[Zawgyi]

ခ်စ္သူထက္ သူငယ္ခ်င္းကိုပိုအေရးေပးသင့္တဲ့အေၾကာင္းအရင္း

လူေတြက အသက္ႀကီးလာရင္ စိတ္ကိုေလွ်ာ့လိုက္ၾကပါတယ္။ အလုပ္ေလာဘေတြကိုေလွ်ာ့လိုက္ တယ္၊ ထစ္ခနဲဆို စိတ္ျမန္လက္ျမန္တုန္႔ျပန္တတ္တဲ့ အက်င့္ေတြကိုေလွ်ာ့လိုက္တယ္၊ လိုခ်င္တပ္မက္စိတ္ေတြကို ေလွ်ာ့လိုက္တယ္၊ ကုန္ကုန္ေျပာရရင္ ခင္တြယ္စရာမိသားစု၊ မိတ္ေဆြအေရအတြက္ကိုပါ ေလွ်ာ့လိုက္ၾကတယ္။ ဆိုလိုတာက မိသားစုပဲျဖစ္ျဖစ္၊ မိတ္ေဆြသူငယ္ခ်င္းပဲျဖစ္ျဖစ္ ကိုယ့္အနားမွာ မ်ားမ်ားစားစားရွိေနဖို႔မလိုေတာ့ဘဲ ကိုယ့္အေပၚေကာင္းတဲ့သူ တစ္ေယာက္တစ္ေလေလာက္ရွိရင္ကို ေက်နပ္သြားတတ္ၾကပါတယ္။

ေနာက္ဆံုး ကိုယ့္အနားမွာက်န္တ့ဲတစ္ေယာက္တစ္ေလဆိုတာ ကိုယ့္မိသားစုဝင္လည္း ျဖစ္ခ်င္ျဖစ္မယ္၊ ခ်စ္သူ၊ လက္တြဲေဖာ္လည္းျဖစ္ခ်င္မွျဖစ္မယ္ သူငယ္ခ်င္းမိတ္ေဆြလည္းျဖစ္ေကာင္းျဖစ္မယ္။အဓိကကေတာ့ အေပၚယံေတြကိုမလိုခ်င္ေတာ့တာပါပဲ။ တစ္ခါတစ္ေလ အဲဒီလို ကိုယ့္ေဘးနားက်န္ခဲ့တဲ့ တစ္ေယာက္တစ္ေလဟာ မိသားစုဝင္၊ ခ်စ္သူလက္တြဲေဖာ္ထက္ မိတ္ေဆြသူငယ္ခ်င္းျဖစ္ေနတာက မ်ားပါတယ္။ အဲဒီလိုျဖစ္ရတာကလည္း သင့္ဘဝမွာ ဘယ္လိုအဆိုးအေကာင္းေတြပဲႀကံဳႀကံဳ အားေပးေဖာ္လည္းရသလို သင့္စိတ္ကိုနားလည္ေပးႏိုင္တာလည္း သူငယ္ခ်င္းေတြပါပဲ။ သူငယ္ခ်င္းဆိုတာ မိသားစုဝင္ေတြလို ေသြးသားမေတာ္စပ္သလို ခ်စ္သူလက္တြဲေဖာ္လို လိုခ်င္တပ္မက္မႈေတြမရွိတဲ့အတြက္ ႏွစ္ဖက္လံုးကို မွ်ေဝနားလည္ေပးႏိုင္တဲ့ အရင္းႏွီးဆံုးလူသားေတြပါ။

ဒါေၾကာင့္ ရည္းစားေတြ တစ္ေယာက္ၿပီးတစ္ေယာက္ေျပာင္းတိုင္း၊ မိသားစုအိမ္တြင္းေရးျပႆနာေတြခဏခဏတက္တိုင္း ျဖစ္လာသမွ် သင့္ရဲ႕ခံစားခ်က္တိုင္းကို ဒိုင္ခံနားေထာင္ၿပီး ႏွစ္သိမ့္ေပးႏိုင္ၾကျခင္းပဲျဖစ္ပါတယ္။ ဒါတင္မကေသးဘူး သူတို႔မွာ ဒီလို ပါဝါ Energy ေတြကိုလည္း ပိုင္ဆိုင္ထားၾကပါေသးတယ္။

