲ႕ Gmail အေပၚ ႏွစ္ေတြအၾကာၾကီးေနျပီးမွ ျပဳလုပ္ခဲ့တဲ့ ေျပာင္းလဲမႈေတြက Gmail ကို အသံုးျပဳျပီး အလုပ္လုပ္ကိုင္ေနရတဲ့သူေတြကို ပိုျပီး ျမန္ဆန္စြာနဲ႔ ပို Productive ျဖစ္လာေစတယ္ဆိုတာက ျငင္းလုိ႔မရပါဘူး။ Akhayar ပရိသတ္ၾကီးထဲမွာလည္း Gmail အသစ္ကို အသံုးမျပဳရေသးတဲ့သူရွိရင္ အခုပဲ စမ္းသပ္ၾကည့္ပါဦး။

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Google ကနေ ပြီးခဲ့တဲ့ ရက်သတ္တပတ်က Web Browser Version မှာ အသုံးပြုနိုင်တဲ့ Gmail ကို နှစ်တွေအများကြီးကြာပြီးမှ ဒီဇိုင်းအကြီးမားဆုံး ပြောင်းလဲမှုတစ်ခုကို ပြုလုပ်ပေးပြီး အခုဆိုရင် အသုံးပြုနေတဲ့သူတွေအကုန်လုံးက စမ်းသပ်သုံးစွဲနိုင်နေပြီဖြစ်ပါတယ်။ Akhayar – Tech အဖွဲ့သားတွေအနေနဲ့လည်း အခု Gmail အသစ်ကို စမ်းသပ်အသုံးပြုဖြစ်ခဲ့ပြီးတော့ ဘာဖြစ်လို့ အခု ဒီ Gmail အသစ်က လူတိုင်းအခုပဲ စမ်းသပ်အသုံးပြုသင့်လဲဆိုတာကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

New Gmail

အရင်ဆုံးအနေနဲ့ တကယ်လို့ ကိုယ်က Gmail အသစ်ကို မရရှိသေးဘူးဆိုရင် Web Browser မှာ Gmail ကို Sign In ဝင်လိုက်ပြီး Setting ရဲ့ အပေါ်ဆုံးက Try the New Gmail ကို နှိပ်ပြီး Gmail အသစ်ကို ရယူနိုင်ပါတယ်။

(1) Material Design User Interface

Gmail New Design

Gmail ရဲ့ အကောင်းဆုံးပြောင်းလဲမှုတစ်ခုကတော့ User Interface ပဲဖြစ်မှာပါ။ ယခင်က ရိုးရှင်းလွန်းတဲ့ Gmail Interface က အခုအချိန်မှာတော့ စမတ်ဖုန်းမှာ အသုံးပြုနေရသလိုပဲ လှပတဲ့ Material Design ဖြစ်သွားပါပြီ။ စစခြင်း ဝင်တဲ့ Loading Animation က ယခင်တုန်းက Gmail အသစ်ဝင်နေမလားဆိုပြီး F5 နှိပ်ပြီး Refresh လုပ်၊ ဘားတန်းလေး ပြည့်သွားတာကို စောင့်နေရတာထက် သိသိသာသာကို ပိုမိုမြန်ဆန်လာပြီး လှပလာပါတယ်။

(2) Split Pane ကိုအသုံးပြုနိုင်ပြီ

Gmail Split Pane

ယခင်က ကျွန်တော်တို့က Microsoft ရဲ့ Windows App တစ်ခုဖြစ်တဲ့ Mail App ကိုပဲ ယခင်တုန်းက အသုံးပြုဖြစ်နေတာပါ။ အဲ့ဒါကလည်း Mail App မှာ Gmail လိုမျိုးမဟုတ်ပဲ Split Pane Feature ဖြစ်တဲ့ တဖက်မှာ ဝင်လာတဲ့ Mail တစ်ခုကို ဖတ်နေတဲ့အချိန်မှာ တခြားတဖက်ကလည်း တခြားဘယ် Mail တွေဝင်လာနေသေးတယ်ဆိုတာကို စစ်ဆေးနိုင်တာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Gmail အသစ်မှာ Setting Icon ဘေးက Split Pane Toggle ကို နှိပ်ပြီးတော့ ပြောင်းလဲနိုင်နေပြီပဲဖြစ်ပါတယ်။

(3) Attachment တွေကို Mail ထဲ ဝင်စရာမလိုပဲ ဖွင့်ကြည့်နိုင်ပြီ

ဒါကတော့ Google ရဲ့ Feature အသစ်ဆိုတာထက် Google Inbox မှာ ပါဝင်တဲ့ Feature က Gmail ကို ရောက်ရှိလာတာလို့ ပြောလို့ရပါတယ်။ Gmail အသစ်ရဲ့ Default Home Scree မှာတင် Mail တွေထဲက Attachment File တွေကို နာမည်ရော၊ File ကို နှိပ်လိုက်တာနဲ့ Mail ထဲ ဝင်စရာမလိုပဲ ဖွင့်နိုင်မှာပဲဖြစ်ပါတယ်။ ဒါပေမယ့် အခု Features ကို Split Pane အသုံးပြုနေတဲ့အချိန်မှာ အသုံးပြုလို့မရတဲ့အပြင် Setting – Display Density မှာလည်း Default ထားထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

