[Zawgyi]

ဝိိတ္တန္း (၅) ခုရဲ႕  ကမၻာ့ခ်န္ပီယံ Floyd Mayweather ဟာ ဘာေၾကာင့္ ရႈံးပြဲမရွိေသးတာလဲ

Floyd Mayweather ဆုိတာ စူပါဖယ္သာဝိတ္ (Super Featherweight) ၊ လုိက္ဝိတ္ (Lightweight) ၊ လုိက္ဝယ္တာဝိတ္ (Light Welterweight) ၊ ဝယ္တာဝိတ္ (Welterweight) နဲ႔ လုိက္မစ္ဒယ္ဝိတ္ (Light Middleweight) စတဲ့ ဝိိတ္တန္း (၅) ခုရဲ႕  ကမၻာ့ခ်န္ပီယံျဖစ္ပါတယ္။ ေၾကးစားလက္ေဝွ႕ ပြဲ(၅ဝ) ထုိးသတ္ခဲ့ရာမွာ ရႈံးပြဲမရွိခဲ့ဘဲ (၂၇) ပြဲအလဲထုိးနဲ႔ ပြဲစဥ္အားလုံး အႏုိင္ရရွိခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ လက္ေဝွ႔ေလာကမွ အနားယူထားေပမယ့္ Manny Pacquiao နဲ႔ Khabib Nurmagomedov တုိ႔လုိ ကစားသမားေတြနဲ႔ ျပန္လည္ထုိးသတ္မယ္လုိ႔ သတင္းထြက္ေနသူပါ။

Floyd Mayweather လုိ႔ေျပာလုိက္ရင္ ျမန္မာပရိသတ္တခ်ိဳ႕က အျမင္မၾကည္ၾကဘူး။ သူဟာ ၂ဝ၁၅ခုႏွစ္ ေမလ (၂) ရက္ေန႔တုန္းက ဖိလစ္ပုိင္ႏုိင္ငံသား Manny Pacquiao နဲ႔ ထုိးသတ္တုန္းက တန္ျပန္တုိက္စစ္နဲ႔သာ ကစားခဲ့ၿပီး အႏုိင္ယူသြားလုိ႔ပါ။ ကုိယ့္အာရွသားကုိ အားေပးခဲ့ေပမယ့္ ခဲေလသမ်ွ သဲေရက်ခဲ့ရတယ္။ တုိက္စစ္ဖြင့္ကစားေနတဲ့ Manny Pacquiao ဟာ အသည္းအသန္လုိက္ထုိးေနေပမယ့္ ႀကိဳးဝုိင္းမွာ ေနာက္ဆုတ္ထုိးေနတဲ့ Floyd Mayweather က အမွတ္နဲ႔ႏုိင္သြားတယ္။ တခ်ိဳ႕ ပရိသတ္ေတြက အမွတ္ေပးဒုိင္ေတြ ဘက္လုိက္တယ္လုိ႔ သုံးသပ္ၾကတယ္။ တစ္ကမၻာလုံး ေစာင့္ၾကည့္ေနတဲ့ လက္ေဝွ႔ပြဲႀကီးမွာ မသမာမႈမလုပ္ရဲပါဘူး။ ဒီေနရာမွာ အခ်က္အလက္နဲ႔ ေျပာခ်င္တယ္။

Floyd Mayweather ဟာ တန္ျပန္တုိက္စစ္သမားဆုိေတာ့ ႀကိဳးဝုိင္းထဲမွာ ပတ္ေျပးေနတယ္လုိ႔ ယူဆရေပမယ့္ တကယ္တမ္းေတာ့ သူက လက္သီးပုိထြက္တယ္။ အဲဒီပြဲတုန္းက Floyd Mayweather ဟာ တစ္ပြဲလုံးမွာ လက္သီး (၄၃၅) ခ်က္ထြက္ေနခ်ိန္မွာ Manny Pacquiao က (၄၂၉) ခ်က္ပဲ ထြက္တယ္။ စက္လက္သီး Manny Pacquiao ထက္ေတာင္ လက္သီးပုိမ်ားတဲ့သေဘာပဲ။ (Floyd Mayweather က ပတ္ေျပးတာ မဟုတ္ဖူး။ တန္ျပန္တုိက္စစ္နဲ႔ ေနာက္ဆုတ္ထုိးတာ) လက္သီး (၄၃၅) ခ်က္ထုိးလုိက္တဲ့အခါမွာ လက္သီး (၁၄၈) လုံးက Manny Pacquiao ကုိ ထိတယ္။ ဆုိလုိတဲ့သေဘာက လက္သီး (၃၄) ရာခုိင္ႏႈန္းက ေအာင္ျမင္တဲ့သေဘာပဲ။

Manny Pacquiao က လက္သီး (၄၂၉) ခ်က္မွာ (၈၁) ခ်က္ပဲ Floyd Mayweather ကုိထိေအာင္ ထုိးႏုိင္ခဲ့တယ္။ (၁၉) ရာခုိင္ႏႈန္းသာ အသုံးခ်ႏုိင္ခဲ့တာပါ။ ဒီေလာက္ဆုိ ထိခ်က္ဘယ္သူကမ်ားတယ္ဆုိတာ ရွင္းေလာက္ၿပီထင္ပါတယ္။ ၾကည့္ရႈသူေတြရဲ႕ စိတ္ထဲမွာ Floyd Mayweather ရဲ႕ လက္သီးခ်က္ေတြကုိ မျမင္မိလုိက္တာက သူ႕လက္သီးရဲ႕ အျမန္ႏႈန္းေၾကာင့္ပါ။ သူ႕ရဲ႕လက္သီးအရွိန္က 10.5 Gs ရွိတယ္။ ေျမြေပြးအရွိန္က 7.4 Gs ပဲရွိတယ္။ လူတစ္ေယာက္ဟာ ေျမြေပြးေပါက္တာကုိ ေရွာင္ႏုိင္မယ္ဆုိရင္ေတာင္ Floyd Mayweather ရဲ႕ လက္သီးခ်က္ကုိ ေရွာင္ဖုိ႔ မလြယ္ဘူးလုိ႔ သိပၸံနည္းက်ေျပာလုိ႔ရပါတယ္။

