[Zawgyi]

Cambridge ၿမိဳ႕စား Prince William ဘာေၾကာင္႔ လက္ထပ္လက္စြပ္ မဝတ္တာပါလိမ္႔

Cambridge ၿမိဳ႕စားကေတာ္ Kate Middleton ဟာ ၁၈ ကာရက္ရွိတဲ႔ လက္ထပ္လက္စြပ္ကို အျမဲဝတ္ဆင္ထားေလ့ရွိေသာ္လည္း သူမရဲ႕ ခ်စ္ခင္ပြန္း William ကေတာ့ ခ်စ္သက္ေသျပ လက္ထပ္လက္စြပ္ကို ဝတ္ဆင္ထားေလ့မရွိပါဘူး။ Kate Middleton အျမဲတေစနီးပါး ဝတ္ဆင္ထားေပမယ္႔လည္း William မဝတ္ဆင္ထားတဲ႔အတြက္ သူဇနီးအေပၚမွာ အေလးထားမႈ၊ခ်စ္ခင္မႈမရွိတဲ႔အတြက္ေၾကာင့္မ်ား မဝတ္ဆင္ထားရျခင္းလားလို႔ေတာင္ ထင္မွတ္ရပါတယ္။ အမွန္မွာေတာ့ William လက္ထပ္လက္စြပ္ မဝတ္ထားရျခင္းဟာ သူရဲ႕ခ်စ္ဇနီးနဲ႔ ဘာအေႏွာင္အဖဲြြ႔ ဘာကတိကဝတ္မွ မထားရွိလိုတဲ႔အတြက္ေၾကာင္႔ မဝတ္ဆင္ထားျခင္း ျဖစ္ပါတယ္။

Prince William and Kate Middleton

Prince William and Kate Middleton

Prince William နဲ႔ Kate Middleton တို႔ဟာ လက္ထပ္ထိမ္းျမားၿပီးတဲ႔အခါမွာ လက္ထပ္လက္စြပ္ ဝတ္ဆင္မွာ မဟုတ္တဲ႔အေၾကာင္းကိုလည္း နန္းေတာ္က တရားဝင္ေၾကညာခ်က္အေနနဲ႕ ထုတ္ျပန္ခဲ့ပါတယ္။ မဂၤလာေဆာင္အခမ္းအနားမွာေတာင္ Kate Middleton က Prince William ကို လက္ထပ္လက္စြပ္ မဝတ္ဆင္ေပးခဲ့ပါဘူး။ ဒီေတာ္ဝင္စံုတဲြဟာ မဂၤလာပဲြမဆင္ႏြဲခင္တုန္းကလည္း လက္ထပ္လက္စြပ္ဝတ္ျခင္း မဝတ္ျခင္းနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးတဲ႔အခါမွာ Prince William က ဝတ္ဆင္ဖို႔ မလုိလားဘူးဆိုၿပီး ဆံုးျဖတ္ခ်က္ခ်ခဲ႔ၿပီး နန္းတြင္းရွိ နန္းတြင္းေရးရာ လက္ေထာက္ကို ေျပာၾကားခဲ႔ေၾကာင္း Daily Mail ရဲ႕အဆိုအရ သိရပါတယ္။

Prince-William-and-Kate-Middleton

Prince-William-and-Kate-Middleton

ဒီလို ေတာ္ဝင္မ်ဳိးႏြယ္ေတြထဲမွာ လက္ထပ္လက္စြပ္မဝတ္ဖို႔ Prince William တစ္ေယာက္တည္း ေရြးခ်ယ္ခဲ႔တာမဟုတ္ဘဲ သူ႔ရဲ႕အဘိုး Prince Philip ကလည္း Queen Elizabeth II နဲ႔ ႏွစ္ေပါင္း (၇၀) ေက်ာ္ေအာင္ လက္ထပ္ၿပီးေနထိုင္ခဲ႔ေသာ္လည္း လက္ထပ္လက္စြပ္ ဝတ္ဆင္ခဲ႔ျခင္း လံုးဝမရွိခဲ႔ပါဘူး။ William ရဲ႕ ဖခမည္းေတာ္ Prince Charles ကေတာ့ လက္ထပ္လက္စြပ္အစား မိသားစုလက္စြပ္အေနနဲ႔ လက္သန္းမွာ ေရႊေရာင္လက္စြပ္ေလးကို အျမဲလိုလို ဝတ္ဆင္ထားေလ့ရွိပါတယ္။

