[Zawgyi] 

Apple က iPhone XS ၊ iPhone XS Max ေတြနဲ႔အတူ iPhone XR ကို မိတ္ဆက္ေပးခဲ့ပါတယ္။ iPhone XS ေတြကိုေတာ့ စက္တင္ဘာ ၂၂ ရက္ေန႔မွာ စတင္ေရာင္းခ်ဖို႔စီစဥ္ထားၿပီးေတာ့ iPhone XR ကေတာ့ ေနာက္က်မယ္ဆိုတာကို Website မွာေဖာ္ျပထားပါတယ္။ 

iPhone XR Blue

iPhone X ကို မိတ္ဆက္ၿပီးတဲ့အခ်ိန္ကတည္းက Apple ပရိသတ္အေနနဲ႔ အေကာင္းဆံုး iPhone အျဖစ္လက္ခံထားခဲ့ၾကသလို OLED Display ၊ Stainless Steel Frame နဲ႔ Dual Camera ေတြေၾကာင့္ iPhone X က အခုအခ်ိန္အထိ လူႀကိဳက္မ်ားေနပါေသးတယ္။ ဒါေပမယ့္ Apple က iPhone X ေရာင္းခ်မႈကို iPhone XS ေတြထြက္လာတဲ့အခ်ိန္မွာ ခ်က္ခ်င္းရပ္ပစ္လိုက္ပါတယ္။ A11 Bionic Chip သံုးထားတဲ့ iPhone 8 နဲ႔ iPhone 8 Plus ကိုေတာ့ အခုအခ်ိန္အထိ ဆက္ေရာင္းေနပါေသးတယ္။ 

iPhone Display Sizes

iPhone XR ေနာက္က်ရတဲ့အခ်က္ကေတာ့ Apple အေနနဲ႔ Software ပိုင္းနဲ႔ပတ္သက္လို႔ ျပဳျပင္တာေတြလုပ္ေနတာေၾကာင့္ iPhone XR ကို ေစ်းကြက္တင္ဖို႔ေနာက္က်ေနတာလို႔ သိရပါတယ္။ ဒီသတင္းကသိပ္ၿပီးမတိက်ေပမယ့္ iPhone XR ရဲ႕ Display က အရင္ iPhone LCD DIsplay ေတြထဲမွာ အႀကီးဆံုးျဖစ္သလို Size ကလည္း iPhone X နဲ႔ iPhone 8 Plus တို႔ထက္ ႀကီးေနပါေသးတယ္။ 

iPhone XR Liquid Retina Display

ေနာက္ထပ္သတင္းတစ္ခုကေတာ့ Apple အေနနဲ႔ iPhone XS ၊ iPhone XS Max ေတြကို ဦးစားေပးထုတ္လုပ္ခဲ့တာေၾကာင့္ iPhone XR က ထုတ္လုပ္မႈအပိုင္းမွာ အေရအတြက္နည္းေနေသးသလို ၾကန္႔ၾကာေနတာပဲျဖစ္တယ္လို႔ သိရပါတယ္။ Apple ကလည္း iPhone XS ေတြကိုပဲ ပိုၿပီးေစ်းကြက္မွာ ေနရာယူထားေစခ်င္တဲ့သေဘာမွာရွိိပါတယ္။ 

TureDepth Camera for Face ID

iPhone XR ကေတာ့ iPhone XS ေတြလိုပဲ A12 Bionic Chip နဲ႔ Face ID ၊ Full Screen Display Design ေတြပါဝင္ၿပီး ေစ်းပိုသက္သာတာေၾကာင့္ စိတ္ဝင္စားေနတဲ့ ပရိသတ္ကလည္း မနည္းပါဘူး။ သင္ကေရာ iPhone XR ကို ေစာင့္ေနသူလား။ ေစာင့္ေနတယ္ဆိုရင္ေတာ့ iPhone XR ကို ေအာက္တိုဘာလ ကုန္ခါနီးမွာ ေတြ႕ရႏိုင္ပါတယ္။ 

