[ZawGyi]

Fast Food ဆိုင္ေတြရဲ႕ Logo တိုင္းကဘာလုိ႔အနီေရာင္ျဖစ္ေနရတာလဲ

ၾကက္ေၾကာ္ဆိုင္တုိ႔၊ ဘာဂါဆိုင္တုိ႔လိုမ်ိဳး Fast Food ေရာင္းတဲ႔ဆုိင္ေတြအားလံုးရဲ႕ နာမည္ Logo ဟာအနီေရာင္ရဲရဲေလးေတြျဖစ္ေနတတ္ၾကပါတယ္။ ဒါက ဘာလုိ႔မ်ားပါလဲ။

fast-food-with-red-logos

fast-food-with-red-logos

လူေတြကေတာ႔ အေရာင္ေတြတုိင္းကိုျမင္ႏိုင္ျပီး Logo ဆန္းဆန္းေလးေတြဆုိရင္လည္း သတိထားမိတာပါပဲ။ ဒါေပမဲ႔ အနီေရာင္ကိုဘာေၾကာင္႔သံုးတာလဲဆုိရင္ အနီေရာင္ရဲ႕စြမ္းပကားက ပိုျပင္းထန္လို႔ပါ။ ဟိုးအရင္အေရာင္ေတြျဖစ္ေပၚျခင္းရဲ႕ အစကိုျပန္ၾကည္႔မယ္ဆုိရင္ စကားလံုးေတြ၊ စကားစုေတြေပၚမလာခင္ကတည္းက အနီေရာင္ဟာပထမဆံုးနာမည္သတ္မွတ္ေပးျခင္းခံရတဲ႔အေရာင္ျဖစ္ခဲ႔ပါတယ္။ အဲဒီတုန္းက ‘Black’ ‘White’ ‘Red’ ဆိုတဲ႔အေရာင္ေတြပဲရွိခဲ႔ပါေသးတယ္။ ‘Blue’ ဆိုတဲ႔အျပာေရာင္က ခရစ္ႏွစ္၂၀၀ အလြန္ ႏွစ္ေထာင္ေပါင္းမ်ားစြာၾကာသည္အထိ ေပၚမလာခဲ႔ေသးပါဘူး။

Food-logos

Food-logos

ဒီေတာ႔ အနီေရာင္ဟာ တျခားေသာအေရာင္ေတြထက္ လူသားေတြနဲ႔နက္နက္ရိႈင္းရိႈင္းဆက္ႏြယ္မႈရွိခဲ႔တဲ႔အေရာင္ဆုိရင္ မမွားပါဘူး။ သုေတသနျပဳသူေတြကလည္း အနီေရာင္ရဲ႕သေဘာဟာ အေရးတၾကီး၊ ခ်က္ခ်င္း စတဲ႔အေျခအေနေတြ၊ ခံစားမႈေတြနဲ႔ ဆက္ႏြယ္ေနပါတယ္လို႔ဆိုပါတယ္။ ျပီးေတာ႔ အနီေရာင္ကဆာေလာင္မႈကို ျဖစ္ေစပါတယ္။ ဒီလိုအနီေရာင္ရဲ႕စြမ္းအားနဲ႔အတူ အရသာရွိတဲ႔အစားအေသာက္ေတြကိုေပါင္းစပ္လုိက္တဲ႔အခါ လူေတြရဲ႕စားခ်င္စိတ္ကုိအၾကီးၾကီးႏိႈးဆြေတာ႔တာပါပဲ။ ဒါေၾကာင္႔ Fast Food ဆိုင္ေတြမွာ အနီေရာင္ကိုမပါမျဖစ္သံုးၾကတာျဖစ္ပါတယ္။

red-color-recognition

red-color-recognition

ေရွးေရွးကဘာသာစကားေတြကိုေလ႔လာၾကည္႔တဲ႔အခါ ‘Red’ ဆုိတဲ႔စကားလံုးဟာ ‘Blood’ ဆိုတဲ႔စကားလံုးကေနဆင္းသက္လာတယ္လို႔ဆိုၾကပါေသးတယ္။ ျပီးေတာ႔ အနီေရာင္ဟာ ေတာ္ဝင္တဲ႔အေရာင္၊ စြမ္းအားရွိတဲ႔အေရာင္၊ ေကာင္းေသာကိစၥေတြမွာအသံုးျပဳတဲ႔အေရာင္ ျဖစ္ပါတယ္။ အစားအေသာက္အတြက္ဆုိရင္လည္း အနီေရာင္ဟာ ေကာင္းေသာဂုဏ္ပုဒ္ကိုေဆာင္ေနပါေသးတယ္။