လက္သီးေကာင္းလွပါတယ္ဆုိတဲ့ Conor McGregor နဲ႔ ထုိးသတ္တုန္းကလည္း Floyd Mayweather ဟာ လက္သီး (၃၂ဝ) ခ်က္ ထုိးခဲ့တယ္။ လက္သီး (၁၇ဝ) ခ်က္က Conor McGregor ကုိ ထိခဲ့ေတာ့ (၅၃) ရာခုိင္ႏႈန္းအထိ တိက်တယ္လုိ႔ ဆုိႏုိင္တယ္။

လက္သီးခ်က္ (၄၃ဝ) ခ်က္အထိ ထုိးခဲ့တဲ့ Conor McGregor ဟာ (၁၁၁) ခ်က္ပဲ ထိေအာင္ထုိးႏုိင္ခဲ့တာပါ။ လက္ေဝွ႔ပြဲေတြ လက္ခံလုိက္ၿပီဆုိတာနဲ႔ ၾကံခုိင္ရည္ျပည့္ဝေအာင္ ေနတယ္၊ ေသခ်ာေလ့က်င့္တယ္ ၿပီးမွ ႀကိဳးဝုိင္းထဲကုိ ဝင္တာ။

ႀကိဳးဝုိင္းထဲမွာ ရႈံးပြဲမၾကံဳဖူးေသးတဲ့ Floyd Mayweather ဟာ ထုိးသတ္ေၾကးနဲ႔ ပတ္သက္ရင္ ပုိက္ဆံေတာင္းလြန္းတယ္။ ဒါ့ေၾကာင့္ပဲ The Money လုိ႔ နာမည္ေျပာင္ရထားတာပဲ။ သူဟာ ေၾကးစားပြဲဦးထြက္ကုိ ၁၉၉၆ခုႏွစ္ ေအာက္တုိဘာလ (၁၁) ရက္ေန႔မွာ စတယ္၊ ၁၉၉၈ခုႏွစ္ ေအာက္တုိဘာလ (၃) ရက္ေန႔မွာ WBC (World Boxing Council) ရဲ႕ စူူပါဖယ္သာဝိတ္ခ်န္ပီယံျဖစ္ေနၿပီ။

၂ဝဝ၆ခုႏွစ္ ဧၿပီလမွာ Antonio Margarito နဲ႔ ထုိးသတ္ဖုိ႔ ပြဲစီစဥ္သူ Bob Arum က အေမရိကန္ေဒၚလာ (၈) သန္းေပးၿပီး ကမ္းလွမ္းခဲ့ေပမယ့္ Floyd Mayweather က ေဒၚလာ သန္း (၂ဝ) မရလုိ႔ ျငင္းပယ္ခဲ့ပါတယ္။

၂ဝဝ၇ခုႏွစ္ ေမလ (၅)ရက္ေန႔မွာ Oscar De La Hoya နဲ႔ ထုိးသတ္တဲ့ပြဲမွာ ေဒၚလာ (၂၅) သန္းေတာင္ ရရွိခဲ့ပါတယ္။ ၂ဝ၁ဝခုႏွစ္ ေမ (၁) ရက္ေန႔ Shane Mosley နဲ႔ ထုိးသတ္တဲ့ပြဲမွာ ထုိးေၾကးေဒၚလာ (၆၅) သန္းအထိ ရရွိခဲ့ပါတယ္။ ၂ဝ၁၃ခုႏွစ္ စက္တင္ဘာ (၁၄)ရက္ေန႔မွာ Canelo Alvarez နဲ႔ ထုိးသတ္တုန္းက ထုိးေၾကး ေဒၚလာ သန္း (၈ဝ) အထိ ရခဲ့ျပန္ပါတယ္။

၂ဝ၁၅ခုႏွစ္ ေမ(၂) ရက္ေန႔တုန္းက Manny Pacquiao နဲ႔ ထုိးသတ္တုန္းက ထုုိးသတ္ေၾကးအျပင္ ရုပ္သံေၾကးနဲ႔ ေပါင္းလုိက္ရင္ (၁၉၃) သန္းအထိ ရတာျဖစ္ပါတယ္။

၂ဝ၁၇ခုႏွစ္ ၾသဂုတ္လ (၂၆) ရက္ေန႔တုန္းက UFC ရဲ႕ လုိက္ဝိတ္ခ်န္ပီယံ Conor McGregor နဲ႔ ထုိးသတ္ခဲ့တဲ့ ‘The Money Fight’ ပြဲမွာ ေဒၚလာ (၂၇၅) သန္းအထိ ရရွိခဲ့ေၾကာင္း သိရပါတယ္။ [ထုိးသတ္ေၾကးက သန္း (၁ဝဝ) + ရုပ္သံေၾကး (၁၇၅) သန္း] သူ႕ရဲ႕ကစားသမားတစ္ေလ််ာက္ ထုိးေၾကးစုစုေပါင္းဟာ အေမရိကန္ေဒၚလာ ၁ဘီလီယံ (၁,ဝဝဝ သန္း) အထိ ရွိလာၿပီျဖစ္ပါတယ္။

Floyd Mayweather ဟာ ႀကိဳက္ေၾကးရမွ ထုိးသတ္ေပမယ့္ ၿပိဳင္ပြဲတုိင္းကုိ ေလးေလးစားစားထုိးတယ္။ သူ႕ရဲ႕ ရႈံးပြဲမရွိစံခ်ိန္ကုိ က်ိဳးပ်က္သြားမွာ ေၾကာက္တယ္။ ဒါ့ေၾကာင့္ ေသခ်ာျပင္ဆင္တတ္တယ္။ ပြဲမစခင္မွာလည္း လူစိတ္ဝင္စားေအာင္ ၿပိဳင္ဘက္ကုိ စိတ္ဓာတ္စစ္ဆင္ေရးေတြ လုပ္တတ္တယ္။ Conor McGreogr နဲ႔ပြဲမတုိင္ခင္မွာ ပုိက္ဆံေတြ က်ဲလုိက္သလုိေပါ့။