William လက္ထပ္လက္စြပ္မဝတ္တာကို ဒီေခတ္အျမင္နဲ႔ ၾကည္႔မယ္ဆိုရင္ေတာ့ ထူးဆန္းတယ္လို႔ ထင္ရေပမယ္႔လည္း ရုိးရာအစဥ္အလာေတြေနာက္ကို လုိက္ၿပီး မျဖစ္္မေနလက္စြပ္လဲလွယ္ၿပီး ခ်စ္သက္ေသထူရမယ္လို႔ သတ္မွတ္ခ်က္ႀကီး မရွိပါဘူး။ အမ်ဳိးသမီးေတြ လက္ထပ္လက္စြပ္ဝတ္ဆင္ျခင္း အေလ့အထကို ေရွးအီဂ်စ္ေခတ္ကတည္းက စတင္ခဲ႔ၾကၿပီး ေနာက္္ပိုင္းမွာ တျဖည္းျဖည္းနဲ႔ အမ်ဳိးသားေတြပါဝတ္ဆင္လာၾကျခင္း ျဖစ္ပါတယ္လို႔ BBC သတင္းေတြအရ သိရပါတယ္။ ဒုတိယကမာၻစစ္မတိုင္ခင္အထိ အမ်ဳိးသားေတြက လက္ထပ္လက္စြပ္ကို မဝတ္ဆင္ၾကေသးပါဘူး။ ဒုတိယကမာၻစစ္အတြင္းမွာ အမ်ဳိးသားေတြဟာ ႏိုင္ငံရပ္ျခားကို စစ္တိုက္သြားရတဲ့အခါမွာ ဇနီးနဲ႔ မိသားစုေတြကို သတိရျခင္းအထိမ္းအမွတ္အေနနဲ႔ စတင္ဝတ္ဆင္လာရာကေန လက္ထပ္လက္စြပ္ အျပန္အလွန္လဲလွယ္တဲ႔ ယဥ္ေက်းမႈ ျဖစ္ထြန္းလာျခင္း ျဖစ္ပါတယ္။

William နဲ႔ Kate Middleton တို႔ၾကားမွာ လက္စြပ္ဝတ္ျခင္းမဝတ္ျခင္းက သူတုိ႔ႏွစ္ေယာက္ၾကားက ပတ္သက္ဆက္ႏြယ္မႈ အေျခအေနကို ထူးထူးျခားျခား သက္ေရာက္မႈ မျဖစ္ေစပါဘူး။ သူတို႔မဂၤလာပဲြက်င္းပတုန္းကလည္း လူေပါင္းႏွစ္ဘီလီယံ ေစာင္႔ၾကည္႔ေနေပမယ္႔လည္း လက္ထပ္လက္စြပ္မလဲလွယ္တာကို မဖံုးကြယ္ထားဘဲ အမွန္အတိုင္း ပြင္႔ပြင္႔လင္းလင္းပဲ ခ်ုျပခဲ႔ပါတယ္။ William နဲ႔ Kate Middleton တို႔ဟာ လက္စြပ္မလဲလွယ္လည္း တစ္ေယာက္အခ်စ္ကို တစ္ေယာက္ ယံုၾကည္သက္ဝင္ၾကတဲ႔ ေခတ္သစ္ေတာ္ဝင္စံုတဲြေတြျဖစ္ၾကတယ္လို႔ Diana စာအုပ္ကိုေရးသားခဲ႔သူ Diane Clehane က Vogue မဂၢဇင္းကို ေျပာၾကားခဲ႔တာ ေတြ႔ရပါတယ္။

Prince-William-and-Kate-Middleton

Prince-William-and-Kate-Middleton

လက္ထပ္လက္စြပ္ဝတ္သည္ပဲျဖစ္ေစ မဝတ္သည္ပဲျဖစ္ေစ သူတို႔ႏွစ္ေယာက္ကေတာ့ သူတို႔႔ရဲ႕ကိုယ္ပိုင္ေရြးခ်ယ္မႈနဲ႔အတူ သူတို႔ႏွစ္ေယာက္ရဲ႕ခ်စ္ခရီးလမ္းကို သားသားမီးမီးေလးေတြ ျခံရံၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ျဖတ္သန္းေနတာကိုေတာ့ လူတိုင္းအျမင္ပဲမိို႔ ဘယ္အရာကိုမဆုိ အစဥ္အလာေတြၾကားမွာ နစ္ေျမာေနစရာမလိုဘဲ ကိုယ္ယံုၾကည္ရာအတိုင္း ျဖတ္သန္းဖို႔ပဲလိုတယ္ဆိုတာကို ေတြ႔ျမင္ရပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

