[Zawgyi]

iPhone ေတြကဘာလို႔စိတ္ဝင္စားဖို႔ေကာင္းတာလဲ

ႏွစ္တိုင္း Apple ရဲ႕ iPhone အသစ္ေတြထြက္ေနေပမယ့္ Design အမ်ားႀကီးမေျပာင္းသြားတာကို ဘာလို႔အသည္းအသန္လိုခ်င္ၾကတာလဲ။ ဒီေမးခြန္းကိုတိုတိုေလးေျဖေပးရရင္ေတာ့ လက္ထဲက iPhone ထက္ပိုေကာင္းလို႔ဆိုတာထက္ iPhone အသစ္ကိုင္ရတဲ့အရသာေၾကာင့္ပါ။ iPhone User ေတာ္ေတာ္မ်ားမ်ား အဲ့လိုပဲေျဖၾကပါတယ္။ ႏွစ္စဥ္ iPhone အသစ္ထြက္တိုင္းဝယ္ခ်င္စိတ္ျဖစ္သူေတာ္ေတာ္မ်ားမ်ားရဲ႕လက္ထဲမွာ iPhone ကရွိၿပီးသားပါ။ iPhone ကိုစသံုးၿပီးအက်င့္ရသြားတာနဲ႔ ေနာက္တစ္ေခါက္ဖုန္းဝယ္ဖို႔စဥ္းစားရင္ ဘာလို႔ iPhone ပဲျဖစ္ေနတာလဲ။ အျခား Phone ေတြကမေကာင္းလို႔လား။ သင္မသိေသးတဲ့အေၾကာင္းေတြက…

-iPhone ေတြကပ်င္းစရာေကာင္းတယ္

ဟုတ္ပါတယ္။ iPhone ေတြကပ်င္းစရာေကာင္းပါတယ္။ ႏွစ္တိုင္းလိုလို Software Update ဘယ္ေလာက္လုပ္လုပ္အမ်ားႀကီးေျပာင္းမသြားတဲ့ Home Screen ေလးေတြ၊ Setting ေတြ၊ App ေတြကပ်င္းစရာေကာင္းပါတယ္။ ဒါေပမယ့္ သင္ထင္ေနတဲ့ပ်င္းစရာေကာင္းတယ္ဆိုတာထဲမွာ သင္မျမင္မိတာေတြအမ်ားႀကီးပါသြားပါတယ္။ အၿမဲမေျပာင္းသြားတဲ့ Home Screen ေတြနဲ႔ Setting ေတြေၾကာင့္ Software Update လုပ္လိုက္တိုင္း ျပန္မွတ္ရတာေတြ၊ ထပ္ေလ့လာရတာေတြအမ်ားႀကီးမရွိတဲ့အတြက္ အခ်ိန္ကုန္သက္သာပါတယ္။ လက္ေတြ႕အသံုးျပဳခ်ိန္မွာ Design အသစ္ထက္ ရွိၿပီးသား Feature ေတြကပိုအေရးပါေနတာမ်ိဳးပါ။ Update တိုင္းမွာမလိုအပ္တဲ့အေျပာင္းအလဲေတြ အထပ္ထပ္လုပ္ေနတာထက္ ရွိၿမဲဟာေတြကိုပိုေကာင္းေအာင္လုပ္ထားတာေၾကာင့္ ပ်င္းစရာေကာင္းတာတစ္ခုတည္းကိုပဲသင္စဥ္းစားမိတာပါ။

