[ZawGyi]

အေကာင္းဆံုးအိပ္စက္မႈပံုစံကို သိျပီးျပီလား

အိပ္စက္ျခင္းပံုစံမွန္မမွန္ဆုိတာက လူငယ္ လူၾကီးအသက္အရြယ္အားလံုးအတြက္အေရးၾကီးတာကိုလက္ခံၾကမွာပါ။ ေခါင္းေစာင္းအိပ္မိလို႔ တစ္ေနရာတည္းဖိအိပ္မလို႔ ခႏၶာကိုယ္တစ္ျခမ္းနာတာတို႔ လည္ပင္းတစ္ဖက္လွည္႔မရတာတို႔ စတဲ႔ေဝဒနာမ်ိဳးေတြကိုတခါတေလ ၾကံဳဖူးၾကမွာပါ။ အိပ္စက္ျခင္းပံုစံေတြဟာ လူတစ္ေယာက္နဲ႔တစ္ေယာက္မတူပါဘူး။ ကိုယ္နဲ႔အသားက်သလို အဆင္ေျပသလုိအိပ္ၾကတာပါ။
အဆင္ေျပသလိုအိပ္ၾကတယ္ဆုိေပမယ္႔ အမွန္မွာေတာ႔က်န္းမာေရးအတြက္ အသင္႔ေတာ္ဆံုးအိပ္စက္မႈပံုစံရွိပါတယ္။

Shelby Harris လို႔ေခၚတဲ႔ အိပ္စက္ျခင္းဆုိင္ရာကၽြမ္းက်င္ပညာရွင္နဲ႔ Albert Einstein College of Medicine ရဲ႕ ပေရာ္ဖက္ဆာၾကီးက ဘယ္လိုအိပ္စက္ျခင္းပံုစံကအေကာင္းဆံုးလဲဆိုတာကို ထုတ္ေဖာ္လုိက္တာျဖစ္ပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက ေဘးေစာင္းအိပ္ေလ႔ရွိတယ္လို႔ National Sleep Foundation ရဲ႕အဆုိအရသိရပါတယ္။ ဒါေပမဲ႔ ေဘးေစာင္းအိပ္တာက ပခံုးနဲ႔တင္ပါးကိုနာက်င္ေစပါတယ္။

ညာဘက္ေစာင္းအိပ္ျပန္ရင္လည္း ရင္ပူရင္ဆာျဖစ္ျခင္းကို ပိုဆုိးေစတယ္လုိ႔ဆိုျပန္ပါတယ္။ ဒါဟာဘာေၾကာင္႔လဲဆုိေတာ႔အစာအိမ္ထဲမွာသိုေလွာင္ထားတဲ႔ အက္ဆစ္ကအစာျပြန္ကေနတက္လာျပီး ရင္ပူရင္ဆာျဖစ္ေစတာပါ။
ဒါေၾကာင္႔ ေဘးေစာင္းအိပ္တတ္တယ္ဆိုရင္ ဘယ္ဘက္ေစာင္းအိပ္တာက ပိုသင္႔ေတာ္တယ္လုိ႔ဆုိပါတယ္။ ေဘးေစာင္းအိပ္မယ္ဆိုရင္ေခါင္းကို သက္ေသာင္႔သက္သာရွိေအာင္ေကာင္းေကာင္းေထာက္ပ႔ံမႈေပးႏိုင္တဲ႔ ေခါင္းအံုးလုိသလုိ ဒူးေအာက္မွာလည္း ေခါင္းအံုးတစ္ခုထားသင္႔ပါေသးတယ္။ ဒါမွ ေက်ာဘက္နာက်င္ျခင္းကိုသက္သာေစမွာျဖစ္ပါတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

အဆုိးဆံုးအိပ္စက္မႈပံုစံလည္းရွိပါတယ္။ ဒီလုိအိပ္စက္ပံုမ်ိဳးကို လူ ၇% ေလာက္ပဲအိပ္ေလ႔ရွိၾကပါတယ္။ အဲဒါကေတာ႔ ေမွာက္ခံုအေနအထားနဲ႔ဗိုက္ကိုဖိျပီးအိပ္တာပါပဲ။ ဒီလုိေမွာက္ခံုအိပ္တာက ခႏၶာကိုယ္တစ္ခုလံုးကိုဝန္ပိေစပါတယ္။ ၾကြက္သားေရာ အဆစ္အျမစ္ေတြကိုပါ နာက်င္ေစတာေတြ႔ရပါလိမ္႔မယ္။ ေမွာက္ခံုအိပ္တာအက်င္႔ပါေနရင္ေတာ႔ ေခါင္းနဲ႔လည္ပင္းေအာက္မွာ ေခါင္းအံုးျပားျပားေလးရွိဖုိ႔လုိပါတယ္။

