[Zawgyi]

ဘာလို႔ MacBook ေတြက Windows ထက္ ေစ်းႀကီးၿပီး ပိုေကာင္းေနရတာလဲ?

ကြန္ပ်ဴတာ တစ္လုံးကို အရည္ေသြးေကာင္း၊ ဘာအျပစ္မွ ေျပာစရာမရွိတဲ့ အမ်ိဳးစားကို ၫြန္ျပပါဆိုရင္ Apple MacBook ေတြလို႔ပဲ ေျပာရမွာပါ။ Windows ကြန္ပ်ဴတာ ဘယ္ေလာက္ပဲ စြမ္းေဆာင္ရည္ ေကာင္းေနပါေစ၊ Apple ကို ယွဥ္ႏိုင္ေနၿပီ ေျပာပါေစ၊ ဘာလို႔ MacBook ကိုမွ ေဈးႀကီးေပးဝယ္ေနၿပီး Apple စံခ်ိန္ ဘာလို႔ Windows မခ်ိဳးႏိုင္ေသးလဲဆိုတာ တင္ျပသြားပါ့မယ္။

Mac ဝယ္ရ ပိုလြယ္တယ္

အရင္ကတည္းက MacBook ေမာ္ဒယ္ကို Air နဲ႔ Pro ဆိုၿပီး ႏွစ္မ်ိဳးပဲထုတ္ခဲ့တာဆိုေတာ့ ေ႐ြးခ်ယ္စရာ ေထြေထြထူးထူး မရွိဘူး။ သုံးခ်င္တဲ့အေနထားအလိုက္ Air နဲ႔ Pro ဆိုၿပီး ဝယ္ႏိုင္သလို အြန္လိုင္းစတိုးမွာ ျဖစ္ျဖစ္၊ ကြန္ပ်ဴတာ အေရာင္းဆိုင္မွာျဖစ္ျဖစ္ မႈိလိုေပါက္ေနတဲ့ Windows Laptop ေတြထက္စာရင္ စဥ္းစားရ ေခါင္းမေျခာက္ပါဘူး။ အခုဆိုရင္ New MacBook ဆိုၿပီး Apple ထပ္မိတ္ဆက္ထားေသးလို႔ ႐ုံးသုံး၊ ေက်ာင္းသုံးအတြက္ ေပါ့ေပါ့ပါးပါးနဲ႔ ပိုစမတ္က်က် သုံးခ်င္ေသးတယ္ဆိုရင္ Air အစား New MacBook ကို ေ႐ြးႏိုင္ပါေသးတယ္။

Apple MacBook Pro Options

Mac ေတြက ျပင္ရပိုလြယ္တယ္

ဘယ္လိုကြန္ပ်ဴတာပဲ ဝယ္ထားဝယ္ထား ေနာက္ဆုံးပ်က္သြားခဲ့ရင္ နီးစပ္ရာ Service Center ဆီ အျမန္ဆုံးသြားျပရစၿမဲပါ။ ဒီေနရာမွာ Service ဆိုင္က ဘယ္ Brand ကိုင္ထားတာမလို႔၊ ဒီမွာ တျခားလက္ေတာ့ျပင္ရင္ေတာ့ ပိုက္ဆံပိုကုန္မယ္ စသျဖင့္ Windows ကြန္ပ်ဴတာျပင္တဲ့အခါ အခုလို ျပႆနာေတြ မလႊဲမေသြႀကဳံရတာပါ။ ဒါေၾကာင့္လည္း နာမည္ရထားတဲ့ Service ဆိုင္တဆိုင္ ဒါမွမဟုတ္ ဝယ္ထားတဲ့ Brand အလိုက္ ဆိုင္ေ႐ြးျပင္ရတာ အေတာ္ ကသိကေအာက္ႏိုင္ပါတယ္။ ဒီေနရာမွာ Mac ပ်က္သြားလို႔ Sevice ျပရၿပီဆိုရင္ေတာ့ ေျပာရဆိုရ ပိုလြယ္ကူသလို အတြင္း အစိတ္ပိုင္းေတြ လြယ္လြယ္ကူကူ အစားထိုး ျပင္ေပးလို႔ရတာေၾကာင့္ ဝယ္ထားၿပီးရင္လည္း ေနာက္ဆက္တြဲ ျပႆနာအတြက္ စိုးရိမ္စရာမရွိပါဘူး။