ပြဲခ်ိန္စတာနဲ႔ ၿပိ္ဳင္ဘက္ရဲ႕ အေျခအေနကုိ အကဲခတ္တယ္၊ သူအလဲထုိးလုိ႔ ႏုိင္ပါ့မလား၊ အမွတ္နဲ႔ပဲ ထုိးရမလားဆုိၿပီးေတာ့။ သူ႕ရဲ႕ အားသာခ်က္က လက္သီးသြက္တယ္လုိ႔ ထင္ရေပမယ့္ ေျခေထာက္က ပုိသြက္တယ္။ ႀကိဳးဝုိင္းေထာင့္မွာ ေခ်ာင္ပိတ္ထုိးခံရေတာ့မယ္ဆုိရင္ အျမန္ျပန္ထြက္တယ္။ ေျခေထာက္က ေနာက္ဆုတ္ရင္း ကြ်ံလာတဲ့ ၿပိဳင္ဘက္ရဲ႕မ်က္ႏွာကုိ လက္သီးနဲ႔ မိတ္ဆက္ေပးတယ္။

ႀကိဳးဝုိင္းထဲမွာ အားသာခ်က္ေတြ ျပည့္စုံေနတဲ့ Floyd Mayweather ရဲ႕ ျပင္ပလူေနမႈစရုိက္က လူမုန္းမ်ားတယ္။ တခ်ိဳ႕ လက္ေဝွ႔ပရိသတ္ေတြက ေထာင့္မက်ိဳးတဲ့ပုံစံကုိ သေဘာမက်တာနဲ႔ သူ႕ ကုိ အားမေပးေတာ့ဘူး။ ဒါေပမယ့္ လူတစ္ေယာက္ရဲ႕ Personal Life ကုိေတာ့ နားလည္ေပးသင့္တယ္။ ျပင္ပလူေနမႈစရုိက္က Professional Life မဟုတ္ဖူး။ အားမနာတမ္းေျပာရမယ္ဆုိရင္ သူက အၾကြားသန္တယ္ဗ်။ ပုိက္ဆံေတြၾကားမွာ အနားယူေနတဲ့ပုံရိပ္ေတြ၊ ပုိက္ဆံေရတြက္ေနတဲ့ပုံေတြကုိ ၾကြားေလ့ရွိပါတယ္။ သူ႕မွာ Bugatti ကုမၸဏီက ထုတ္တဲ့ (၆.၅) သန္းတန္ ၿပိဳင္ကားႏွစ္စီးလည္း ရွိေသးတယ္။ ဒါေတြကုိ Instagram မွာ တင္ထားတာ။

ၿပီးေတာ့လည္း ကမၻာေပၚမွာ ႏွစ္စင္းသာရွိတဲ့ (၄.၇)သန္းတန္ Koenigsegg CCXR Trevita ၿပိဳင္ကားကုိလည္း ပုိင္ဆုိင္ထားသူပါ။ ႀကိဳးဝုိင္းေပၚမွာ အေကာင္းဆုံးစြမ္းေဆာင္ရည္ျပခဲ့သလုိ လူေနမႈဘဝမွာလည္း ေကာင္းေပ့ညႊန္႔ေပ့ဆုိတာေတြကုိပဲ ႏွစ္သက္သူပါ။ ဒါေတြတင္ မကေသးပါဘူး။ သူ႕မွာ ကုိယ္ပုိက္ဂ်က္ေလယာဥ္ ႏွစ္စီးေတာင္ရွိပါတယ္။

ေဒၚလာ (၃၅ဝဝဝဝ) တန္ Ferrari 599 GTB Fiorano ၊ ေဒၚလာ (၁၇ဝဝဝဝ) တန္ Porsche 911 Turbo Cabriolet ၊ ေဒၚလာ (၄ဝဝဝဝဝ) တန္ Lamborghini Aventador LP700-4 ၊ ေဒၚလာ (၂၆ဝဝဝဝ) တန္ Ferrari 458 Italia Spider ႏွစ္စီး ၊ ေဒၚလာ (၂) သန္းတန္ Gulfstream GIII ၊ ေဒၚလာ (၁.၉) သန္းတန္ Bugatti Veyron Grand Sport နဲ႔ ေဒၚလာ (၁.၃) သန္းတန္ Bugatti 16.4 Veyron ႏွစ္စီးေတာင္ရွိပါတယ္။ အခုေရးတာ စာရင္းထဲရွိသေလာက္ပါ။ တကယ္ေတာ့ သူက ဇိမ္ခံကားေပါင္း (၁ဝဝ) ေက်ာ္ ပုိင္ဆုိင္သူပါ။

ၿပီးေတာ့ တန္ဖုိးႀကီးနာရီေတြကုိလည္း စုေဆာင္းထားတတ္ပါတယ္။ Audemars Piguet ၊ Rolex နဲ႔ Aximum တုိ႔လုိ ဆြစ္ဇာလန္ႏုိင္ငံထုတ္ အဖုိးတန္နာရီေတြကုိပဲ လုိက္မွန္းမသိ မလုိက္မွန္းမသိ ဝတ္ေလ့ရွိသူပါ။ ေဒၚလာ (၁၈) သန္းတန္ Jacob & Co ‘The Billionaire’ နာရီကုိလည္း ဝယ္ထားပါေသးတယ္။ ၿပီးေတာ့ အားလပ္ခ်ိန္ေတြမွာ ကမၻာပတ္ၿပီး ေငြျဖဳန္းေလ့ရွိတဲ့သူလည္း ျဖစ္ပါတယ္။ ရုရွား၊ ဘရာဇီးလ္နဲ႔ အီဂ်စ္ႏုိင္ငံေတြမွာဆုိရင္ သူ႕ရဲ႕ ေျခရာေတြခ်ည္းပါပဲ။

