Sony ကတော့ Marvel Universe မှာ Popular အဖြစ်ဆုံး Spiderman ဇာတ်ကောင်နဲ့ အအောင်မြင်ဆုံး၊ ရောင်းအားအကောင်းဆုံး ဆုတွေကို တသီကြီး သိမ်းကြုံးယူသွားခဲ့ပါပြီ။ ဒီလို အောင်မြင်သွားတယ် ဆိုတာက Infinity War မှာ Thanos လက်ဖြောက်အောက် အသက်ပျောက်သွားခဲ့တဲ့ Spiderman ကြောင့်လို့ပဲ ပြောရမလား ရက်တိုအတွင်း ဘယ်သူမှ မလိုက်နိုင်သေးတဲ့ စံချိန်ရသွားတာပါ။ ဒီလိုပဲ ၂၀၁၈ ဒီဇင်ဘာထဲ ရုံတင်သွားတဲ့ Into the Spider Verse အောင်မြင်ချက်က Oscar Awards မှာ The Best Animation ကိုပါသိမ်းပိုက်သွားသေးတယ်။ ဒါနဲ့ Gwen Stacy လေးကို သဘောကျမိ..ဟိဟိ

Spiderman: Into the Spider Verse

ဒီဆောင်းပါးလေးမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ Marvel’s Spiderman ဂိမ်းနောက်ခံထားပြီး သက်ဆိုင်တဲ့ အကြောင်းရာနဲ့ပဲ တင်ဆက်သွားမှာမလို့ ကျန်ရစ်ခဲ့တာရှိရင် နားလည်ပေးပါဗျာ။ ရုပ်ရှင်ပဲကြည့်ဖူးပြီး ဂိမ်းလေးပါ ကစားချင်သွားအောင် မြူဆွယ်ချင်တာမို့ ဆက်သွားလိုက်ရအောင်။ ခုကျနော်ပြောသလို အရမ်းပေါက်သွားတယ်ဆိုတာလည်း Spiderman ကို Sony အသေချာ အချိန်ယူ ပြင်ဆင်ခဲ့ရတာလည်း ပါပါတယ်။ ဂိမ်းထဲမှာတော့ Upside Down Spiderman က Octo ကြီးနဲ့ဖြစ်နေလို့ In-game Footage မသုံးတော့ပါဘူး။ အဲ့ဒါကြောင့် Tobey Maguire ပါဝင်ထားတဲ့ Classic Spiderman ဇာတ်ဝင်ခန်းလေးကိုပဲ Refer လုပ်ပါရစေ။

Spiderman

အရင်က Activision ပဲ ကိုင်တွယ်ခဲ့တယ်ဆိုမယ့် သာမန် ဂိမ်းတစ်ဂိမ်း ကစားလိုက်ရသလို အရသာလည်းမတွေ့၊ Fans အကြိုက်လည်း မဖြစ်ခဲ့ပါဘူး။ အဲ့တုန်းက Spiderman ဂိမ်းဆိုတာလည်း ရုပ်ရှင်ကိုပဲ ပြန်မှီငြမ်းထားတာဆိုတော့ ကစားရ အတော် Feel ကြဲလွန်းတာပါ။ MCU မှာလည်း Spiderman ဇာတ်လမ်း သူ့ဟာနဲ့သူ ရှိပြီးသားမလို့ ရုပ်ရှင်ဖက် သွားတာထက် မူရင်းဇာတ်ကောင်အတိုင်း ပုံဖော်နိုင်တာက ကစားလို့ ပိုကောင်းတာပေါ့နော်။

ဒါကြောင့်လည်း Insomniac Game Developer နဲ့ Sony လက်တွဲပြီး Spiderman Character ကို ထွက်ပြီးသား ဇာတ်လမ်းတွေနဲ့ ပြန်ပေါင်းစပ်၊ Fans အကြိုက်ဖြစ်သွားအောင် Graphics Presentation ရှယ်သုံးပြီး အကောင်းမွန်ဆုံး ဖန်တီးထားတာပါ။ Spiderman ကို မြင်လိုက်တာနဲ့ ငယ်ငယ်ရွယ်ရွယ် Peter Paker လေး အမြဲတမ်းချစ်သူနဲ့ အစဉ်မပြေဖြစ်နေရတဲ့ သနားစရာလေး၊ New York မြို့ကယ်တင်ဖို့ ချစ်သူအတွက်တောင် အချိန်မပေးနိုင်တဲ့အထိ Spiderman ဇာတ်ရုပ်ပီပြင်နေတာမို့ Marvel ဘယ်လောက် ခြေလှမ်းပေါက်နေသလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။

 Spiderman: Homecoming

ကျွန်တော်ကတော့ Spiderman အားလုံးထဲမှာ Emma Stone နဲ့ Andrew Garfield သရုပ်ဆောင်ထားတဲ့ Scene လေးကို အကြိုက်ဆုံးပဲ။ ရင်ထဲအရမ်းထိပြီး Superhero ဖြစ်နေပေမယ့် ချစ်သူကို မကယ်နိုင်လိုက်တဲ့ ဇာတ်ဝင်ခန်းလေးက ဆို့နင့်နေအောင် ခံစားရတယ်။

Peter!!