Easily Maintainable

Windows ထက္သုံးရ ပို႐ိုးရွင္းတယ္

macOS ကို လွမ္းၾကည့္လိုက္ပါ၊ ပါလာတဲ့ Dock System ေလးက သုံးေနၾက Apps ေတြ ထည့္ထားႏိုင္သလို အလြယ္တကူ ဖြင့္လို႔ရတဲ့ ႐ိုးရွင္းမႈက Windows ကြန္ပ်ဴတာမွာ ပါလာေလ့မရွိပါဘူး။ ေနာက္ဆုံးထြက္ Windows 10 မွာေတာင္ ပို႐ိုးရွင္းတဲ့ User Interface (UI) နဲ႔ Experience ပါလာတယ္ဆိုမယ့္ အရင္က Apple OS X ကို မမွီေသးပါဘူး။

macOS Screenshot

Apple Ecosystem က Product အားလုံး တစ္မ်ိဳးထဲ ျဖစ္ေစတယ္

Apple Ecosystem ကိုေတာ့ ဘယ္သူမွ ယွဥ္မရေသးဘူး ထင္ပါတယ္။ အနီးစပ္ဆုံး Samsung Products နဲ႔ပဲ ယွဥ္ၾကည့္လိုက္ပါ။ Galaxy ဖုန္းေတြ၊ လက္ေတာ့ေတြနဲ႔ Smart Watch ေတြက အသြင္ျပင္ခ်င္းလည္းမတူ၊ သုံးထားတဲ့ OS ကလည္း တျခားစီျဖစ္ေနတာက Product အားလုံး တစ္စုတစည္းထဲ လို႔ျမင္ေနရမယ့္ Apple Ecosystem ကို ယွဥ္မရတာပါ။ ဒါေၾကာင့္မလို႔ MacBook ဝယ္ထားလိုက္ရင္ ပထမဆုံးအခ်က္ ျပည့္စုံသြားၿပီျဖစ္သလို iPhone ၊ AirPod ၊ iPad နဲ႔ Apple Watch ေတြပါလာခဲ့ရင္ Perfect ျဖစ္သြားပါၿပီ။

Apple Products

Built-in Software ေတြက Windows မွာထက္ ပိုသာတယ္

Windows OS မွာ ပါလာတဲ့ Built-in Apps ေတြက သုံးလို႔ အစဥ္ေျပတယ္ဆိုမယ့္ ပိုက္ဆံေပးဝယ္ရတဲ့ Software ေတြေလာက္ မစြမ္းေဆာင္ႏိုင္ၾကပါဘူး။ Microsoft ကလည္း ဒီအခ်က္ကို ျပင္ဆင္ေနတယ္ဆိုမယ့္ Mac ထည့္ေပးထားတဲ့ iMovie ၊ Garage Band နဲ႔ Image Capture လို Built-in Music နဲ႔ Video Editing Software ေတြကို မမီေသးတာ အမွန္ပါ။

Pre-installed macOS apps

Windows မွာလို Bloatware Apps ေတြ မပါလာဘူး

Bloatware Apps ဆိုတာ တျခား Developer Support ေပးထားတဲ့ Free Apps လို႔ေျပာခ်င္တာပါ။ Windows တင္လိုက္လို႔ Download ဆြဲႏိုင္ပါတယ္၊ Free ရႏိုင္ပါတယ္ဆိုတဲ့ Bloatware ေတြ အမ်ားေသာအားျဖင့္ Windows PC မွာ အနည္းနဲ႔ အမ်ား ပါလာတတ္ပါတယ္။ Mac မွာေတာ့ ဘယ္လိုပဲ Fresh Windows တင္တင္၊ အသစ္ပဲ ဝယ္လာဝယ္လာ ဘာ Free App မွ ပါမလာသလို တကယ္ လိုအပ္လာခဲ့ရင္လည္း Apple Store ထဲမွာ သြားရွာလို႔ရပါတယ္။

