[Zawgyi]

Khabib Nurmagomedov က Conor McGregor ကုိ ဘာေၾကာင့္အႏုိင္ရတာလဲ

UFC (Ultimate Fighting Championship) ရဲ႕ လုိက္ဝိတ္ခ်န္ပီယံလုပြဲ (UFC 229) ရုရွားႏုိင္ငံသား Khabib Nurmagomedov က Conor McGregor ကုိ စတုတၳအခ်ီ သုံးမိနစ္သုံးစကၠန္႔မွာပဲ ခ်ဳပ္သုိင္းနဲ႔ အႏုိင္ယူသြားပါတယ္။ စတုတၳအခ်ီမွာပဲ ဒုိင္ပြဲရပ္သြားတယ္ဆုိေပမယ့္ ပြဲခ်ိန္ျပည့္ဆက္ထုိးမယ္ဆုိရင္ လက္ရွိခ်န္ပီယံ Khabib Nurmagomedov ကပဲ အမွတ္နဲ႔ အႏုိင္ယူသြားမယ့္ အေျခအေနပါ။

Conor McGregor နဲ႔ Khabib Nurmagomedov တုိ႔ရဲ႕ ခ်န္ပီယံလုပြဲအေၾကာင္းကုိ နည္းနည္းေျပာျပခ်င္တယ္။ တကယ္ေတာ့ UFC ရဲ႕ လုိက္ဝိတ္ခ်န္ပီယံက Conor McGregor ပါ။ သူက ၂ဝ၁၆ခုႏွစ္ ႏုိဝင္ဘာလ (၁၂) ရက္ေန႔မွာ Eddie Alvarez ကုိ အလဲထုိးနဲ႔ ခ်န္ပီယံျဖစ္လာတယ္။ MMA မွာ စြာေနတဲ့ Conor McGregor ဟာ ေဘာက္ဆင္မွာ Floyd Mayweather နဲ႔ ထုိးဖုိ႔ျဖစ္လာတယ္။

ေဘာက္ဆင္ပြဲဦးထြက္မွာ ရႈံးနိမ့္ခဲ့ေပမယ့္ တစ္ပြဲတည္းကုိ ေဒၚလာ (၈၅) သန္းေလာက္ ရလုိက္တယ္။ ၿပီးေတာ့ ေၾကာ္ျငာဝင္ေငြ ေဒၚလာ (၁၄) သန္းပါ ေပါင္းလုိက္ရင္ တစ္ႏွစ္ဝင္ေငြက ေဒၚလာ (၉၉) သန္းအထိကုိ ရွိလာတယ္။

ဒါ့ေၾကာင့္ Conor McGregor က လက္ဖ်ားေငြသီးေနတာမုိ႔ UFC ကုိ ျပန္သြားဖုိ႔ စိတ္ကူးမရွိေသးဘူး။ UFC ဥကၠဌ Dana White ကလည္း သူ႕ကုိ အႀကိမ္ႀကိမ္ျပန္ေခၚတယ္။ ဟုိက ျပန္မလာေသးဘူး။ အဲဒါေၾကာင့္ လစ္လပ္ေနတဲ့ လုိက္ဝိတ္ခ်န္ပီယံဘြဲ႕ ကုိ Khabib Nurmagomedov နဲ႔ Al Iaquinta ကုိ UFC 223 အေနနဲ႔ ယွဥ္ၿပိဳင္ခုိင္းၿပီး မင္းေလာင္းအသစ္ ေရြးခ်ယ္ဖုိ႔ စီစဥ္တယ္။ ဒါကုိ Conor McGregor တုိ႔အဖြဲ႕ က သိသြားၿပီး ကစားသမားေတြ စီးလာတဲ့ ကားႀကီးကုိ တုိက္ခုိက္ပါေတာ့တယ္။

ကစားသမားတခ်ိဳ႕ လည္း ထိခုိက္ကုန္ၿပီး UFC 223 ရဲ႕ ပြဲစဥ္တခ်ိဳ႕လည္း ပ်က္ခဲ့ရတယ္။ တကယ့္ၿပိဳင္ပြဲမွာေတာ့ Khabib Nurmagomedov က အမွတ္နဲ႔အႏုိင္ယူၿပီး UFC ရဲ႕ လုိက္ဝိတ္ခ်န္ပီယံ ျဖစ္လာပါေတာ့တယ္။ နယူးေယာက္ရဲတပ္ဖြဲ႕ ဟာ Conor McGregor ကုိ အေရးယူသလုိ လက္ရွိခ်န္ပီယံဘြဲ႕လည္း ဆုံးရႈံးသြားတဲ့အတြက္ ‘မိေအးႏွစ္ခါနာ’ ျဖစ္ခဲ့ရတယ္။

