[Zawgyi]

အမ်ဳိးသားေတြ ဘာေၾကာင့္ အသားအေရ မျဖစ္မေန ထိန္းသိမ္းသင့္တာလဲ

အမ်ဳိးသမီးေတြဟာ Skin Care ေတြမ်ဳိးစံုသံုးၿပီး ဝက္ျခံမထြက္ေအာင္၊ အေရးအေၾကာင္းေတြ မျဖစ္ေအာင္၊ အသားအေရလွပေအာင္ ထိန္းသိမ္းတတ္ၾကသေလာက္ အမ်ဳိးသားေတြကေတာ့ အမ်ဳိးသမီးေတြနဲ႔ ဆန္႔က်င္ဘက္ အသားအေရကို မထိန္းသိမ္းတတ္ၾကသလို ပစ္စလက္ခတ္လည္း ေနတတ္ၾကပါတယ္။ အမွန္မွာေတာ့ အမ်ဳိးသားေတြဟာ အသားအေရကို လံုးဝႀကီး ပစ္ထားတာမ်ဳိး မလုပ္သင့္ဘဲ အနည္းအက်ဥ္းေလာက္ အသားအေရထိန္းသိမ္းတဲ႔ အေျခခံအဆင့္ေတြကို ျပဳလုပ္သင့္ပါတယ္။

ဘာေၾကာင့္ အသားအေရထိန္းသိမ္းတဲ႔ အေျခခံအဆင့္ေလာက္ေတာ့ လုပ္သင့္တာလဲဆိုေတာ့ အမ်ဳိးသားေတြရဲ႕ ပင္ကိုအသားအေရဟာ အမ်ဳိးသမီးေတြထက္ အဆီပုိျပန္လြယ္တဲ႔ အသားအေရျဖစ္တဲ႔အတြက္ အသားအေရျပႆနာက အမ်ဳိးသမီးေတြထက္ ပိုျဖစ္လြယ္ပါတယ္။ ဒါေၾကာင့္ အဆီျပန္လြယ္တဲ႔ အသားအေရကို ထိန္းသိမ္းႏိုင္ဖုိ႔အတြက္ အဆီထိန္းခ်ဳပ္ေပးႏိုင္တဲ႔ မ်က္ႏွာသစ္ေဆးမ်ဳိးကို ေသခ်ာေလး ေရြးခ်ယ္သံုးေပးသင့္ပါတယ္။ အဆီျပန္လြယ္တဲ႔ အသားအေရမ်ဳိးဆို Face Gel လိုမ်က္ႏွာသစ္ေဆးမ်ဳိးနဲ႔ သစ္ေပးသင့္ပါတယ္။ Face Gel လိုမ်က္ႏွာသစ္ေဆးက အသားအေရ အေရာင္မညီျဖစ္တာကို ကာကြယ္ေပးၿပီး အညစ္အေၾကးေတြကိုလည္း ေျပာင္စင္သြားေအာင္ ကူညီေပးႏိုင္တဲ႔ အတြက္ေၾကာင့္ပါ။

မုတ္ဆိတ္ရိတ္တာကို အျမဲလိုလို ျပဳလုပ္တဲ႔အတြက္ အမ်ဳိးသားေတြရဲ႕ အသားအေရဟာ ၾကမ္းတမ္းလာၿပီး အသားအေရမညီတာေတြ၊ အမည္းအကြက္ေလးေတြ ျဖစ္လာတတ္ပါတယ္။ အဲဒီလုိမျဖစ္ဖို႔အတြက္ Aftershave သံုးေပးရုံနဲ႔ မလံုေလာက္ဘဲ Facial Gel ေတြ (သို႔) Organic Face Oil လုိမ်ဳိးဟာေတြကို မုတ္ဆိတ္ရိတ္ၿပီးတဲ႔အခါမွာ မျဖစ္မေန အသံုးျပဳဖို႔ အၾကံေပးခ်င္ပါတယ္။