အေကာင္းဆံုးနဲ႔အသင္႔ေတာ္ဆံုးအိပ္စက္မႈပံုစံကေတာ႔ ပက္လက္အိပ္တာပါပဲ။ ပက္လက္အိပ္တာကလည္း လူ၁၀၀ မွာ ၈% ေလာက္ပဲအိပ္ေလ႔ရွိပါတယ္တဲ႔။ နာက်င္ကိုက္ခဲမႈေတြအတြက္ေတာ႔ ပက္လက္အိပ္တာကအေကာင္းဆံုးေျဖေလ်ွာ႔နည္းပါပဲ။ ပက္လက္အိပ္ရင္ ရင္ပူရင္ဆာျဖစ္တာ ႏွလံုးစူးေအာင္႔တာမ်ိဳးေတြမျဖစ္ႏိုင္ဘူးလုိ႔ဆုိပါတယ္။ တစ္ခုဆိုးတာက ပက္လက္အိပ္ျပန္ရင္ ေဟာက္ႏိုင္ေျခမ်ားပါတယ္တဲ႔။
ကိုယ္႔ရဲ႕အိပ္စက္ပံုကိုေျပာင္းခ်င္တယ္ဆုိရင္ေတာ႔ ခႏၶာကိုယ္ေဘးႏွစ္ဖက္မွာ ေခါင္းအံုးေတြကိုထားပါ။ ဒူးေအာက္မွာပါ ေခါင္းအံုးပါးေလးထားပါ။ ဒါဆုိရင္ေတာ႔ ေဘးဘီဝဲယာသိပ္မေစာင္းျဖစ္ေတာ႔ဘဲ ပက္လက္အိပ္တတ္သြားပါလိမ္႔မယ္။

Shelby Harris က “လူေတြအတြက္အေကာင္းဆံုးအိပ္စက္မႈပံုစံကေတာ႔ ပက္လက္အိပ္တာပဲဗ်။ သက္ေသာင္႔သက္သာလည္းရွိတယ္၊ ျဖစ္ႏိုင္ရင္ ပက္လက္အိပ္ဖုိ႔ေလ႔က်င္႔ထားသင္႔ပါတယ္။ ကိုယ္ရဲ႕အိပ္စက္တဲ႔ပံုကမွားေနရင္ က်န္းမာေရးအတြက္ေရာ အိပ္ေရးဝဖုိ႔အတြက္ေရာ ေတာ္ေတာ္ေလးကိုအေႏွာက္အယွက္ေပးပါတယ္။” လို႔အၾကံျပဳခဲ႔တာပါ။

ကိုယ္ကညဘက္မွာ ခဏခဏႏိုးတတ္တယ္ဆုိရင္ အိပ္တဲ႔ပံုစံကို အမ်ိဳးမ်ိဳးသာေျပာင္းအိပ္ပါ။ အေကာင္းဆံုးကေတာ႔ နတ္ျပည္ေမွ်ာ္တယ္လုိ႔ေျပာၾကတဲ႔ ပက္လက္အိပ္တဲ႔ပံုစံပဲေပါ႔ေနာ္။

အားလံုးပဲႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္ေပ်ာ္ႏိုင္ၾကပါေစ။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

[Unicode]

အကောင်းဆုံးအိပ်စက်မှုပုံစံကို သိပြီးပြီလား

အိပ်စက်ခြင်းပုံစံမှန်မမှန်ဆိုတာက လူငယ် လူကြီးအသက်အရွယ်အားလုံးအတွက်အရေးကြီးတာကိုလက်ခံကြမှာပါ။ ခေါင်းစောင်းအိပ်မိလို့ တစ်နေရာတည်းဖိအိပ်မလို့ ခန္ဓာကိုယ်တစ်ခြမ်းနာတာတို့ လည်ပင်းတစ်ဖက်လှည့်မရတာတို့ စတဲ့ဝေဒနာမျိုးတွေကိုတခါတလေ ကြုံဖူးကြမှာပါ။ အိပ်စက်ခြင်းပုံစံတွေဟာ လူတစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ ကိုယ်နဲ့အသားကျသလို အဆင်ပြေသလိုအိပ်ကြတာပါ။
အဆင်ပြေသလိုအိပ်ကြတယ်ဆိုပေမယ့် အမှန်မှာတော့ကျန်းမာရေးအတွက် အသင့်တော်ဆုံးအိပ်စက်မှုပုံစံရှိပါတယ်။

Shelby Harris လို့ခေါ်တဲ့ အိပ်စက်ခြင်းဆိုင်ရာကျွမ်းကျင်ပညာရှင်နဲ့ Albert Einstein College of Medicine ရဲ့ ပရော်ဖက်ဆာကြီးက ဘယ်လိုအိပ်စက်ခြင်းပုံစံကအကောင်းဆုံးလဲဆိုတာကို ထုတ်ဖော်လိုက်တာဖြစ်ပါတယ်။ လူတော်တော်များများက ဘေးစောင်းအိပ်လေ့ရှိတယ်လို့ National Sleep Foundation ရဲ့အဆိုအရသိရပါတယ်။ ဒါပေမဲ့ ဘေးစောင်းအိပ်တာက ပခုံးနဲ့တင်ပါးကိုနာကျင်စေပါတယ်။