အဲဒီအခ်ိန္မွာေတာ့ Khabib Nurmagomedov ဟာ လုိက္ဝိတ္ခ်န္ပီယံခါးပတ္ႀကီးကုိ သိမ္းပုိက္ၿပီး ခ်န္ပီယံကာကြယ္ဖုိ႔ ျပင္ဆင္ေနရၿပီ။ Conor McGregor ကေတာ့ နယူးေယာက္ၿမိဳ႕ မွာျဖစ္ခဲ့တဲ့ ရမ္းကားမႈနဲ႔ ေဒၚလာ (၅) ေသာင္း ဒဏ္ရုိက္ခံရတယ္၊ လူမႈအက်ိဳးျပဳလုပ္ငန္းေတြ ငါးရက္တာ လုပ္ကုိင္ဖုိ႔ အမိန္႔ခ်လုိက္တယ္။

ေဒါသကုိ ထိန္းခ်ဳပ္ႏုိင္ဖုိ႔ သင္တန္းေတြ တက္ခုိင္းတယ္။ ဇြန္လ (၁၄) ရက္ေန႔မွ လြတ္လာတာပါ။

Conor McGregor က Khabib Nurmagomedov ကုိ သိပ္မၾကည္ဘူး။ ရည္းစားလူလုခံရတာက အူႏုကုိ ကြ်ဲခတ္သလုိ နာက်င္ရသလုိ ခါးပတ္လုခံလုိက္ရတာက အူႏုပါမက အသည္းႏွလုံးေတြကုိပါ ေျဗာင္းဆန္ေအာင္ နာက်င္ရတယ္။ အခ်ဳပ္ခန္းက လြတ္တာနဲ႔ Khabib Nurmagomedov ကုိ စိန္ေခၚဖုိ႔ ၾကံစည္တယ္။ ဒီအကြက္ကုိ UFC ဥကၠဌ Dana White နဲ႔ လက္ရွိခ်န္ပီယံ Khabib Nurmagomedov တုိ႔က ႀကိဳျမင္ၿပီးသား။

အဆင္သင့္ပဲ လက္ခံလုိက္တယ္။ ဒီလုိပဋိပကၡေတြ ျဖစ္ဖူးတဲ့ ၿပိဳင္ဖက္ႏွစ္ေယာက္က သံဇကာထဲမွာ ျပန္ေတြ႕ရင္ ပရိသတ္စိတ္ဝင္စားမယ္ဆုိတာ ဥကၠဌႀကီးက နပ္ၿပီးသား။ ေအာက္တုိဘာလ (၆) ရက္ေန႔မွာ လုိက္ဝိတ္ခ်န္ပီယံလုပြဲကုိ က်င္းပမယ္လုိ႔ ၾသဂုတ္လ (၃) ရက္ေန႔မွာ UFC က တရားဝင္ေၾကညာလုိက္တယ္။

Conor McGregor ဟာ မခံခ်င္စိတ္ေၾကာင့္သာ Khabib Nurmagomedov ကုိ စိန္ေခၚထုိးေပမယ့္ အဆင္သင့္မျဖစ္ေသးပါဘူး။ လူမႈေရးျပႆနာေတြ ရင္ဆုိင္ေနရသလုိ ေလ့က်င့္ခ်ိန္လည္း မေလာက္ငွပါဘူး။ သူတုိ႔ႏွစ္ေယာက္ရဲ႕ အားနည္းခ်က္၊ အားသာခ်က္ေတြကုိ ၾကည့္ရေအာင္။

Khabib Nurmagomedov က ကမၻာ့ရုရွားနပမ္းခ်န္ပီယံဘဲြ႕ကုိ ႏွစ္ႀကိမ္ရဖူးတယ္။ သူ႕ရဲ႕  Ground Fight က ဘယ္ေလာက္ေကာင္းသလဲဆုိရင္ Michael Johnson ၊ Edson Barboza တုိ႔နဲ႔ပြဲေတြမွာ သက္ေသပဲ။ သူလုိ ကစားသမားမ်ိဳးဟာ ၿပိဳင္ဘက္ကုိ Ground Fight နဲ႔ပဲ အႏုိင္ယူမွာ။