Bloatware Apps on Windows

OS သပ္သပ္ ဝယ္သုံးစရာ မလိုဘူး

Windows ပဲျဖစ္ျဖစ္၊ Mac ပဲျဖစ္ျဖစ္ Update ခ်ေပးဖို႔ အေရးႀကီးတာဆိုေတာ့ Apple ထုတ္သမွ် OS Update ေတြ အၿမဲ Free  ရႏိုင္ပါတယ္။ Windows လည္း Free မေပးဘူးလားဆိုေတာ့ ေပးပါတယ္၊ ဒါေပမယ့္ First Time ကိုေတာ့ သုံးခ်င္တဲ့ Windows Edition အလိုက္ အနည္းဆုံး ေဒၚလာ ၁၀၀ ေပးဝယ္ရမွာပါ။ Mac မွာေတာ့ OS ကို ပိုက္ဆံေပးဝယ္ေနစရာမလိုပါဘူး။

Free to install

အေကာင္းဆုံး ႐ုပ္ထြက္ MacBook မွာပဲ ရႏိုင္တယ္

အေကာင္းဆုံး ႐ုပ္ထြက္ပိုင္ဆိုင္ေနတဲ့ Windows လက္ေတာ့ေတြ ရွိပါတယ္၊ ဒါေပမယ့္ Mac မွာသုံးေနတဲ့ Retina Display ကိုေတာ့ ဘယ္သူမွ မယွဥ္ႏိုင္ေသးပါဘူး။ အဲ့ဒါဘာလဲဆိုရင္ Red ၊ Green ၊ Blue ဆိုတဲ့ RGB Pixel Grid တစုထဲက တစ္ေရာင္ခ်င္းစီ အက်ဥ္း၊ အခ်ဲ႕ျပဳလုပ္ႏိုင္တဲ့ Retina နည္းပညာကို လိုက္မမီေသးလို႔ပါ။ ဒါေၾကာင့္လည္း MacBook ေတြ အေရာင္ထြက္တိက်လြန္းသလို Windows ကြန္ပ်ဴတာ ဘယ္ေလာက္ပဲ Colour Accuracy မွန္တယ္ေျပာေျပာ၊ Strong ျဖစ္တယ္ေျပာေျပာ Retina Display ကို ယွဥ္မရေသးပါဘူး။

Retina Display on MacBook Pro

အေကာင္းဆုံး Trackpad ကိုလည္း ပိုင္ဆိုင္ထားတယ္

Mac Trackpad က သုံးရအစဥ္ေျပတယ္၊ 3 Fingers ၊ 4 Fingers စသျဖင့္ Multi-gesture ေကာင္းေကာင္း Support လုပ္ထားတယ္၊ Sensitivity လည္း အရမ္းေကာင္းတယ္။ ဒီအခ်က္ေတြ Windows Laptop တခ်ိဳ႕မွာ ေတြ႕ႏိုင္တယ္ဆိုမယ့္ Mac ေလာက္ မေကာင္းေသးပါဘူး။ တစ္ခါတရံ သုံးရတာ အစဥ္မေျပတာမ်ိဳး၊ မတိက်တာမ်ိဳး Windows Trackpad မွာ ျဖစ္တတ္ေသးတာမလို႔ Error ကင္းတဲ့ Mac Trackpad ေတြ ပိုစိတ္ခ်ရတယ္လို႔ ေျပာလို႔ရတာပါ။