-ပ်င္းစရာ iPhone ကိုဘာလို႔အဲ့ေလာက္သေဘာက်ေနတာလဲ

iPhone ကပ်င္းစရာေကာင္းတယ္လို႔သင္ထင္ေပမယ့္ ဘာလို႔သေဘာက်ၿပီး ဝယ္ျဖစ္သြားတာလဲ။ ဘာမွသိပ္ျပဳျပင္လို႔မရတဲ့ Home Screen ႀကီးကိုေန႔တိုင္းျမင္ေနရတာ ပ်င္းစရာႀကီးလို႔ထင္ေနေပမယ့္သံုးရတာေတာ့ ေတာ္ေတာ္အဆင္ေျပၿပီးစိတ္ေက်နပ္က်တာမ်ားပါတယ္။ အဲ့တာကေတာ့ သင့္ရဲ႕မသိစိတ္ထဲက သေဘာက်ေနတဲ့ Apple Design ေၾကာင့္ပါ။ Apple က Symmetrical (ႏွစ္ဖက္ညီ) Design အယူအဆကိုအဓိကထားပါတယ္။ iPhone ရဲ႕ Hardware ကအစ Software အထိအားလံုးကို Symmetrical နဲ႔ပဲသြားပါတယ္။ Home Screen App Icon ေတြ၊ iPhone Body ရဲ႕အနားေတြထပ္တူဝိုက္ထားတာ၊ အလည္မွာထားသင့္တာေတြကိုအလည္မွာပဲထားတာေတြကို သင့္မသိစိတ္က သေဘာက်ေနမိတာပါ။ Symmetrical Design ေၾကာင့္ iPhone ေတြက ထပ္တူမရွိတဲ့ Quality နဲ႔ Design ကိုပိုဆိုင္ထားတာပါ။

-Apple Quality

iPhone ေတြကိုသင္သေဘာက်ေနတာထဲကတစ္ခ်က္ပါ။ ဒီအခ်က္ကေတာ့ အမ်ားသတိထားမိၾကေပမယ့္ ဘာေၾကာင့္လဲဆိုတာမသိပါဘူး။ iPhone ကိုကိုင္လုိက္တာနဲ႔ Apple Quality ကိုစသတိထားမိႏိုင္ပါတယ္၊ ကိုင္ေနက်သူဆိုရင္ဒါႀကီးက ဘာမွမထူးတဲ့အေၾကာင္းအရာႀကီးလိုျဖစ္ေနပါတယ္။ တစ္ကယ္ေတာ့ သပ္ရပ္မႈနဲ႔အစျပဳထားတဲ့ Apple Product တိုင္းက အေပၚကေျပာခဲ့တဲ့ ႏွစ္ဖက္ညီ Design အယူအဆေၾကာင့္ပဲျဖစ္ပါတယ္။ Power ခလုတ္ေနရာကအစ Speaker ေပါက္ေတြအထိ Phone Body ရဲ႕ အလည္မွာပဲရွိေနေအာင္ အေသးစိတ္ Design ဆြဲထားတာျဖစ္တာေၾကာင့္ အျမင္နဲ႔တင္ စိတ္ကိုဆြဲေဆာင္ႏိုင္တာပါ။

-႐ိုးရွင္းမႈ

Steve Jobs ကပထမဦးဆံုး iPhone အတြက္ Design ကုိစဥ္းစားခဲ့တုန္းက အသံုးျပဳရလြယ္ကူမႈနဲ႔ Smart ျဖစ္ေနေစဖို႔ကိုပဲအဓိကထားခဲ့တာပါ။ အသံုးျပဳရလြယ္ကူဖို႔ဆို ႐ွဳတ္ေထြးေနရင္အဆင္မေျပပါဘူး။ ႐ိုးရွင္းမႈကိုအေျခခံတာေၾကာင့္ Home Screen မွာ App Icon ေတြကိုပဲအဓိကထားေနရာေပးတာပါ။ iOS ရဲ႕႐ိုးရွင္းမႈကပဲ ဆန္းသစ္ေနတာျဖစ္ပါတယ္။ ႐ိုးရွင္းမႈကလည္းသင့္ကိုသင္ သတိမထားမိေလာက္ေအာင္ဆြဲေဆာင္ပါတယ္။

-တူညီတဲ့ခံစားမႈ

iPhone တစ္လံုးကိုေကာက္ကိုင္လိုက္တာနဲ႔ iPhone ဆိုတဲ့ခံစားမႈကိုေပးတာက iOS ပါပဲ။ Apple က iOS ကိုဖုန္းအားလံုးအတြက္အတူတူထုတ္ေပးတာေၾကာင့္ Feature အခ်ိဳ႕ကြာျခားတာကလြဲလို႔ အားလံုးအတူတူျဖစ္ေနတာပါ။ တူညီတဲ့စိတ္ခံစားမႈေၾကာင့္လည္း iPhone အသစ္ထြက္ရင္ လိုခ်င္စိတ္ျဖစ္မိတာပါ။ လံုးဝေျပာင္းလဲသြားတာထက္ ပိုေကာင္းလာတဲ့ အရာေတြကိုပဲႏွစ္သက္တတ္လာတာသင့္စိတ္ပါ။ တူညီေပမယ့္ ကြဲျပားပါတယ္။ Apple ကိုသင္ႏွစ္သက္မယ့္အခ်က္တစ္ခ်က္ပါပဲ။