စတုရန္းေပ (၂၂,ဝဝဝ) ရွိတဲ့ Big Boy Mansion ဆုိတဲ့ ဇိမ္ခံအိမ္ႀကီးထဲမွာ ကားေတြကုိ စီတန္းၿပီး သိမ္းထားေလ့ရွိသူပါ။ ၿပီးခဲ့တဲ့ ၂ဝ၁၆ခုႏွစ္တုန္းကလည္း (၇.၇) သန္းတန္တဲ့ စတုရန္းေပ (၅၂ဝဝ) က်ယ္ အိမ္တစ္လုံးကုိ မုိင္ယာမီကမ္းေျခမွာ ဝယ္ထားပါေသးတယ္။ ထုိးသတ္ေၾကးျမင့္သလုိ ေငြကုိေရလုိ သုံးႏုိင္တဲ့သူလည္း ျဖစ္ပါတယ္။ ကတုံးဆံပင္ကုိ တစ္ပတ္ႏွစ္ႀကိမ္ညွပ္ေလ့ရွိၿပီး တစ္ခါညွပ္ရင္ ေဒၚလာတစ္ေထာင္ ကုန္ပါတယ္။

ေဘာက္ဆင္ေလာကမွာ Rocky Marciano ၊ Muhammad Ali နဲ႔ Mike Tyson တုိ႔လုိ ဂႏၳဝင္လက္ေဝွ႔ေက်ာ္ေတြရွိေပမယ့္ Floyd Mayweather က သူ႕ကုိယ္သူအေကာင္းဆုံးလုိ႔ အျမဲတမ္းေၾကြးေၾကာ္တယ္။ ရႈံးပြဲမရွိတုိင္း အေကာင္းဆုံးလက္ေဝွ႔သမားလုိ႔ ေျပာရရင္ Rocky Marciano က ထာဝရခ်န္ပီယံပါ။ မဆင္မျခင္ေျပာဆုိမႈေၾကာင့္ လူမုန္းမ်ားသလုိ အျပင္ထြက္တဲ့အခါမွာလည္း ကုိယ္ရံေတာ္ေတြနဲ႔သာ ထြက္ေလ့ရွိပါတယ္။ လက္ေဝွ႔ေလာကမွာ မီဒီယာေတြ စိတ္အဝင္စားဆုံးက သူပါပဲ။

မီဒီယာေတြ စိတ္ဝင္စားသေလာက္ Floyd Mayweather ကုိ မုန္းတဲ့သူေတြေရာ သူ႔ပရိသတ္ေတြက သူထုိးမယ့္ လက္ေဝွ႔ပြဲကုိ ေမ်ွာ္ၾကတယ္။ သူကလည္း ပြဲဆူေအာင္ လုပ္တတ္တယ္။ ၿပိဳင္ဘက္ကစားသမားေတြကလည္း သူနဲ႔ဆုိ ထုိးခ်င္ၾကတယ္။ ႏုိင္တာ ရႈံးတာ အပထား ထုိးေၾကးက သာမန္ထက္ ပုိရတယ္။

ျမင္လြယ္ေအာင္ ေျပာရရင္ Manny Pacquiao ဟာ Floyd Mayweather နဲ႔ ထုိးတုန္းက ေဒၚလာသန္း (၁၂ဝ) ရခဲ့တယ္။ Jeff Horn နဲ႔ထုိးေတာ့ ေဒၚလာ (၁ဝ) သန္းပဲရတာ။

Conor McGregor ဆုိရင္လည္း Floyd Mayweather နဲ႔ထုိးတုန္းက ေဒၚလာ (၈၅) သန္းရခဲ့တယ္။ Khabib Nurmagomedov နဲ႔ထုိးေတာ့ ေဒၚလာ (၃) သန္းပဲရေတာ့တာ။ ၿပိဳင္ဘက္ရဲ႕ လူစိတ္ဝင္စားမႈ၊ အဆင့္အတန္းနဲ႔ ပြဲၾကည့္ပရိသတ္အေပၚမူတည္ၿပီး ထုိးေၾကးေျပာင္းလဲသြားတဲ့သေဘာပဲ။ ဒါ့ေၾကာင့္ ၿပိဳင္ဘက္ကစားသမားေတြက Floyd Mayweather ကုိ စိန္ေခၚခ်င္ၾကတာပဲ။

၂ဝ၁၉ခုႏွစ္အတြင္းမွာ Floyd Mayweather ဟာ Manny Pacquiao ဒါမွမဟုတ္ Khabib Nurmagomedov နဲ႔ထုိးျဖစ္မယ္လုိ႔ သုံးသပ္မိတယ္။ ဖိလစ္ပုိင္လက္ေဝွ႔ေက်ာ္ Manny Pacquiao ဟာ ဒုတိယတန္းစား Jeff Horn ကုိေတာင္ ရႈံးထားေသးတာ။ လက္ရွိအေနအထားနဲ႔ ျပန္စိန္ေခၚဖုိ႔ မလြယ္ေသးဘူး။ Khabib Nurmagomedov ရဲ႕ အားသာခ်က္က Ground Fight ပါ။ Stand Fight မွာ အားနည္းလြန္းတယ္။ Stand Fight ေကာင္းပါတယ္ဆုိတဲ့ Conor McGregor ကုိေတာင္ အလြယ္တကူအႏုိင္ယူထားေသးတာ။ Khabib Nurmagomedov အေနနဲ႔ ေဘာက္ဆင္မွာ အႏုိင္ရဖုိ႔ဆုိတာ မျဖစ္ႏုိင္ဘူး။

Floyd Mayweather လည္း သံဇကာဝုိင္းထဲမွာ Khabib Nurmagomedov နဲ႔ Conor McGregor ကုိသြားထုိးရင္ ရႈံးမွာပဲ။ ဒါေပမယ့္ သူ႕အေနနဲ႔ သံဇကာဝုိင္းထဲကုိ သြားထုိးမယ္ဆုိရင္ေတာင္ UFC တာဝန္ရွိသူေတြက သူ႕ထုိးေၾကးကုိ မေပးႏုိင္ဘူး။ ဒါ့ေၾကာင့္ပဲ ေဘာက္ဆင္ဘက္မွာပဲ စိန္ေခၚေနတာ။ ေဘာက္ဆင္က ေၾကးစားစနစ္ကုိ ၁၆၈၁ခုႏွစ္တည္းက စတာ။ MMA က ၁၉၉၃ခုႏွစ္မွ စတင္တာ။