စြယ္စံုရတန္ခုိးရွင္ေတြေပါ့

မိန္းကေလးပဲျဖစ္ျဖစ္၊ ေယာက္်ားေလးပဲျဖစ္ျဖစ္ အခ်စ္ဆံုးသူငယ္ခ်င္းေတြေရွ႕မွာဆို ဘယ္ေတာ့မွအားနာစရာ၊ ရွက္ေနစရာမလိုသလို အေၾကာင္းအရာေပါင္းစံုကို ရင္ဖြင့္ႏိုင္တယ္။ ျဖစ္သမွ်ျပႆနာေပါင္းစံုကို လက္ခံနားေထာင္ၿပီး ဒိုင္ခံအႀကံေပးႏိုင္တဲ့ စြယ္စံုရတန္ခိုးရွင္ေတြလို႔ေတာင္ ေျပာလို႔ရတယ္။ အမ်ိဳးသမီးေတြဆို တစ္လတစ္ခါျဖစ္တဲ့ကိစၥကေန ရူးေပါေပါစိတ္ကူးယဥ္အိမ္မက္ေတြအထိ အကုန္ရင္ဖြင့္ႏိုင္သလို ေယာက္်ားေလးေတြဆိုရင္လည္း ရည္းစားအေၾကာင္း၊ မိသားစုအေၾကာင္း၊ အလုပ္အကိုင္အေၾကာင္းေတြကို ဘယ္ဟာဆိုးသည္ ဘယ္ဟာေကာင္းသည္ ေဆြးေႏြးအႀကံေပးႏိုင္တဲ့သူဆိုတာ အရင္းႏွီးဆံုးသူငယ္ခ်င္းေတြပဲ ရွိပါတယ္။

အၾကင္နာတရားလည္းႀကီးမားၾကတယ္

တကယ့္အခ်စ္ဆံုးသူငယ္ခ်င္းေတြဆိုတာ သင့္အေပၚမွာ အၾကင္နာတရား အထားႏိုင္ဆံုးလူသားေတြပါပဲ။ မိဘဆိုတာ သင္ဆိုးရင္ဆံုးမမယ္၊သင္ေကာင္းရင္ခ်ီးက်ဴးမယ္ သင့္ကိုလမ္းမွန္ေရာက္ေအာင္ဆြဲေခၚမယ္ ဒါေပမဲ့ သင္နဲ႔ေတာ့ ဘယ္ေတာ့မွ တစ္သားတည္းျဖစ္မွာမဟုတ္ပါဘူး။ ခ်စ္သူ၊ လက္တြဲေဖာ္ဆိုရင္ ပိုေတာင္ဆိုးပါေသးတယ္၊ မိန္းကေလးတစ္ေယာက္ရဲ႕ခံစားခ်က္ကို မိန္းကေလးအခ်င္းခ်င္းပဲနားလည္ႏိုင္သလို ေယာက္်ားေလးတစ္ေယာက္ရဲ႕ သဘာဝကိုလည္း ေယာက္်ားအခ်င္းခ်င္းပဲသိႏိုင္ပါတယ္။ ဒါေၾကာင့္ဆန္႔က်င္ဘက္လိင္ျဖစ္တဲ့ သင့္ရဲ႕လက္တြဲေဖာ္က အျပည့္အဝနားလည္ေပးႏိုင္မွာမဟုတ္တာေတာ့ ေသခ်ာပါတယ္။ သင့္ရဲ႕ဆိုးေမြေကာင္းေမြအားလံုးကို ခြင့္လႊတ္နားလည္ေပးၿပီး သင္နဲ႔တစ္သားတည္းရွိေနမယ့္သူေတြဟာ သူငယ္ခ်င္းေတြပါပဲ။

