[Zawgyi]

Ballon d’Or ဆုကို မက္ဆီ Messi မရႏိုင္တဲ့ အေၾကာင္းမ်ား

ျပင္သစ္မဂၢဇင္း French Football က ႏွစ္စဥ္ခ်ီးျမွင့္ေနၾကျဖစ္တဲ့ ဥေရာပအေကာင္းဆံုး ကစားသမားဆု (Ballon d’Or)ကို ဒီေန႔ေခတ္ ေဘာလံုးေလာကရဲ႕ ကမၻာ႔အေကာင္းဆံုးကစားသမား (၂)ဦးအျဖစ္ သတ္မွတ္ထားတဲ့ မက္ဆီ Messi နဲ႔ စီေရာ္နယ္လ္ဒို C.Ronaldo တို႔ (၂)ဦးက အႀကိမ္အေရအတြက္ အမ်ားဆံုးအျဖစ္ (၅)ႀကိမ္စီ ဆြတ္ခူးရရွိထားခဲ့တယ္။ ဒီႏွစ္မွာေတာ့ မက္ဆီ နဲ႔ စီေရာ္နယ္လ္ဒို C.Ronaldo တို႔ရဲ႕ ဆယ္စုႏွစ္တစ္ခုၾကာ Ballon d’Or ၿပိဳင္ဆိုင္မႈကို ျမင္ေတြ႔ရဖို႔ ရွိမယ္မထင္ဘူး။၂၀၀၇ ခုႏွစ္မွာ ကာကာ Kaka ရရွိၿပီးတဲ့ေနာက္ပိုင္း ဒီဆုကို မက္ဆီ Messi နဲ႔ စီေရာ္နယ္လ္ဒို C.Ronaldo တို႔က တစ္လွည့္စီ သိမ္းပိုက္ထားခဲ့တာပါ။ ဒီႏွစ္မွာ မက္ဆီ Messi ထက္ Ballon d’Or ဆုကို ရသင့္တဲ့ ကစားသမားေတြကို ေတြ႔ေနရတယ္။

Ballon-dOr

Ballon-dOr

ရိုးမားကေန လီဗာပူးလ္အသင္းကို ေျပာင္းေရႊ႕လာခဲ့ၿပီး ၿပိဳင္ပြဲစံု (၄၄)ဂိုးအထိ သြင္းယူကာ ေျခစြမ္းျပခဲ့တဲ့ ဆာလာ Salah လို ကစားသမား၊ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ေျခစြမ္းေကာင္းေတြ ျပသႏိုင္ခဲ့တဲ့ ျပင္သစ္လူငယ္တိုက္စစ္ကစားသမား ဘာေပ Mbappe နဲ႔ ခရိုေအးရွားအသင္းေခါင္းေဆာင္ မိုဒရစ္ Modric တို႔လို ကစားသမားေတြ ဒီဆုရႏိုင္တဲ့ ကစားသမားစာရင္းမွာ ပါဝင္လာဖို႔ အေျခအေနေကာင္းေနခဲ့တယ္။ ေနာက္တစ္ခ်က္အေနနဲ႔ ေျပာရမယ္ဆိုရင္ ကစားသမား (၂)ဦးစလံုး အသက္(၃၀)ေက်ာ္လာတဲ့အခ်ိန္မွာ စီေရာ္နယ္လ္ဒို C.Ronaldo က အဓိကဆုဖလားရရွိမႈ ပိုမိုအသာရလာမႈနဲ႔အတူ မက္ဆီ Messi ထက္ ပိုမိုအသာစီးယူလာခဲ့တယ္။ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ရီးယဲလ္အသင္းနဲ႔အတူ ဆုဖလား ဆြတ္ခူးႏိုင္ခဲ့မႈကလည္း မက္ဆီ Messi ထက္ ပိုမိုအသာစီးရေစခဲ့တယ္။

