[Zawgyi]

ဝိတ္ခ်တဲ့ကာလအတြင္း ဘာလို႔ဆံပင္ကၽြတ္ရတာလဲ

ဝိတ္ခ်ျခင္းနဲ႔ ဆံပင္ကၽြတ္ျခင္းက ဆက္စပ္မႈရွိေနတယ္လို႔ ေဆးပညာရွင္မ်ားက ဆိုထားပါတယ္။ အထူးသျဖင့္ ႀကိဳးစားပန္းစား ဝိတ္ခ်ေနသူေတြ၊ ျပင္းထန္တဲ့ Diet လုပ္သူေတြက ဆံပင္ကၽြတ္ျခင္းကို ပိုမုိခံစားရတယ္လို႔ သိရပါတယ္။ ဝိတ္ခ်ေနသူအေနနဲ႔လည္း ဝိတ္ခ်ေနတဲ့ကာလတြင္းမွာ ဆံပင္ကၽြတ္တာကို သတိျပဳမိၾကမွာပါ။ ဒါေပမယ့္ ဝိတ္ခ်တဲ့ အစီအစဥ္ရပ္တန္႔လိုက္ရင္ ဆံပင္ကၽြတ္တာလည္း ရပ္တန္႔သြားပါတယ္။ ဒီေတာ့… ဘာလို႔ ဆံပင္ကၽြတ္ရတာလဲဆိုတာကို ေဝမွ်ေပးခ်င္ပါတယ္။

(၁) စိတ္ဖိစီးမႈမ်ားျခင္း

ဝိတ္ခ်တဲ့သူအမ်ားစုက ဘယ္ႏွလအတြင္း ဝိတ္ဘယ္ႏွေပါင္က်ရမယ္၊ ဘယ္လိုေနထိုင္စားေသာက္ရမယ္ စသျဖင့္ စည္းကမ္းသတ္မွတ္ခ်က္ေတြနဲ႔ စိတ္ဖိစီးမႈမ်ားလွပါတယ္။ အထူးသျဖင့္ ဝိတ္က်ဖိုု႔ အေရးကို Pressure တစ္ခုလို သတ္မွတ္ထားသူေတြက စိတ္ဖိစီးမႈကို ပိုမိုခံစားရတတ္ပါတယ္။ စိတ္ဖိစီးမႈ မ်ားျခင္းက ဆံပင္ကၽြတ္ေစတဲ့ အေၾကာင္းအရင္းမ်ားစြာထဲက တစ္ခ်က္ပါပဲ။

(၂) ပရိုတင္းဓာတ္ခ်ိဳ႕တဲ့မႈျဖစ္ျခင္း

ဝိတ္ခ်ေနသူေတြက အဆီမ်ားတဲ့အစားအစာနဲ႔ ပရိုတင္းဓာတ္မ်ားတဲ့ အစားအစာေတြကုိ စားသံုးဖုိ႔ ေၾကာက္ရြံ႕ေနတတ္ၾကပါတယ္။ ဒါ့ေၾကာင့္ ဝိတ္ခ်ေနစဥ္ကာလမွာ ပရိုတင္းဓာတ္ခ်ိဳ႕တဲ့လာၾကပါတယ္။ ဆံသားမ်ားက်န္းမာေစဖို႔အတြက္ ပရိုတင္းဓာတ္က အေရးပါတဲ့ အခန္းက႑မွာ ပါဝင္ေနပါတယ္။ ဒါ့ေၾကာင့္ ပရိုတင္းဓာတ္ခ်ိဳ႕တဲ့လာတာနဲ႔အမွ် ဆံသားမ်ားကလည္း က်န္းမာသန္စြမ္းမႈ ေလ်ာ့ပါးလာၿပီး ဆံပင္ကၽြတ္ရတာပါ။

(၃) Zinc ဓာတ္ခ်ိဳ႕တဲ့လာျခင္း

ဇင့္ဓာတ္က ခႏၶာကိုယ္ရဲ႕ အစိတ္အပိုင္းတစ္ခုခ်င္းစီမွာ လိုအပ္တဲ့ အာဟာရမ်ားကို စုပ္ယူႏုိင္ဖို႔ အေထာက္အပံ့ေပးပါတယ္။ ဝိတ္ေလ်ာ့တဲ့ကာလအတြင္းမွာ ဇင့္ဓာတ္ခ်ိဳ႕တဲ့သြားမယ္ဆိုရင္ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ အာဟာရဓာတ္မ်ားကလည္း လံုလံုေလာက္ေလာက္မရရွိေတာ့တဲ့အတြက္ ဦးေရျပားကလည္း က်န္းမာမႈ မရွိေတာ့ပါဘူး။ ဒါ့ေၾကာင့္ ဆံပင္ကၽြတ္ျခင္း၊ ဆံသားမ်ား မြဲေျခာက္ေျခာက္ျဖစ္လာရတာပဲ ျဖစ္ပါတယ္။

(၄) အာဟာရမျပည့္ဝတဲ့ Diet Plan

Diet Plan ေၾကာင့္လည္း ဆံပင္ကၽြတ္ရတယ္ဆိုတာကို မေမ့ပါနဲ႔။ ဝိတ္ေလ်ာ့ဖို႔အတြက္ကိုပဲ ဦးတည္ၿပီး စားေသာက္ရတဲ့ Diet Plan က ဆံသားမ်ား က်န္းမာသန္စြမ္းမႈကို အားနည္းေစပါတယ္။ ဒါ့ေၾကာင့္ ဝိတ္ခ်ေနစဥ္မွာ ဆံပင္သိသိသာသာကၽြတ္ေနတယ္ဆိုရင္ Diet Plan မွာ ဇင့္ဓာတ္နဲ႔ အျခားဗီတာမင္ဓာတ္ ျဖည့္စြက္စာမ်ား လိုအပ္ေနလို႔ပါ။ ဇင့္ဓာတ္ၾကြယ္ဝစြာပါဝင္တဲ့ အသီးအရြက္မ်ားကို မ်ားမ်ားစားသံုးေပးတာက ဆံပင္ကၽြတ္ျခင္းကို သက္သာေစလို႔ အာဟာရမွ်တတဲ့ Diet Plan ကို ေသခ်ာေရြးခ်ယ္ျဖစ္ဖို႔က အေရးႀကီးပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဝိတ်ချတဲ့ကာလအတွင်း ဘာလို့ဆံပင်ကျွတ်ရတာလဲ

