[Zawgyi]

Essential Oil ေတြ ဘာေၾကာင္႔ ေပၚျပဴလာျဖစ္လာရတာလဲ

ဒီေန႔ေခတ္မွာ လူေတာ္ေတာ္မ်ားမ်ားက Essential Oil မွ Essential Oil ဆိုၿပီး တြင္တြင္က်ယ္က်ယ္္ အသံုးျပဳလာတာကို ေတြ႔ရပါတယ္။ ဘာလို႔ အဲေလာက္ေတာင္ တြင္တြင္က်ယ္က်ယ္အသံုးျပဳလာရလဲဆိုတာကို စူးစမ္းၾကည္႔တဲ့အခါ Essential Oil ေတြရဲ႕ေကာင္းက်ိဳးေတြကလည္း မနည္းမေနာပါပဲ။ Essential Oil ေတြကို အလွအပအတြက္ မ်က္ႏွာေပၚမွာပဲသံုးမလား ခႏၶာကုိယ္အတြက္ပဲသံုးမလား အသားျဖဴဖို႔အတြက္ပဲသံုးမလား ေရခ်ဳိးတဲ့အခါထည္႔သြင္းသံုးမလား အစရွိသျဖင္႔ စြယ္စံုသံုးလို႔ရလို႔ လူတိုင္းႀကိဳက္ႏွစ္သက္ရျခင္းျဖစ္ပါတယ္။ ခုေခတ္မွာ Essential Oil ေတြ အမ်ဳိးအစားမ်ားစြာ ေပၚထြက္ေနလို႔ ဘယ္ Essential Oil က ဘယ္လိုေကာင္းက်ဳိးရွိလဲဆိုတာ မသိရမရွိေလေအာင္ Essential Oil အမ်ဳိးမ်ဳိးရဲ႕ ေကာင္းက်ဳိးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

Lemon Essential Oil

Lemon Essential Oil က Essential Oil ေတြထဲမွာ အေကာင္းဆံုး Essential Oil လို႔ ေျပာလို႔ရပါတယ္။ ခ်ဳိင္႔ခြက္ျဖစ္ေနတဲ့ အသားအေရကို အလ်င္ျမန္ဆံုးျပန္လည္ျပဳျပင္ေပးၿပီး အသားအေရာင္မညီတာကို ျပန္လည္ထိန္းညိွေပးကာ ျဖဴစင္ဝင္းပလာေစပါတယ္။ Lemon Essential Oil ေတြမွာ Citric acid နဲ႕ Limonene ေတြ ေပါမ်ားစြာပါဝင္တာေၾကာင္႔ အသားအေရကို ျဖဴေဖြးလာေစပါတယ္။ ဒါအျပင္ ဆဲလ္ေသေတြကြာက်ေစၿပီး ဆဲလ္အသစ္ေတြ ျဖစ္ေပၚလာေအာင္ ကူညီေပးပါတယ္။ ဒီ Essential Oil ထဲမွာ ပါဝင္တဲ့ Limonene က အသားအေရာင္ေျပာင္းျခင္းမျဖစ္ေအာင္ ထိန္းသိမ္းေပးသလို အေရးျပားကင္ဆာမျဖစ္ေအာင္လည္း ကာကြယ္ေပးပါတယ္။