Lionel-Messi

Lionel-Messi

ခ်န္ပီယံလိဂ္ၿပိဳင္ပဲြမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ ကစားသမားရဲ႕ သက္ေရာက္မႈက Ballon d’Or ဆုအတြက္ ဆံုးျဖတ္ရာမွာ ပိုအေရးပါတယ္။ ေနာက္ဆံုး (၅)ႏွစ္အတြင္း (၄)ႀကိမ္မွာ ခ်န္ပီယံလိဂ္ဆုဖလားကို ရခဲ့တဲ့ ကစားသမားေတြက Ballon d’Or ကုိ ရရွိခဲ့တာက သက္ေသျဖစ္ေနခဲ့တယ္။ ဒီအခ်ိန္မွာ ကြာတားဖိုင္နယ္အဆင့္ကေန ထြက္ခဲ့ရတဲ့ ဘာစီလိုနာအသင္းရဲ႕ သက္ေရာက္မႈက မက္ဆီ Messi အေပၚမွာ ဆိုးက်ိဳးတစ္ခုလို ျဖစ္လာေစခဲ့တယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေအာင္ျမင္မႈ မရခဲ့တဲ့ မက္ဆီ Messi ကို ကမၻာ႔ဖလားၿပိဳင္ပြဲမွာ သင့္ေလွ်ာ္တဲ့ ေအာင္ျမင္မႈတစ္ခု ရရွိလိမ့္မယ္လို႔ သူ႔ရဲ႕ ပရိသတ္တခ်ိဳ႕က ေမွ်ာ္လင့္ခဲ့ေပမယ့္ မွန္းခ်က္နဲ႔ ႏွမ္းထြက္မကိုက္ခဲ့ျပန္ဘူး။ ျပင္သစ္အသင္းကို ရံႈးထြက္ (၁၆)သင္းအဆင့္မွာ ရံႈးနိမ့္ၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရတဲ့ အာဂ်င္တီးနားအသင္းရဲ႕ က်ရံႈးမႈနဲ႔အတူ မက္ဆီ Messi ရဲ႕ Ballon d’Or ေမွ်ာ္လင့္ခ်က္က အဆံုးသတ္လု နီးနီးျဖစ္ခဲ့တယ္။

Messi-was-reputed-to-be-considering-retirement-as-criticism-reached-fever-pitch-in-ArgentinaMessi-was-reputed-to-be-considering-retirement-as-criticism-reached-fever-pitch-in-Argentina

Messi-was-reputed-to-be-considering-retirement-as-criticism-reached-fever-pitch-in-Argentina

 

မက္ဆီ Messi ဆိုတာ ကမၻာ႔ေဘာလံုးေလာကရဲ႕ အႀကီးက်ယ္ခမ္းနားဆံုး ကစားသမားေတြထဲက တစ္ေယာက္ပါ။ အသက္ (၃၁)ႏွစ္ဆိုတဲ့ အရြယ္က ေဘာလံုးကမၻာကို လက္ျပဖို႔ အခ်ိန္သိပ္မက်န္ေတာ့ပါဘူး။ ဒီအခ်ိန္မွာ Ballon d’Or ဆုကို (၆)ႀကိမ္ေျမာက္အျဖစ္ စံခ်ိန္တင္ရယူထားၿပီး မွတ္တမ္းေကာင္းတစ္ခုအျဖစ္ တင္ရွိထားဖို႔က လက္က်န္အပိုင္းအျခား ကာလေတြမွာ အစြမ္းကုန္ အားထုတ္ရေတာ့မွာျဖစ္ပါတယ္။

REF:Sportskeeda
Photo:radioreloj.cu, golazo argentino, Mashable, TSM Sportz
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

Ballon d’Or ဆုကို မက်ဆီ Messi မရနိုင်တဲ့ အကြောင်းများ

ပြင်သစ်မဂ္ဂဇင်း French Football က နှစ်စဉ်ချီးမြှင့်နေကြဖြစ်တဲ့ ဥရောပအကောင်းဆုံး ကစားသမားဆု (Ballon d’Or)ကို ဒီနေ့ခေတ် ဘောလုံးလောကရဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား (၂)ဦးအဖြစ် သတ်မှတ်ထားတဲ့ မက်ဆီ Messi နဲ့ စီရော်နယ်လ်ဒို C.Ronaldo တို့ (၂)ဦးက အကြိမ်အရေအတွက် အများဆုံးအဖြစ် (၅)ကြိမ်စီ ဆွတ်ခူးရရှိထားခဲ့တယ်။ ဒီနှစ်မှာတော့ မက်ဆီ နဲ့ စီရော်နယ်လ်ဒို C.Ronaldo တို့ရဲ့ ဆယ်စုနှစ်တစ်ခုကြာ Ballon d’Or ပြိုင်ဆိုင်မှုကို မြင်တွေ့ရဖို့ ရှိမယ်မထင်ဘူး။၂၀၀၇ ခုနှစ်မှာ ကာကာ Kaka ရရှိပြီးတဲ့နောက်ပိုင်း ဒီဆုကို မက်ဆီ Messi နဲ့ စီရော်နယ်လ်ဒို C.Ronaldo တို့က တစ်လှည့်စီ သိမ်းပိုက်ထားခဲ့တာပါ။ ဒီနှစ်မှာ မက်ဆီ Messi ထက် Ballon d’Or ဆုကို ရသင့်တဲ့ ကစားသမားတွေကို တွေ့နေရတယ်။