ဝိတ်ချခြင်းနဲ့ ဆံပင်ကျွတ်ခြင်းက ဆက်စပ်မှုရှိနေတယ်လို့ ဆေးပညာရှင်များက ဆိုထားပါတယ်။ အထူးသဖြင့် ကြိုးစားပန်းစား ဝိတ်ချနေသူတွေ၊ ပြင်းထန်တဲ့ Diet လုပ်သူတွေက ဆံပင်ကျွတ်ခြင်းကို ပိုမိုခံစားရတယ်လို့ သိရပါတယ်။ ဝိတ်ချနေသူအနေနဲ့လည်း ဝိတ်ချနေတဲ့ကာလတွင်းမှာ ဆံပင်ကျွတ်တာကို သတိပြုမိကြမှာပါ။ ဒါပေမယ့် ဝိတ်ချတဲ့ အစီအစဉ်ရပ်တန့်လိုက်ရင် ဆံပင်ကျွတ်တာလည်း ရပ်တန့်သွားပါတယ်။ ဒီတော့… ဘာလို့ ဆံပင်ကျွတ်ရတာလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှုများခြင်း

ဝိတ်ချတဲ့သူအများစုက ဘယ်နှလအတွင်း ဝိတ်ဘယ်နှပေါင်ကျရမယ်၊ ဘယ်လိုနေထိုင်စားသောက်ရမယ် စသဖြင့် စည်းကမ်းသတ်မှတ်ချက်တွေနဲ့ စိတ်ဖိစီးမှုများလှပါတယ်။ အထူးသဖြင့် ဝိတ်ကျဖိုု့ အရေးကို Pressure တစ်ခုလို သတ်မှတ်ထားသူတွေက စိတ်ဖိစီးမှုကို ပိုမိုခံစားရတတ်ပါတယ်။ စိတ်ဖိစီးမှု များခြင်းက ဆံပင်ကျွတ်စေတဲ့ အကြောင်းအရင်းများစွာထဲက တစ်ချက်ပါပဲ။

(၂) ပရိုတင်းဓာတ်ချို့တဲ့မှုဖြစ်ခြင်း

ဝိတ်ချနေသူတွေက အဆီများတဲ့အစားအစာနဲ့ ပရိုတင်းဓာတ်များတဲ့ အစားအစာတွေကို စားသုံးဖို့ ကြောက်ရွံ့နေတတ်ကြပါတယ်။ ဒါ့ကြောင့် ဝိတ်ချနေစဉ်ကာလမှာ ပရိုတင်းဓာတ်ချို့တဲ့လာကြပါတယ်။ ဆံသားများကျန်းမာစေဖို့အတွက် ပရိုတင်းဓာတ်က အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါ့ကြောင့် ပရိုတင်းဓာတ်ချို့တဲ့လာတာနဲ့အမျှ ဆံသားများကလည်း ကျန်းမာသန်စွမ်းမှု လျော့ပါးလာပြီး ဆံပင်ကျွတ်ရတာပါ။

(၃) Zinc ဓာတ်ချို့တဲ့လာခြင်း

ဇင့်ဓာတ်က ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီမှာ လိုအပ်တဲ့ အာဟာရများကို စုပ်ယူနိုင်ဖို့ အထောက်အပံ့ပေးပါတယ်။ ဝိတ်လျော့တဲ့ကာလအတွင်းမှာ ဇင့်ဓာတ်ချို့တဲ့သွားမယ်ဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များကလည်း လုံလုံလောက်လောက်မရရှိတော့တဲ့အတွက် ဦးရေပြားကလည်း ကျန်းမာမှု မရှိတော့ပါဘူး။ ဒါ့ကြောင့် ဆံပင်ကျွတ်ခြင်း၊ ဆံသားများ မွဲခြောက်ခြောက်ဖြစ်လာရတာပဲ ဖြစ်ပါတယ်။

(၄) အာဟာရမပြည့်ဝတဲ့ Diet Plan

Diet Plan ကြောင့်လည်း ဆံပင်ကျွတ်ရတယ်ဆိုတာကို မမေ့ပါနဲ့။ ဝိတ်လျော့ဖို့အတွက်ကိုပဲ ဦးတည်ပြီး စားသောက်ရတဲ့ Diet Plan က ဆံသားများ ကျန်းမာသန်စွမ်းမှုကို အားနည်းစေပါတယ်။ ဒါ့ကြောင့် ဝိတ်ချနေစဉ်မှာ ဆံပင်သိသိသာသာကျွတ်နေတယ်ဆိုရင် Diet Plan မှာ ဇင့်ဓာတ်နဲ့ အခြားဗီတာမင်ဓာတ် ဖြည့်စွက်စာများ လိုအပ်နေလို့ပါ။ ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အသီးအရွက်များကို များများစားသုံးပေးတာက ဆံပင်ကျွတ်ခြင်းကို သက်သာစေလို့ အာဟာရမျှတတဲ့ Diet Plan ကို သေချာရွေးချယ်ဖြစ်ဖို့က အရေးကြီးပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။