MacBook’s Trackpad

Windows ကို Mac မွာ တင္သုံးႏိုင္ေသးတယ္

ဒါကေတာ့ macOS အားသာခ်က္တခုပါ။ သူ႔ Original OS အျပင္ သပ္သပ္ Bootcamp တင္ၿပီး အဲ့ထဲမွာ Windows OS Run ထားလို႔ ရတာက Windows ကြန္ပ်ဴတာ မစြမ္းေဆာင္ႏိုင္တဲ့ အားသာခ်က္တခုပါ။

Windows 10 running on MacBook Air

2B (Akhayar)
www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဘာလို့ MacBook တွေက Windows ထက် စျေးကြီးပြီး ပိုကောင်းနေရတာလဲ?

ကွန်ပျူတာ တစ်လုံးကို အရည်သွေးကောင်း၊ ဘာအပြစ်မှ ပြောစရာမရှိတဲ့ အမျိုးစားကို ညွန်ပြပါဆိုရင် Apple MacBook တွေလို့ပဲ ပြောရမှာပါ။ Windows ကွန်ပျူတာ ဘယ်လောက်ပဲ စွမ်းဆောင်ရည် ကောင်းနေပါစေ၊ Apple ကို ယှဉ်နိုင်နေပြီ ပြောပါစေ၊ ဘာလို့ MacBook ကိုမှ ဈေးကြီးပေးဝယ်နေပြီး Apple စံချိန် ဘာလို့ Windows မချိုးနိုင်သေးလဲဆိုတာ တင်ပြသွားပါ့မယ်။

Mac ဝယ်ရ ပိုလွယ်တယ်

အရင်ကတည်းက MacBook မော်ဒယ်ကို Air နဲ့ Pro ဆိုပြီး နှစ်မျိုးပဲထုတ်ခဲ့တာဆိုတော့ ရွေးချယ်စရာ ထွေထွေထူးထူး မရှိဘူး။ သုံးချင်တဲ့အနေထားအလိုက် Air နဲ့ Pro ဆိုပြီး ဝယ်နိုင်သလို အွန်လိုင်းစတိုးမှာ ဖြစ်ဖြစ်၊ ကွန်ပျူတာ အရောင်းဆိုင်မှာဖြစ်ဖြစ် မှိုလိုပေါက်နေတဲ့ Windows Laptop တွေထက်စာရင် စဉ်းစားရ ခေါင်းမခြောက်ပါဘူး။ အခုဆိုရင် New MacBook ဆိုပြီး Apple ထပ်မိတ်ဆက်ထားသေးလို့ ရုံးသုံး၊ ကျောင်းသုံးအတွက် ပေါ့ပေါ့ပါးပါးနဲ့ ပိုစမတ်ကျကျ သုံးချင်သေးတယ်ဆိုရင် Air အစား New MacBook ကို ရွေးနိုင်ပါသေးတယ်။

Apple MacBook Pro Options

Mac တွေက ပြင်ရပိုလွယ်တယ်

ဘယ်လိုကွန်ပျူတာပဲ ဝယ်ထားဝယ်ထား နောက်ဆုံးပျက်သွားခဲ့ရင် နီးစပ်ရာ Service Center ဆီ အမြန်ဆုံးသွားပြရစမြဲပါ။ ဒီနေရာမှာ Service ဆိုင်က ဘယ် Brand ကိုင်ထားတာမလို့၊ ဒီမှာ တခြားလက်တော့ပြင်ရင်တော့ ပိုက်ဆံပိုကုန်မယ် စသဖြင့် Windows ကွန်ပျူတာပြင်တဲ့အခါ အခုလို ပြဿနာတွေ မလွှဲမသွေကြုံရတာပါ။ ဒါကြောင့်လည်း နာမည်ရထားတဲ့ Service ဆိုင်တဆိုင် ဒါမှမဟုတ် ဝယ်ထားတဲ့ Brand အလိုက် ဆိုင်ရွေးပြင်ရတာ အတော် ကသိကအောက်နိုင်ပါတယ်။ ဒီနေရာမှာ Mac ပျက်သွားလို့ Sevice ပြရပြီဆိုရင်တော့ ပြောရဆိုရ ပိုလွယ်ကူသလို အတွင်း အစိတ်ပိုင်းတွေ လွယ်လွယ်ကူကူ အစားထိုး ပြင်ပေးလို့ရတာကြောင့် ဝယ်ထားပြီးရင်လည်း နောက်ဆက်တွဲ ပြဿနာအတွက် စိုးရိမ်စရာမရှိပါဘူး။

