[Zawgyi]







Minimalist Makeup

Minimalist Makeup


Transcend Myanmar

Transcend Myanmar



Redrose (Akhayar)

www.akhayar.com


[Unicode]

Minimalist Makeup ပုံစံလိမ်းခြင်းရဲ့ အားသာချက်

မိန်းကလေးတွေအားလုံးမှန်သမျှ Makeup လိမ်းခြယ်ရတာကို အဝတ်အစားတွေ ဝယ်ရတာထက်ပိုပြီးနှစ်သက်လို့လာကြတယ်။ ဒီထက်ပိုဆိုးဝါးတာက ကိုယ့်မှာ လုံလောက်တဲ့ Makeup Products တွေရှိပါရက်နဲ့ Collection အသစ်ထွက်တိုင်း ဘာမှ မစဉ်းစားတော့ဘဲ ဝယ်ပစ်တတ်ကြတယ်။ Makeup တွေကို ဝါသနာအရ စုတဲ့သူတွေရှိသလို Brand တိုင်းကို လိမ်းနိုင်တယ်ဆိုပြီး ထွက်သမျှ Brand တွေကို လိမ်းနေတဲ့မိန်းကလေးတွေလည်းရှိကြပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

ပုံစံအမျိုးမျိုးနဲ့ Makeup ကို အားပေးကြတဲ့ မိန်းမပျိုလေးတွေဖြစ်ပါတယ်။ Makeup Brand တွေကို စုရတာကြိုက်တဲ့မိန်းကလေးတွေအတွက်တော့ ပြဿနာမရှိခဲ့ပေမယ့် Brand တိုင်းကို လိမ်းနေတဲ့ မိန်းကလေးတွေအတွက်တော့ ကိုယ်မျက်နှာရှေ့ရေးမကောင်းလှပါဘူး။ Makeup အများကြီး လိမ်းခြယ်ခြင်းက ကိုယ့်ရဲ့ မျက်နှာပေါ်မှာ အရေးအကြောင်းပိုဖြစ်စေပါတယ်။ ဒီအတွက် Makeup တစ်ပိဿာလိမ်းခြယ်နေမယ့်အစား ကိုယ့်မျက်နှာလေးလည်း အမြဲတမ်းလန်းဆန်းနေမယ်။ ထူထူသိပ်သိပ်ကြီးမဖြစ်ဘဲ ကြည်ကြည်လေးနဲ့ မျက်နှာလေးလည်း ဝင်းစေရမယ့် Minimalist Makeup လေးကို လိမ်းခြယ်ကြည့်စေချင်ပါတယ်။

Minimalist Makeup

Minimalist Makeup

၂၀၁၇ခုနှစ် နှစ်ဝက်ပိုင်းမှာ Minimalist Makeup က တဖြည်းဖြည်းနေရာရလို့လာခဲ့ပါတယ်။ Minimalist Makeup ကို Sheer Makeup လို့လည်း ခေါ်ကြပါတယ်။ Foundation တွေ လိမ်းတဲ့အစား Cushion လေးတွေကို ပြောင်းပြီး အသုံးပြုလာကြတယ်။ Lipstick အစား Lip Tint လေးတွေကို အသုံးပြုလာကြတယ်။ ပါးနီလေးတွေလည်း အများကြီး မသုံးတော့ဘဲ ပါးပါးလေး အသုံးပြုလို့လာကြတယ်။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

လူကြီးတွေရဲ့ ပြောစမှတ်ရှိတဲ့စကားလေးတစ်ခွန်းတောင်ရှိလို့နေပါတယ်။ “ပြင်လွန်းရင် ဖင်ချွန်းတတ်တယ်” ဆိုတဲ့စကားလေးပဲဖြစ်ပါတယ်။ အရမ်းပြင်လွန်းတဲ့အခါကျတော့ ကိုယ့်ရဲ့ မျက်နှာကို မမှတ်မိနိုင်လောက်အောင် ဖြစ်စေတတ်ပါတယ်။ Makeup အမြဲလိမ်းနေတဲ့ မျက်နှာကို မြင်နေရတော့ Makeup မလိမ်းဘဲနေလိုက်မယ်ဆိုရင် နဂိုအချောဓာတ်ခံရှိနေတဲ့ကောင်မလေးကနေတောင် ရုပ်ဆိုးမ ဖြစ်သွားတတ်ပါတယ်။ Minimalist Makeup ကို လိမ်းရင်တော့ ဒီလိုမျိုး အမြင်စောင်းခြင်းတွေ၊ ကဲ့ရဲ့ ခြင်းတွေအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်ပါတယ်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။