[Zawgyi]

ၿပိဳင္ဘက္ေတြက Floyd Mayweather ကုိ ဘာေၾကာင့္စိန္ေခၚထုိးခ်င္ၾကတာလဲ

ေဘာက္ဆင္ေလာကမွာ Rocky Marciano ၊ Muhammad Ali နဲ႔ Mike Tyson တုိ႔လုိ ဂႏၳဝင္လက္ေဝွ႔ေက်ာ္ေတြရွိေပမယ့္ Floyd Mayweather က သူ႕ကုိယ္သူအေကာင္းဆုံးလုိ႔ အျမဲတမ္းေၾကြးေၾကာ္တယ္။ ရႈံးပြဲမရွိတုိင္း အေကာင္းဆုံးလက္ေဝွ႔သမားလုိ႔ ေျပာရရင္ Rocky Marciano က ထာဝရခ်န္ပီယံပါ။ မဆင္မျခင္ေျပာဆုိမႈေၾကာင့္ လူမုန္းမ်ားသလုိ အျပင္ထြက္တဲ့အခါမွာလည္း ကုိယ္ရံေတာ္ေတြနဲ႔သာ ထြက္ေလ့ရွိပါတယ္။ လက္ေဝွ႔ေလာကမွာ မီဒီယာေတြ စိတ္အဝင္စားဆုံးက သူပါပဲ။

ျမင္လြယ္ေအာင္ ေျပာရရင္ Manny Pacquiao ဟာ Floyd Mayweather နဲ႔ ထုိးတုန္းက ေဒၚလာသန္း (၁၂ဝ) ရခဲ့တယ္။ Jeff Horn နဲ႔ထုိးေတာ့ ေဒၚလာ (၁ဝ) သန္းပဲရတာ။

Lucas Matthysse ကုိ အႏုိင္ယူတဲ့ပြဲမွာ ေဒၚလာ (၁၅) သန္းပဲ ရလုိက္တယ္။ ဒါ့ေၾကာင့္ Manny Pacquiao ဟာ ကစားသမားဘဝက မနားခင္ Floyd Mayweather နဲ႔ ျပန္ထုိးခ်င္ေနတာ။

Conor McGregor ဆုိရင္လည္း Floyd Mayweather နဲ႔ထုိးတုန္းက ေဒၚလာ (၈၅) သန္းရခဲ့တယ္။ Khabib Nurmagomedov နဲ႔ထုိးေတာ့ ေဒၚလာ (၃) သန္းပဲရေတာ့တာ။

ၿပိဳင္ဘက္ရဲ႕ လူစိတ္ဝင္စားမႈ၊ အဆင့္အတန္းနဲ႔ ပြဲၾကည့္ပရိသတ္အေပၚမူတည္ၿပီး ထုိးေၾကးေျပာင္းလဲသြားတဲ့သေဘာပဲ။ Floyd Mayweather ဟာ ႀကိဳက္ေၾကးရမွ ထုိးသတ္ေပမယ့္ ၿပိဳင္ပြဲတုိင္းကုိ ေလးေလးစားစားထုိးတယ္။

သူ႕ရဲ႕ ရႈံးပြဲမရွိစံခ်ိန္ကုိ က်ိဳးပ်က္သြားမွာ ေၾကာက္တယ္။ ဒါ့ေၾကာင့္ ေသခ်ာျပင္ဆင္တတ္တယ္။ ဒါေပမယ့္ ၿပိဳင္ဘက္ေတြက သူနဲ႔ထုိးရင္ ပုိ္က္ဆံပုိရမွန္းသိေလေတာ့ ေသြးတုိးစမ္းေနၾကတဲ့သေဘာပါပဲ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

ပြိုင်ဘက်တွေက Floyd Mayweather ကို ဘာကြောင့်စိန်ခေါ်ထိုးချင်ကြတာလဲ

ဘောက်ဆင်လောကမှာ Rocky Marciano ၊ Muhammad Ali နဲ့ Mike Tyson တို့လို ဂန္ထဝင်လက်ဝှေ့ကျော်တွေရှိပေမယ့် Floyd Mayweather က သူ့ကိုယ်သူအကောင်းဆုံးလို့ အမြဲတမ်းကြွေးကြော်တယ်။ ရှုံးပွဲမရှိတိုင်း အကောင်းဆုံးလက်ဝှေ့သမားလို့ ပြောရရင် Rocky Marciano က ထာဝရချန်ပီယံပါ။ မဆင်မခြင်ပြောဆိုမှုကြောင့် လူမုန်းများသလို အပြင်ထွက်တဲ့အခါမှာလည်း ကိုယ်ရံတော်တွေနဲ့သာ ထွက်လေ့ရှိပါတယ်။ လက်ဝှေ့လောကမှာ မီဒီယာတွေ စိတ်အဝင်စားဆုံးက သူပါပဲ။

မြင်လွယ်အောင် ပြောရရင် Manny Pacquiao ဟာ Floyd Mayweather နဲ့ ထိုးတုန်းက ဒေါ်လာသန်း (၁၂ဝ) ရခဲ့တယ်။ Jeff Horn နဲ့ထိုးတော့ ဒေါ်လာ (၁ဝ) သန်းပဲရတာ။

Lucas Matthysse ကို အနိုင်ယူတဲ့ပွဲမှာ ဒေါ်လာ (၁၅) သန်းပဲ ရလိုက်တယ်။ ဒါ့ကြောင့် Manny Pacquiao ဟာ ကစားသမားဘဝက မနားခင် Floyd Mayweather နဲ့ ပြန်ထိုးချင်နေတာ။

Conor McGregor ဆိုရင်လည်း Floyd Mayweather နဲ့ထိုးတုန်းက ဒေါ်လာ (၈၅) သန်းရခဲ့တယ်။ Khabib Nurmagomedov နဲ့ထိုးတော့ ဒေါ်လာ (၃) သန်းပဲရတော့တာ။

ပြိုင်ဘက်ရဲ့ လူစိတ်ဝင်စားမှု၊ အဆင့်အတန်းနဲ့ ပွဲကြည့်ပရိသတ်အပေါ်မူတည်ပြီး ထိုးကြေးပြောင်းလဲသွားတဲ့သဘောပဲ။ Floyd Mayweather ဟာ ကြိုက်ကြေးရမှ ထိုးသတ်ပေမယ့် ပြိုင်ပွဲတိုင်းကို လေးလေးစားစားထိုးတယ်။

သူ့ရဲ့ ရှုံးပွဲမရှိစံချိန်ကို ကျိုးပျက်သွားမှာ ကြောက်တယ်။ ဒါ့ကြောင့် သေချာပြင်ဆင်တတ်တယ်။ ဒါပေမယ့် ပြိုင်ဘက်တွေက သူနဲ့ထိုးရင် ပိုက်ဆံပိုရမှန်းသိလေတော့ သွေးတိုးစမ်းနေကြတဲ့သဘောပါပဲ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com