-အသံုးျပဳမႈအေတြ႔အႀကံဳ

iPhone စသံုးတာနဲ႔ သင္သတိထားမိမွာကေတာ့ iOS ရဲ႕ Animation ေတြနဲ႔ သူတို႔ရဲ႕ ေခ်ာေမြ႔မႈပဲျဖစ္ပါတယ္။ လက္နဲ႔ထိသမ ွ်ကသင့္စိတ္ထဲကအတိုင္းကပ္ပါလာတဲ့ ခံစားမႈမ်ိဳးကိုသင္သေဘာက်ေနတာပါ။ Apple ကလည္း User စိတ္ေက်နပ္မႈရွိဖို႔ကိုပဲအဓိကထားလုပ္ေပးထားတာေၾကာင့္ Touch အေတြ႔အႀကံဳက သေဘာက်စရာပါ။ Scren ကိုလက္နဲ႔ထိၿပီဆိုတာနဲ႔ လက္နဲ႔ထိတဲ့ေနရာတိုင္းကိုအေသးစိတ္႐ုစိုက္ေပးဖို႔ iOS ကတာဝန္ယူပါတယ္။ User Experience ပိုင္းမွာ iPhone ကသင့္စိတ္ထဲမွာ ေနရာယူထားပါတယ္။

-အေသးစိတ္က်မႈ

Apple ရဲ႕ Design ဗီဇမွာ ႐ိုးရွင္းမႈနဲ႔ တိက်သပ္ရပ္မႈပါ။ တိက်သပ္ရပ္ေနဖို႔အတြက္ Apple ရဲ႕အေသးစိတ္အေလးေပးမႈေတြကို iPhone ရဲ႕ေနရာတိုင္းမွာေတြ႔ႏိုင္ပါတယ္။ iOS ကိုလည္း Icon ေသးေသးေလးတစ္ခုအတြက္ကအစ အေသးစိတ္က်က်ဆြဲထားတဲ့အတြက္ သင့္အျမင္မွာေတာ္ေတာ္စိတ္ေက်နပ္မႈျဖစ္ေနေစတာပါ။

-Keyboard

iPhone Keyboard ကိုသံုးဖူးသူတိုင္း သေဘာက်ၾကပါတယ္။ iPhone 4 လို Screen ေသးေသးေလးကအစ iPhone 6 Plus လို Screen size ေတြအထိဘယ္ဖုန္းမွာ႐ိုက္႐ိုက္ သင္႐ိုက္တဲ့စာလံုးတိုင္းက တိတိက်က်ထြက္ပါတယ္။ ဒီအတြက္ Apple သံုးထားတဲ့နည္းပညာက ႐ိုးရွင္းေပမယ့္အဆင့္ျမင့္ပါတယ္။ လက္က႐ိုက္သမ ွ်တိတိက်က်ထြက္ေစဖို႔ သင္စာလံုးတစ္လံုး႐ိုက္ၿပီးတိုင္း ေနာက္ဆက္႐ိုက္မယ့္ စာလံုးကိုခန္႔မွန္းၿပီး တိက်တဲ့ စာလံုးကိုရရွိေစတာျဖစ္ပါတယ္။ စာလံုးကိုခန္႔မွန္းဖို႔အတြက္ သင္႐ိုက္ေလ့ရွိတဲ့စာလံုးေတြကိုမွတ္ထားၿပီး ေနာက္တစ္ခါ႐ိုက္လို႔ အနည္းငယ္လက္ေခ်ာ္ခဲ့ရင္ေတာင္ စာလံုးအမွန္ထြက္ပါတယ္။ ဒီ Feature ကို Autocorrect နဲ႔ေပါင္းလိုက္ေတာ့ ပိုေကာင္းသြားပါတယ္။ စာ႐ိုက္တဲ့ေနရာမွာ iPhone ရဲ႕ iOS Keyboard ကတိက်မႈအရွိဆံုးပါ။ ဒါေတြက သင့္ရဲ႕မသိစိတ္ကိုဆြဲေဆာင္ေနတဲ့ iPhone ေတြရဲ႕ လ ွ်ိဳ႔ဝွက္ခ်က္ေတြပါ။