Easily Maintainable

Windows ထက်သုံးရ ပိုရိုးရှင်းတယ်

macOS ကို လှမ်းကြည့်လိုက်ပါ၊ ပါလာတဲ့ Dock System လေးက သုံးနေကြ Apps တွေ ထည့်ထားနိုင်သလို အလွယ်တကူ ဖွင့်လို့ရတဲ့ ရိုးရှင်းမှုက Windows ကွန်ပျူတာမှာ ပါလာလေ့မရှိပါဘူး။ နောက်ဆုံးထွက် Windows 10 မှာတောင် ပိုရိုးရှင်းတဲ့ User Interface (UI) နဲ့ Experience ပါလာတယ်ဆိုမယ့် အရင်က Apple OS X ကို မမှီသေးပါဘူး။

macOS Screenshot

Apple Ecosystem က Product အားလုံး တစ်မျိုးထဲ ဖြစ်စေတယ်

Apple Ecosystem ကိုတော့ ဘယ်သူမှ ယှဉ်မရသေးဘူး ထင်ပါတယ်။ အနီးစပ်ဆုံး Samsung Products နဲ့ပဲ ယှဉ်ကြည့်လိုက်ပါ။ Galaxy ဖုန်းတွေ၊ လက်တော့တွေနဲ့ Smart Watch တွေက အသွင်ပြင်ချင်းလည်းမတူ၊ သုံးထားတဲ့ OS ကလည်း တခြားစီဖြစ်နေတာက Product အားလုံး တစ်စုတစည်းထဲ လို့မြင်နေရမယ့် Apple Ecosystem ကို ယှဉ်မရတာပါ။ ဒါကြောင့်မလို့ MacBook ဝယ်ထားလိုက်ရင် ပထမဆုံးအချက် ပြည့်စုံသွားပြီဖြစ်သလို iPhone ၊ AirPod ၊ iPad နဲ့ Apple Watch တွေပါလာခဲ့ရင် Perfect ဖြစ်သွားပါပြီ။

Apple Products

Built-in Software တွေက Windows မှာထက် ပိုသာတယ်

Windows OS မှာ ပါလာတဲ့ Built-in Apps တွေက သုံးလို့ အစဉ်ပြေတယ်ဆိုမယ့် ပိုက်ဆံပေးဝယ်ရတဲ့ Software တွေလောက် မစွမ်းဆောင်နိုင်ကြပါဘူး။ Microsoft ကလည်း ဒီအချက်ကို ပြင်ဆင်နေတယ်ဆိုမယ့် Mac ထည့်ပေးထားတဲ့ iMovie ၊ Garage Band နဲ့ Image Capture လို Built-in Music နဲ့ Video Editing Software တွေကို မမီသေးတာ အမှန်ပါ။

Pre-installed macOS apps

Windows မှာလို Bloatware Apps တွေ မပါလာဘူး

Bloatware Apps ဆိုတာ တခြား Developer Support ပေးထားတဲ့ Free Apps လို့ပြောချင်တာပါ။ Windows တင်လိုက်လို့ Download ဆွဲနိုင်ပါတယ်၊ Free ရနိုင်ပါတယ်ဆိုတဲ့ Bloatware တွေ အများသောအားဖြင့် Windows PC မှာ အနည်းနဲ့ အများ ပါလာတတ်ပါတယ်။ Mac မှာတော့ ဘယ်လိုပဲ Fresh Windows တင်တင်၊ အသစ်ပဲ ဝယ်လာဝယ်လာ ဘာ Free App မှ ပါမလာသလို တကယ် လိုအပ်လာခဲ့ရင်လည်း Apple Store ထဲမှာ သွားရှာလို့ရပါတယ်။