ရာစုႏွစ္ေတြ ကြာျခားသလုိ ပရိသတ္အင္အားလည္း ကြာတယ္။ ဒါ့ေၾကာင့္ MMA သမားေတြက ထုိးေၾကးနည္းတာပါ။ အခုဆုိ Floyd Mayweather က ပုိက္ဆံခမ္းလာလုိ႔လား မေျပာတတ္။ Khabib Nurmagomedov နဲ႔ ထုိးမယ္လုိ႔ သတင္းေတြ လႊင့္ေနျပန္ၿပီ။ ထုိးေၾကးကုိ နင့္ေနေအာင္ ယူလုိက္၊ သုံးလုိက္ျဖဳန္းလုိက္၊ ပုိက္ဆံကုန္ေတာ့ ျပန္ထုိးလုိက္နဲ႔။ တတ္လည္း တတ္ႏုိင္တဲ့ Floyd Mayweather ပါ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

ဝိတ်တန်း (၅) ခုရဲ့  ကမ္ဘာ့ချန်ပီယံ Floyd Mayweather ဟာ ဘာကြောင့် ရှုံးပွဲမရှိသေးတာလဲ

Floyd Mayweather ဆိုတာ စူပါဖယ်သာဝိတ် (Super Featherweight) ၊ လိုက်ဝိတ် (Lightweight) ၊ လိုက်ဝယ်တာဝိတ် (Light Welterweight) ၊ ဝယ်တာဝိတ် (Welterweight) နဲ့ လိုက်မစ်ဒယ်ဝိတ် (Light Middleweight) စတဲ့ ဝိတ်တန်း (၅) ခုရဲ့  ကမ္ဘာ့ချန်ပီယံဖြစ်ပါတယ်။ ကြေးစားလက်ဝှေ့ ပွဲ(၅ဝ) ထိုးသတ်ခဲ့ရာမှာ ရှုံးပွဲမရှိခဲ့ဘဲ (၂၇) ပွဲအလဲထိုးနဲ့ ပွဲစဉ်အားလုံး အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ လက်ဝှေ့လောကမှ အနားယူထားပေမယ့် Manny Pacquiao နဲ့ Khabib Nurmagomedov တို့လို ကစားသမားတွေနဲ့ ပြန်လည်ထိုးသတ်မယ်လို့ သတင်းထွက်နေသူပါ။

Floyd Mayweather လို့ပြောလိုက်ရင် မြန်မာပရိသတ်တချို့က အမြင်မကြည်ကြဘူး။ သူဟာ ၂ဝ၁၅ခုနှစ် မေလ (၂) ရက်နေ့တုန်းက ဖိလစ်ပိုင်နိုင်ငံသား Manny Pacquiao နဲ့ ထိုးသတ်တုန်းက တန်ပြန်တိုက်စစ်နဲ့သာ ကစားခဲ့ပြီး အနိုင်ယူသွားလို့ပါ။ ကိုယ့်အာရှသားကို အားပေးခဲ့ပေမယ့် ခဲလေသမျှ သဲရေကျခဲ့ရတယ်။ တိုက်စစ်ဖွင့်ကစားနေတဲ့ Manny Pacquiao ဟာ အသည်းအသန်လိုက်ထိုးနေပေမယ့် ကြိုးဝိုင်းမှာ နောက်ဆုတ်ထိုးနေတဲ့ Floyd Mayweather က အမှတ်နဲ့နိုင်သွားတယ်။ တချို့ ပရိသတ်တွေက အမှတ်ပေးဒိုင်တွေ ဘက်လိုက်တယ်လို့ သုံးသပ်ကြတယ်။ တစ်ကမ္ဘာလုံး စောင့်ကြည့်နေတဲ့ လက်ဝှေ့ပွဲကြီးမှာ မသမာမှုမလုပ်ရဲပါဘူး။ ဒီနေရာမှာ အချက်အလက်နဲ့ ပြောချင်တယ်။

Floyd Mayweather ဟာ တန်ပြန်တိုက်စစ်သမားဆိုတော့ ကြိုးဝိုင်းထဲမှာ ပတ်ပြေးနေတယ်လို့ ယူဆရပေမယ့် တကယ်တမ်းတော့ သူက လက်သီးပိုထွက်တယ်။ အဲဒီပွဲတုန်းက Floyd Mayweather ဟာ တစ်ပွဲလုံးမှာ လက်သီး (၄၃၅) ချက်ထွက်နေချိန်မှာ Manny Pacquiao က (၄၂၉) ချက်ပဲ ထွက်တယ်။ စက်လက်သီး Manny Pacquiao ထက်တောင် လက်သီးပိုများတဲ့သဘောပဲ။ (Floyd Mayweather က ပတ်ပြေးတာ မဟုတ်ဖူး။ တန်ပြန်တိုက်စစ်နဲ့ နောက်ဆုတ်ထိုးတာ) လက်သီး (၄၃၅) ချက်ထိုးလိုက်တဲ့အခါမှာ လက်သီး (၁၄၈) လုံးက Manny Pacquiao ကို ထိတယ်။ ဆိုလိုတဲ့သဘောက လက်သီး (၃၄) ရာခိုင်နှုန်းက အောင်မြင်တဲ့သဘောပဲ။

