[Zawgyi]

ေခါင္းတစ္ျခမ္းကိုက္ျခင္းက အမ်ဳိးသားေတြထက္ အမ်ဳိးသမီးေတြမွာ ဘာေၾကာင့္ပိုျဖစ္ရတာလဲ

ေခါင္းတစ္ျခမ္းကိုက္ျခင္းေရာဂါက ကမာၻတစ္ဝွမ္းလံုးမွာ အျဖစ္မ်ားတဲ႔ ေရာဂါတစ္ခုျဖစ္ၿပီး လူဆယ္ေယာက္မွာ တစ္ေယာက္က ေခါင္းတစ္ျခမ္းကိုက္ျခင္းေဝဒနာကို ခံစားေနရပါတယ္။ အဲလုိခံစားေနရတဲ႔သူေတြထဲမွာ ၇၅ ရာခိုင္ႏႈန္းက အမ်ဳိးသမီးေတြျဖစ္ၾကပါတယ္။ ဘာေၾကာင့္ အမ်ဳိးသမီးေတြမွာ ေခါင္းကိုက္ျခင္းေဝဒနာခံစားရလဲဆိုေတာ့က San Diego ရဲ႕ ယခုႏွစ္ ဇီဝေဗဒလက္ေတြ႔စမ္းသပ္မႈျပဳလုပ္တဲ႔ အစည္းအေဝးမွာ သုေတသနျပဳလုပ္သူ Emily Galloway က ေခါင္းတစ္ျခမ္းကိုက္ျခင္းပိုပိုဆိုးလာမႈနဲ႔ ပရုိတင္း NHE1 ၾကားက ဆက္သြယ္မႈအသစ္တစ္ခုကို ရွာေဖြေတြ႔ရွိခဲ့ၿပီး ထိုဆက္သြယ္မႈကို တင္ျပခဲ႔ပါတယ္။ NHE1 က ဦးေႏွာက္ အေျမွးပါးကို ျဖတ္ၿပီး ေရာက္ရွိလာတဲ႔ Protons နဲ႔ Sodium Iron ေတြကို ထိန္းညိွေပးပါတယ္။

ပရုိတင္း NHE1 ပမာဏက်ဆင္းလာတာပဲျဖစ္ျဖစ္၊ ကုန္ဆံုးသြားရင္ပဲျဖစ္ျဖစ္ ေခါင္းတစ္ျခမ္းကိုက္ျခင္း ေဝဒနာျဖစ္ေပၚလာပါေတာ့တယ္။ ပံုမွန္မဟုတ္တဲ႔ ပရုိတင္း NHE1 ေတြက ဦးေႏွာက္ဆီကို စီးဆင္းလာတဲ႔ Sodium နဲ႔ Iron ဓာတ္ေတြကို ေႏွာင္႔ယွက္တဲ႔အခါမွာ နာက်င္မႈကိုက္ခဲမႈကို သက္သာေစတဲ႔ ေဆးေတြကို ေသာက္သံုးလိုက္ေပမယ္႔ ေခါင္းတစ္ျခမ္းကိုက္ျခင္းက သက္သာလာျခင္းမရွိပါဘူး။ ဒါေၾကာင့္မို႔ ေခါင္းတစ္ျခမ္းကိုက္တဲ႔ ေရာဂါကို ကုသဖို႔အတြက္ ခက္ခဲတယ္လို႔ ေျပာၾကျခင္းျဖစ္ပါတယ္။

သုေတသနျပဳလုပ္သူေတြက အမ်ဳိးသားနဲ႔ အမ်ဳိးသမီးေတြရဲ႕ ဦးေႏွာက္ထဲမွာရွိတဲ႔ NHE1 ပမာဏကို ဓာတ္ခဲြခန္းမွာ ဓာတ္ခဲြစမ္းသပ္ေလ့လာၾကည္႔တဲ႔အခါမွာ အမ်ဳိးသမီးေတြက အမ်ဳိးသားေတြထက္ NHE1 ပမာဏ ေလးဆပိုျမင္႔ေနတာကို ေတြ႔ရပါတယ္။ ဒါ႔အျပင္ အမ်ဳိးသမီးေတြရဲ႕ စမ္းသပ္ခ်က္ရလဒ္ထဲမွာ အီစထရုိဂ်င္္ပမာဏက အျမင့္ဆံုးျဖစ္ေနၿပီး ဦးေႏွာက္ထဲရွိ ေသြးေၾကာထဲမွာေတာ့ NHE1 ပမာဏက အနိမ္႔ဆံုးျဖစ္ေနတာကို ေတြ႔ရပါတယ္။

ဒါျပင္ ေခါင္းတစ္ျခမ္းကိုက္ျခင္းေဝဒနာက လွ်ဳိ႕ဝွက္ဆန္းၾကယ္ၿပီး ဒီေဝဒနာစျဖစ္ခါစကဆို ေဆးပညာသေဘာအရ ဒီေရာဂါ ဘာေၾကာင့္ျဖစ္ရလဲဆိုတာကို မသိၾကသလို ဘာလို႔ကုသရမလဲဆိုတာကိုလည္း တိတိပပ မသိၾကပါဘူး။ အခုခ်ိန္ခါမွာေတာ့ ဒီေရာဂါနဲ႔ပတ္သက္ၿပီး သုေတသီေတြက ေလ့လာမႈျပဳလုပ္ရာကေန အေျဖတစ္ပိုင္းတစ္စ ေတြ႕ရွိခဲ့ၾကပါၿပီ။ သုေတသီေတြ ရွာေဖြေတြ႔ရွိတာကေတာ့ ဒီေရာဂါကို အမ်ဴိးသားေတြမွာထက္ အမ်ဳိးသမီးေတြမွာ ဘာေၾကာင္႔အျဖစ္မ်ားရတာလဲဆိုတဲ႔ အခ်က္ပဲျဖစ္ပါတယ္။ အီစထရုိဂ်င္အတက္အက်ျဖစ္ျခင္းက ကိုယ္တြင္းရွိ ပရုိတင္းေပၚကို သက္ေရာက္မႈရွိတဲ႔အတြက္ေၾကာင့္ ေခါင္းတစ္ျခမ္းကိုက္ျခင္းကုိ အမ်ိဳးသမီးေတြက ပိုခံစားၾကရျခင္းျဖစ္ပါတယ္။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ခေါင်းတစ်ခြမ်းကိုက်ခြင်းက အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ဘာကြောင့်ပိုဖြစ်ရတာလဲ