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Zawgyi]

iPhone တွေကဘာလို့စိတ်ဝင်စားဖို့ကောင်းတာလဲ

နှစ်တိုင်း Apple ရဲ့ iPhone အသစ်တွေထွက်နေပေမယ့် Design အများကြီးမပြောင်းသွားတာကို ဘာလို့အသည်းအသန်လိုချင်ကြတာလဲ။ ဒီမေးခွန်းကိုတိုတိုလေးဖြေပေးရရင်တော့ လက်ထဲက iPhone ထက်ပိုကောင်းလို့ဆိုတာထက် iPhone အသစ်ကိုင်ရတဲ့အရသာကြောင့်ပါ။ iPhone User တော်တော်များများ အဲ့လိုပဲဖြေကြပါတယ်။ နှစ်စဉ် iPhone အသစ်ထွက်တိုင်းဝယ်ချင်စိတ်ဖြစ်သူတော်တော်များများရဲ့လက်ထဲမှာ iPhone ကရှိပြီးသားပါ။ iPhone ကိုစသုံးပြီးအကျင့်ရသွားတာနဲ့ နောက်တစ်ခေါက်ဖုန်းဝယ်ဖို့စဉ်းစားရင် ဘာလို့ iPhone ပဲဖြစ်နေတာလဲ။ အခြား Phone တွေကမကောင်းလို့လား။ သင်မသိသေးတဲ့အကြောင်းတွေက…

-iPhone တွေကပျင်းစရာကောင်းတယ်

ဟုတ်ပါတယ်။ iPhone တွေကပျင်းစရာကောင်းပါတယ်။ နှစ်တိုင်းလိုလို Software Update ဘယ်လောက်လုပ်လုပ်အများကြီးပြောင်းမသွားတဲ့ Home Screen လေးတွေ၊ Setting တွေ၊ App တွေကပျင်းစရာကောင်းပါတယ်။ ဒါပေမယ့် သင်ထင်နေတဲ့ပျင်းစရာကောင်းတယ်ဆိုတာထဲမှာ သင်မမြင်မိတာတွေအများကြီးပါသွားပါတယ်။ အမြဲမပြောင်းသွားတဲ့ Home Screen တွေနဲ့ Setting တွေကြောင့် Software Update လုပ်လိုက်တိုင်း ပြန်မှတ်ရတာတွေ၊ ထပ်လေ့လာရတာတွေအများကြီးမရှိတဲ့အတွက် အချိန်ကုန်သက်သာပါတယ်။ လက်တွေ့အသုံးပြုချိန်မှာ Design အသစ်ထက် ရှိပြီးသား Feature တွေကပိုအရေးပါနေတာမျိုးပါ။ Update တိုင်းမှာမလိုအပ်တဲ့အပြောင်းအလဲတွေ အထပ်ထပ်လုပ်နေတာထက် ရှိမြဲဟာတွေကိုပိုကောင်းအောင်လုပ်ထားတာကြောင့် ပျင်းစရာကောင်းတာတစ်ခုတည်းကိုပဲသင်စဉ်းစားမိတာပါ။

