[Zawgyi]

ကစားသမားေတြရဲ႕ အေကာင္းဆုံးေျခစြမ္းကုိ Mourinho ဘာေၾကာင့္ အသုံးမခ်ႏုိင္တာလဲ

ၿပီးခဲ့တဲ့စေနေန႔က အိမ္ကြင္းမွာ ပဲေလ့စ္နဲ႔ စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ သေရက်ခဲ့ၿပီးတဲ့ေနာက္မွာေတာ့ မန္ယူပရိသတ္ေတြနဲ႔ ေဘာလုံးပဲြ ေ၀ဖန္သုံးသပ္သူေတြအၾကား တစ္ညီတစ္ညြတ္တည္း ထြက္ေပၚလာတဲ့ ေမးခြန္းက “မန္ယူအသင္း ဘာေတြမွားေနၿပီလဲ”ဆုိတာပါ။ မန္စီးတီးနဲ႔ ဒါဘီပဲြမတိုင္ခင္ မန္ယူအသင္းဟာ စြဲမက္စရာေကာင္းတဲ့ ကစားဟန္နဲ႔အတူ ခ်ယ္လ္ဆီးကုိသေရ၊ ဂ်ဴဗင္တပ္စ္ကုိ အႏုိင္ကစားခဲ့တယ္။

Alexis-Sanchez

Alexis-Sanchez

ဒါေပမဲ့ ဒီရာသီအစကတည္းက မန္ယူအသင္းဟာ ႐ုန္းကန္ခဲ့ရၿပီး အ၀တ္လဲခန္းအတြင္း ျပႆနာေတြကလည္း အသင္းရဲ႕ တည္ၿငိမ္မႈကုိ ထိခုိက္ေစခဲ့တာပါပဲ။ ျပႆနာရဲ႕ အရင္းအျမစ္ကေတာ့ ေထြေထြထူးထူး ရွာစရာမလုိပါဘူး။ နည္းျပ ေမာ္ရင္ဟုိ Jose Mourinho ကုိပဲ လက္ညိဳးထုိးရမွာျဖစ္ပါတယ္။

jose-Mourinho

jose-Mourinho

ဘာျဖစ္လုိ႔လဲဆုိေတာ့ အသင္းတစ္သင္းရဲ႕ ေအာင္ျမင္မႈ၊ က်႐ႈံးမႈဆုိတာက နည္းျပတစ္ဦးနဲ႔ တိုက္႐ုိက္သက္ဆုိင္လုိ႔ျဖစ္ပါတယ္။ ေမာ္ရင္ဟုိဟာ မန္ယူအသင္းရဲ႕ အနာဂတ္လုိ႔ သတ္မွတ္ရမယ့္ မာစီယဲလ္ Martial ၊ လင္ဂတ္ Lingard ၊ လုခ္ေရွာ Shaw တို႔နဲ႔ပတ္သက္ၿပီး အခုလုိ လူသိရွင္ၾကားေ၀ဖန္ခဲ့ဖူးပါတယ္။ “ဒီကေလးေတြဟာ Character ပုိင္း ၊ Personality အပုိင္းေတြမွာ ခ်ိဳ႕ယြင္းခ်က္ေတြရွိၿပီး တိုးတက္မႈလည္း ေႏွးေကြးပါတယ္”တယ္တဲ့။ ကမၻာ႔အေကာင္းဆုံး အသင္းတစ္သင္းကုိ ကုိင္တြယ္ေနရတဲ့ နည္းျပတစ္ဦးအေနနဲ႔ အသင္းရဲ႕အနာဂတ္လုိ႔ သတ္မွတ္ရမယ့္ ကစားသမားေတြကုိ အခုလုိ လူသိရွင္ၾကားေ၀ဖန္သင့္ပါသလား။ နည္းျပတစ္ဦးအေနနဲ႔ လူငယ္ကစားသမားေတြကုိ မီဒီယာေတြရဲ႕ သားေကာင္မျဖစ္ေစဖုိ႔ ေရွ႕က ကာကြယ္ေပးရမယ့္အစား ေမာ္ရင္ဟုိက ဆန္႔က်င္ဘက္လုပ္ေနတယ္။

