[Zawgyi]

ၿဗိတိန္ဘုရင္မႀကီး Elizabeth II ဟာ ဘာေၾကာင့္ ဂရိႏုိင္ငံကုိ မသြားသလဲ

ၿဗိတိန္ဘုရင္မႀကီး Elizabeth II ဟာ ကမၻာ့ႏုိင္ငံေတာ္ေတာ္မ်ားမ်ားကုိ အလည္အပတ္ေရာက္ဖူးတဲ့သူပါ။ ကုလသမဂၢအဖြဲ႕ဝင္ (၁၉၃) ႏုိင္ငံမွာ (၁၁၆) ႏုိင္ငံအထိ အလည္အပတ္ေရာက္ဖူးခဲ့ပါတယ္။ ဒါကလည္း ဘုရင္မႀကီးဟာ ႏုိင္ငံကူးလက္မွတ္ မလုိအပ္တဲ့အတြက္ ႏုိင္ငံတကာမွာ တံခါးမရွိ၊ ဓားမရွိ အလည္အပတ္သြားႏုိင္တဲ့သူပါ။

ဒါေပမယ့္ ၿဗိတိန္အရွင္သခင္မႀကီး Elizabeth II ဟာ ဓနသဟာရႏုိင္ငံေတြရဲ႕ အႀကီးအကဲျဖစ္ေပမယ့္ ဥေရာပႏုိင္ငံတစ္ခုကုိေတာ့ ဘုရင္မ ျဖစ္တဲ့ ၁၉၅၂ခုႏွစ္ ေဖေဖာ္ဝါရီလ (၆) ရက္ေန႔ကေန အခုခ်ိန္ထိ အလည္အပတ္မသြားခဲ့ဘူးဆုိ ယုံၾကမွာလား။ ဟုတ္ပါတယ္။ အဲ့ဒီနိုင္ငံက ဂရိနိုင္ငံျဖစ္ၿပီး သူမရဲ႕ နန္းသက္ (၆၆) ႏွစ္အတြင္းမွာ တစ္ခါမွ မလည္ပတ္ခဲ့ပါဘူး။

သူမရဲ႕ ခင္ပြန္း Prince Philip ဟာ ဂရိႏုိင္ငံမွာ ေမြးဖြားခဲ့ေပမယ့္ ဘုရင္မႀကီးဟာ ၁၉၅ဝခုႏွစ္ကတည္းက အခုခ်ိန္ထိ ဂရိႏုိင္ငံကုိ ေျခမခ်ခဲ့သူပဲျဖစ္ပါတယ္။ ၁၉၅ဝခုႏွစ္တုန္းက ဘုရင္မႀကီးဟာ ဂရိဘုရင္ႀကီး Paul ရဲ႕ဖိတ္ေခၚခ်က္အရ ဂရိႏုိင္ငံကုိ လည္ပတ္ခဲ့ပါေသးတယ္။

ခင္ပြန္းေတာ္ Prince Philip ဂရိမင္းသားတစ္ပါးျဖစ္ေပမယ့္ ဦးရီးေတာ္ဘုရင္ႀကီး King Constantine I က သူ႕ဖခင္ရဲ႕ ထီးနန္းကုိ လုရုံမကဘဲ ကြပ္မ်က္ခဲ့တဲ့အတြက္ ၁၉၂၂ခုႏွစ္မွာ သူတုိ႔မိသားစုဟာ ျပင္သစ္ႏုိင္ငံကုိ ထြက္ေျပးခဲ့ရပါတယ္။