အမ်ဳိးသားေတြ အလုပ္မွာ စိတ္ဖိစီးမႈေတြ ၾကံဳေတြ႔ရတာကလည္း အသားအေရကို ထိခိုက္ေစတဲ့ အေၾကာင္းအရင္းေတြထဲမွာ တစ္ခုပါပဲ။ စိတ္ဖိစီးမႈမ်ားတဲ႔အခါ အိပ္မေပ်ာ္ျဖစ္ၿပီး မ်က္တြင္းေတြ က်လာၿပီး အသားအေရဟာလည္း မဲြေျခာက္ေျခာက္ ျဖစ္လာႏုိင္ပါတယ္။ အသားအေရကို အေျခခံက်တဲ့ Skin Care ေတြနဲ႔ အသံုးျပဳၿပီး ႀကိဳတင္ထိန္းသိမ္းထားမယ္ဆိုရင္ အထက္မွာေျပာခဲ႔သလိုမ်ဳိး သိပ္မျဖစ္ေတာ့တာကို ေတြ႔ရပါလိမ့္မယ္။

အမ်ဳိးသမီးေတြ အျပင္ထြက္တဲ႔အခါမွာ SPF ပါတဲ႔ ေနေရာင္ကာကြယ္ေဆးသံုးသလိုမ်ဳိး အမ်ဳိးသားေတြလည္း အသားအေရက်န္းမာေရးထိန္းသိမ္းတဲ႔အေနနဲ႔ သံုးေပးသင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အမ်ဳိးသားအမ်ားစုဟာ ေနပူထဲကို သြားရတာမ်ားေလ့ရွိၿပီး အျပင္သြားတဲ႔အခါမွာ ထီးလည္း သိပ္မေဆာင္းတတ္တဲ႔ အတြက္ေၾကာင့္ ျဖစ္ပါတယ္။ ေနေရာင္ကာကြယ္ေဆးသံုးတာက တကယ္တမ္းေျပာရမယ္ဆို Skin Care လုပ္တဲ႔ အဆင့္ေတာင္မဟုတ္ေသးဘဲ အသားအေရ က်န္းမာေရးကို ဂရုစိုက္တဲ႔ အဆင့္ပဲ ရွိပါေသးတယ္။

အမ်ဳိးသားေတြအေနနဲ႔လည္း အမ်ဳိးသမီးေတြလိုမ်ဳိး အသားအေရကို ေရဓာတ္ျဖည့္ေပးဖို႔ လိုအပ္ပါတယ္။ ေရဓာတ္ ဘာေၾကာင့္ျဖည့္သင့္လဲဆိုေတာ့ အသားအေရဟာ ေရဓာတ္မရွိတဲ႔အခါ Breakout ေတြျဖစ္လာႏိုင္ေစသလို အမည္းကြက္ေတြလည္း ျဖစ္လာႏုိင္ေစပါတယ္။ ဒါေၾကာင့္ ေရဓာတ္ျဖည္႔ေပးဖို႔ မေမ့ပါနဲ႔ေနာ္။ ေရဓာတ္ျဖည့္ေပးတဲ့အခါမ်ဳိးမွာ ညဘက္ျဖည့္တင္းေပးတာ အေကာင္းဆံုးပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ ညဘက္ဟာ အသားအေရ အနားယူတဲ႔ အခ်ိန္ျဖစ္တဲ႔အတြက္ ေရဓာတ္ကို ေကာင္းေကာင္းစုပ္ယူႏိုင္ၿပီး ေနာက္တစ္ေန႔ အသားအေရမေျခာက္ေသြ႔ေစဖုိ႔အတြက္ အကူအညီေပးပါတယ္။

ေယာက်ာ္းေလးေတြအေနနဲ႔ ငါေယာက်ာ္းေလးဆိုၿပီး အသားအေရကိုလံုးဝမထိန္းသိမ္းဘဲနဲ႔ ပစ္ထားျခင္းက အသားအေရက်န္းမာေရးကို ထိခိုက္ေအာင္ ပစ္ထားတာနဲ႔ တူပါတယ္။ ရာသီဥတုေတြ ေဖာက္လဲြေဖာက္ျပန္ျဖစ္လာတာနဲ႔အညီ အသားအေရက်န္းမာေရးကို ပိုဂရုစိုက္ဖို႔ လုိပါတယ္။ အသားအေရ က်န္းမာေရးကို ဂရုစိုက္တဲ႔ေနရာမ်ဳိးမွာ ေယာက်ာ္းေလးမွ ဂရုစိုက္ရမယ္ မိန္းကေလးမွ ဂရုစိုက္ရမယ္ဆိုၿပီး သတ္မွတ္ခ်က္မရွိတဲ႔အတြက္ ကိုယ္အသားအေရက်န္းမာဖုိ႔အတြက္ ကိုယ့္ကိုယ္တိုင္ ဂရုစိုက္ဖို႔လိုလို႔ ေယာက်ာ္းေလးေတြအေနနဲ႔ အေျခခံထိန္းသိမ္းမႈေလာက္ကိုေတာ့ လုပ္ဖုိ႔ တိုက္တြန္းခ်င္ပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