Conor McGregor က ဘယ္သန္သမား။ လက္သီးပါဝါေကာင္းတယ္။ ထိတာနဲ႔ ဒုန္းခနဲ႔ က်သြားႏုိင္တဲ့ျပင္းအား သူ႕ မွာရွိတယ္။ Khabib Nurmagomedov က အပူးအခ်ဳပ္အားသာတယ္ဆုိေပမယ့္ Conor McGregor ေလာက္ လက္သီးမေကာင္းဘူး။

Conor McGregor က အရပ္တစ္လက္မ ပုိနိမ့္တယ္ဆုိေပမယ့္ လက္တံပုိရွည္တယ္။ လက္တံရွည္တဲ့ အားသာခ်က္ဟာ Stand Fight မွာ အသုံးခ်ၿပီး ပါဝါလက္သီးနဲ႔ ေပးစားလုိက္ရင္ အေျဖက အမ်ိဳးမ်ိဳးထြက္သြားႏုိင္တဲ့သေဘာပါ။

တကယ္တမ္း ရင္ဆုိင္ၾကေတာ့ Conor McGregor ဟာ လုံေလာက္တဲ့ ၾကံ့ခုိင္မႈ မရွိပါဘူး။ သူ အားသာတဲ့ Stand Fight မွာလည္း အခြင့္အေရးမယူႏုိင္ခဲ့သလုိ Ground Fight မွာလည္း ပ်ားတုတ္တာပဲ။ Khabib Nurmagomedov လုိ နပမ္းခ်န္ပီယံကုိ အပူးအခ်ဳပ္နဲ႔ ရင္ဆုိင္မိတာ သူ႕အမွားပဲ။

ပြဲခ်ိန္ၾကာလာတာနဲ႔ သက္လုံက်လာတယ္။ ေမာဟုိက္လာတယ္။ ေနာက္ဆုံးမွာ ခ်ဳပ္ကြက္နဲ႔ အရႈံးေပးလုိက္ရတာပဲ။ အမွတ္ေပးဒုိင္ေတြရဲ႕ မွတ္ခ်က္ေတြအရ ပဥၥမအခ်ီထိ ထုိးသတ္မယ္ဆုိရင္ေတာင္ Conor McGregor က ရႈံးမွာပါပဲ။ အရႈံးအႏုိင္ရလဒ္ကေတာ့ အျငင္းပြားဖြယ္မရွိဘူးလုိ႔ ဆုိႏုိင္ပါတယ္။

Khabib Nurmagomedov ဟာ ႏုိင္ငံ၊ ဘာသာနဲ႔ သူ႕ဖခင္ကုိ ေစာ္ကားတယ္လုိ႔ ယူဆၿပီး Conor McGregor ရဲ႕ အကူလူ Danis Dillon ကုိ တုိက္ခုိက္တယ္။ ပရိသတ္ေတြဟာ ရုတ္ရုတ္သဲသဲျဖစ္ကုန္ၿပီး Khabib Nurmagomedov ရဲ႕ အကူလူျဖစ္တဲ့ Zubaira Tukhugov နဲ႔ Islam Makhachev တုိ႔ဟာ Conor McGregor ကုိ ဝုိင္းထုိးေတာ့တာပဲ။

Abubakar Nurmagomedov (Khabib Nurmagomedov ရဲ႕ ညီဝမ္းကြဲ) ဟာလည္း Conor McGregor ကုိ ထုိးတယ္။ တကယ္ေတာ့  Conor McGregor က ‘မိေအးႏွစ္ခါနာ’ ျဖစ္တာပါပဲ။

