[Zawgyi]

Hard Disk နဲ႔ SSD ေတြမွာ ဘာျဖစ္လို႔ Storage အျပည့္မပါရတာလဲ?

Hard Disk ဝယ္ရင္ အေမးမ်ားဆုံးက Storage Capacity ဘာလို႔ အျပည့္မပါတာလဲဆိုတဲ့ ေမးခြန္းပါပဲ။ ဘာလို႔လဲဆို ကြန္ပ်ဴတာ Storage မွာ 1GB ကို 1,000 MB လို႔ မသတ္မွတ္သလို 1TB ဟာလည္း 1,000 GB ပါဝင္တာမဟုတ္ပါဘူး။

Hard Disk

ဘာလို႔လဲဆိုရင္ Operating System က 2 Bytes, 4 Bytes စသျဖင့္ သတ္မွတ္တဲ့အတြက္ ေျမာက္ေဖာ္ကိန္းက 10, 100, 1,000 မဟုတ္လို႔ပါ။ ဆက္သြယ္ခ်က္ကို ထပ္ေဖာ္ျပရမယ္ဆိုရင္ 1 Kilobyte (KB) မွာ 1,024 Bytes ၊ 1Megabyte (MB) မွာ 1,024 KB ၊ 1 Gigabyte (GB) မွာ 1,024 (MB) နဲ႔သြားတာမလို႔ 1TB ဆိုတိုင္း 1,000 GB ရွိမွာ မဟုတ္ပါဘူး။

External Hard Disk

ဘာလို႔မပါသလဲဆိုတာ ထပ္ျပီး အက်ယ္တဝင့္ေဖာ္ျပရဦးမယ္ဆိုရင္ 1MB မွာ 1,048,576 Bytes ၊ 1GB မွာ 1,073,741,824 Bytes ၊ 1Terabyte (TB) မွာ 1,099,511,627,776 Bytes အသီးသီးရွိမွာပါ။ ဒီေနရာမွာ ထုတ္လုပ္သူေတြက 1TB ကို 1,000 GB လို႔ တြက္ေပးတယ္ ဥပမာ 1GB = 1,000 MB Reference ယူတယ္ေပါ့။ ဟုတ္ပါတယ္ သူတို႔ ေၾကညာတဲ့အတိုင္းသာဆိုရင္ 1TB မွာ 1,000 GB အျပည့္ပါရမယ္ေပါ့။

Portable SSD

ဒါေပမယ့္လို႔ OS ထဲေရာက္သြားတဲ့အခါ 1TB ဆိုတာၾကီးက အျပည့္ပါမလာေတာ့ပါဘူး၊ ဒါကို ဆက္သြယ္ခ်က္အတိုင္းတြက္ျပရမယ္ဆိုရင္ Windows အရ 1TB မွာ 1,099,511,627,776 Bytes ရွိပါတယ္၊ Manufacturer အရဆိုရင္ေတာ့ 1,000,000,000 Bytes အတိေပါ့။ ဒီေတာ့ GB ဘယ္ေလာက္ပါသလဲသိခ်င္ရင္ Windows ဆက္သြယ္ခ်က္အတိုင္း 1,000,000,000 ကို 1,073,741,824 နဲ႔ စားခ်လိုက္ပါ။ 0.931 GB ဆိုတဲ့ အေျဖေၾကာင့္ 1,000 နဲ႔ ထပ္ေျမာက္လိုက္ရင္ 931GB ပဲရွိမွာပါ။ ဒီနည္းအတိုင္း 4TB ကို တြက္မယ္ဆိုရင္ 3.72 TB (3,725 GB) အေျဖပဲထြက္လာမွာမလို႔ Manufacturer ေတြ ညာေရာင္းတယ္မဆိုရဘဲ Windows က သတ္မွတ္တဲ့ Data သိမ္းဆည္းစနစ္ေၾကာင့္သာ အျပည့္မရွိေတာ့တာလို႔ လက္ခံရမွာပါ။

2B (Akhayar)
www.akhayar.com

[Unicode]

Hard Disk နဲ့ SSD တွေမှာ ဘာဖြစ်လို့ Storage အပြည့်မပါရတာလဲ?