အမျိုးသားတွေ ဘာကြောင့် အသားအရေ မဖြစ်မနေ ထိန်းသိမ်းသင့်တာလဲ

အမျိုးသမီးတွေဟာ Skin Care တွေမျိုးစုံသုံးပြီး ဝက်ခြံမထွက်အောင်၊ အရေးအကြောင်းတွေ မဖြစ်အောင်၊ အသားအရေလှပအောင် ထိန်းသိမ်းတတ်ကြသလောက် အမျိုးသားတွေကတော့ အမျိုးသမီးတွေနဲ့ ဆန့်ကျင်ဘက် အသားအရေကို မထိန်းသိမ်းတတ်ကြသလို ပစ်စလက်ခတ်လည်း နေတတ်ကြပါတယ်။ အမှန်မှာတော့ အမျိုးသားတွေဟာ အသားအရေကို လုံးဝကြီး ပစ်ထားတာမျိုး မလုပ်သင့်ဘဲ အနည်းအကျဉ်းလောက် အသားအရေထိန်းသိမ်းတဲ့ အခြေခံအဆင့်တွေကို ပြုလုပ်သင့်ပါတယ်။

ဘာကြောင့် အသားအရေထိန်းသိမ်းတဲ့ အခြေခံအဆင့်လောက်တော့ လုပ်သင့်တာလဲဆိုတော့ အမျိုးသားတွေရဲ့ ပင်ကိုအသားအရေဟာ အမျိုးသမီးတွေထက် အဆီပိုပြန်လွယ်တဲ့ အသားအရေဖြစ်တဲ့အတွက် အသားအရေပြဿနာက အမျိုးသမီးတွေထက် ပိုဖြစ်လွယ်ပါတယ်။ ဒါကြောင့် အဆီပြန်လွယ်တဲ့ အသားအရေကို ထိန်းသိမ်းနိုင်ဖို့အတွက် အဆီထိန်းချုပ်ပေးနိုင်တဲ့ မျက်နှာသစ်ဆေးမျိုးကို သေချာလေး ရွေးချယ်သုံးပေးသင့်ပါတယ်။ အဆီပြန်လွယ်တဲ့ အသားအရေမျိုးဆို Face Gel လိုမျက်နှာသစ်ဆေးမျိုးနဲ့ သစ်ပေးသင့်ပါတယ်။ Face Gel လိုမျက်နှာသစ်ဆေးက အသားအရေ အရောင်မညီဖြစ်တာကို ကာကွယ်ပေးပြီး အညစ်အကြေးတွေကိုလည်း ပြောင်စင်သွားအောင် ကူညီပေးနိုင်တဲ့ အတွက်ကြောင့်ပါ။

မုတ်ဆိတ်ရိတ်တာကို အမြဲလိုလို ပြုလုပ်တဲ့အတွက် အမျိုးသားတွေရဲ့ အသားအရေဟာ ကြမ်းတမ်းလာပြီး အသားအရေမညီတာတွေ၊ အမည်းအကွက်လေးတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီလိုမဖြစ်ဖို့အတွက် Aftershave သုံးပေးရုံနဲ့ မလုံလောက်ဘဲ Facial Gel တွေ (သို့) Organic Face Oil လိုမျိုးဟာတွေကို မုတ်ဆိတ်ရိတ်ပြီးတဲ့အခါမှာ မဖြစ်မနေ အသုံးပြုဖို့ အကြံပေးချင်ပါတယ်။