Lemon Essential Oil

Sandalwood Essential Oil

Sandalwood Essential Oil က တန္ဖိုးႀကီးမားတဲ႔ Essential Oil တစ္ခုျဖစ္ပါတယ္။ ဒီ Oil ကိုေတာ႔ Sandalwood အပင္ကေန ရရွိပါတယ္။ Sandalwood အပင္မွ Sandalwood Oil ရရွိဖို႕ ႏွစ္ေပါင္း ၅၀ ၊ ၆၀ နီးပါးၾကာပါတယ္။ တန္ဖိုးႀကီးျမင္႔ရျခင္းအေၾကာင္းအရင္းေတြထဲမွာ ႏွစ္ခ်ဳိ႕ၿပီးမွ ရရွိတဲ့ အဆီျဖစ္တာေၾကာင္႔လည္း ပါပါတယ္။ Sandalwood Essential Oil ေတြ ရရွိဖို႔အတြက္ Sandalwood အပင္မွရရွိလာတဲ့အဆီကို ေရေႏြးေငြ႔ေပါင္းခံၿပီး ထုတ္ယူထားျခင္းျဖစ္ပါတယ္။ ေရဓာတ္နဲ႔ အစိုဓာတ္ျဖည္႔ေပးျခင္းတုိ႔ေၾကာင္႔ ဒီအဆီကို အမ်ဳိးမ်ဳိးေသာ Skin Cream ေတြမွာ ထည္႔သြင္းအသံုးျပဳၾကပါတယ္။ ဒါအျပင္ အသားအေရကို ႏူးညံေခ်ာေမြ႔ေစတဲ့ ဂုဏ္သတိၱလည္းရွိပါတယ္။

Sandalwood Essential Oil

Lemongrass Essential Oil

Lemongrass Essential oil မွာ limonene ပါဝင္လို႔ အဆိပ္အေတာက္ကုိဖယ္ရွားေပးႏိုင္တဲ့ ဂုဏ္သတိၱရွိပါတယ္။ ဒီ Essential Oil ကေတာ့ အေရးျပားေပၚရွိ မသန္႔စင္တဲ့ အညစ္အေၾကးပိတ္ဆို႔မႈကို ဖယ္္ရွားေပးကာ အေရျပားကို ၾကည္လင္ေတာက္ပလာေစပါတယ္။ ဘယ္အသားအေရမ်ိဳးမဆို အသံုးျပဳလို႔ရျခင္းကလည္း Lemongrass Essential Oil ရဲ႕ အားသာခ်က္တစ္ခုပဲျဖစ္ပါတယ္။ ဒါအျပင္ အက်ဳိးသက္ေရာက္မႈကို ပိုမ်ားေစခ်င္ရင္ေတာ့ အျခားေသာ Essential Oil မ်ားျဖစ္ၾကတဲ့ Lavender ၊ Lemon ၊ Geranium ၊ Fennel ၊ Cypress နဲ႔ Cedar Wood တို႔နဲ႔ တဲြဖက္အသံုးျပဳေပးႏိုင္ပါတယ္။

Lemongrass Essential oil

Carrot Seed Essential Oil

ေနေလာင္ဒဏ္ေၾကာင္႔ ပ်က္စီးသြားတဲ့ အသားအေရကို ျပန္လည္ျဖဴစင္ဝင္းပလာေစဖို႔အတြက္ Carrot Seed Essential Oil ကို အသံုးျပဳေပးႏုိင္ပါတယ္။ ဒီ Essentail Oil ကို အသံုးျပဳေပးျခင္းအားျဖင္႔ အသားအေရေနေလာင္ျခင္းေၾကာင္႔ နီရဲၿပီး အကြက္အကြက္ျဖစ္ေနျခင္းကို တျဖည္းျဖည္းသက္သာေပ်ာက္ကင္းေစၿပီး နဂိုအသားအေရအတုိင္း ျပန္လည္ရရွိေအာင္ လုပ္ေဆာင္ေပးပါတယ္။ အသားအေရညိဳမည္းၿပီး မညီမညာနဲ႔ အကြက္အကြက္ေတြျဖစ္လာျခင္းအတြက္လည္း ဒီအဆီကို အသံုးျပဳေပးျခင္းအားျဖင္႔ အံ့ဖြယ္အသားအေရကို ျပန္လည္ရရွိပိုင္ဆိုင္ႏိုင္ေစပါတယ္။ Carrot Seed Oil မွာ သဘာဓာတ္တိုးဆန္႔က်င္တဲ႔ဂုဏ္သတိၱနဲ႔ အမည္းအကြက္အကြက္ေတြကိုေပ်ာက္ကင္းေစတဲ႔ အနီ လိေမၼာ္ေရာင္ျခယ္ဓာတ္တစ္မ်ဳိးပါဝင္ပါတယ္။ အဆိုပါ အနီလိေမၼာ္ေရာင္ျခယ္ဓာတ္က အသားအေရကို ျဖဴစင္ဝင္းပလာေစဖို႔နဲ႔ ဆဲလ္အသစ္ေတြ ျမန္ျမန္ျပန္လည္ေပါက္ဖြားလာေစဖို႔အတြက္ ကူညီေပးပါတယ္။