Mourinho-and-Pogba

Mourinho-and-Pogba

ကစားသမားေျခစြမ္း ဘယ္ေလာက္ေကာင္းေကာင္း သူနဲ႔ဆက္ဆံေရးအဆင္မေျပရင္ ေခ်ာင္ထုိးလုိက္တာပဲ။ အရင္တုန္းက လုခ္ေရွာ၊ ေပ့ါဘာ၊ ဒီရာသီအစတုန္းက မာစီယဲလ္၊ အခု ဗလင္စီယာ Valencia တို႔ရဲ႕ျဖစ္ရပ္ေတြက သက္ေသခံေနတယ္။ ဗလင္စီယာဟာ ေမာ္ရင္ဟုိကုိ ရာထူးက ထုတ္ပယ္သင့္တယ္ဆုိတဲ့ Post မွာ Like သြားလုပ္မိခဲ့တဲ့ေနာက္ပုိင္း အသင္းမွာ ပဲြထြက္ခြင့္ မရေတာ့ပါဘူး။ ဒဏ္ရာျပႆနာရွိတုန္းက လက္ခံလုိ႔ရေပမယ့္ အခုျပန္ေကာင္းလာၿပီးေနာက္ပုိင္းမွာလည္း ေမာ္ရင္ဟုိဟာ သူ႔ကုိ ေခါက္ထားျပန္ပါတယ္။ ေမာ္ရင္ဟုိနဲ႔ အသင္းက ကစားသမားေတြအၾကား ဆက္ဆံေရးၿပိဳကဲြတာက အခု ပထမဆုံးအႀကိမ္ မဟုတ္ပါဘူး။ ခ်ယ္လ္ဆီး၊ ရီးယဲလ္တို႔မွာလည္း ဒီလုိပဲျဖစ္ခဲ့ၿပီး အခုကလည္း သူ႔ရဲ႕ က်ိန္စာသင့္ေနတဲ့ တတိယရာသီျဖစ္ေနပါတယ္။

Martial-and-Valencia

Martial-and-Valencia

ေမာ္ရင္ဟုိေထာက္ခံသူ ပရိသတ္ေတြကေတာ့ မန္ယူအသင္းရဲ႕ ကံၾကမၼာကုိ အေျပာင္းအလဲျဖစ္ေစဖုိ႔ တာ၀န္ရွိသူေတြဟာ ေမာ္ရင္ဟုိ အလုိရွိေနတဲ့ ေငြေၾကးအသုံးျပဳခြင့္ေပးသင့္တယ္လုိ႔ ဆင္ေျခေပးေနၾကတယ္။ ဒါေပမဲ့ ၂၀၁၆ က စၿပီး အခုအခ်ိန္အထိ ကစားသမားအေျပာင္းအေရႊ႕အတြက္ ေမာ္ရင္ဟုိ သုံးစဲြခဲ့တဲ့ ေငြေၾကးက ေပါင္သန္း(၄၀၀)ေက်ာ္ရွိပါတယ္။ သူ ေခၚခဲ့တဲ့ ကစားသမားေတြရဲ႕ အေကာင္းဆုံးပုံစံကုိေရာ ေမာ္ရင္ဟုိဟာ ေဖာ္ထုတ္အသုံးခ်ႏုိင္ပါရဲ႕လား။ ဥပမာ ဘာယီ Eric Bailly ၊ ဖရက္ဒ္ Fred တို႔ကုိပဲ ၾကည့္ပါ။

Eric-Bailly-is-a-distraught-figure-at-United

Eric-Bailly-is-a-distraught-figure-at-United

ေနာက္တစ္ခ်က္ကလည္း ေမာ္ရင္ဟုိဟာ လူငယ္ေတြကုိ ေမြးထုတ္ေပးႏုိင္စြမ္း မရွိတာျဖစ္ပါတယ္။ ဒါကေတာ့ သိပ္မထူးဆန္းပါဘူး။ ခ်ယ္လ္ဆီးအသင္း နည္းျပဘ၀မွာကတည္းက သူ လက္လႊတ္ခဲ့တဲ့ လူငယ္ကစားသမားေတြဟာ အခုဆုိ ကမၻာ႔အဆင့္စာရင္း၀င္ ေဘာလုံးသမားေတြ ျဖစ္ေနၾကပါၿပီ။

Mourinho-Transfer-Fee-Used

Mourinho-Transfer-Fee-Used

ေသခ်ာတာတစ္ခုကေတာ့ ေမာ္ရင္ဟုိဟာ မန္ယူအသင္းရဲ႕ ပင္ကုိယ္ Styleကုိ နားမလည္ေသးသလုိ၊ ဘယ္ေတာ့မွလည္း နားလည္မွ မဟုတ္တာပါပဲ။ သူ႔ဟာ သူ႔ရဲ႕မာန၊ ေခါင္းမာမႈကုိ ဘယ္ေတာ့မွ ေျပာင္းလဲမယ့္ လူစားမဟုတ္တာေၾကာင့္ ဒီၾကားထဲမွာ မန္ယူအသင္းက ဓားစာခံ မျဖစ္ဖုိ႔ေတာ့ လုိအပ္ေနပါၿပီ။

