လူတွေတော်တော်များများက ဝိတ်ချတဲ့အခါမျိုးမှာ အမျိုးသားတွေက ပိုပြီး ဝိတ်မြန်မြန်ကျတယ်ဆိုပြီး တွေးထင်တတ်ကြပါတယ်။ တူညီတဲ့စားသောက်နေထိုင်မှုပုံစံ၊ တူညီတဲ့ လေ့ကျင်ခန်းတွေ လုပ်တာတောင်မှ အမျိုးသမီးတွေက အမျိုးသားတွေလောက် ဝိတ်မြန်မြန်မကျလွယ်တတ်ကြပါဘူးလို့ တွေးထင်ကြတာ တစ်ကယ်ကောမှန်ရဲ့လား၊ ထင်မြင်ယူဆချက်တစ်ခုပဲလားဆိုတာကို အဖြေရှာကြည့်ကြရအောင်။

လေ့လာဆန်းစစ်မှုတွေအရတော့ ယောကျာ်းလေးတွေဟာ မိန်းကလေးတွေထက် ပိုပြီး ဝိတ်ကျလွယ်တယ်ဆိုတာက မှန်တယ်ဆိုတာကို အောက်ကအချက်တွေကို ကြည့်ပြီး သိရှိနိုင်ပါတယ်။ မကြာသေးမီက လေ့လာမှုအရဆိုရင် အမျူိုးသမီးတွေဟာ အမျိုးသားတွေထက် အစားအစာတွေပေါ်မှာ ပိုပြီး စွဲလမ်းတတ်ကြတာကို တွေ့ရှိရပါတယ်။ သေချာစဉ်းစာကြည့်ရင်လည်း အဲဒီအချက် မှန်တာတော့ မငြင်းနိုင်ပါဘူးနော်။ ဘာကြောင့် မှန်တယ်လို့ ပြောရတာလဲဆိုတော့ အမျိုးသမီး ၂၅ ရာခိုင်နှုန်းလောက်က ဝိတ်ချနေတဲ့အချိန် နာရီဝက်တစ်ခါလောက် အတွေးထဲမှာ ဘာစားရကောင်းမလဲဆိုပြီး အတွေးတွေ ဝင်နေတတ်ကြတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ နောက်ထပ်အကြောင်းပြချက်တစ်ခုကတော့ အမျိုးသမီးတွေဟာ စိတ်ခံစားမှုနဲ့ ပတ်သက်ပြီး အစားအစာချင်စိတ်တွေ ဖြစ်ပေါ်လာတတ်ကြပေမယ့် အမျိုးသားတွေကတော့ အဲလိုမျိုး မဖြစ်တတ်ကြပါဘူး။

နောက်ထပ်လေ့လာမှုတစ်ခုအနေနဲ့ ဦးနှောက်ကို Scan ဖတ်ပြီး စစ်ဆေးလေ့လာကာ Conquering Heart Attack & Stoke မှာ ရေးသားကာ အခုလိုဖော်ပြထားပါတယ်။အဲ့ဒီ လေ့လာမှုမှာ သုတေသနပညာရှင်တွေက အရသာရှိတဲ့ အစားအစာတွေကို အစာမစားဘဲ ရက်အတော်ကြာနေတဲ့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေရှေ့မှာထားလိုက်ပြီး အစာစားချင်စိတ်ကို ဘယ်လိုတုံပြန်လဲဆိုပြီး လေ့လာဆန်းစစ်ခဲ့ကြပါတယ်။

အဲဒီနောက်မှာ အမျိုးသားတွေရဲ့ဦးနှောက်နဲ့ အမျူိုးသမီးတွေရဲ့ ဦးနှောက်ကို နှိုင်းယှဉ်ပြီး ကြည့်လိုက်တဲ့အခါမှာ တွေ့ရှိရတာကတော့ စိတ်ခံစားမှု၊ မှတ်ဥာဏ်နဲ့ လှုံဆော်မှုတွေမှာ အမျိုးသားတွေရဲ့ တုံပြန်မှုက အားနည်းတာကို တွေ့ရပါတယ်။ ဆိုလိုချင်တာကတော့ အမျိုးသားတွေဟာ သူတို့အရမ်းကြိုက်နှစ်သက်တဲ့ အစာအစားတွေကို တွေ့ရင်တောင်မှ အငမ်းမရ စားချင်တာမျိုး မဖြစ်အောင် လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်တာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် အမျိုးသားတွေမှာ ဇီဝဖြစ်ပျက်မှုက ပိုပြီး မြန်ပါတယ်။ ကိုယ်အလေးချိန်နဲ့ အရပ်အတိုင်းအတာ အကုန်လုံးတူတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေမှာ အမျိုးသားတွေရဲ့ ဇီဝဖြစ်ပျက်မှုနှုန်းက ငါးရာခိုင်နှုန်းကနေ ဆယ်ရာခိုင်နှုန်းထိ ပိုနေတာကို တွေ့ရှိရပါတယ်။ ဘာကြောင့် အဲဒီလိုဖြစ်ရတာလဲဆိုတော့ အမျိုးသားတွေဟာ အမျိုးသားတွေထက်ပိုပြီး ကယ်လိုရီ လောင်ကျွမ်းဖို့ ကြွက်သားတွေ ပိုများတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

ဒါကြောင့်မို့ အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေနဲ့ တစ်ပြိုင်တည်း ဝိတ်ချပေမယ့် တစ်ပန်းရှုံးပြီး ဝိတ်မကျတာမျိုး မဖြစ်ရလေအောင် စိတ်ခံစားမှုကို ထိန်းချုပ်ဖို့ အကြံပေးချင်ပါတယ်။ ဘာလောက်ပဲ ဆိုးရွားတဲ့ နေ့ရက်ဖြစ်ပါစေ အရသာရှိတဲ့ အကြိုက်အနှစ်သက်ဆုံး အစာအစားကိုစားပြီး စိတ်ဖိစီးမှုကို တိုက်ထုတ်မယ်ဆိုပြီး မလုပ်မိဖို့ကို သတိပြုပြီး ကိုယ်ရဲ့ ဝိတ်ချခြင်း အစီအစဉ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တိုက်တွန်းချင်ပါတယ်နော်။

H.H(Akhayar)

www.akhayar.com