Khabib Nurmagomedov နဲ႔ Conor McGregor တုိ႔ ထုိးသတ္တဲ့ လုိက္ဝိတ္ခ်န္ပီယံလုပြဲ (UFC 229) ရဲ႕ ရလဒ္ဟာ အျငင္းပြားဖြယ္မရွိေပမယ့္ Khabib Nurmagomedov ရဲ႕ လုပ္ရပ္က ၿပိဳင္ပြဲကုိ အက်ည္းတန္ေစခဲ့တယ္။ UFC အေနနဲ႔ ဒီျဖစ္ရပ္ကုိ အေရးယူဖြယ္မရွိေပမယ့္ အားကစားအဖြဲ႕ခ်ဳပ္က အေရးယူမွာပါ။ တကယ္လုိ႔ လက္ေဝွ႔ထုိးသတ္ခြင့္ ကာလရွည္ၾကာပိတ္မယ္ဆုိရင္ လစ္လပ္ေနတဲ့ လုိက္ဝိတ္ခ်န္ပီယံဘြဲ႕ကုိ တျခားကစားသမားေတြက ျပန္လုရမွာပါ။ အဲဒီလုိျဖစ္လာရင္ Khabib Nurmagomedov ဟာလည္း Conor McGregor လုိအျဖစ္မ်ိဳး ထပ္ၾကံဳလာႏုိင္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Khabib Nurmagomedov က Conor McGregor ကို ဘာကြောင့်အနိုင်ရတာလဲ

UFC (Ultimate Fighting Championship) ရဲ့ လိုက်ဝိတ်ချန်ပီယံလုပွဲ (UFC 229) ရုရှားနိုင်ငံသား Khabib Nurmagomedov က Conor McGregor ကို စတုတ္ထအချီ သုံးမိနစ်သုံးစက္ကန့်မှာပဲ ချုပ်သိုင်းနဲ့ အနိုင်ယူသွားပါတယ်။ စတုတ္ထအချီမှာပဲ ဒိုင်ပွဲရပ်သွားတယ်ဆိုပေမယ့် ပွဲချိန်ပြည့်ဆက်ထိုးမယ်ဆိုရင် လက်ရှိချန်ပီယံ Khabib Nurmagomedov ကပဲ အမှတ်နဲ့ အနိုင်ယူသွားမယ့် အခြေအနေပါ။

Conor McGregor နဲ့ Khabib Nurmagomedov တို့ရဲ့ ချန်ပီယံလုပွဲအကြောင်းကို နည်းနည်းပြောပြချင်တယ်။ တကယ်တော့ UFC ရဲ့ လိုက်ဝိတ်ချန်ပီယံက Conor McGregor ပါ။ သူက ၂ဝ၁၆ခုနှစ် နိုဝင်ဘာလ (၁၂) ရက်နေ့မှာ Eddie Alvarez ကို အလဲထိုးနဲ့ ချန်ပီယံဖြစ်လာတယ်။ MMA မှာ စွာနေတဲ့ Conor McGregor ဟာ ဘောက်ဆင်မှာ Floyd Mayweather နဲ့ ထိုးဖို့ဖြစ်လာတယ်။

ဘောက်ဆင်ပွဲဦးထွက်မှာ ရှုံးနိမ့်ခဲ့ပေမယ့် တစ်ပွဲတည်းကို ဒေါ်လာ (၈၅) သန်းလောက် ရလိုက်တယ်။ ပြီးတော့ ကြော်ငြာဝင်ငွေ ဒေါ်လာ (၁၄) သန်းပါ ပေါင်းလိုက်ရင် တစ်နှစ်ဝင်ငွေက ဒေါ်လာ (၉၉) သန်းအထိကို ရှိလာတယ်။

ဒါ့ကြောင့် Conor McGregor က လက်ဖျားငွေသီးနေတာမို့ UFC ကို ပြန်သွားဖို့ စိတ်ကူးမရှိသေးဘူး။ UFC ဥက္ကဌ Dana White ကလည်း သူ့ကို အကြိမ်ကြိမ်ပြန်ခေါ်တယ်။ ဟိုက ပြန်မလာသေးဘူး။ အဲဒါကြောင့် လစ်လပ်နေတဲ့ လိုက်ဝိတ်ချန်ပီယံဘွဲ့ ကို Khabib Nurmagomedov နဲ့ Al Iaquinta ကို UFC 223 အနေနဲ့ ယှဉ်ပြိုင်ခိုင်းပြီး မင်းလောင်းအသစ် ရွေးချယ်ဖို့ စီစဉ်တယ်။ ဒါကို Conor McGregor တို့အဖွဲ့ က သိသွားပြီး ကစားသမားတွေ စီးလာတဲ့ ကားကြီးကို တိုက်ခိုက်ပါတော့တယ်။