REF:manutdupdates
Photo:The Independent,.foxsportsasia,Getty Images,manutdupdates
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကစားသမားတွေရဲ့ အကောင်းဆုံးခြေစွမ်းကို Mourinho ဘာကြောင့် အသုံးမချနိုင်တာလဲ

ပြီးခဲ့တဲ့စနေနေ့က အိမ်ကွင်းမှာ ပဲလေ့စ်နဲ့ စိတ်ပျက်စရာကောင်းလောက်အောင် သရေကျခဲ့ပြီးတဲ့နောက်မှာတော့ မန်ယူပရိသတ်တွေနဲ့ ဘောလုံးပွဲ ဝေဖန်သုံးသပ်သူတွေအကြား တစ်ညီတစ်ညွတ်တည်း ထွက်ပေါ်လာတဲ့ မေးခွန်းက “မန်ယူအသင်း ဘာတွေမှားနေပြီလဲ”ဆိုတာပါ။ မန်စီးတီးနဲ့ ဒါဘီပွဲမတိုင်ခင် မန်ယူအသင်းဟာ စွဲမက်စရာကောင်းတဲ့ ကစားဟန်နဲ့အတူ ချယ်လ်ဆီးကိုသရေ၊ ဂျူဗင်တပ်စ်ကို အနိုင်ကစားခဲ့တယ်။

Alexis-Sanchez

Alexis-Sanchez

ဒါပေမဲ့ ဒီရာသီအစကတည်းက မန်ယူအသင်းဟာ ရုန်းကန်ခဲ့ရပြီး အဝတ်လဲခန်းအတွင်း ပြဿနာတွေကလည်း အသင်းရဲ့ တည်ငြိမ်မှုကို ထိခိုက်စေခဲ့တာပါပဲ။ ပြဿနာရဲ့ အရင်းအမြစ်ကတော့ ထွေထွေထူးထူး ရှာစရာမလိုပါဘူး။ နည်းပြ မော်ရင်ဟို Jose Mourinho ကိုပဲ လက်ညိုးထိုးရမှာဖြစ်ပါတယ်။

jose-Mourinho

jose-Mourinho

ဘာဖြစ်လို့လဲဆိုတော့ အသင်းတစ်သင်းရဲ့ အောင်မြင်မှု၊ ကျရှုံးမှုဆိုတာက နည်းပြတစ်ဦးနဲ့ တိုက်ရိုက်သက်ဆိုင်လို့ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ မန်ယူအသင်းရဲ့ အနာဂတ်လို့ သတ်မှတ်ရမယ့် မာစီယဲလ် Martial ၊ လင်ဂတ် Lingard ၊ လုခ်ရှော Shaw တို့နဲ့ပတ်သက်ပြီး အခုလို လူသိရှင်ကြားဝေဖန်ခဲ့ဖူးပါတယ်။ “ဒီကလေးတွေဟာ Character ပိုင်း ၊ Personality အပိုင်းတွေမှာ ချို့ယွင်းချက်တွေရှိပြီး တိုးတက်မှုလည်း နှေးကွေးပါတယ်”တယ်တဲ့။ ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းကို ကိုင်တွယ်နေရတဲ့ နည်းပြတစ်ဦးအနေနဲ့ အသင်းရဲ့အနာဂတ်လို့ သတ်မှတ်ရမယ့် ကစားသမားတွေကို အခုလို လူသိရှင်ကြားဝေဖန်သင့်ပါသလား။ နည်းပြတစ်ဦးအနေနဲ့ လူငယ်ကစားသမားတွေကို မီဒီယာတွေရဲ့ သားကောင်မဖြစ်စေဖို့ ရှေ့က ကာကွယ်ပေးရမယ့်အစား မော်ရင်ဟိုက ဆန့်ကျင်ဘက်လုပ်နေတယ်။