သူတို႔ဟာအာလာဒင္မီးခြက္ေစာင့္လိုပဲ

သူငယ္ခ်င္းေတြဆိုတာ သင္လိုအပ္တိုင္းလက္နဲ႔ပြတ္ၿပီးဆုေတာင္းလိုက္တာနဲ႔ သင့္ေရွ႕အေရာက္လာမယ့္ အာလာဒင္မီးခြက္ေစာင့္လိုပါပဲ သင္လိုအပ္တဲ့အခ်ိန္ ဖုန္းတစ္ခ်က္ဆက္၊ စာတစ္ေစာင္ပို႔လိုက္ တာနဲ႔ အေရာက္လာမယ့္သူေတြပါ။ မိဘနဲ႔အဆင္မေျပလို႔ အိမ္ကဆင္းလာတယ္ဆိုရင္ သင့္ကိုလက္ ခံေပးထားဖို႔အသင့္ရွိေနသလို ရည္းစားနဲ႔အဆင္မေျပရင္ ေနာက္တစ္ေယာက္ရွာေပးဖို႔လည္း ဝန္မေလးတတ္ပါဘူး။

သူတို႔ဟာအရိပ္လိုလူသားေတြပါ

သင့္ဘဝတစ္ေလွ်ာက္လံုး ေတြ႕ဆံုရတဲ့လူေတြ တစ္ေယာက္ၿပီးတစ္ေယာက္သာေျပာင္းသြားတယ္ သင့္အနားမွာမေျပာင္းလဲဘဲ ရွိေနတာကလည္း သူငယ္ခ်င္းေတြပါပဲ။ တကယ့္အရင္းႏွီးဆံုးမိတ္ေဆြသူငယ္ခ်င္းေတြဆိုတာ သင္ေလွ်ာက္လွမ္းရာဘဝခရီးလမ္းတစ္ေလွ်ာက္ ထက္ၾကပ္မကြာပါေနမယ့္ အရိပ္လိုလူသားေတြပါပဲ။

ကဲ ပရိသတ္ႀကီးေရာ ကိုယ့္အနားမွာ အဲဒီလိုသူငယ္ခ်င္းေတြရွိေနၾကရဲ႕လား…ရွိေနတယ္ဆိုရင္ ဒီေဆာင္းပါးေလးကိုမွ်ေဝၿပီး ေက်းဇူးတင္စကားေျပာလိုက္ၾကဦးေနာ္….။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Zawgyi]

ချစ်သူထက် သူငယ်ချင်းကိုပိုအရေးပေးသင့်တဲ့အကြောင်းအရင်း

လူတွေက အသက်ကြီးလာရင် စိတ်ကိုလျှော့လိုက်ကြပါတယ်။ အလုပ်လောဘတွေကိုလျှော့လိုက် တယ်၊ ထစ်ခနဲဆို စိတ်မြန်လက်မြန်တုန့်ပြန်တတ်တဲ့ အကျင့်တွေကိုလျှော့လိုက်တယ်၊ လိုချင်တပ်မက်စိတ်တွေကို လျှော့လိုက်တယ်၊ ကုန်ကုန်ပြောရရင် ခင်တွယ်စရာမိသားစု၊ မိတ်ဆွေအရေအတွက်ကိုပါ လျှော့လိုက်ကြတယ်။ ဆိုလိုတာက မိသားစုပဲဖြစ်ဖြစ်၊ မိတ်ဆွေသူငယ်ချင်းပဲဖြစ်ဖြစ် ကိုယ့်အနားမှာ များများစားစားရှိနေဖို့မလိုတော့ဘဲ ကိုယ့်အပေါ်ကောင်းတဲ့သူ တစ်ယောက်တစ်လေလောက်ရှိရင်ကို ကျေနပ်သွားတတ်ကြပါတယ်။