Manny Pacquiao က လက်သီး (၄၂၉) ချက်မှာ (၈၁) ချက်ပဲ Floyd Mayweather ကိုထိအောင် ထိုးနိုင်ခဲ့တယ်။ (၁၉) ရာခိုင်နှုန်းသာ အသုံးချနိုင်ခဲ့တာပါ။ ဒီလောက်ဆို ထိချက်ဘယ်သူကများတယ်ဆိုတာ ရှင်းလောက်ပြီထင်ပါတယ်။ ကြည့်ရှုသူတွေရဲ့ စိတ်ထဲမှာ Floyd Mayweather ရဲ့ လက်သီးချက်တွေကို မမြင်မိလိုက်တာက သူ့လက်သီးရဲ့ အမြန်နှုန်းကြောင့်ပါ။ သူ့ရဲ့လက်သီးအရှိန်က 10.5 Gs ရှိတယ်။ မြွေပွေးအရှိန်က 7.4 Gs ပဲရှိတယ်။ လူတစ်ယောက်ဟာ မြွေပွေးပေါက်တာကို ရှောင်နိုင်မယ်ဆိုရင်တောင် Floyd Mayweather ရဲ့ လက်သီးချက်ကို ရှောင်ဖို့ မလွယ်ဘူးလို့ သိပ္ပံနည်းကျပြောလို့ရပါတယ်။

လက်သီးကောင်းလှပါတယ်ဆိုတဲ့ Conor McGregor နဲ့ ထိုးသတ်တုန်းကလည်း Floyd Mayweather ဟာ လက်သီး (၃၂ဝ) ချက် ထိုးခဲ့တယ်။ လက်သီး (၁၇ဝ) ချက်က Conor McGregor ကို ထိခဲ့တော့ (၅၃) ရာခိုင်နှုန်းအထိ တိကျတယ်လို့ ဆိုနိုင်တယ်။

လက်သီးချက် (၄၃ဝ) ချက်အထိ ထိုးခဲ့တဲ့ Conor McGregor ဟာ (၁၁၁) ချက်ပဲ ထိအောင်ထိုးနိုင်ခဲ့တာပါ။ လက်ဝှေ့ပွဲတွေ လက်ခံလိုက်ပြီဆိုတာနဲ့ ကြံခိုင်ရည်ပြည့်ဝအောင် နေတယ်၊ သေချာလေ့ကျင့်တယ် ပြီးမှ ကြိုးဝိုင်းထဲကို ဝင်တာ။

ကြိုးဝိုင်းထဲမှာ ရှုံးပွဲမကြုံဖူးသေးတဲ့ Floyd Mayweather ဟာ ထိုးသတ်ကြေးနဲ့ ပတ်သက်ရင် ပိုက်ဆံတောင်းလွန်းတယ်။ ဒါ့ကြောင့်ပဲ The Money လို့ နာမည်ပြောင်ရထားတာပဲ။ သူဟာ ကြေးစားပွဲဦးထွက်ကို ၁၉၉၆ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့မှာ စတယ်၊ ၁၉၉၈ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့မှာ WBC (World Boxing Council) ရဲ့ စူူပါဖယ်သာဝိတ်ချန်ပီယံဖြစ်နေပြီ။

၂ဝဝ၆ခုနှစ် ဧပြီလမှာ Antonio Margarito နဲ့ ထိုးသတ်ဖို့ ပွဲစီစဉ်သူ Bob Arum က အမေရိကန်ဒေါ်လာ (၈) သန်းပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် Floyd Mayweather က ဒေါ်လာ သန်း (၂ဝ) မရလို့ ငြင်းပယ်ခဲ့ပါတယ်။

၂ဝဝ၇ခုနှစ် မေလ (၅)ရက်နေ့မှာ Oscar De La Hoya နဲ့ ထိုးသတ်တဲ့ပွဲမှာ ဒေါ်လာ (၂၅) သန်းတောင် ရရှိခဲ့ပါတယ်။ ၂ဝ၁ဝခုနှစ် မေ (၁) ရက်နေ့ Shane Mosley နဲ့ ထိုးသတ်တဲ့ပွဲမှာ ထိုးကြေးဒေါ်လာ (၆၅) သန်းအထိ ရရှိခဲ့ပါတယ်။ ၂ဝ၁၃ခုနှစ် စက်တင်ဘာ (၁၄)ရက်နေ့မှာ Canelo Alvarez နဲ့ ထိုးသတ်တုန်းက ထိုးကြေး ဒေါ်လာ သန်း (၈ဝ) အထိ ရခဲ့ပြန်ပါတယ်။

၂ဝ၁၅ခုနှစ် မေ(၂) ရက်နေ့တုန်းက Manny Pacquiao နဲ့ ထိုးသတ်တုန်းက ထိုးသတ်ကြေးအပြင် ရုပ်သံကြေးနဲ့ ပေါင်းလိုက်ရင် (၁၉၃) သန်းအထိ ရတာဖြစ်ပါတယ်။

၂ဝ၁၇ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့တုန်းက UFC ရဲ့ လိုက်ဝိတ်ချန်ပီယံ Conor McGregor နဲ့ ထိုးသတ်ခဲ့တဲ့ ‘The Money Fight’ ပွဲမှာ ဒေါ်လာ (၂၇၅) သန်းအထိ ရရှိခဲ့ကြောင်း သိရပါတယ်။ [ထိုးသတ်ကြေးက သန်း (၁ဝဝ) + ရုပ်သံကြေး (၁၇၅) သန်း] သူ့ရဲ့ကစားသမားတစ်လျေျာက် ထိုးကြေးစုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁ဘီလီယံ (၁,ဝဝဝ သန်း) အထိ ရှိလာပြီဖြစ်ပါတယ်။

Floyd Mayweather ဟာ ကြိုက်ကြေးရမှ ထိုးသတ်ပေမယ့် ပြိုင်ပွဲတိုင်းကို လေးလေးစားစားထိုးတယ်။ သူ့ရဲ့ ရှုံးပွဲမရှိစံချိန်ကို ကျိုးပျက်သွားမှာ ကြောက်တယ်။ ဒါ့ကြောင့် သေချာပြင်ဆင်တတ်တယ်။ ပွဲမစခင်မှာလည်း လူစိတ်ဝင်စားအောင် ပြိုင်ဘက်ကို စိတ်ဓာတ်စစ်ဆင်ရေးတွေ လုပ်တတ်တယ်။ Conor McGreogr နဲ့ပွဲမတိုင်ခင်မှာ ပိုက်ဆံတွေ ကျဲလိုက်သလိုပေါ့။