Mourinho-and-Pogba

Mourinho-and-Pogba

ကစားသမားခြေစွမ်း ဘယ်လောက်ကောင်းကောင်း သူနဲ့ဆက်ဆံရေးအဆင်မပြေရင် ချောင်ထိုးလိုက်တာပဲ။ အရင်တုန်းက လုခ်ရှော၊ ပေ့ါဘာ၊ ဒီရာသီအစတုန်းက မာစီယဲလ်၊ အခု ဗလင်စီယာ Valencia တို့ရဲ့ဖြစ်ရပ်တွေက သက်သေခံနေတယ်။ ဗလင်စီယာဟာ မော်ရင်ဟိုကို ရာထူးက ထုတ်ပယ်သင့်တယ်ဆိုတဲ့ Post မှာ Like သွားလုပ်မိခဲ့တဲ့နောက်ပိုင်း အသင်းမှာ ပွဲထွက်ခွင့် မရတော့ပါဘူး။ ဒဏ်ရာပြဿနာရှိတုန်းက လက်ခံလို့ရပေမယ့် အခုပြန်ကောင်းလာပြီးနောက်ပိုင်းမှာလည်း မော်ရင်ဟိုဟာ သူ့ကို ခေါက်ထားပြန်ပါတယ်။ မော်ရင်ဟိုနဲ့ အသင်းက ကစားသမားတွေအကြား ဆက်ဆံရေးပြိုကွဲတာက အခု ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ချယ်လ်ဆီး၊ ရီးယဲလ်တို့မှာလည်း ဒီလိုပဲဖြစ်ခဲ့ပြီး အခုကလည်း သူ့ရဲ့ ကျိန်စာသင့်နေတဲ့ တတိယရာသီဖြစ်နေပါတယ်။

Martial-and-Valencia

Martial-and-Valencia

မော်ရင်ဟိုထောက်ခံသူ ပရိသတ်တွေကတော့ မန်ယူအသင်းရဲ့ ကံကြမ္မာကို အပြောင်းအလဲဖြစ်စေဖို့ တာဝန်ရှိသူတွေဟာ မော်ရင်ဟို အလိုရှိနေတဲ့ ငွေကြေးအသုံးပြုခွင့်ပေးသင့်တယ်လို့ ဆင်ခြေပေးနေကြတယ်။ ဒါပေမဲ့ ၂၀၁၆ က စပြီး အခုအချိန်အထိ ကစားသမားအပြောင်းအရွှေ့အတွက် မော်ရင်ဟို သုံးစွဲခဲ့တဲ့ ငွေကြေးက ပေါင်သန်း(၄၀၀)ကျော်ရှိပါတယ်။ သူ ခေါ်ခဲ့တဲ့ ကစားသမားတွေရဲ့ အကောင်းဆုံးပုံစံကိုရော မော်ရင်ဟိုဟာ ဖော်ထုတ်အသုံးချနိုင်ပါရဲ့လား။ ဥပမာ ဘာယီ Eric Bailly ၊ ဖရက်ဒ် Fred တို့ကိုပဲ ကြည့်ပါ။

Eric-Bailly-is-a-distraught-figure-at-United

Eric-Bailly-is-a-distraught-figure-at-United

နောက်တစ်ချက်ကလည်း မော်ရင်ဟိုဟာ လူငယ်တွေကို မွေးထုတ်ပေးနိုင်စွမ်း မရှိတာဖြစ်ပါတယ်။ ဒါကတော့ သိပ်မထူးဆန်းပါဘူး။ ချယ်လ်ဆီးအသင်း နည်းပြဘဝမှာကတည်းက သူ လက်လွှတ်ခဲ့တဲ့ လူငယ်ကစားသမားတွေဟာ အခုဆို ကမ္ဘာ့အဆင့်စာရင်းဝင် ဘောလုံးသမားတွေ ဖြစ်နေကြပါပြီ။

Mourinho-Transfer-Fee-Used

Mourinho-Transfer-Fee-Used

သေချာတာတစ်ခုကတော့ မော်ရင်ဟိုဟာ မန်ယူအသင်းရဲ့ ပင်ကိုယ်စတိုင်လ်ကို နားမလည်သေးသလို၊ ဘယ်တော့မှလည်း နားလည်မှ မဟုတ်တာပါပဲ။ သူ့ဟာ သူ့ရဲ့မာန၊ ခေါင်းမာမှုကို ဘယ်တော့မှ ပြောင်းလဲမယ့် လူစားမဟုတ်တာကြောင့် ဒီကြားထဲမှာ မန်ယူအသင်းက ဓားစာခံ မဖြစ်ဖို့တော့ လိုအပ်နေပါပြီ။

REF:manutdupdates
Photo:The Independent,.foxsportsasia,Getty Images,manutdupdates
Naing Linn(Akhayar)
www.akhayar.com