Cambridge မြို့စား Prince William ဘာကြောင့် လက်ထပ်လက်စွပ် မဝတ်တာပါလိမ့်

Cambridge မြို့စားကတော် Kate Middleton ဟာ ၁၈ ကာရက်ရှိတဲ့ လက်ထပ်လက်စွပ်ကို အမြဲဝတ်ဆင်ထားလေ့ရှိသော်လည်း သူမရဲ့ ချစ်ခင်ပွန်း William ကတော့ ချစ်သက်သေပြ လက်ထပ်လက်စွပ်ကို ဝတ်ဆင်ထားလေ့မရှိပါဘူး။ Kate Middleton အမြဲတစေနီးပါး ဝတ်ဆင်ထားပေမယ့်လည်း William မဝတ်ဆင်ထားတဲ့အတွက် သူဇနီးအပေါ်မှာ အလေးထားမှု၊ချစ်ခင်မှုမရှိတဲ့အတွက်ကြောင့်များ မဝတ်ဆင်ထားရခြင်းလားလို့တောင် ထင်မှတ်ရပါတယ်။ အမှန်မှာတော့ William လက်ထပ်လက်စွပ် မဝတ်ထားရခြင်းဟာ သူရဲ့ချစ်ဇနီးနဲ့ ဘာအနှောင်အဖွဲွ့ ဘာကတိကဝတ်မှ မထားရှိလိုတဲ့အတွက်ကြောင့် မဝတ်ဆင်ထားခြင်း ဖြစ်ပါတယ်။

Prince William and Kate Middleton

Prince William and Kate Middleton

Prince William နဲ့ Kate Middleton တို့ဟာ လက်ထပ်ထိမ်းမြားပြီးတဲ့အခါမှာ လက်ထပ်လက်စွပ် ဝတ်ဆင်မှာ မဟုတ်တဲ့အကြောင်းကိုလည်း နန်းတော်က တရားဝင်ကြေညာချက်အနေနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ မင်္ဂလာဆောင်အခမ်းအနားမှာတောင် Kate Middleton က Prince William ကို လက်ထပ်လက်စွပ် မဝတ်ဆင်ပေးခဲ့ပါဘူး။ ဒီတော်ဝင်စုံတွဲဟာ မင်္ဂလာပွဲမဆင်နွဲခင်တုန်းကလည်း လက်ထပ်လက်စွပ်ဝတ်ခြင်း မဝတ်ခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါမှာ Prince William က ဝတ်ဆင်ဖို့ မလိုလားဘူးဆိုပြီး ဆုံးဖြတ်ချက်ချခဲ့ပြီး နန်းတွင်းရှိ နန်းတွင်းရေးရာ လက်ထောက်ကို ပြောကြားခဲ့ကြောင်း Daily Mail ရဲ့အဆိုအရ သိရပါတယ်။

Prince-William-and-Kate-Middleton

Prince-William-and-Kate-Middleton

ဒီလို တော်ဝင်မျိုးနွယ်တွေထဲမှာ လက်ထပ်လက်စွပ်မဝတ်ဖို့ Prince William တစ်ယောက်တည်း ရွေးချယ်ခဲ့တာမဟုတ်ဘဲ သူ့ရဲ့အဘိုး Prince Philip ကလည်း Queen Elizabeth II နဲ့ နှစ်ပေါင်း (၇၀) ကျော်အောင် လက်ထပ်ပြီးနေထိုင်ခဲ့သော်လည်း လက်ထပ်လက်စွပ် ဝတ်ဆင်ခဲ့ခြင်း လုံးဝမရှိခဲ့ပါဘူး။ William ရဲ့ ဖခမည်းတော် Prince Charles ကတော့ လက်ထပ်လက်စွပ်အစား မိသားစုလက်စွပ်အနေနဲ့ လက်သန်းမှာ ရွှေရောင်လက်စွပ်လေးကို အမြဲလိုလို ဝတ်ဆင်ထားလေ့ရှိပါတယ်။