-ပျင်းစရာ iPhone ကိုဘာလို့အဲ့လောက်သဘောကျနေတာလဲ

iPhone ကပျင်းစရာကောင်းတယ်လို့သင်ထင်ပေမယ့် ဘာလို့သဘောကျပြီး ဝယ်ဖြစ်သွားတာလဲ။ ဘာမှသိပ်ပြုပြင်လို့မရတဲ့ Home Screen ကြီးကိုနေ့တိုင်းမြင်နေရတာ ပျင်းစရာကြီးလို့ထင်နေပေမယ့်သုံးရတာတော့ တော်တော်အဆင်ပြေပြီးစိတ်ကျေနပ်ကျတာများပါတယ်။ အဲ့တာကတော့ သင့်ရဲ့မသိစိတ်ထဲက သဘောကျနေတဲ့ Apple Design ကြောင့်ပါ။ Apple က Symmetrical (နှစ်ဖက်ညီ) Design အယူအဆကိုအဓိကထားပါတယ်။ iPhone ရဲ့ Hardware ကအစ Software အထိအားလုံးကို Symmetrical နဲ့ပဲသွားပါတယ်။ Home Screen App Icon တွေ၊ iPhone Body ရဲ့အနားတွေထပ်တူဝိုက်ထားတာ၊ အလည်မှာထားသင့်တာတွေကိုအလည်မှာပဲထားတာတွေကို သင့်မသိစိတ်က သဘောကျနေမိတာပါ။ Symmetrical Design ကြောင့် iPhone တွေက ထပ်တူမရှိတဲ့ Quality နဲ့ Design ကိုပိုဆိုင်ထားတာပါ။

-Apple Quality

iPhone တွေကိုသင်သဘောကျနေတာထဲကတစ်ချက်ပါ။ ဒီအချက်ကတော့ အများသတိထားမိကြပေမယ့် ဘာကြောင့်လဲဆိုတာမသိပါဘူး။ iPhone ကိုကိုင်လိုက်တာနဲ့ Apple Quality ကိုစသတိထားမိနိုင်ပါတယ်၊ ကိုင်နေကျသူဆိုရင်ဒါကြီးက ဘာမှမထူးတဲ့အကြောင်းအရာကြီးလိုဖြစ်နေပါတယ်။ တစ်ကယ်တော့ သပ်ရပ်မှုနဲ့အစပြုထားတဲ့ Apple Product တိုင်းက အပေါ်ကပြောခဲ့တဲ့ နှစ်ဖက်ညီ Design အယူအဆကြောင့်ပဲဖြစ်ပါတယ်။ Power ခလုတ်နေရာကအစ Speaker ပေါက်တွေအထိ Phone Body ရဲ့ အလည်မှာပဲရှိနေအောင် အသေးစိတ် Design ဆွဲထားတာဖြစ်တာကြောင့် အမြင်နဲ့တင် စိတ်ကိုဆွဲဆောင်နိုင်တာပါ။

-ရိုးရှင်းမှု

Steve Jobs ကပထမဦးဆုံး iPhone အတွက် Design ကိုစဉ်းစားခဲ့တုန်းက အသုံးပြုရလွယ်ကူမှုနဲ့ Smart ဖြစ်နေစေဖို့ကိုပဲအဓိကထားခဲ့တာပါ။ အသုံးပြုရလွယ်ကူဖို့ဆို ရှုတ်ထွေးနေရင်အဆင်မပြေပါဘူး။ ရိုးရှင်းမှုကိုအခြေခံတာကြောင့် Home Screen မှာ App Icon တွေကိုပဲအဓိကထားနေရာပေးတာပါ။ iOS ရဲ့ရိုးရှင်းမှုကပဲ ဆန်းသစ်နေတာဖြစ်ပါတယ်။ ရိုးရှင်းမှုကလည်းသင့်ကိုသင် သတိမထားမိလောက်အောင်ဆွဲဆောင်ပါတယ်။

-တူညီတဲ့ခံစားမှု

iPhone တစ်လုံးကိုကောက်ကိုင်လိုက်တာနဲ့ iPhone ဆိုတဲ့ခံစားမှုကိုပေးတာက iOS ပါပဲ။ Apple က iOS ကိုဖုန်းအားလုံးအတွက်အတူတူထုတ်ပေးတာကြောင့် Feature အချို့ကွာခြားတာကလွဲလို့ အားလုံးအတူတူဖြစ်နေတာပါ။ တူညီတဲ့စိတ်ခံစားမှုကြောင့်လည်း iPhone အသစ်ထွက်ရင် လိုချင်စိတ်ဖြစ်မိတာပါ။ လုံးဝပြောင်းလဲသွားတာထက် ပိုကောင်းလာတဲ့ အရာတွေကိုပဲနှစ်သက်တတ်လာတာသင့်စိတ်ပါ။ တူညီပေမယ့် ကွဲပြားပါတယ်။ Apple ကိုသင်နှစ်သက်မယ့်အချက်တစ်ချက်ပါပဲ။