Ballon-dOr

Ballon-dOr

ရိုးမားကနေ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့လာခဲ့ပြီး ပြိုင်ပွဲစုံ (၄၄)ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြခဲ့တဲ့ ဆာလာ Salah လို ကစားသမား၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ပြင်သစ်လူငယ်တိုက်စစ်ကစားသမား ဘာပေ Mbappe နဲ့ ခရိုအေးရှားအသင်းခေါင်းဆောင် မိုဒရစ် Modric တို့လို ကစားသမားတွေ ဒီဆုရနိုင်တဲ့ ကစားသမားစာရင်းမှာ ပါဝင်လာဖို့ အခြေအနေကောင်းနေခဲ့တယ်။ နောက်တစ်ချက်အနေနဲ့ ပြောရမယ်ဆိုရင် ကစားသမား (၂)ဦးစလုံး အသက်(၃၀)ကျော်လာတဲ့အချိန်မှာ စီရော်နယ်လ်ဒို C.Ronaldo က အဓိကဆုဖလားရရှိမှု ပိုမိုအသာရလာမှုနဲ့အတူ မက်ဆီ Messi ထက် ပိုမိုအသာစီးယူလာခဲ့တယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးယဲလ်အသင်းနဲ့အတူ ဆုဖလား ဆွတ်ခူးနိုင်ခဲ့မှုကလည်း မက်ဆီ Messi ထက် ပိုမိုအသာစီးရစေခဲ့တယ်။

Lionel-Messi

Lionel-Messi

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ကစားသမားရဲ့ သက်ရောက်မှုက Ballon d’Or ဆုအတွက် ဆုံးဖြတ်ရာမှာ ပိုအရေးပါတယ်။ နောက်ဆုံး (၅)နှစ်အတွင်း (၄)ကြိမ်မှာ ချန်ပီယံလိဂ်ဆုဖလားကို ရခဲ့တဲ့ ကစားသမားတွေက Ballon d’Or ကို ရရှိခဲ့တာက သက်သေဖြစ်နေခဲ့တယ်။ ဒီအချိန်မှာ ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရတဲ့ ဘာစီလိုနာအသင်းရဲ့ သက်ရောက်မှုက မက်ဆီ Messi အပေါ်မှာ ဆိုးကျိုးတစ်ခုလို ဖြစ်လာစေခဲ့တယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု မရခဲ့တဲ့ မက်ဆီ Messi ကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သင့်လျှော်တဲ့ အောင်မြင်မှုတစ်ခု ရရှိလိမ့်မယ်လို့ သူ့ရဲ့ ပရိသတ်တချို့က မျှော်လင့်ခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပြန်ဘူး။ ပြင်သစ်အသင်းကို ရှုံးထွက် (၁၆)သင်းအဆင့်မှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတဲ့ အာဂျင်တီးနားအသင်းရဲ့ ကျရှုံးမှုနဲ့အတူ မက်ဆီ Messi ရဲ့ Ballon d’Or မျှော်လင့်ချက်က အဆုံးသတ်လု နီးနီးဖြစ်ခဲ့တယ်။

Messi-was-reputed-to-be-considering-retirement-as-criticism-reached-fever-pitch-in-ArgentinaMessi-was-reputed-to-be-considering-retirement-as-criticism-reached-fever-pitch-in-Argentina

Messi-was-reputed-to-be-considering-retirement-as-criticism-reached-fever-pitch-in-Argentina

မက်ဆီ Messi ဆိုတာ ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးကျယ်ခမ်းနားဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ။ အသက် (၃၁)နှစ်ဆိုတဲ့ အရွယ်က ဘောလုံးကမ္ဘာကို လက်ပြဖို့ အချိန်သိပ်မကျန်တော့ပါဘူး။ ဒီအချိန်မှာ Ballon d’Or ဆုကို (၆)ကြိမ်မြောက်အဖြစ် စံချိန်တင်ရယူထားပြီး မှတ်တမ်းကောင်းတစ်ခုအဖြစ် တင်ရှိထားဖို့က လက်ကျန်အပိုင်းအခြား ကာလတွေမှာ အစွမ်းကုန် အားထုတ်ရတော့မှာဖြစ်ပါတယ်။

REF:Sportskeeda
Photo:radioreloj.cu, golazo argentino, Mashable, TSM Sportz
Aung Kyaw Wai (Akhayar)
www.akhayar.com