Carrot-seed-essential-Oil

Turmeric Essential Oil

Turmeric (နႏြင္း) ရဲ႕ ေဆးဖက္ဝင္အက်ဳိးမ်ားပံုကို လူတုိင္းသိၾကပါတယ္။ နႏြင္းကို ေရွးယခင္ကတည္းက အလွအပစၥည္းေတြမွာ အမ်ဳိးမ်ဳိးအသံုးျပဳခဲ့ၾကၿပီး အေရးျပားက်န္းမာေရးျပႆနာ၊ ထိခိုက္ဒဏ္ရာေတြ ျပန္လည္သက္သာလာေစဖို႔ ၊ အစာေခ်ဖ်က္ျခင္းကို အကူအညီျဖစ္ေစဖို႔အတြက္နဲ႕ အမ်ဳိးမ်ဳိးေသာေရာဂါေတြကို ေပ်ာက္ကင္းသက္သာေစဖို႔အတြက္ တြင္တြင္က်ယ္က်ယ္ အသံုးျပဳခဲ့ၾကပါတယ္။ နႏြင္းက ေသြးနဲ႔ အသားအေရကုိ ေကာင္းမြန္စြာ သန္႔စင္ေပးပါတယ္။ Turmeric Essential Oil ကို နႏြင္းရဲ႕အျမစ္ကေနရယူကာ ေရေႏြးေငြ႔ျဖင္႔ ေပါင္းခံထုတ္ယူထားျခင္းျဖစ္ပါတယ္။ ဒီအဆီကို အသံုးျပဳျခင္းအားျဖင္႔ အသားအေရကို ျဖဴေဖြးႏူးညံ့လာေစကာ အရြယ္တင္ႏုပ်ဳိေစပါတယ္။

turmeric-essential-oil

Lavender Essential Oil

Lavender Essential Oil က ရွားပါးတဲ့ Essential Oil တစ္ခုျဖစ္ၿပီး အသားအေရ အေရာင္ေျပာင္းလာျခင္းနဲ႔ အေရးအေၾကာင္းေတြျဖစ္ျခင္းကုိ ကုသဖို႕အတြက္ အသံုးျပဳပါတယ္။ ဒီ Essential Oil မွာ အေမႊးရနံ႔ ေပါမ်ားစြာပါဝင္ေသာေၾကာင္႔ စိတ္ကိုတည္ၿငိမ္ေစၿပီး အသားအေရကို ႏူးညံေခ်ာေမြ႔ေစပါတယ္။ အေရးျပားနီျမန္းျခင္းကို ေလ်ာ့က်ေစဖို႔အတြက္ အသံုးျပဳေပးသင္႔တဲ့ Essential Oil တစ္ခုျဖစ္ရုံသာမက အျပစ္အနာအဆာကင္းၿပီး က်န္းမာတဲ႔အသားအေရရရွိေအာင္လည္း စြမ္းေဆာင္ေပးပါတယ္။ ၾကည္လင္လန္းဆန္းတဲ႔ေမႊးရနံနဲ႔ အသားအေရအတြက္ အက်ဳိးမ်ားတဲ႔ Essential Oil ကိုရွာေနတယ္ဆိုရင္ေတာ့ Lavender Essential Oil ကိုသာ ေရြးခ်ယ္ဖို႔ အၾကံျပဳပါရေစ။