Ref: BGR

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

iPhone XR က ဈေးကွက်ထဲရောက်လာဖို့ ဘာကြောင့်ကြာနေတာဖြစ်မလဲ

Apple က iPhone XS ၊ iPhone XS Max တွေနဲ့အတူ iPhone XR ကို မိတ်ဆက်ပေးခဲ့ပါတယ်။ iPhone XS တွေကိုတော့ စက်တင်ဘာ ၂၂ ရက်နေ့မှာ စတင်ရောင်းချဖို့စီစဉ်ထားပြီးတော့ iPhone XR ကတော့ နောက်ကျမယ်ဆိုတာကို Website မှာဖော်ပြထားပါတယ်။ 

iPhone XR Blue

iPhone X ကို မိတ်ဆက်ပြီးတဲ့အချိန်ကတည်းက Apple ပရိသတ်အနေနဲ့ အကောင်းဆုံး iPhone အဖြစ်လက်ခံထားခဲ့ကြသလို OLED Display ၊ Stainless Steel Frame နဲ့ Dual Camera တွေကြောင့် iPhone X က အခုအချိန်အထိ လူကြိုက်များနေပါသေးတယ်။ ဒါပေမယ့် Apple က iPhone X ရောင်းချမှုကို iPhone XS တွေထွက်လာတဲ့အချိန်မှာ ချက်ချင်းရပ်ပစ်လိုက်ပါတယ်။ A11 Bionic Chip သုံးထားတဲ့ iPhone 8 နဲ့ iPhone 8 Plus ကိုတော့ အခုအချိန်အထိ ဆက်ရောင်းနေပါသေးတယ်။ 

iPhone Display Sizes

iPhone XR နောက်ကျရတဲ့အချက်ကတော့ Apple အနေနဲ့ Software ပိုင်းနဲ့ပတ်သက်လို့ ပြုပြင်တာတွေလုပ်နေတာကြောင့် iPhone XR ကို ဈေးကွက်တင်ဖို့နောက်ကျနေတာလို့ သိရပါတယ်။ ဒီသတင်းကသိပ်ပြီးမတိကျပေမယ့် iPhone XR ရဲ့ Display က အရင် iPhone LCD DIsplay တွေထဲမှာ အကြီးဆုံးဖြစ်သလို Size ကလည်း iPhone X နဲ့ iPhone 8 Plus တို့ထက် ကြီးနေပါသေးတယ်။ 

iPhone XR Liquid Retina Display

နောက်ထပ်သတင်းတစ်ခုကတော့ Apple အနေနဲ့ iPhone XS ၊ iPhone XS Max တွေကို ဦးစားပေးထုတ်လုပ်ခဲ့တာကြောင့် iPhone XR က ထုတ်လုပ်မှုအပိုင်းမှာ အရေအတွက်နည်းနေသေးသလို ကြန့်ကြာနေတာပဲဖြစ်တယ်လို့ သိရပါတယ်။ Apple ကလည်း iPhone XS တွေကိုပဲ ပိုပြီးဈေးကွက်မှာ နေရာယူထားစေချင်တဲ့သဘောမှာရှိပါတယ်။ 

TureDepth Camera for Face ID

iPhone XR ကတော့ iPhone XS တွေလိုပဲ A12 Bionic Chip နဲ့ Face ID ၊ Full Screen Display Design တွေပါဝင်ပြီး ဈေးပိုသက်သာတာကြောင့် စိတ်ဝင်စားနေတဲ့ ပရိသတ်ကလည်း မနည်းပါဘူး။ သင်ကရော iPhone XR ကို စောင့်နေသူလား။ စောင့်နေတယ်ဆိုရင်တော့ iPhone XR ကို အောက်တိုဘာလ ကုန်ခါနီးမှာ တွေ့ရနိုင်ပါတယ်။ 

Ref: BGR

Min Than Htike (Akhayar)

www.akhayar.com