Hard Disk ဝယ်ရင် အမေးများဆုံးက Storage Capacity ဘာလို့ အပြည့်မပါတာလဲဆိုတဲ့ မေးခွန်းပါပဲ။ ဘာလို့လဲဆို ကွန်ပျူတာ Storage မှာ 1GB ကို 1,000 MB လို့ မသတ်မှတ်သလို 1TB ဟာလည်း 1,000 GB ပါဝင်တာမဟုတ်ပါဘူး။

Hard Disk

ဘာလို့လဲဆိုရင် Operating System က 2 Bytes, 4 Bytes စသဖြင့် သတ်မှတ်တဲ့အတွက် မြောက်ဖော်ကိန်းက 10, 100, 1,000 မဟုတ်လို့ပါ။ ဆက်သွယ်ချက်ကို ထပ်ဖော်ပြရမယ်ဆိုရင် 1 Kilobyte (KB) မှာ 1,024 Bytes ၊ 1Megabyte (MB) မှာ 1,024 KB ၊ 1 Gigabyte (GB) မှာ 1,024 (MB) နဲ့သွားတာမလို့ 1TB ဆိုတိုင်း 1,000 GB ရှိမှာ မဟုတ်ပါဘူး။

External Hard Disk

ဘာလို့မပါသလဲဆိုတာ ထပ်ပြီး အကျယ်တဝင့်ဖော်ပြရဦးမယ်ဆိုရင် 1MB မှာ 1,048,576 Bytes ၊ 1GB မှာ 1,073,741,824 Bytes ၊ 1Terabyte (TB) မှာ 1,099,511,627,776 Bytes အသီးသီးရှိမှာပါ။ ဒီနေရာမှာ ထုတ်လုပ်သူတွေက 1TB ကို 1,000 GB လို့ တွက်ပေးတယ် ဥပမာ 1GB = 1,000 MB Reference ယူတယ်ပေါ့။ ဟုတ်ပါတယ် သူတို့ ကြေညာတဲ့အတိုင်းသာဆိုရင် 1TB မှာ 1,000 GB အပြည့်ပါရမယ်ပေါ့။

Portable SSD

ဒါပေမယ့်လို့ OS ထဲရောက်သွားတဲ့အခါ 1TB ဆိုတာကြီးက အပြည့်ပါမလာတော့ပါဘူး၊ ဒါကို ဆက်သွယ်ချက်အတိုင်းတွက်ပြရမယ်ဆိုရင် Windows အရ 1TB မှာ 1,099,511,627,776 Bytes ရှိပါတယ်၊ Manufacturer အရဆိုရင်တော့ 1,000,000,000 Bytes အတိပေါ့။ ဒီတော့ GB ဘယ်လောက်ပါသလဲသိချင်ရင် Windows ဆက်သွယ်ချက်အတိုင်း 1,000,000,000 ကို 1,073,741,824 နဲ့ စားချလိုက်ပါ။ 0.931 GB ဆိုတဲ့ အဖြေကြောင့် 1,000 နဲ့ ထပ်မြောက်လိုက်ရင် 931GB ပဲရှိမှာပါ။ ဒီနည်းအတိုင်း 4TB ကို တွက်မယ်ဆိုရင် 3.72 TB (3,725 GB) အဖြေပဲထွက်လာမှာမလို့ Manufacturer တွေ ညာရောင်းတယ်မဆိုရဘဲ Windows က သတ်မှတ်တဲ့ Data သိမ်းဆည်းစနစ်ကြောင့်သာ အပြည့်မရှိတော့တာလို့ လက်ခံရမှာပါ။

2B (Akhayar)
www.akhayar.com