ခေါင်းတစ်ခြမ်းကိုက်ခြင်းရောဂါက ကမ္ဘာတစ်ဝှမ်းလုံးမှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီး လူဆယ်ယောက်မှာ တစ်ယောက်က ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာကို ခံစားနေရပါတယ်။ အဲလိုခံစားနေရတဲ့သူတွေထဲမှာ ၇၅ ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်ကြပါတယ်။ ဘာကြောင့် အမျိုးသမီးတွေမှာ ခေါင်းကိုက်ခြင်းဝေဒနာခံစားရလဲဆိုတော့က San Diego ရဲ့ ယခုနှစ် ဇီဝဗေဒလက်တွေ့စမ်းသပ်မှုပြုလုပ်တဲ့ အစည်းအဝေးမှာ သုတေသနပြုလုပ်သူ Emily Galloway က ခေါင်းတစ်ခြမ်းကိုက်ခြင်းပိုပိုဆိုးလာမှုနဲ့ ပရိုတင်း NHE1 ကြားက ဆက်သွယ်မှုအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ထိုဆက်သွယ်မှုကို တင်ပြခဲ့ပါတယ်။ NHE1 က ဦးနှောက် အမြှေးပါးကို ဖြတ်ပြီး ရောက်ရှိလာတဲ့ Protons နဲ့ Sodium Iron တွေကို ထိန်းညှိပေးပါတယ်။

ပရိုတင်း NHE1 ပမာဏကျဆင်းလာတာပဲဖြစ်ဖြစ်၊ ကုန်ဆုံးသွားရင်ပဲဖြစ်ဖြစ် ခေါင်းတစ်ခြမ်းကိုက်ခြင်း ဝေဒနာဖြစ်ပေါ်လာပါတော့တယ်။ ပုံမှန်မဟုတ်တဲ့ ပရိုတင်း NHE1 တွေက ဦးနှောက်ဆီကို စီးဆင်းလာတဲ့ Sodium နဲ့ Iron ဓာတ်တွေကို နှောင့်ယှက်တဲ့အခါမှာ နာကျင်မှုကိုက်ခဲမှုကို သက်သာစေတဲ့ ဆေးတွေကို သောက်သုံးလိုက်ပေမယ့် ခေါင်းတစ်ခြမ်းကိုက်ခြင်းက သက်သာလာခြင်းမရှိပါဘူး။ ဒါကြောင့်မို့ ခေါင်းတစ်ခြမ်းကိုက်တဲ့ ရောဂါကို ကုသဖို့အတွက် ခက်ခဲတယ်လို့ ပြောကြခြင်းဖြစ်ပါတယ်။

သုတေသနပြုလုပ်သူတွေက အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ဦးနှောက်ထဲမှာရှိတဲ့ NHE1 ပမာဏကို ဓာတ်ခွဲခန်းမှာ ဓာတ်ခွဲစမ်းသပ်လေ့လာကြည့်တဲ့အခါမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် NHE1 ပမာဏ လေးဆပိုမြင့်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေရဲ့ စမ်းသပ်ချက်ရလဒ်ထဲမှာ အီစထရိုဂျင်ပမာဏက အမြင့်ဆုံးဖြစ်နေပြီး ဦးနှောက်ထဲရှိ သွေးကြောထဲမှာတော့ NHE1 ပမာဏက အနိမ့်ဆုံးဖြစ်နေတာကို တွေ့ရပါတယ်။

ဒါပြင် ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာက လျှို့ဝှက်ဆန်းကြယ်ပြီး ဒီဝေဒနာစဖြစ်ခါစကဆို ဆေးပညာသဘောအရ ဒီရောဂါ ဘာကြောင့်ဖြစ်ရလဲဆိုတာကို မသိကြသလို ဘာလို့ကုသရမလဲဆိုတာကိုလည်း တိတိပပ မသိကြပါဘူး။ အခုချိန်ခါမှာတော့ ဒီရောဂါနဲ့ပတ်သက်ပြီး သုတေသီတွေက လေ့လာမှုပြုလုပ်ရာကနေ အဖြေတစ်ပိုင်းတစ်စ တွေ့ရှိခဲ့ကြပါပြီ။ သုတေသီတွေ ရှာဖွေတွေ့ရှိတာကတော့ ဒီရောဂါကို အမျိူးသားတွေမှာထက် အမျိုးသမီးတွေမှာ ဘာကြောင့်အဖြစ်များရတာလဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အီစထရိုဂျင်အတက်အကျဖြစ်ခြင်းက ကိုယ်တွင်းရှိ ပရိုတင်းပေါ်ကို သက်ရောက်မှုရှိတဲ့အတွက်ကြောင့် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို အမျိုးသမီးတွေက ပိုခံစားကြရခြင်းဖြစ်ပါတယ်။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။