William လက်ထပ်လက်စွပ်မဝတ်တာကို ဒီခေတ်အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ ထူးဆန်းတယ်လို့ ထင်ရပေမယ့်လည်း ရိုးရာအစဉ်အလာတွေနောက်ကို လိုက်ပြီး မဖြစ်မနေလက်စွပ်လဲလှယ်ပြီး ချစ်သက်သေထူရမယ်လို့ သတ်မှတ်ချက်ကြီး မရှိပါဘူး။ အမျိုးသမီးတွေ လက်ထပ်လက်စွပ်ဝတ်ဆင်ခြင်း အလေ့အထကို ရှေးအီဂျစ်ခေတ်ကတည်းက စတင်ခဲ့ကြပြီး နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ အမျိုးသားတွေပါဝတ်ဆင်လာကြခြင်း ဖြစ်ပါတယ်လို့ BBC သတင်းတွေအရ သိရပါတယ်။ ဒုတိယကမ္ဘာစစ်မတိုင်ခင်အထိ အမျိုးသားတွေက လက်ထပ်လက်စွပ်ကို မဝတ်ဆင်ကြသေးပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်းမှာ အမျိုးသားတွေဟာ နိုင်ငံရပ်ခြားကို စစ်တိုက်သွားရတဲ့အခါမှာ ဇနီးနဲ့ မိသားစုတွေကို သတိရခြင်းအထိမ်းအမှတ်အနေနဲ့ စတင်ဝတ်ဆင်လာရာကနေ လက်ထပ်လက်စွပ် အပြန်အလှန်လဲလှယ်တဲ့ ယဉ်ကျေးမှု ဖြစ်ထွန်းလာခြင်း ဖြစ်ပါတယ်။

William နဲ့ Kate Middleton တို့ကြားမှာ လက်စွပ်ဝတ်ခြင်းမဝတ်ခြင်းက သူတို့နှစ်ယောက်ကြားက ပတ်သက်ဆက်နွယ်မှု အခြေအနေကို ထူးထူးခြားခြား သက်ရောက်မှု မဖြစ်စေပါဘူး။ သူတို့မင်္ဂလာပွဲကျင်းပတုန်းကလည်း လူပေါင်းနှစ်ဘီလီယံ စောင့်ကြည့်နေပေမယ့်လည်း လက်ထပ်လက်စွပ်မလဲလှယ်တာကို မဖုံးကွယ်ထားဘဲ အမှန်အတိုင်း ပွင့်ပွင့်လင်းလင်းပဲ ချုပြခဲ့ပါတယ်။ William နဲ့ Kate Middleton တို့ဟာ လက်စွပ်မလဲလှယ်လည်း တစ်ယောက်အချစ်ကို တစ်ယောက် ယုံကြည်သက်ဝင်ကြတဲ့ ခေတ်သစ်တော်ဝင်စုံတွဲတွေဖြစ်ကြတယ်လို့ Diana စာအုပ်ကိုရေးသားခဲ့သူ Diane Clehane က Vogue မဂ္ဂဇင်းကို ပြောကြားခဲ့တာ တွေ့ရပါတယ်။

Prince-William-and-Kate-Middleton

Prince-William-and-Kate-Middleton

လက်ထပ်လက်စွပ်ဝတ်သည်ပဲဖြစ်စေ မဝတ်သည်ပဲဖြစ်စေ သူတို့နှစ်ယောက်ကတော့ သူတို့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုနဲ့အတူ သူတို့နှစ်ယောက်ရဲ့ချစ်ခရီးလမ်းကို သားသားမီးမီးလေးတွေ ခြံရံပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေတာကိုတော့ လူတိုင်းအမြင်ပဲမို့ ဘယ်အရာကိုမဆို အစဉ်အလာတွေကြားမှာ နစ်မြောနေစရာမလိုဘဲ ကိုယ်ယုံကြည်ရာအတိုင်း ဖြတ်သန်းဖို့ပဲလိုတယ်ဆိုတာကို တွေ့မြင်ရပါတယ်။

H.H(Akhayar)

www.akhayar.com