နောက်ဆုံး ကိုယ့်အနားမှာကျန်တဲ့တစ်ယောက်တစ်လေဆိုတာ ကိုယ့်မိသားစုဝင်လည်း ဖြစ်ချင်ဖြစ်မယ်၊ ချစ်သူ၊ လက်တွဲဖော်လည်းဖြစ်ချင်မှဖြစ်မယ် သူငယ်ချင်းမိတ်ဆွေလည်းဖြစ်ကောင်းဖြစ်မယ်။အဓိကကတော့ အပေါ်ယံတွေကိုမလိုချင်တော့တာပါပဲ။ တစ်ခါတစ်လေ အဲဒီလို ကိုယ့်ဘေးနားကျန်ခဲ့တဲ့ တစ်ယောက်တစ်လေဟာ မိသားစုဝင်၊ ချစ်သူလက်တွဲဖော်ထက် မိတ်ဆွေသူငယ်ချင်းဖြစ်နေတာက များပါတယ်။ အဲဒီလိုဖြစ်ရတာကလည်း သင့်ဘဝမှာ ဘယ်လိုအဆိုးအကောင်းတွေပဲကြုံကြုံ အားပေးဖော်လည်းရသလို သင့်စိတ်ကိုနားလည်ပေးနိုင်တာလည်း သူငယ်ချင်းတွေပါပဲ။ သူငယ်ချင်းဆိုတာ မိသားစုဝင်တွေလို သွေးသားမတော်စပ်သလို ချစ်သူလက်တွဲဖော်လို လိုချင်တပ်မက်မှုတွေမရှိတဲ့အတွက် နှစ်ဖက်လုံးကို မျှဝေနားလည်ပေးနိုင်တဲ့ အရင်းနှီးဆုံးလူသားတွေပါ။

ဒါကြောင့် ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက်ပြောင်းတိုင်း၊ မိသားစုအိမ်တွင်းရေးပြဿနာတွေခဏခဏတက်တိုင်း ဖြစ်လာသမျှ သင့်ရဲ့ခံစားချက်တိုင်းကို ဒိုင်ခံနားထောင်ပြီး နှစ်သိမ့်ပေးနိုင်ကြခြင်းပဲဖြစ်ပါတယ်။ ဒါတင်မကသေးဘူး သူတို့မှာ ဒီလို ပါဝါ Energy တွေကိုလည်း ပိုင်ဆိုင်ထားကြပါသေးတယ်။

စွယ်စုံရတန်ခိုးရှင်တွေပေါ့

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် အချစ်ဆုံးသူငယ်ချင်းတွေရှေ့မှာဆို ဘယ်တော့မှအားနာစရာ၊ ရှက်နေစရာမလိုသလို အကြောင်းအရာပေါင်းစုံကို ရင်ဖွင့်နိုင်တယ်။ ဖြစ်သမျှပြဿနာပေါင်းစုံကို လက်ခံနားထောင်ပြီး ဒိုင်ခံအကြံပေးနိုင်တဲ့ စွယ်စုံရတန်ခိုးရှင်တွေလို့တောင် ပြောလို့ရတယ်။ အမျိုးသမီးတွေဆို တစ်လတစ်ခါဖြစ်တဲ့ကိစ္စကနေ ရူးပေါပေါစိတ်ကူးယဉ်အိမ်မက်တွေအထိ အကုန်ရင်ဖွင့်နိုင်သလို ယောက်ျားလေးတွေဆိုရင်လည်း ရည်းစားအကြောင်း၊ မိသားစုအကြောင်း၊ အလုပ်အကိုင်အကြောင်းတွေကို ဘယ်ဟာဆိုးသည် ဘယ်ဟာကောင်းသည် ဆွေးနွေးအကြံပေးနိုင်တဲ့သူဆိုတာ အရင်းနှီးဆုံးသူငယ်ချင်းတွေပဲ ရှိပါတယ်။