-အသုံးပြုမှုအတွေ့အကြုံ 

iPhone စသုံးတာနဲ့ သင်သတိထားမိမှာကတော့ iOS ရဲ့ Animation တွေနဲ့ သူတို့ရဲ့ ချောမွေ့မှုပဲဖြစ်ပါတယ်။ လက်နဲ့ထိသမ ျှကသင့်စိတ်ထဲကအတိုင်းကပ်ပါလာတဲ့ ခံစားမှုမျိုးကိုသင်သဘောကျနေတာပါ။ Apple ကလည်း User စိတ်ကျေနပ်မှုရှိဖို့ကိုပဲအဓိကထားလုပ်ပေးထားတာကြောင့် Touch အတွေ့အကြုံက သဘောကျစရာပါ။ Scren ကိုလက်နဲ့ထိပြီဆိုတာနဲ့ လက်နဲ့ထိတဲ့နေရာတိုင်းကိုအသေးစိတ်ရုစိုက်ပေးဖို့ iOS ကတာဝန်ယူပါတယ်။ User Experience ပိုင်းမှာ iPhone ကသင့်စိတ်ထဲမှာ နေရာယူထားပါတယ်။

-အသေးစိတ်ကျမှု

Apple ရဲ့ Design ဗီဇမှာ ရိုးရှင်းမှုနဲ့ တိကျသပ်ရပ်မှုပါ။ တိကျသပ်ရပ်နေဖို့အတွက် Apple ရဲ့အသေးစိတ်အလေးပေးမှုတွေကို iPhone ရဲ့နေရာတိုင်းမှာတွေ့နိုင်ပါတယ်။ iOS ကိုလည်း Icon သေးသေးလေးတစ်ခုအတွက်ကအစ အသေးစိတ်ကျကျဆွဲထားတဲ့အတွက် သင့်အမြင်မှာတော်တော်စိတ်ကျေနပ်မှုဖြစ်နေစေတာပါ။

-Keyboard

iPhone Keyboard ကိုသုံးဖူးသူတိုင်း သဘောကျကြပါတယ်။ iPhone 4 လို Screen သေးသေးလေးကအစ iPhone 6 Plus လို Screen size တွေအထိဘယ်ဖုန်းမှာရိုက်ရိုက် သင်ရိုက်တဲ့စာလုံးတိုင်းက တိတိကျကျထွက်ပါတယ်။ ဒီအတွက် Apple သုံးထားတဲ့နည်းပညာက ရိုးရှင်းပေမယ့်အဆင့်မြင့်ပါတယ်။ လက်ကရိုက်သမ ျှတိတိကျကျထွက်စေဖို့ သင်စာလုံးတစ်လုံးရိုက်ပြီးတိုင်း နောက်ဆက်ရိုက်မယ့် စာလုံးကိုခန့်မှန်းပြီး တိကျတဲ့ စာလုံးကိုရရှိစေတာဖြစ်ပါတယ်။ စာလုံးကိုခန့်မှန်းဖို့အတွက် သင်ရိုက်လေ့ရှိတဲ့စာလုံးတွေကိုမှတ်ထားပြီး နောက်တစ်ခါရိုက်လို့ အနည်းငယ်လက်ချော်ခဲ့ရင်တောင် စာလုံးအမှန်ထွက်ပါတယ်။ ဒီ Feature ကို Autocorrect နဲ့ပေါင်းလိုက်တော့ ပိုကောင်းသွားပါတယ်။ စာရိုက်တဲ့နေရာမှာ iPhone ရဲ့ iOS Keyboard ကတိကျမှုအရှိဆုံးပါ။ ဒါတွေက သင့်ရဲ့မသိစိတ်ကိုဆွဲဆောင်နေတဲ့ iPhone တွေရဲ့ လ ျှို့ဝှက်ချက်တွေပါ။

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။