လူသားေတြအားလံုးကလည္း အျမင္အာရံုကိုအားထားတဲ႔သက္ရွိေတြျဖစ္ၾကပါတယ္။ ဦးေႏွာက္ဆီကိုေရာက္လာတဲ႔ ၈၀% ေသာအခ်က္အလက္ေတြဟာ အျမင္အာရံုကေနသတင္းေပးပို႔တာျဖစ္ပါတယ္။ ဒီေတာ႔ အနီေရာင္ဆိုရင္ထင္းခနဲျမင္လြယ္ျပီး ဦးေႏွာက္ကအျမန္အလုပ္လုပ္တာမဆန္းပါဘူး။ WebPageFX လို႔ေခၚတဲ႔မားကက္တင္းကုမၸဏီတစ္ခုရဲ႕အဆုိအရ ဝယ္သူ ၈၅% ဟာ ပစၥည္းေတြကိုဝယ္ယူရာမွာ အေရာင္အေပၚအေျခခံျပီးေရြးခ်ယ္ၾကတယ္လုိ႔ဆုိထားပါတယ္။ အေရာင္ေၾကာင္႔ Brand တစ္ခုကိုမွတ္မိတာပါလို႔ ဆိုသူက ၈၀% ရွိပါတယ္တဲ႔။

ဒီအခ်က္ေတြေၾကာင္႔ Fast Food ဆိုင္ေတြဟာအနီေရာင္ Logo၊အနီေရာင္အျပင္အဆင္ကို သံုးတာျဖစ္ပါတယ္။ McDonald တုိ႔ KFC တုိ႔ရဲ႕ Logo ေတြသာ အျပာတုိ႔အစိမ္းတုိ႔ ျဖစ္ေနခဲ႔မယ္ဆုိရင္ ဘယ္လုိျဖစ္သြားမလဲ။ လက္ရွိအေျခအေနေလာက္ ဆြဲေဆာင္အားျပင္းခ်င္မွျပင္းမယ္ထင္ပါတယ္ေနာ္။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

Fast Food ဆိုင်တွေရဲ့ Logo တိုင်းကဘာလို့အနီရောင်ဖြစ်နေရတာလဲ

ကြက်ကြော်ဆိုင်တို့၊ ဘာဂါဆိုင်တို့လိုမျိုး Fast Food ရောင်းတဲ့ဆိုင်တွေအားလုံးရဲ့ နာမည် Logo ဟာအနီရောင်ရဲရဲလေးတွေဖြစ်နေတတ်ကြပါတယ်။ ဒါက ဘာလို့များပါလဲ။

fast-food-with-red-logos

fast-food-with-red-logos

လူတွေကတော့ အရောင်တွေတိုင်းကိုမြင်နိုင်ပြီး Logo ဆန်းဆန်းလေးတွေဆိုရင်လည်း သတိထားမိတာပါပဲ။ ဒါပေမဲ့ အနီရောင်ကိုဘာကြောင့်သုံးတာလဲဆိုရင် အနီရောင်ရဲ့စွမ်းပကားက ပိုပြင်းထန်လို့ပါ။ ဟိုးအရင်အရောင်တွေဖြစ်ပေါ်ခြင်းရဲ့ အစကိုပြန်ကြည့်မယ်ဆိုရင် စကားလုံးတွေ၊ စကားစုတွေပေါ်မလာခင်ကတည်းက အနီရောင်ဟာပထမဆုံးနာမည်သတ်မှတ်ပေးခြင်းခံရတဲ့အရောင်ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ‘Black’ ‘White’ ‘Red’ ဆိုတဲ့အရောင်တွေပဲရှိခဲ့ပါသေးတယ်။ ‘Blue’ ဆိုတဲ့အပြာရောင်က ခရစ်နှစ်၂၀၀ အလွန် နှစ်ထောင်ပေါင်းများစွာကြာသည်အထိ ပေါ်မလာခဲ့သေးပါဘူး။