LavenderEssential Oil

Essential Oil ကို Sensitive Skin သမားမ်ား၊ ကိုယ္ဝန္ေဆာင္မိခင္မ်ားနဲ႔ ႏို႔တိုက္ေနတဲ့ မိခင္မ်ားကေတာ့ အသံုးျပဳဖို႔ မသင္႔ေတာ္ပါဘူး။ Essential Oil ကို ဝယ္ယူမယ္ဆိုရင္ အရည္အေသြးေကာင္းမေကာင္းနဲ႔ သန္႔စင္မႈရွိမရွိကိုေတာ႔ ေသခ်ာစစ္ေဆးၿပီးမွ ဝယ္ယူဖို႔ အၾကံျပဳပါရေစ။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

H.H(အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Essential Oil တွေ ဘာကြောင့် ပေါ်ပြူလာဖြစ်လာရတာလဲ

ဒီနေ့ခေတ်မှာ လူတော်တော်များများက Essential Oil မှ Essential Oil ဆိုပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာကို တွေ့ရပါတယ်။ ဘာလို့ အဲလောက်တောင် တွင်တွင်ကျယ်ကျယ်အသုံးပြုလာရလဲဆိုတာကို စူးစမ်းကြည့်တဲ့အခါ Essential Oil တွေရဲ့ကောင်းကျိုးတွေကလည်း မနည်းမနောပါပဲ။ Essential Oil တွေကို အလှအပအတွက် မျက်နှာပေါ်မှာပဲသုံးမလား ခန္ဓာကိုယ်အတွက်ပဲသုံးမလား အသားဖြူဖို့အတွက်ပဲသုံးမလား ရေချိုးတဲ့အခါထည့်သွင်းသုံးမလား အစရှိသဖြင့် စွယ်စုံသုံးလို့ရလို့ လူတိုင်းကြိုက်နှစ်သက်ရခြင်းဖြစ်ပါတယ်။ ခုခေတ်မှာ Essential Oil တွေ အမျိုးအစားများစွာ ပေါ်ထွက်နေလို့ ဘယ် Essential Oil က ဘယ်လိုကောင်းကျိုးရှိလဲဆိုတာ မသိရမရှိလေအောင် Essential Oil အမျိုးမျိုးရဲ့ ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

Lemon Essential Oil

Lemon Essential Oil က Essential Oil တွေထဲမှာ အကောင်းဆုံး Essential Oil လို့ ပြောလို့ရပါတယ်။ ချိုင့်ခွက်ဖြစ်နေတဲ့ အသားအရေကို အလျင်မြန်ဆုံးပြန်လည်ပြုပြင်ပေးပြီး အသားအရောင်မညီတာကို ပြန်လည်ထိန်းညှိပေးကာ ဖြူစင်ဝင်းပလာစေပါတယ်။ Lemon Essential Oil တွေမှာ Citric acid နဲ့ Limonene တွေ ပေါများစွာပါဝင်တာကြောင့် အသားအရေကို ဖြူဖွေးလာစေပါတယ်။ ဒါအပြင် ဆဲလ်သေတွေကွာကျစေပြီး ဆဲလ်အသစ်တွေ ဖြစ်ပေါ်လာအောင် ကူညီပေးပါတယ်။ ဒီ Essential Oil ထဲမှာ ပါဝင်တဲ့ Limonene က အသားအရောင်ပြောင်းခြင်းမဖြစ်အောင် ထိန်းသိမ်းပေးသလို အရေးပြားကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