ကစားသမားတချို့ လည်း ထိခိုက်ကုန်ပြီး UFC 223 ရဲ့ ပွဲစဉ်တချို့လည်း ပျက်ခဲ့ရတယ်။ တကယ့်ပြိုင်ပွဲမှာတော့ Khabib Nurmagomedov က အမှတ်နဲ့အနိုင်ယူပြီး UFC ရဲ့ လိုက်ဝိတ်ချန်ပီယံ ဖြစ်လာပါတော့တယ်။ နယူးယောက်ရဲတပ်ဖွဲ့ ဟာ Conor McGregor ကို အရေးယူသလို လက်ရှိချန်ပီယံဘွဲ့လည်း ဆုံးရှုံးသွားတဲ့အတွက် ‘မိအေးနှစ်ခါနာ’ ဖြစ်ခဲ့ရတယ်။

အဲဒီအချိန်မှာတော့ Khabib Nurmagomedov ဟာ လိုက်ဝိတ်ချန်ပီယံခါးပတ်ကြီးကို သိမ်းပိုက်ပြီး ချန်ပီယံကာကွယ်ဖို့ ပြင်ဆင်နေရပြီ။ Conor McGregor ကတော့ နယူးယောက်မြို့ မှာဖြစ်ခဲ့တဲ့ ရမ်းကားမှုနဲ့ ဒေါ်လာ (၅) သောင်း ဒဏ်ရိုက်ခံရတယ်၊ လူမှုအကျိုးပြုလုပ်ငန်းတွေ ငါးရက်တာ လုပ်ကိုင်ဖို့ အမိန့်ချလိုက်တယ်။

ဒေါသကို ထိန်းချုပ်နိုင်ဖို့ သင်တန်းတွေ တက်ခိုင်းတယ်။ ဇွန်လ (၁၄) ရက်နေ့မှ လွတ်လာတာပါ။

Conor McGregor က Khabib Nurmagomedov ကို သိပ်မကြည်ဘူး။ ရည်းစားလူလုခံရတာက အူနုကို ကျွဲခတ်သလို နာကျင်ရသလို ခါးပတ်လုခံလိုက်ရတာက အူနုပါမက အသည်းနှလုံးတွေကိုပါ ဗြောင်းဆန်အောင် နာကျင်ရတယ်။ အချုပ်ခန်းက လွတ်တာနဲ့ Khabib Nurmagomedov ကို စိန်ခေါ်ဖို့ ကြံစည်တယ်။ ဒီအကွက်ကို UFC ဥက္ကဌ Dana White နဲ့ လက်ရှိချန်ပီယံ Khabib Nurmagomedov တို့က ကြိုမြင်ပြီးသား။

အဆင်သင့်ပဲ လက်ခံလိုက်တယ်။ ဒီလိုပဋိပက္ခတွေ ဖြစ်ဖူးတဲ့ ပြိုင်ဖက်နှစ်ယောက်က သံဇကာထဲမှာ ပြန်တွေ့ရင် ပရိသတ်စိတ်ဝင်စားမယ်ဆိုတာ ဥက္ကဌကြီးက နပ်ပြီးသား။ အောက်တိုဘာလ (၆) ရက်နေ့မှာ လိုက်ဝိတ်ချန်ပီယံလုပွဲကို ကျင်းပမယ်လို့ သြဂုတ်လ (၃) ရက်နေ့မှာ UFC က တရားဝင်ကြေညာလိုက်တယ်။

Conor McGregor ဟာ မခံချင်စိတ်ကြောင့်သာ Khabib Nurmagomedov ကို စိန်ခေါ်ထိုးပေမယ့် အဆင်သင့်မဖြစ်သေးပါဘူး။ လူမှုရေးပြဿနာတွေ ရင်ဆိုင်နေရသလို လေ့ကျင့်ချိန်လည်း မလောက်ငှပါဘူး။ သူတို့နှစ်ယောက်ရဲ့ အားနည်းချက်၊ အားသာချက်တွေကို ကြည့်ရအောင်။

Khabib Nurmagomedov က ကမ္ဘာ့ရုရှားနပမ်းချန်ပီယံဘွဲ့ကို နှစ်ကြိမ်ရဖူးတယ်။ သူ့ရဲ့  Ground Fight က ဘယ်လောက်ကောင်းသလဲဆိုရင် Michael Johnson ၊ Edson Barboza တို့နဲ့ပွဲတွေမှာ သက်သေပဲ။ သူလို ကစားသမားမျိုးဟာ ပြိုင်ဘက်ကို Ground Fight နဲ့ပဲ အနိုင်ယူမှာ။