ညာဘက်စောင်းအိပ်ပြန်ရင်လည်း ရင်ပူရင်ဆာဖြစ်ခြင်းကို ပိုဆိုးစေတယ်လို့ဆိုပြန်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့အစာအိမ်ထဲမှာသိုလှောင်ထားတဲ့ အက်ဆစ်ကအစာပြွန်ကနေတက်လာပြီး ရင်ပူရင်ဆာဖြစ်စေတာပါ။
ဒါကြောင့် ဘေးစောင်းအိပ်တတ်တယ်ဆိုရင် ဘယ်ဘက်စောင်းအိပ်တာက ပိုသင့်တော်တယ်လို့ဆိုပါတယ်။ ဘေးစောင်းအိပ်မယ်ဆိုရင်ခေါင်းကို သက်သောင့်သက်သာရှိအောင်ကောင်းကောင်းထောက်ပံ့မှုပေးနိုင်တဲ့ ခေါင်းအုံးလိုသလို ဒူးအောက်မှာလည်း ခေါင်းအုံးတစ်ခုထားသင့်ပါသေးတယ်။ ဒါမှ ကျောဘက်နာကျင်ခြင်းကိုသက်သာစေမှာဖြစ်ပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

အဆိုးဆုံးအိပ်စက်မှုပုံစံလည်းရှိပါတယ်။ ဒီလိုအိပ်စက်ပုံမျိုးကို လူ ၇% လောက်ပဲအိပ်လေ့ရှိကြပါတယ်။ အဲဒါကတော့ မှောက်ခုံအနေအထားနဲ့ဗိုက်ကိုဖိပြီးအိပ်တာပါပဲ။ ဒီလိုမှောက်ခုံအိပ်တာက ခန္ဓာကိုယ်တစ်ခုလုံးကိုဝန်ပိစေပါတယ်။ ကြွက်သားရော အဆစ်အမြစ်တွေကိုပါ နာကျင်စေတာတွေ့ရပါလိမ့်မယ်။ မှောက်ခုံအိပ်တာအကျင့်ပါနေရင်တော့ ခေါင်းနဲ့လည်ပင်းအောက်မှာ ခေါင်းအုံးပြားပြားလေးရှိဖို့လိုပါတယ်။

အကောင်းဆုံးနဲ့အသင့်တော်ဆုံးအိပ်စက်မှုပုံစံကတော့ ပက်လက်အိပ်တာပါပဲ။ ပက်လက်အိပ်တာကလည်း လူ၁၀၀ မှာ ၈% လောက်ပဲအိပ်လေ့ရှိပါတယ်တဲ့။ နာကျင်ကိုက်ခဲမှုတွေအတွက်တော့ ပက်လက်အိပ်တာကအကောင်းဆုံးဖြေလျှော့နည်းပါပဲ။ ပက်လက်အိပ်ရင် ရင်ပူရင်ဆာဖြစ်တာ နှလုံးစူးအောင့်တာမျိုးတွေမဖြစ်နိုင်ဘူးလို့ဆိုပါတယ်။ တစ်ခုဆိုးတာက ပက်လက်အိပ်ပြန်ရင် ဟောက်နိုင်ခြေများပါတယ်တဲ့။
ကိုယ့်ရဲ့အိပ်စက်ပုံကိုပြောင်းချင်တယ်ဆိုရင်တော့ ခန္ဓာကိုယ်ဘေးနှစ်ဖက်မှာ ခေါင်းအုံးတွေကိုထားပါ။ ဒူးအောက်မှာပါ ခေါင်းအုံးပါးလေးထားပါ။ ဒါဆိုရင်တော့ ဘေးဘီဝဲယာသိပ်မစောင်းဖြစ်တော့ဘဲ ပက်လက်အိပ်တတ်သွားပါလိမ့်မယ်။

Shelby Harris က “လူတွေအတွက်အကောင်းဆုံးအိပ်စက်မှုပုံစံကတော့ ပက်လက်အိပ်တာပဲဗျ။ သက်သောင့်သက်သာလည်းရှိတယ်၊ ဖြစ်နိုင်ရင် ပက်လက်အိပ်ဖို့လေ့ကျင့်ထားသင့်ပါတယ်။ ကိုယ်ရဲ့အိပ်စက်တဲ့ပုံကမှားနေရင် ကျန်းမာရေးအတွက်ရော အိပ်ရေးဝဖို့အတွက်ရော တော်တော်လေးကိုအနှောက်အယှက်ပေးပါတယ်။” လို့အကြံပြုခဲ့တာပါ။

ကိုယ်ကညဘက်မှာ ခဏခဏနိုးတတ်တယ်ဆိုရင် အိပ်တဲ့ပုံစံကို အမျိုးမျိုးသာပြောင်းအိပ်ပါ။ အကောင်းဆုံးကတော့ နတ်ပြည်မျှော်တယ်လို့ပြောကြတဲ့ ပက်လက်အိပ်တဲ့ပုံစံပဲပေါ့နော်။

အားလုံးပဲနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ကြပါစေ။

ဂျူဂျူး(Akhayar)

www.akhayar.com

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကွောငျး အသေးစိတျစုံစမျးရနျ