Lemon Essential Oil

Sandalwood Essential Oil

Sandalwood Essential Oil က တန်ဖိုးကြီးမားတဲ့ Essential Oil တစ်ခုဖြစ်ပါတယ်။ ဒီ Oil ကိုတော့ Sandalwood အပင်ကနေ ရရှိပါတယ်။ Sandalwood အပင်မှ Sandalwood Oil ရရှိဖို့ နှစ်ပေါင်း ၅၀ ၊ ၆၀ နီးပါးကြာပါတယ်။ တန်ဖိုးကြီးမြင့်ရခြင်းအကြောင်းအရင်းတွေထဲမှာ နှစ်ချို့ပြီးမှ ရရှိတဲ့ အဆီဖြစ်တာကြောင့်လည်း ပါပါတယ်။ Sandalwood Essential Oil တွေ ရရှိဖို့အတွက် Sandalwood အပင်မှရရှိလာတဲ့အဆီကို ရေနွေးငွေ့ပေါင်းခံပြီး ထုတ်ယူထားခြင်းဖြစ်ပါတယ်။ ရေဓာတ်နဲ့ အစိုဓာတ်ဖြည့်ပေးခြင်းတို့ကြောင့် ဒီအဆီကို အမျိုးမျိုးသော Skin Cream တွေမှာ ထည့်သွင်းအသုံးပြုကြပါတယ်။ ဒါအပြင် အသားအရေကို နူးညံချောမွေ့စေတဲ့ ဂုဏ်သတ္တိလည်းရှိပါတယ်။

Sandalwood Essential Oil

Lemongrass Essential Oil

Lemongrass Essential oil မှာ limonene ပါဝင်လို့ အဆိပ်အတောက်ကိုဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဒီ Essential Oil ကတော့ အရေးပြားပေါ်ရှိ မသန့်စင်တဲ့ အညစ်အကြေးပိတ်ဆို့မှုကို ဖယ်ရှားပေးကာ အရေပြားကို ကြည်လင်တောက်ပလာစေပါတယ်။ ဘယ်အသားအရေမျိုးမဆို အသုံးပြုလို့ရခြင်းကလည်း Lemongrass Essential Oil ရဲ့ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။ ဒါအပြင် အကျိုးသက်ရောက်မှုကို ပိုများစေချင်ရင်တော့ အခြားသော Essential Oil များဖြစ်ကြတဲ့ Lavender ၊ Lemon ၊ Geranium ၊ Fennel ၊ Cypress နဲ့ Cedar Wood တို့နဲ့ တွဲဖက်အသုံးပြုပေးနိုင်ပါတယ်။

Lemongrass Essential oil

Carrot Seed Essential Oil

နေလောင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်ဖြူစင်ဝင်းပလာစေဖို့အတွက် Carrot Seed Essential Oil ကို အသုံးပြုပေးနိုင်ပါတယ်။ ဒီ Essentail Oil ကို အသုံးပြုပေးခြင်းအားဖြင့် အသားအရေနေလောင်ခြင်းကြောင့် နီရဲပြီး အကွက်အကွက်ဖြစ်နေခြင်းကို တဖြည်းဖြည်းသက်သာပျောက်ကင်းစေပြီး နဂိုအသားအရေအတိုင်း ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးပါတယ်။ အသားအရေညိုမည်းပြီး မညီမညာနဲ့ အကွက်အကွက်တွေဖြစ်လာခြင်းအတွက်လည်း ဒီအဆီကို အသုံးပြုပေးခြင်းအားဖြင့် အံ့ဖွယ်အသားအရေကို ပြန်လည်ရရှိပိုင်ဆိုင်နိုင်စေပါတယ်။ Carrot Seed Oil မှာ သဘာဓာတ်တိုးဆန့်ကျင်တဲ့ဂုဏ်သတ္တိနဲ့ အမည်းအကွက်အကွက်တွေကိုပျောက်ကင်းစေတဲ့ အနီ လိမ္မော်ရောင်ခြယ်ဓာတ်တစ်မျိုးပါဝင်ပါတယ်။ အဆိုပါ အနီလိမ္မော်ရောင်ခြယ်ဓာတ်က အသားအရေကို ဖြူစင်ဝင်းပလာစေဖို့နဲ့ ဆဲလ်အသစ်တွေ မြန်မြန်ပြန်လည်ပေါက်ဖွားလာစေဖို့အတွက် ကူညီပေးပါတယ်။