(4) Mail တွေကို Snooze ပြုလုပ်ထားနိုင်ခြင်း

Gmail Snooze Feature

ဒါကလည်း Google Inbox ရဲ့ Feature တစ်ခုဖြစ်ပြီးတော့ Mail မှာ Reply တွေအများအပြား ဝင်ရောက်လာတဲ့ Notifications တွေကို မမြင်ချင်ဘူးဆိုရင် Mail ရဲ့ ညာဘက်အစွန်ကို Mouse Arrow ကို အပေါ်ကနေ ရွေ့လိုက်ရုံနဲ့ Snooze ဆိုတဲ့ Feature ပါလာတာကို တွေ့ရမှာဖြစ်ပြီးတော့ ကိုယ်ထားချင်တဲ့အချိန်အထိ Snooze ပြုလုပ်ထားနိုင်ပါတယ်။

(5) အသုံးအဝင်ဆုံးသော Plug-in တွေပါဝင်လာခြင်း

Google Gmail အသစ်ကို အသုံးပြုနေပြီဆိုရင် Screen ရဲ့ ညာဘက်ထောင့်မှာ Icon ၃ ခု အသစ်ရောက်နေတာကို သတိထားမိမှာပါ။ အခုလောလောဆယ်မှာ Google ကနေ Gmail အသစ်ကို Google Calendar ၊ Google Keep နဲ့ Google Tasks ဆိုတဲ့ Plug in ၃ ခုကို ထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Mail ထဲက သေချာသွားတဲ့ Appointment တွေကို Calendar Event ထဲကို Drag & Drop ပြုလုပ်ပြီး Event သတ်မှတ်နိုင်တဲ့အပြင် Notes တွေကိုလည်း Google Keep ထဲမှာ မှတ်သားထားနိုင်ဦးမှာပါ။ Google Tasks ကတော့ တလောကမှ Mobile App တစ်ခုထည့်သွင်းပေးခဲ့တာဖြစ်ပြီးတော့ လက်ရှိအချိန်မှာ အရိုးရှင်းဆုံးနဲ့ အကောင်းဆုံးသော Tasks Application တစ်ခုလို့ တောင်ပြောလို့ရနေပါပြီ။

(6) AI ပိုင်းဆိုင်ရာ ပါဝင်လာမှုတွေ

Gmail AI Feature

Google ရဲ့ Gmail အသစ်ဟာ လက်ရှိ Web Browser Version Mail Services တွေထဲမှာ အရင်ဆုံး AI နဲ့ Machine Learning စနစ်ကို အသုံးပြုလာတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ဝင်ရောက်လာတဲ့ Mail တွေအတွက်လည်း ဖြစ်နိုင်တဲ့ Reply တွေကို Smart Replies အနေနဲ့ Suggestion ပေးသွားမှာဖြစ်သလို အချိန်ကြာကြာမဖတ်ဖြစ်တဲ့ Mail တွေကိုလည်း ဝင်နေတာဘယ်နှရက်ရှိပြီ၊ Reply ပြန်မလားဆိုတဲ့ မေးခွန်းတွေနဲ့ Remind လုပ်သွားမှာဖြစ်ပါတယ်။

Google က နောက်ထပ် Feature တစ်ခုဖြစ်တဲ့ Passcode ခံပြီး Mail ပို့နိုင်တဲ့ Confidential Mode ကိုပါ ထည့်သွင်းပေးမယ်လို့ ပြောကြားခဲ့ပေမယ့် လောလောဆယ်မှာတော့ Personal Mail အသုံးပြုသူတွေက အသုံးပြုလို့ရမှာမဟုတ်သေးပဲ G Suite User တွေပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

ဒါကတော့ Google ရဲ့ Gmail အသစ်ကို ရက်ပိုင်းခန့် အသုံးပြုကြည့်ပြီးတော့ ကြိုက်နှစ်သက်မိတဲ့ Features တွေပဲဖြစ်ပါတယ်။ Google ရဲ့ Gmail အပေါ် နှစ်တွေအကြာကြီးနေပြီးမှ ပြုလုပ်ခဲ့တဲ့ ပြောင်းလဲမှုတွေက Gmail ကို အသုံးပြုပြီး အလုပ်လုပ်ကိုင်နေရတဲ့သူတွေကို ပိုပြီး မြန်ဆန်စွာနဲ့ ပို Productive ဖြစ်လာစေတယ်ဆိုတာက ငြင်းလို့မရပါဘူး။ Akhayar ပရိသတ်ကြီးထဲမှာလည်း Gmail အသစ်ကို အသုံးမပြုရသေးတဲ့သူရှိရင် အခုပဲ စမ်းသပ်ကြည့်ပါဦး။

Zawyè (Akhayar) 

www.akhayar.com