နွေရာသီအပြောင်းအရွှေ့ ဈေးကွက်ထဲမှာ မန်ယူအသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် Bruno Fernandes ကို ခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အပြောင်းအရွှေ့က မဖြစ်လာခဲ့ပါဘူး။ အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ဖို့ မန်ယူအပြင် လီဗာပူးလ်၊ စပါးအသင်းတို့ကလည်း စိတ်ဝင်စားခဲ့ပြီး ဘရူနိုဖာန်ဒက်စ်ဟာ အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာ ပရိသတ်တွေကို မျက်ရည်တွေနဲ့ နှုတ်ဆက်ခဲ့တာကြောင့် ဒီနွေရာသီမှာ အသင်းပြောင်းဖို့ သေချာနေပြီလို့ မီဒီယာတွေက ခန့်မှန်းခဲ့ကြပါတယ်။ မန်ယူအသင်းအနေနဲ့ အသင်းကွင်းလယ်လူ ပေါ့ဘာ Pogba ကို လက်လွှတ်လိုက်ရရင် ဘရူနိုဖာနန်ဒက်စ်နဲ့ အစားထိုးဖို့ ပြင်ဆင်ခဲ့ပေမယ့် အသင်းကင်းထောက်တွေရဲ့ သတင်းပေးပို့မှုအရ လက်လျှော့ခဲ့တာဖြစ်ပါတယ်။

မန်ယူကင်းထောက်တွေက ဘရူနိုဖာနန်ဒက်စ်ရဲ့ ခြေစွမ်းကို စောင့်ကြည့်လေ့လာခဲ့ပြီးနောက်မှာ သူဟာ ဆိုးလ်ရှား Ole Gunnar Solskjaer ရဲ့ နည်းစနစ်တွေနဲ့ ကိုက်ညီမယ့်သူ မဟုတ်ဘူးလို့ သုံးသပ်ခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ဟာ ပြိုင်ဘက်ခံစစ် Third Zone မှာ ဘောလုံးကိုင်ကစားလေ့ မရှိသလို ၊ အောင်မြင်တဲ့ ဘောလုံးပေးပို့မှုနှုန်းက (၇၅.၁)ရာခိုင်နှုန်းသာ ရှိတာကြောင့် သူ့ကို မခေါ်ဖို့ Report တင်ခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ကွင်းလယ်လူတွေဖြစ်တဲ့ ဟာရဲရား Ander Herrera ၊ ဖယ်လေနီ Marouane Fellaini တို့ကို လက်လွှတ်ခဲ့ရပေမယ့် ပေါ့ဘာကို ဆက်ထိန်းခဲ့တာကြောင့် ဒီနွေရာသီမှာ ကွင်းလယ်လူသစ် မခေါ်ခဲ့ဘဲ လက်ရှိလူစာရင်းနဲ့သာ ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

REF:Daily Mail,talksport
Photo:Bruno Fernandes Facebook,Getty Images
Naing Linn(Akhayar)
www.akhayar.com