Carrot-seed-essential-Oil

Turmeric Essential Oil

Turmeric (နနွင်း) ရဲ့ ဆေးဖက်ဝင်အကျိုးများပုံကို လူတိုင်းသိကြပါတယ်။ နနွင်းကို ရှေးယခင်ကတည်းက အလှအပစ္စည်းတွေမှာ အမျိုးမျိုးအသုံးပြုခဲ့ကြပြီး အရေးပြားကျန်းမာရေးပြဿနာ၊ ထိခိုက်ဒဏ်ရာတွေ ပြန်လည်သက်သာလာစေဖို့ ၊ အစာချေဖျက်ခြင်းကို အကူအညီဖြစ်စေဖို့အတွက်နဲ့ အမျိုးမျိုးသောရောဂါတွေကို ပျောက်ကင်းသက်သာစေဖို့အတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပါတယ်။ နနွင်းက သွေးနဲ့ အသားအရေကို ကောင်းမွန်စွာ သန့်စင်ပေးပါတယ်။ Turmeric Essential Oil ကို နနွင်းရဲ့အမြစ်ကနေရယူကာ ရေနွေးငွေ့ဖြင့် ပေါင်းခံထုတ်ယူထားခြင်းဖြစ်ပါတယ်။ ဒီအဆီကို အသုံးပြုခြင်းအားဖြင့် အသားအရေကို ဖြူဖွေးနူးညံ့လာစေကာ အရွယ်တင်နုပျိုစေပါတယ်။

turmeric-essential-oil

Lavender Essential Oil

Lavender Essential Oil က ရှားပါးတဲ့ Essential Oil တစ်ခုဖြစ်ပြီး အသားအရေ အရောင်ပြောင်းလာခြင်းနဲ့ အရေးအကြောင်းတွေဖြစ်ခြင်းကို ကုသဖို့အတွက် အသုံးပြုပါတယ်။ ဒီ Essential Oil မှာ အမွှေးရနံ့ ပေါများစွာပါဝင်သောကြောင့် စိတ်ကိုတည်ငြိမ်စေပြီး အသားအရေကို နူးညံချောမွေ့စေပါတယ်။ အရေးပြားနီမြန်းခြင်းကို လျော့ကျစေဖို့အတွက် အသုံးပြုပေးသင့်တဲ့ Essential Oil တစ်ခုဖြစ်ရုံသာမက အပြစ်အနာအဆာကင်းပြီး ကျန်းမာတဲ့အသားအရေရရှိအောင်လည်း စွမ်းဆောင်ပေးပါတယ်။ ကြည်လင်လန်းဆန်းတဲ့မွှေးရနံနဲ့ အသားအရေအတွက် အကျိုးများတဲ့ Essential Oil ကိုရှာနေတယ်ဆိုရင်တော့ Lavender Essential Oil ကိုသာ ရွေးချယ်ဖို့ အကြံပြုပါရစေ။

LavenderEssential Oil

Essential Oil ကို Sensitive Skin သမားများ၊ ကိုယ်ဝန်ဆောင်မိခင်များနဲ့ နို့တိုက်နေတဲ့ မိခင်များကတော့ အသုံးပြုဖို့ မသင့်တော်ပါဘူး။ Essential Oil ကို ဝယ်ယူမယ်ဆိုရင် အရည်အသွေးကောင်းမကောင်းနဲ့ သန့်စင်မှုရှိမရှိကိုတော့ သေချာစစ်ဆေးပြီးမှ ဝယ်ယူဖို့ အကြံပြုပါရစေ။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

H.H(အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။