အဲဒီအခ်ိန္တုန္းက Prince Philip ဟာ တစ္ႏွစ္ခြဲပဲ ရွိပါေသးတယ္။ သူမရဲ႕ၾကင္ေဖာ္မိသားစုကုိ ရက္စက္ခဲ့တဲ့ ဂရိဘုရင္ႀကီး King Constantine I ကုိ မုန္းတီးတဲ့အတြက္ ဘုရင္မ ျဖစ္ၿပီးေနာက္ပုိင္း ဂရိႏုိင္ငံကုိ မသြားခဲ့ေၾကာင္းပါခင္ဗ်ာ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဗြိတိန်ဘုရင်မကြီး Elizabeth II ဟာ ဘာကြောင့် ဂရိနိုင်ငံကို မသွားသလဲ

ဗြိတိန်ဘုရင်မကြီး Elizabeth II ဟာ ကမ္ဘာ့နိုင်ငံတော်တော်များများကို အလည်အပတ်ရောက်ဖူးတဲ့သူပါ။ ကုလသမဂ္ဂအဖွဲ့ဝင် (၁၉၃) နိုင်ငံမှာ (၁၁၆) နိုင်ငံအထိ အလည်အပတ်ရောက်ဖူးခဲ့ပါတယ်။ ဒါကလည်း ဘုရင်မကြီးဟာ နိုင်ငံကူးလက်မှတ် မလိုအပ်တဲ့အတွက် နိုင်ငံတကာမှာ တံခါးမရှိ၊ ဓားမရှိ အလည်အပတ်သွားနိုင်တဲ့သူပါ။

ဒါပေမယ့် ဗြိတိန်အရှင်သခင်မကြီး Elizabeth II ဟာ ဓနသဟာရနိုင်ငံတွေရဲ့ အကြီးအကဲဖြစ်ပေမယ့် ဥရောပနိုင်ငံတစ်ခုကိုတော့ ဘုရင်မ ဖြစ်တဲ့ ၁၉၅၂ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့ကနေ အခုချိန်ထိ အလည်အပတ်မသွားခဲ့ဘူးဆို ယုံကြမှာလား။ ဟုတ်ပါတယ်။ အဲ့ဒီနိုင်ငံက ဂရိနိုင်ငံဖြစ်ပြီး သူမရဲ့ နန်းသက် (၆၆) နှစ်အတွင်းမှာ တစ်ခါမှ မလည်ပတ်ခဲ့ပါဘူး။

သူမရဲ့ ခင်ပွန်း Prince Philip ဟာ ဂရိနိုင်ငံမှာ မွေးဖွားခဲ့ပေမယ့် ဘုရင်မကြီးဟာ ၁၉၅ဝခုနှစ်ကတည်းက အခုချိန်ထိ ဂရိနိုင်ငံကို ခြေမချခဲ့သူပဲဖြစ်ပါတယ်။ ၁၉၅ဝခုနှစ်တုန်းက ဘုရင်မကြီးဟာ ဂရိဘုရင်ကြီး Paul ရဲ့ဖိတ်ခေါ်ချက်အရ ဂရိနိုင်ငံကို လည်ပတ်ခဲ့ပါသေးတယ်။

ခင်ပွန်းတော် Prince Philip ဂရိမင်းသားတစ်ပါးဖြစ်ပေမယ့် ဦးရီးတော်ဘုရင်ကြီး King Constantine I က သူ့ဖခင်ရဲ့ ထီးနန်းကို လုရုံမကဘဲ ကွပ်မျက်ခဲ့တဲ့အတွက် ၁၉၂၂ခုနှစ်မှာ သူတို့မိသားစုဟာ ပြင်သစ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။

အဲဒီအချိန်တုန်းက Prince Philip ဟာ တစ်နှစ်ခွဲပဲ ရှိပါသေးတယ်။ သူမရဲ့ကြင်ဖော်မိသားစုကို ရက်စက်ခဲ့တဲ့ ဂရိဘုရင်ကြီး King Constantine I ကို မုန်းတီးတဲ့အတွက် ဘုရင်မ ဖြစ်ပြီးနောက်ပိုင်း ဂရိနိုင်ငံကို မသွားခဲ့ကြောင်းပါခင်ဗျာ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com