Conor McGregor က ဘယ်သန်သမား။ လက်သီးပါဝါကောင်းတယ်။ ထိတာနဲ့ ဒုန်းခနဲ့ ကျသွားနိုင်တဲ့ပြင်းအား သူ့ မှာရှိတယ်။ Khabib Nurmagomedov က အပူးအချုပ်အားသာတယ်ဆိုပေမယ့် Conor McGregor လောက် လက်သီးမကောင်းဘူး။

Conor McGregor က အရပ်တစ်လက်မ ပိုနိမ့်တယ်ဆိုပေမယ့် လက်တံပိုရှည်တယ်။ လက်တံရှည်တဲ့ အားသာချက်ဟာ Stand Fight မှာ အသုံးချပြီး ပါဝါလက်သီးနဲ့ ပေးစားလိုက်ရင် အဖြေက အမျိုးမျိုးထွက်သွားနိုင်တဲ့သဘောပါ။

တကယ်တမ်း ရင်ဆိုင်ကြတော့ Conor McGregor ဟာ လုံလောက်တဲ့ ကြံ့ခိုင်မှု မရှိပါဘူး။ သူ အားသာတဲ့ Stand Fight မှာလည်း အခွင့်အရေးမယူနိုင်ခဲ့သလို Ground Fight မှာလည်း ပျားတုတ်တာပဲ။ Khabib Nurmagomedov လို နပမ်းချန်ပီယံကို အပူးအချုပ်နဲ့ ရင်ဆိုင်မိတာ သူ့အမှားပဲ။

ပွဲချိန်ကြာလာတာနဲ့ သက်လုံကျလာတယ်။ မောဟိုက်လာတယ်။ နောက်ဆုံးမှာ ချုပ်ကွက်နဲ့ အရှုံးပေးလိုက်ရတာပဲ။ အမှတ်ပေးဒိုင်တွေရဲ့ မှတ်ချက်တွေအရ ပဉ္စမအချီထိ ထိုးသတ်မယ်ဆိုရင်တောင် Conor McGregor က ရှုံးမှာပါပဲ။ အရှုံးအနိုင်ရလဒ်ကတော့ အငြင်းပွားဖွယ်မရှိဘူးလို့ ဆိုနိုင်ပါတယ်။

Khabib Nurmagomedov ဟာ နိုင်ငံ၊ ဘာသာနဲ့ သူ့ဖခင်ကို စော်ကားတယ်လို့ ယူဆပြီး Conor McGregor ရဲ့ အကူလူ Danis Dillon ကို တိုက်ခိုက်တယ်။ ပရိသတ်တွေဟာ ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး Khabib Nurmagomedov ရဲ့ အကူလူဖြစ်တဲ့ Zubaira Tukhugov နဲ့ Islam Makhachev တို့ဟာ Conor McGregor ကို ဝိုင်းထိုးတော့တာပဲ။

Abubakar Nurmagomedov (Khabib Nurmagomedov ရဲ့ ညီဝမ်းကွဲ) ဟာလည်း Conor McGregor ကို ထိုးတယ်။ တကယ်တော့  Conor McGregor က ‘မိအေးနှစ်ခါနာ’ ဖြစ်တာပါပဲ။

Khabib Nurmagomedov နဲ့ Conor McGregor တို့ ထိုးသတ်တဲ့ လိုက်ဝိတ်ချန်ပီယံလုပွဲ (UFC 229) ရဲ့ ရလဒ်ဟာ အငြင်းပွားဖွယ်မရှိပေမယ့် Khabib Nurmagomedov ရဲ့ လုပ်ရပ်က ပြိုင်ပွဲကို အကျည်းတန်စေခဲ့တယ်။ UFC အနေနဲ့ ဒီဖြစ်ရပ်ကို အရေးယူဖွယ်မရှိပေမယ့် အားကစားအဖွဲ့ချုပ်က အရေးယူမှာပါ။ တကယ်လို့ လက်ဝှေ့ထိုးသတ်ခွင့် ကာလရှည်ကြာပိတ်မယ်ဆိုရင် လစ်လပ်နေတဲ့ လိုက်ဝိတ်ချန်ပီယံဘွဲ့ကို တခြားကစားသမားတွေက ပြန်လုရမှာပါ။ အဲဒီလိုဖြစ်လာရင် Khabib Nurmagomedov ဟာလည်း Conor McGregor လိုအဖြစ်မျိုး ထပ်ကြုံလာနိုင်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com