အကြင်နာတရားလည်းကြီးမားကြတယ်

တကယ့်အချစ်ဆုံးသူငယ်ချင်းတွေဆိုတာ သင့်အပေါ်မှာ အကြင်နာတရား အထားနိုင်ဆုံးလူသားတွေပါပဲ။ မိဘဆိုတာ သင်ဆိုးရင်ဆုံးမမယ်၊သင်ကောင်းရင်ချီးကျူးမယ် သင့်ကိုလမ်းမှန်ရောက်အောင်ဆွဲခေါ်မယ် ဒါပေမဲ့ သင်နဲ့တော့ ဘယ်တော့မှ တစ်သားတည်းဖြစ်မှာမဟုတ်ပါဘူး။ ချစ်သူ၊ လက်တွဲဖော်ဆိုရင် ပိုတောင်ဆိုးပါသေးတယ်၊ မိန်းကလေးတစ်ယောက်ရဲ့ခံစားချက်ကို မိန်းကလေးအချင်းချင်းပဲနားလည်နိုင်သလို ယောက်ျားလေးတစ်ယောက်ရဲ့ သဘာဝကိုလည်း ယောက်ျားအချင်းချင်းပဲသိနိုင်ပါတယ်။ ဒါကြောင့်ဆန့်ကျင်ဘက်လိင်ဖြစ်တဲ့ သင့်ရဲ့လက်တွဲဖော်က အပြည့်အဝနားလည်ပေးနိုင်မှာမဟုတ်တာတော့ သေချာပါတယ်။ သင့်ရဲ့ဆိုးမွေကောင်းမွေအားလုံးကို ခွင့်လွှတ်နားလည်ပေးပြီး သင်နဲ့တစ်သားတည်းရှိနေမယ့်သူတွေဟာ သူငယ်ချင်းတွေပါပဲ။

သူတို့ဟာအာလာဒင်မီးခွက်စောင့်လိုပဲ

သူငယ်ချင်းတွေဆိုတာ သင်လိုအပ်တိုင်းလက်နဲ့ပွတ်ပြီးဆုတောင်းလိုက်တာနဲ့ သင့်ရှေ့အရောက်လာမယ့် အာလာဒင်မီးခွက်စောင့်လိုပါပဲ သင်လိုအပ်တဲ့အချိန် ဖုန်းတစ်ချက်ဆက်၊ စာတစ်စောင်ပို့လိုက် တာနဲ့ အရောက်လာမယ့်သူတွေပါ။ မိဘနဲ့အဆင်မပြေလို့ အိမ်ကဆင်းလာတယ်ဆိုရင် သင့်ကိုလက် ခံပေးထားဖို့အသင့်ရှိနေသလို ရည်းစားနဲ့အဆင်မပြေရင် နောက်တစ်ယောက်ရှာပေးဖို့လည်း ဝန်မလေးတတ်ပါဘူး။

သူတို့ဟာအရိပ်လိုလူသားတွေပါ

သင့်ဘဝတစ်လျှောက်လုံး တွေ့ဆုံရတဲ့လူတွေ တစ်ယောက်ပြီးတစ်ယောက်သာပြောင်းသွားတယ် သင့်အနားမှာမပြောင်းလဲဘဲ ရှိနေတာကလည်း သူငယ်ချင်းတွေပါပဲ။ တကယ့်အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းတွေဆိုတာ သင်လျှောက်လှမ်းရာဘဝခရီးလမ်းတစ်လျှောက် ထက်ကြပ်မကွာပါနေမယ့် အရိပ်လိုလူသားတွေပါပဲ။

ကဲ ပရိသတ်ကြီးရော ကိုယ့်အနားမှာ အဲဒီလိုသူငယ်ချင်းတွေရှိနေကြရဲ့လား…ရှိနေတယ်ဆိုရင် ဒီဆောင်းပါးလေးကိုမျှဝေပြီး ကျေးဇူးတင်စကားပြောလိုက်ကြဦးနော်….။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။