ပွဲချိန်စတာနဲ့ ပြိုင်ဘက်ရဲ့ အခြေအနေကို အကဲခတ်တယ်၊ သူအလဲထိုးလို့ နိုင်ပါ့မလား၊ အမှတ်နဲ့ပဲ ထိုးရမလားဆိုပြီးတော့။ သူ့ရဲ့ အားသာချက်က လက်သီးသွက်တယ်လို့ ထင်ရပေမယ့် ခြေထောက်က ပိုသွက်တယ်။ ကြိုးဝိုင်းထောင့်မှာ ချောင်ပိတ်ထိုးခံရတော့မယ်ဆိုရင် အမြန်ပြန်ထွက်တယ်။ ခြေထောက်က နောက်ဆုတ်ရင်း ကျွံလာတဲ့ ပြိုင်ဘက်ရဲ့မျက်နှာကို လက်သီးနဲ့ မိတ်ဆက်ပေးတယ်။

ကြိုးဝိုင်းထဲမှာ အားသာချက်တွေ ပြည့်စုံနေတဲ့ Floyd Mayweather ရဲ့ ပြင်ပလူနေမှုစရိုက်က လူမုန်းများတယ်။ တချို့ လက်ဝှေ့ပရိသတ်တွေက ထောင့်မကျိုးတဲ့ပုံစံကို သဘောမကျတာနဲ့ သူ့ ကို အားမပေးတော့ဘူး။ ဒါပေမယ့် လူတစ်ယောက်ရဲ့ Personal Life ကိုတော့ နားလည်ပေးသင့်တယ်။ ပြင်ပလူနေမှုစရိုက်က Professional Life မဟုတ်ဖူး။ အားမနာတမ်းပြောရမယ်ဆိုရင် သူက အကြွားသန်တယ်ဗျ။ ပိုက်ဆံတွေကြားမှာ အနားယူနေတဲ့ပုံရိပ်တွေ၊ ပိုက်ဆံရေတွက်နေတဲ့ပုံတွေကို ကြွားလေ့ရှိပါတယ်။ သူ့မှာ Bugatti ကုမ္ပဏီက ထုတ်တဲ့ (၆.၅) သန်းတန် ပြိုင်ကားနှစ်စီးလည်း ရှိသေးတယ်။ ဒါတွေကို Instagram မှာ တင်ထားတာ။

ပြီးတော့လည်း ကမ္ဘာပေါ်မှာ နှစ်စင်းသာရှိတဲ့ (၄.၇)သန်းတန် Koenigsegg CCXR Trevita ပြိုင်ကားကိုလည်း ပိုင်ဆိုင်ထားသူပါ။ ကြိုးဝိုင်းပေါ်မှာ အကောင်းဆုံးစွမ်းဆောင်ရည်ပြခဲ့သလို လူနေမှုဘဝမှာလည်း ကောင်းပေ့ညွှန့်ပေ့ဆိုတာတွေကိုပဲ နှစ်သက်သူပါ။ ဒါတွေတင် မကသေးပါဘူး။ သူ့မှာ ကိုယ်ပိုက်ဂျက်လေယာဉ် နှစ်စီးတောင်ရှိပါတယ်။

ဒေါ်လာ (၃၅ဝဝဝဝ) တန် Ferrari 599 GTB Fiorano ၊ ဒေါ်လာ (၁၇ဝဝဝဝ) တန် Porsche 911 Turbo Cabriolet ၊ ဒေါ်လာ (၄ဝဝဝဝဝ) တန် Lamborghini Aventador LP700-4 ၊ ဒေါ်လာ (၂၆ဝဝဝဝ) တန် Ferrari 458 Italia Spider နှစ်စီး ၊ ဒေါ်လာ (၂) သန်းတန် Gulfstream GIII ၊ ဒေါ်လာ (၁.၉) သန်းတန် Bugatti Veyron Grand Sport နဲ့ ဒေါ်လာ (၁.၃) သန်းတန် Bugatti 16.4 Veyron နှစ်စီးတောင်ရှိပါတယ်။ အခုရေးတာ စာရင်းထဲရှိသလောက်ပါ။ တကယ်တော့ သူက ဇိမ်ခံကားပေါင်း (၁ဝဝ) ကျော် ပိုင်ဆိုင်သူပါ။

ပြီးတော့ တန်ဖိုးကြီးနာရီတွေကိုလည်း စုဆောင်းထားတတ်ပါတယ်။ Audemars Piguet ၊ Rolex နဲ့ Aximum တို့လို ဆွစ်ဇာလန်နိုင်ငံထုတ် အဖိုးတန်နာရီတွေကိုပဲ လိုက်မှန်းမသိ မလိုက်မှန်းမသိ ဝတ်လေ့ရှိသူပါ။ ဒေါ်လာ (၁၈) သန်းတန် Jacob & Co ‘The Billionaire’ နာရီကိုလည်း ဝယ်ထားပါသေးတယ်။ ပြီးတော့ အားလပ်ချိန်တွေမှာ ကမ္ဘာပတ်ပြီး ငွေဖြုန်းလေ့ရှိတဲ့သူလည်း ဖြစ်ပါတယ်။ ရုရှား၊ ဘရာဇီးလ်နဲ့ အီဂျစ်နိုင်ငံတွေမှာဆိုရင် သူ့ရဲ့ ခြေရာတွေချည်းပါပဲ။

စတုရန်းပေ (၂၂,ဝဝဝ) ရှိတဲ့ Big Boy Mansion ဆိုတဲ့ ဇိမ်ခံအိမ်ကြီးထဲမှာ ကားတွေကို စီတန်းပြီး သိမ်းထားလေ့ရှိသူပါ။ ပြီးခဲ့တဲ့ ၂ဝ၁၆ခုနှစ်တုန်းကလည်း (၇.၇) သန်းတန်တဲ့ စတုရန်းပေ (၅၂ဝဝ) ကျယ် အိမ်တစ်လုံးကို မိုင်ယာမီကမ်းခြေမှာ ဝယ်ထားပါသေးတယ်။ ထိုးသတ်ကြေးမြင့်သလို ငွေကိုရေလို သုံးနိုင်တဲ့သူလည်း ဖြစ်ပါတယ်။ ကတုံးဆံပင်ကို တစ်ပတ်နှစ်ကြိမ်ညှပ်လေ့ရှိပြီး တစ်ခါညှပ်ရင် ဒေါ်လာတစ်ထောင် ကုန်ပါတယ်။