အမျိုးသားတွေ အလုပ်မှာ စိတ်ဖိစီးမှုတွေ ကြုံတွေ့ရတာကလည်း အသားအရေကို ထိခိုက်စေတဲ့ အကြောင်းအရင်းတွေထဲမှာ တစ်ခုပါပဲ။ စိတ်ဖိစီးမှုများတဲ့အခါ အိပ်မပျော်ဖြစ်ပြီး မျက်တွင်းတွေ ကျလာပြီး အသားအရေဟာလည်း မွဲခြောက်ခြောက် ဖြစ်လာနိုင်ပါတယ်။ အသားအရေကို အခြေခံကျတဲ့ Skin Care တွေနဲ့ အသုံးပြုပြီး ကြိုတင်ထိန်းသိမ်းထားမယ်ဆိုရင် အထက်မှာပြောခဲ့သလိုမျိုး သိပ်မဖြစ်တော့တာကို တွေ့ရပါလိမ့်မယ်။

အမျိုးသမီးတွေ အပြင်ထွက်တဲ့အခါမှာ SPF ပါတဲ့ နေရောင်ကာကွယ်ဆေးသုံးသလိုမျိုး အမျိုးသားတွေလည်း အသားအရေကျန်းမာရေးထိန်းသိမ်းတဲ့အနေနဲ့ သုံးပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားအများစုဟာ နေပူထဲကို သွားရတာများလေ့ရှိပြီး အပြင်သွားတဲ့အခါမှာ ထီးလည်း သိပ်မဆောင်းတတ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ နေရောင်ကာကွယ်ဆေးသုံးတာက တကယ်တမ်းပြောရမယ်ဆို Skin Care လုပ်တဲ့ အဆင့်တောင်မဟုတ်သေးဘဲ အသားအရေ ကျန်းမာရေးကို ဂရုစိုက်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။

အမျိုးသားတွေအနေနဲ့လည်း အမျိုးသမီးတွေလိုမျိုး အသားအရေကို ရေဓာတ်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ရေဓာတ် ဘာကြောင့်ဖြည့်သင့်လဲဆိုတော့ အသားအရေဟာ ရေဓာတ်မရှိတဲ့အခါ Breakout တွေဖြစ်လာနိုင်စေသလို အမည်းကွက်တွေလည်း ဖြစ်လာနိုင်စေပါတယ်။ ဒါကြောင့် ရေဓာတ်ဖြည့်ပေးဖို့ မမေ့ပါနဲ့နော်။ ရေဓာတ်ဖြည့်ပေးတဲ့အခါမျိုးမှာ ညဘက်ဖြည့်တင်းပေးတာ အကောင်းဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ ညဘက်ဟာ အသားအရေ အနားယူတဲ့ အချိန်ဖြစ်တဲ့အတွက် ရေဓာတ်ကို ကောင်းကောင်းစုပ်ယူနိုင်ပြီး နောက်တစ်နေ့ အသားအရေမခြောက်သွေ့စေဖို့အတွက် အကူအညီပေးပါတယ်။

ယောကျာ်းလေးတွေအနေနဲ့ ငါယောကျာ်းလေးဆိုပြီး အသားအရေကိုလုံးဝမထိန်းသိမ်းဘဲနဲ့ ပစ်ထားခြင်းက အသားအရေကျန်းမာရေးကို ထိခိုက်အောင် ပစ်ထားတာနဲ့ တူပါတယ်။ ရာသီဥတုတွေ ဖောက်လွဲဖောက်ပြန်ဖြစ်လာတာနဲ့အညီ အသားအရေကျန်းမာရေးကို ပိုဂရုစိုက်ဖို့ လိုပါတယ်။ အသားအရေ ကျန်းမာရေးကို ဂရုစိုက်တဲ့နေရာမျိုးမှာ ယောကျာ်းလေးမှ ဂရုစိုက်ရမယ် မိန်းကလေးမှ ဂရုစိုက်ရမယ်ဆိုပြီး သတ်မှတ်ချက်မရှိတဲ့အတွက် ကိုယ်အသားအရေကျန်းမာဖို့အတွက် ကိုယ့်ကိုယ်တိုင် ဂရုစိုက်ဖို့လိုလို့ ယောကျာ်းလေးတွေအနေနဲ့ အခြေခံထိန်းသိမ်းမှုလောက်ကိုတော့ လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

H.H(Akhayar)

www.akhayar.com