Food-logos

Food-logos

ဒီတော့ အနီရောင်ဟာ တခြားသောအရောင်တွေထက် လူသားတွေနဲ့နက်နက်ရှိုင်းရှိုင်းဆက်နွယ်မှုရှိခဲ့တဲ့အရောင်ဆိုရင် မမှားပါဘူး။ သုတေသနပြုသူတွေကလည်း အနီရောင်ရဲ့သဘောဟာ အရေးတကြီး၊ ချက်ချင်း စတဲ့အခြေအနေတွေ၊ ခံစားမှုတွေနဲ့ ဆက်နွယ်နေပါတယ်လို့ဆိုပါတယ်။ ပြီးတော့ အနီရောင်ကဆာလောင်မှုကို ဖြစ်စေပါတယ်။ ဒီလိုအနီရောင်ရဲ့စွမ်းအားနဲ့အတူ အရသာရှိတဲ့အစားအသောက်တွေကိုပေါင်းစပ်လိုက်တဲ့အခါ လူတွေရဲ့စားချင်စိတ်ကိုအကြီးကြီးနှိုးဆွတော့တာပါပဲ။ ဒါကြောင့် Fast Food ဆိုင်တွေမှာ အနီရောင်ကိုမပါမဖြစ်သုံးကြတာဖြစ်ပါတယ်။

red-color-recognition

red-color-recognition

ရှေးရှေးကဘာသာစကားတွေကိုလေ့လာကြည့်တဲ့အခါ ‘Red’ ဆိုတဲ့စကားလုံးဟာ ‘Blood’ ဆိုတဲ့စကားလုံးကနေဆင်းသက်လာတယ်လို့ဆိုကြပါသေးတယ်။ ပြီးတော့ အနီရောင်ဟာ တော်ဝင်တဲ့အရောင်၊ စွမ်းအားရှိတဲ့အရောင်၊ ကောင်းသောကိစ္စတွေမှာအသုံးပြုတဲ့အရောင် ဖြစ်ပါတယ်။ အစားအသောက်အတွက်ဆိုရင်လည်း အနီရောင်ဟာ ကောင်းသောဂုဏ်ပုဒ်ကိုဆောင်နေပါသေးတယ်။

လူသားတွေအားလုံးကလည်း အမြင်အာရုံကိုအားထားတဲ့သက်ရှိတွေဖြစ်ကြပါတယ်။ ဦးနှောက်ဆီကိုရောက်လာတဲ့ ၈၀% သောအချက်အလက်တွေဟာ အမြင်အာရုံကနေသတင်းပေးပို့တာဖြစ်ပါတယ်။ ဒီတော့ အနီရောင်ဆိုရင်ထင်းခနဲမြင်လွယ်ပြီး ဦးနှောက်ကအမြန်အလုပ်လုပ်တာမဆန်းပါဘူး။ WebPageFX လို့ခေါ်တဲ့မားကက်တင်းကုမ္ပဏီတစ်ခုရဲ့အဆိုအရ ဝယ်သူ ၈၅% ဟာ ပစ္စည်းတွေကိုဝယ်ယူရာမှာ အရောင်အပေါ်အခြေခံပြီးရွေးချယ်ကြတယ်လို့ဆိုထားပါတယ်။ အရောင်ကြောင့် Brand တစ်ခုကိုမှတ်မိတာပါလို့ ဆိုသူက ၈၀% ရှိပါတယ်တဲ့။

ဒီအချက်တွေကြောင့် Fast Food ဆိုင်တွေဟာအနီရောင် Logo၊အနီရောင်အပြင်အဆင်ကို သုံးတာဖြစ်ပါတယ်။ McDonald တို့ KFC တို့ရဲ့ Logo တွေသာ အပြာတို့အစိမ်းတို့ ဖြစ်နေခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲ။ လက်ရှိအခြေအနေလောက် ဆွဲဆောင်အားပြင်းချင်မှပြင်းမယ်ထင်ပါတယ်နော်။

ဂျူဂျူး(Akhayar)

www.akhayar.com