ဘောက်ဆင်လောကမှာ Rocky Marciano ၊ Muhammad Ali နဲ့ Mike Tyson တို့လို ဂန္ထဝင်လက်ဝှေ့ကျော်တွေရှိပေမယ့် Floyd Mayweather က သူ့ကိုယ်သူအကောင်းဆုံးလို့ အမြဲတမ်းကြွေးကြော်တယ်။ ရှုံးပွဲမရှိတိုင်း အကောင်းဆုံးလက်ဝှေ့သမားလို့ ပြောရရင် Rocky Marciano က ထာဝရချန်ပီယံပါ။ မဆင်မခြင်ပြောဆိုမှုကြောင့် လူမုန်းများသလို အပြင်ထွက်တဲ့အခါမှာလည်း ကိုယ်ရံတော်တွေနဲ့သာ ထွက်လေ့ရှိပါတယ်။ လက်ဝှေ့လောကမှာ မီဒီယာတွေ စိတ်အဝင်စားဆုံးက သူပါပဲ။

မီဒီယာတွေ စိတ်ဝင်စားသလောက် Floyd Mayweather ကို မုန်းတဲ့သူတွေရော သူ့ပရိသတ်တွေက သူထိုးမယ့် လက်ဝှေ့ပွဲကို မျှော်ကြတယ်။ သူကလည်း ပွဲဆူအောင် လုပ်တတ်တယ်။ ပြိုင်ဘက်ကစားသမားတွေကလည်း သူနဲ့ဆို ထိုးချင်ကြတယ်။ နိုင်တာ ရှုံးတာ အပထား ထိုးကြေးက သာမန်ထက် ပိုရတယ်။

မြင်လွယ်အောင် ပြောရရင် Manny Pacquiao ဟာ Floyd Mayweather နဲ့ ထိုးတုန်းက ဒေါ်လာသန်း (၁၂ဝ) ရခဲ့တယ်။ Jeff Horn နဲ့ထိုးတော့ ဒေါ်လာ (၁ဝ) သန်းပဲရတာ။

Conor McGregor ဆိုရင်လည်း Floyd Mayweather နဲ့ထိုးတုန်းက ဒေါ်လာ (၈၅) သန်းရခဲ့တယ်။ Khabib Nurmagomedov နဲ့ထိုးတော့ ဒေါ်လာ (၃) သန်းပဲရတော့တာ။ ပြိုင်ဘက်ရဲ့ လူစိတ်ဝင်စားမှု၊ အဆင့်အတန်းနဲ့ ပွဲကြည့်ပရိသတ်အပေါ်မူတည်ပြီး ထိုးကြေးပြောင်းလဲသွားတဲ့သဘောပဲ။ ဒါ့ကြောင့် ပြိုင်ဘက်ကစားသမားတွေက Floyd Mayweather ကို စိန်ခေါ်ချင်ကြတာပဲ။

၂ဝ၁၉ခုနှစ်အတွင်းမှာ Floyd Mayweather ဟာ Manny Pacquiao ဒါမှမဟုတ် Khabib Nurmagomedov နဲ့ထိုးဖြစ်မယ်လို့ သုံးသပ်မိတယ်။ ဖိလစ်ပိုင်လက်ဝှေ့ကျော် Manny Pacquiao ဟာ ဒုတိယတန်းစား Jeff Horn ကိုတောင် ရှုံးထားသေးတာ။ လက်ရှိအနေအထားနဲ့ ပြန်စိန်ခေါ်ဖို့ မလွယ်သေးဘူး။ Khabib Nurmagomedov ရဲ့ အားသာချက်က Ground Fight ပါ။ Stand Fight မှာ အားနည်းလွန်းတယ်။ Stand Fight ကောင်းပါတယ်ဆိုတဲ့ Conor McGregor ကိုတောင် အလွယ်တကူအနိုင်ယူထားသေးတာ။ Khabib Nurmagomedov အနေနဲ့ ဘောက်ဆင်မှာ အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။

Floyd Mayweather လည်း သံဇကာဝိုင်းထဲမှာ Khabib Nurmagomedov နဲ့ Conor McGregor ကိုသွားထိုးရင် ရှုံးမှာပဲ။ ဒါပေမယ့် သူ့အနေနဲ့ သံဇကာဝိုင်းထဲကို သွားထိုးမယ်ဆိုရင်တောင် UFC တာဝန်ရှိသူတွေက သူ့ထိုးကြေးကို မပေးနိုင်ဘူး။ ဒါ့ကြောင့်ပဲ ဘောက်ဆင်ဘက်မှာပဲ စိန်ခေါ်နေတာ။ ဘောက်ဆင်က ကြေးစားစနစ်ကို ၁၆၈၁ခုနှစ်တည်းက စတာ။ MMA က ၁၉၉၃ခုနှစ်မှ စတင်တာ။

ရာစုနှစ်တွေ ကွာခြားသလို ပရိသတ်အင်အားလည်း ကွာတယ်။ ဒါ့ကြောင့် MMA သမားတွေက ထိုးကြေးနည်းတာပါ။ အခုဆို Floyd Mayweather က ပိုက်ဆံခမ်းလာလို့လား မပြောတတ်။ Khabib Nurmagomedov နဲ့ ထိုးမယ်လို့ သတင်းတွေ လွှင့်နေပြန်ပြီ။ ထိုးကြေးကို နင့်နေအောင် ယူလိုက်၊ သုံးလိုက်ဖြုန်းလိုက်၊ ပိုက်ဆံကုန်တော့ ပြန်ထိုးလိုက်နဲ့။ တတ်လည်း တတ်နိုင်တဲ့ Floyd Mayweather ပါ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com