Bloatware Apps on Windows

OS သပ်သပ် ဝယ်သုံးစရာ မလိုဘူး

Windows ပဲဖြစ်ဖြစ်၊ Mac ပဲဖြစ်ဖြစ် Update ချပေးဖို့ အရေးကြီးတာဆိုတော့ Apple ထုတ်သမျှ OS Update တွေ အမြဲ Free  ရနိုင်ပါတယ်။ Windows လည်း Free မပေးဘူးလားဆိုတော့ ပေးပါတယ်၊ ဒါပေမယ့် First Time ကိုတော့ သုံးချင်တဲ့ Windows Edition အလိုက် အနည်းဆုံး ဒေါ်လာ ၁၀၀ ပေးဝယ်ရမှာပါ။ Mac မှာတော့ OS ကို ပိုက်ဆံပေးဝယ်နေစရာမလိုပါဘူး။

Free to install

အကောင်းဆုံး ရုပ်ထွက် MacBook မှာပဲ ရနိုင်တယ်

အကောင်းဆုံး ရုပ်ထွက်ပိုင်ဆိုင်နေတဲ့ Windows လက်တော့တွေ ရှိပါတယ်၊ ဒါပေမယ့် Mac မှာသုံးနေတဲ့ Retina Display ကိုတော့ ဘယ်သူမှ မယှဉ်နိုင်သေးပါဘူး။ အဲ့ဒါဘာလဲဆိုရင် Red ၊ Green ၊ Blue ဆိုတဲ့ RGB Pixel Grid တစုထဲက တစ်ရောင်ချင်းစီ အကျဉ်း၊ အချဲ့ပြုလုပ်နိုင်တဲ့ Retina နည်းပညာကို လိုက်မမီသေးလို့ပါ။ ဒါကြောင့်လည်း MacBook တွေ အရောင်ထွက်တိကျလွန်းသလို Windows ကွန်ပျူတာ ဘယ်လောက်ပဲ Colour Accuracy မှန်တယ်ပြောပြော၊ Strong ဖြစ်တယ်ပြောပြော Retina Display ကို ယှဉ်မရသေးပါဘူး။

Retina Display on MacBook Pro

အကောင်းဆုံး Trackpad ကိုလည်း ပိုင်ဆိုင်ထားတယ်

Mac Trackpad က သုံးရအစဉ်ပြေတယ်၊ 3 Fingers ၊ 4 Fingers စသဖြင့် Multi-gesture ကောင်းကောင်း Support လုပ်ထားတယ်၊ Sensitivity လည်း အရမ်းကောင်းတယ်။ ဒီအချက်တွေ Windows Laptop တချို့မှာ တွေ့နိုင်တယ်ဆိုမယ့် Mac လောက် မကောင်းသေးပါဘူး။ တစ်ခါတရံ သုံးရတာ အစဉ်မပြေတာမျိုး၊ မတိကျတာမျိုး Windows Trackpad မှာ ဖြစ်တတ်သေးတာမလို့ Error ကင်းတဲ့ Mac Trackpad တွေ ပိုစိတ်ချရတယ်လို့ ပြောလို့ရတာပါ။

MacBook’s Trackpad

Windows ကို Mac မှာ တင်သုံးနိုင်သေးတယ်

ဒါကတော့ macOS အားသာချက်တခုပါ။ သူ့ Original OS အပြင် သပ်သပ် Bootcamp တင်ပြီး အဲ့ထဲမှာ Windows OS Run ထားလို့ ရတာက Windows ကွန်ပျူတာ မစွမ်းဆောင်နိုင်တဲ့ အားသာချက်တခုပါ။

Windows 10 running on MacBook Air

2B (Akhayar)
www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။