ပြောတာပြန်ဆက်ရရင် Gameplay ကိုက Spidey ရဲ့ Combat Skill ၊ Web-swinging Skill နဲ့ Spidey Gadget တွေ ဘယ်လို Focus လုပ်ထားသလဲ အသားပေးထားတာကြောင့် လူကြိုက်တိုးသွားတာပါ။ ပုံမှန်အတိုင်း ဇာတ်လမ်းအသစ်နဲ့ မသွားပဲ Exclusive ဆိုပြီး ထုတ်ချလိုက်တော့ Electro ၊ Rhino ၊ Scorpion နဲ့ Vulture စတဲ့ Peter ရန်သူတော်တွေ Spiderman Universe ထဲ ပြန်ပါလာတယ်၊ Mission ထဲ ဘယ်လို ရန်သူနဲ့ပဲ ချချ၊ Boss နဲ့ ဘယ်လိုပဲ တွယ်တွယ် Spider-sense Icon နဲ့ Sneak Attack ၊ Heavy Attack တွေ အမြဲရှောင်တိမ်းနိုင်တယ်၊ ဒီထဲမှာ ထူးခြားလာတာတခုက Focus Bar ဖြစ်ပြီး Ability Meter ပြည့်သွားရင် Damage များများကျွေးနိုင်တဲ့ Ability သုံးလို့ရတာပါ။

Gameplay Footage

ဒီလို Spiderman တိုက်ကွက်တွေ၊ Chain up လုပ်နိုင်တဲ့ Combat Skill တွေနဲ့ Web-swinging Abilities မျိုးစုံကို Gadget တွေနဲ့ တွဲတွဲချနေတဲ့ Peter လေးက DC မှာ Strong အဖြစ်ဆုံး Arkham Knight ကြီးနဲ့တောင် သွားတူနေသလိုပါပဲ။ Bat-suit နဲ့ Gotham မြို့ထဲ ပျံဝဲနေတဲ့ Batman လို New York မြို့ထဲ ပင့်ကူမျှင်လွှတ်ပြီး ပျံဝဲနေတဲ့ Spiderman ကြောင့် Graphics အထူးပြုလုပ်ချက်တွေ ကောင်းလှချည်လား ချီးကျူးရတဲ့အထိပါ၊ 4K Resolution ထောက်ပံ့ထားတာဆိုတော့ Spiderman အပြင်တခါထွက်တိုင်း အရမ်းကိုလှပနေတဲ့ New York မြင်ကွင်းတွေ၊ တိုက်အမြင့်ကြီးက ခုန်ချလို့ အရှိန်နဲ့ ပျံဝဲသွားတာလေးကို ကြည့်ပြီး Feel အပြည့်နဲ့ ကစားရတဲ့အထိကို ကောင်လွန်းနေတာပါ။

Spiderman Footage from Sony

ဒီလို ပြည့်စုံနေတဲ့ Spiderman ဂိမ်းကြောင့် ထွက်ထွက်ပြီးချင်း ၂ ရက်အတွင်းမှာပဲ အချပ်ရေ ၆.၂ သန်းကျော် ရောင်းခဲ့ရပါတယ်၊ ဒီပမာဏက ၂၀၁၈ ရဲ့ အအောင်မြင်ဆုံး God of War ကိုပါ ကျော်တက်သွားပြီး ၃ လ ဆက်တိုက် ဦးဆောင်နေတဲ့ Farcry 5 ကိုပါ အနိုင်ယူသွားတာပါ။ ဒါကြောင့်မလို့လည်း New Game+ Mode ကို အောက်တိုဘာလဲထဲ ချပေးသွားခဲ့လို့ သုံးလကြာမှ NG+ ရခဲ့တဲ့ God of War စံချိန်ကို ကျော်လွန်သွားခဲ့ပါတယ်။

In-game Footage

ဒီလို Spiderman ရဲ့ NG+ ၊ ရေရေလည်လည် ရေပန်းစားနေတဲ့ Call of Duty နဲ့ Red Dead Redemption 2 တို့ကြောင့်မလို့ အောက်တိုဘာလထဲ ကြေညာထားတဲ့ Battlefied V တောင်မှ နောက်တစ်လ ဆုတ်ခဲ့ရပါတယ်။ ဒီဇင်ဘာထဲ ထွက်ရှိလာတဲ့ Red Dead 2 က မတရား Hot ဖြစ်လွန်းပြီး တကယ်လည်း ကျေနပ်စရာကောင်းလွန်းခဲ့တာကြောင့် ၃ လလောက်အရှိန်ယူခဲ့ရတဲ့ Spiderman ကို ကျော်တက်သွားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Super Heroes ကို အခြေခံထားတဲ့ ဗီဒီယိုဂိမ်းထဲမှာ Arkham Night ပြီးရင်အကောင်းဆုံးပါ။ ရုပ်ရှင်ရော၊ ကာတွန်းထဲမှာပါ Spiderman ဆိုတဲ့ Peter တယောက် ချစ်သူနဲ့ ရန်ဖြစ်လိုက်၊ အချိန်မပေးနိုင်တဲ့ကြားထဲ New York မြို့ကို လိုက်ကယ်လိုက်နဲ့ သနားစရာလည်းကောင်း၊ Top One Marvel Hero အဖြစ်ရင်ထဲစွဲကျန်နေတဲ့ ဇာတ်ကောင်လို့ပြောရင်း နိဂုံးချုပ်လိုက်ရပါတယ်။